ကျွန်ုပ်တို့၏ Websiteကို လူတိုင်းလက်လှမ်းမီ
အသုံးပြုနိုင်စေရန် ကျွန်ုပ်တို့ ကြိုးစားနေပါသည်

Samsung Website (www.samsung.com) သည် WCAG မူဝါဒများကို လိုက်နာပါသည်။

လူတိုင်းအတွက် မှတ်သားကာ အထောက်အကူပြုမည့် Webဝန်ဆောင်မှုများ

အသုံးပြုသူအားလုံးအတွက် အကောင်းဆုံးအသုံးပြုသူအတွေ့အကြုံကို ပေးဆောင်ရန် Websiteတိုးတက်မှုများကို ကျွန်ုပ်တို့ စောင့်ကြည့်လျက်ရှိပါသည်။ ကျွန်ုပ်တို့၏ Websiteသည် Web အကြောင်းအရာ အသုံးပြုနိုင်မှု လမ်းညွှန်ကို လိုက်နာကာ စာသားများနှင့် ရုပ်ပုံများအတွက် သင့်လျော်သော အလင်းအမှောင်နှုန်းကို သုံးထားသဖြင့် အသုံးပြုသူများသည် မည်သည့် မျက်နှာပြင်အရွယ်အစား မဆိုတွင် လွယ်ကူတိကျစွာ အပြန်အလှန် ကြည့်ရှုတုံ့ပြန်နိုင်ပါသည်။ မောက်စ်မပါဘဲ ထိန်းချုပ်နိုင်ရန်အတွက် ကျွန်ုပ်တို့၏ GNB (Global Navigation Bar) နှင့် Close/Exit ခလုတ်များကို ဒီဇိုင်းထုတ်ထားပါသည်။ အမြင်အာရုံချို့တဲ့သော သုံးစွဲသူများအနေဖြင့် ၎င်းတို့၏ လိုအပ်ချက်နှင့် ပိုမိုကိုက်ညီစေရန် ဖောင့်အရွယ်အစား၊ အလင်းအမှောင်နှင့် အကွာအဝေးကို လွတ်လပ်စွာ စိတ်ကြိုက်ပြင်ဆင်နိုင်စေမည့် အထောက်အကူပြုလုပ်ဆောင်ချက်များလည်း ရှိပါသည်။ အစားထိုးဖော်ပြချက်စာသားများ (Alt Texts) ကို HTML ကုဒ်များတွင် စေ့စေ့စပ်စပ် ထည့်သွင်းခြင်းဖြင့်၊ စခရင်ဖတ်စနစ် အက်ပ်များသည် မည်သည့်ရုပ်ပုံ သို့မဟုတ် ဗီဒီယိုကို ဖွင့်နေပုံကို ဖော်ပြနိုင်သည်။ ၎င်းသည် စာမျက်နှာ ဖွင့်ပေးနေခြင်း ရှိမရှိ အသုံးပြုသူအား သိစေပြီး ရှာဖွေမှု၏ရလဒ်များ၊ စခရင်ပေါ်တွင်ရရှိနိုင်သည့် ခလုတ်ရွေးချယ်မှုများအကြောင်း ပြောပြပါသည်။
Samsung၏ Websiteသည် ကျွန်ုပ်တို့၏ ဒစ်ဂျစ်တယ်အကြောင်းအရာများအားလုံးကို အဆင်ပြေစွာ ဝင်ရောက်ကြည့်ရှုနိုင်စေရန် စဉ်ဆက်မပြတ် တိုးတက်ပြောင်းလဲနေမည်ဖြစ်ပါသည်။

ကျွန်ုပ်တို့သည် Webအသုံးပြုနိုင်မှုလမ်းညွှန်ချက်များကို လိုက်နာပါသည်

WCAG (Web Content Accessibility Guideline) သည် Webအကြောင်းအရာအားလုံးကို ခွဲခြားမှုနှင့် အဆင်မပြေမှုမရှိစေဘဲ လူတိုင်းလက်လှမ်းမီနိုင်စေရန်သေချာလုပ်ဆောင်သော ကမ္ဘာလုံးဆိုင်ရာ စံသုံးစွဲနိုင်မှုလမ်းညွှန်ချက်ဖြစ်သည်။
ယင်းသို့ အာမခံရန်Samsung သည် ၎င်း၏အခြေခံအဖြစ်WCAG 2.1ဗားရှင်းကို အသုံးပြု၍SWCAG (Samsung.com WCAG)ကို ဖန်တီးခဲ့သည်။
W3C (World Wide Web Consortium)၏ အကြံပြုထားသော Level A, Level AA level တို့ကို လိုက်နာရန် စံပြု လုပ်ငန်းစဥ် စစ်ဆေးရေး အမှတ် 21 ခုကို ဖန်တီးထားပါသည်။

ဝယ်ယူသူအတွက် အသုံးပြုနိုင်မှု အထောက်အကူ

သင် ရရှိအသုံးပြုနိုင်သော အတွေ့အကြုံကို ပိုမိုကောင်းမွန်အောင် ကူညီပေးရန် ကျွန်ုပ်တို့ ဤနေရာတွင်ရှိပါသည်။