နေ့စဉ် ရိုးရှင်းမှုအတွက် ဒီဇိုင်းပြုလုပ်ထားခြင်း
One UI သည် အသုံးပြုရန် လွယ်ကူသောကြောင့် မည်သည့် လုပ်ငန်းများမှမဆို လျင်မြန်စွာ သွားလာနိုင်ပြီး အလုပ်ပိုခြင်းကို လျှော့ချနိုင်သည်။ အရေးပါသော အရာများကိုသာ အာရုံစိုက်ရာတွင် အကူအညီဖြစ်စေရန် ဒီဇိုင်းပြုလုပ်ထားခြင်းဖြစ်ပြီး ဒီဇိုင်းအသစ်သည် လွန်စွာထူးခြားသော်လည်း လက်လှမ်းမီသေးသည်။ One UI အတွေ့အကြုံသည် တည်ငြိမ်ပြီး အားလုံးပါဝင် လုပ်ဆောင်နိုင်သည်။
One UI 2
အမှန်တကယ် အရေးကြီးသည့် အရာအပေါ် အာရုံစိုက်ပါ
One UI အမြင် ဘာသာစကားသည် ရိုးရှင်းပြီး ရှင်းလင်းမှုအတွက် ဒီဇိုင်းပြုလုပ်ထားသည်။ တူညီပြီး ရင်းနှီးလွယ်သော ပုံစံဖြစ်စေရန် အသေးစိတ် သေချာဖန်တီးထားသည်။ အကြည့်တစ်ချက်ဖြင့် အကြောင်းအရာများကို လွယ်ကူစွာ ကြည့်နိုင်သည်။
ရိုးှရှင်းအောင် ပြုလုပ်ထားသော ပေါ့-အပ် သတိပေးချက်များ၊ အသုံးဝင်သော အသိပေးချက်များနှင့် အမျိုးမျိုးသော Samsung အက်ပ် လိုဂိုများ အပါအဝင် One UI 2 လုပ်ဆောင်ချက်များထဲမှ အစုတစ်ခုသည် မှတ်စုများ အက်ပလီကေးရှင်းကို ပြသထားသည့် နမူနာ စမတ်ဖုန်း၏ နောက်ဘက်တွင် ပြသထားသည်။ မှတ်စုများ အက်ပလီကေးရှင်း နမူနာသည် မှတ်စုများကို လက်ရေးမှတ်စုများ၊ ပင်တွဲထားသည့် ပုံနှင့် လက်ခံပြေစာ ပုံစံများဖြင့် ပြသပါသည်။
သင် လိုအပ်သည့်အရာဆီ ပိုမိုလျင်မြန်စွာ အရောက်သွားပါ
Galaxy အတွေ့အကြုံသည် သဘာဝကျကျ ခံစားရပြီး အဓိပ္ပာယ်ရှိသော ရိုးရှင်းသည့် ထိတွေ့တုန့်ပြန်မှုများဖြင့် လွယ်ကူပါသည်။ အသုံးများသော အက်ပ်များနှင့် လုပ်ဆောင်ချက်များသည် Galaxy device တိုင်းတွင် သင့်လက်တကမ်း၌ပင် ရှိသည်။ သင့် Galaxy device ၏ မျက်နှာပြင် အရွယ်အစား မည်မျှပင်ဖြစ်စေ ချိတ်ဆက်ပြီး အာရုံစိုက်နိုင်သည်။
နမူနာ ပုံ သုံးခုလုံး၏ တစ်ခုချင်းစီသည် Galaxy စမတ်ဖုန်း၊ Galaxy Fold နှင့် Galaxy Watch ၏ ကွဲပြားသည့် အသွင်အပြင် တစ်ခုစီကို ပြသထားသည်။ စမတ်ဖုန်းပေါ်ရှိ မက်ဆေ့ခ်ျများသည် လက်တစ်ဖက်ဖြင့် ကိုင်ထားသည့်အခါတွင် အသုံးပြုသူ၏ လက်မ အလွယ်တကူ ရောက်ရှိနိုင်သည့် အကွာအဝေးတွင် ရှိသည်။ Galaxy Fold တွင် လက်နှစ်ဖက်ဖြင့် လွယ်ကူစွာ ရိုက်နိုင်ရန် ခွဲထားသည့် ကီးဘုတ်တစ်ခု ပါဝင်သည်။ Galaxy Watch ပေါ်တွင် အက်ပ် သင်္ကေတများ၏ စက်ဝိုင်းပုံ မီနူးကို အလွယ်တကူ အသုံးပြုနိုင်သည်။
သတင်းတွေ ရယူပါ၊ အာရုံလွှဲ မခံရပါစေနဲ့
One UI 2 လုပ်ဆောင်ချက် အသစ်များသည် သင် လုပ်ဆောင်နေသည်များကို အနှောင့်အယှက်မဖြစ်စေဘဲ သင့်ကို အမြဲမပြတ် အပ်ဒိတ် ဖြစ်နေစေသည်။ အကြောင်းကြားချက်များ နေရာယူမှု နည်းသွားသောကြောင့် သင်သည် အရေးပါသော အရာများကို ပိုမို အာရုံစိုက်နိုင်သည်။
* အကြောင်းကြားချက် အရွယ်အစားကို device အားလုံးတွင် အကြီးဖြစ်နေစေရန် ပုံသေဆက်တင်တွင် သတ်မှတ်ထားသည်။ ပြထားသော အကြောင်းကြားချက်အသေးကို ဆက်တင်တွင် ဖွင့်နိုင်သည်။
နမူနာ စမတ်ဖုန်း တစ်လုံးကို အလျားလိုက် ထားပြီး ၎င်းသည် လေကြောင်း တိုက်ပွဲ ဂိမ်းထဲတွင် ဖြစ်သည်။ အပေါ်ထိပ်ဖက်တွင် ဝင်လာသည့် ဖုန်းခေါ်ဆိုမှုတစ်ခုအတွက် ပေါ့-အပ် အကြောင်းကြားချက် ဖြစ်သည်။ ရိုးရှင်းသည့် သင်္ကေတများသည် ဝင်လာသည့် ခေါ်ဆိုမှုကို "ချဲ့သည်"၊ "ဖြေသည်" နှင့် "ငြင်းပယ်သည်" တို့ကို ပြသည်။ ဂိမ်း၏ မြင်ကွင်းကို အကြောင်းကြားချက်ကြောင့် ဖုံးကွယ်ခြင်း မရှိပါ။
အမှောင် အနေအထား သည် ပိုပြီး စမတ်ဖြစ်လာသည််
ဖုန်းကို သော့ဖွင့်သည့် အကြိမ်တိုင်း သင့်မျက်နှာပြင်ကို မတူညီသည့် ပုံဖြင့် ဆန်းသစ်နေစေရန် ရွေ့လျားသော့ပိတ် ဖန်သားပြင် ကို ဖွင့်ပါ။ (သို့မဟုတ်)ဘက်ထရီ ချွေတာရေးအတွက် ဖွင့်ပါ။ ရွေးချယ်မှုကတော့ သင့်ဆီမှာပါပဲ။ One UI 2 တွင် မှောင်ထားသော မီနူးနှင့် လုပ်ဆောင်ချက်များကို ထည့်ထားသဖြင့် မျက်နှာပြင် လင်းမနေဘဲ မျက်လုံးကို သက်သောင့်သက်သာ ဖြစ်စေသည်။
အန်နီမေးရှင်းတစ်ခုသည် အက်ပ်များက ၎င်းတို့၏ စံ တောက်ပသော အသွင်အပြင်မှ အဖြူရောင် စာသားနှင့် သင်္ကေတများနှင့် အနက်ရောင် အသွင်အပြင်သို့ ပြောင်းလဲသွားသည်ကို ပြသသည်။ ပြသထားသည်များမှာ ပြခန်း အက်ပ်၊ ရာသီဥတု အက်ပ်၊ မက်ဆေ့ချ် အက်ပ်နှင့် အင်တာနက် အက်ပ်များ၏ နမူနာပြုလုပ်ထားသည့် အသွင်အပြင်များ ဖြစ်သည်။
ရေစီးကြောင်းနဲ့ အတူလိုက်ပါစီးမျောမယ့် ဒီဇိုင်း
သင့်မျက်နှာပြင်ကို ယခင်ထက် ပိုတဲ့ နည်းလမ်းတွေနဲ့ စိတ်ကြိုက်ဖန်တီးလိုက်ပါ။ ဖုန်းကို သော့ဖွင့်သည့် အကြိမ်တိုင်း သင့်မျက်နှာပြင်ကို မတူညီသည့် ပုံဖြင့် ဆန်းသစ်နေစေရန် ဒိုင်းနမစ် သော့ခတ်မျက်နှာပြင် ကို ဖွင့်ပါ။
ဒိုင်းနမစ် သော့ခတ် မျက်နှာပြင် ဆက်တင်များကို ပြသနေသည့် နမူနာပြုလုပ်ထားသည့် Galaxy device တစ်ခု။ ရောင်စုံ သော့ခတ်မျက်နှာပြင်များ စုထားသည့်ပေါ်တွင် device ကို ထပ်ပြီးတင်ထားသည်။
အားလုံးအတွက် အလေးအနက် စဉ်းစားပြီး ဒီဇိုင်းပြုလုပ်ထားခြင်း
Samsung တွင် ကျွနု်ပ်တို့သည် အားလုံးကို ဆက်သွယ်၊ ဖန်တီးပြီး မျှဝေစေချင်သည်။ One UI 2 သည် ကိုယ်ချင်းစာသော ဒီဇိုင်းနှင့် ရိုးရှင်းသော အထောက်အကူပြု နည်းပညာတို့ဖြင့် လူများကို ၎င်းတို့ မြတ်နိုးသည့်အရာများ လုပ်ဆောင်စေရန် တိုက်တွန်းအားပေးပါသည်။
အကြားအာရုံ အရည်အသွေးမြှင့်ခြင်းများ
Galaxy Buds မသည် သင့်ကို ပိုမိုကြားစေရန် မည်ကဲ့သို့ ကူညီနိုင်မည်ဆိုသည်ကို ကြည့်ရှုလိုက်ပါ။ One UI 2 သည် သုံးခွင့်ရမှု ဆက်တင်တွင် နောက်ခံသဘာဝ အသံကို ချဲ့ပေးခြင်းကဲ့သို့ စိတ်ကြိုက် အကြားအာရုံ အရည်အသွေးမြှင့်ခြင်းများကို မိတ်ဆက်ထားသည်။
မြင်နိုင်စွမ်း ပိုကောင်းအောင် လုပ်ဆောင်မှုများ
နှစ်သက်သော အရောင်များနှင့် အရောင်ကွဲပြားမှု မြင့်မားသော အရာများကို စိတ်ကြိုက်ချိန်ညှိခြင်းသည် One UI 2 နှင့်ဆိုလျှင် ပိုမို လွယ်ကူပါသည်။ ကီးဘုတ် အသစ်သည် မြှင့်တင်ထားသော မြင်နိုင်စွမ်းနှင့် အဓိပ္ပာယ် ဖွင့်ဆိုချက်တို့ဖြင့် မျှတကောင်းမွန်စွာ ပြုလုပ်ထားသည်။
သင့် ဒစ်ဂျစ်တယ် ကျန်းမာရေးကို မပြတ် စစ်ဆေးပါ
One UI 2 သည် ဖုန်းအသုံးပြုမှုကို စီမံနိုင်စေရန်နှင့် ဘဝတွင် အရေးကြီးသော အရာများကို အာရုံစိုက်နိုင်စေရန် ကိရိယာများကို ပံ့ပိုးပေးပါသည်။ သင့် အသုံးပြုမှုများကို ခြေရာခံပါ၊ မျက်နှာပြင် အသုံးပြုချိန်ကို စီမံပါ(သို့မဟုတ်)အာရုံလွှဲသည့်အရာများကို ရှောင်ရှားရာတွင် အကူအညီဖြစ်စေရန် ဖိုးကပ်စ် အနေအထားကို ဖွင့်ပါ။
အမျိုးသမီးတစ်ယောက်က ဧည့်ခန်းထဲတွင် စာအုပ်တစ်အုပ်ဖတ်ပြီး ကော်ဖီသောက်နေသည်။ သတင်းအချက်အလက်ပါသော ဂရပ်သည် လွန်ခဲ့သည့် ရက်အနည်းငယ်အထိ သူမက မိုဘိုင်း device ကို အသုံးပြုချိန် နည်းလာပြီး စာဖတ်ခြင်းတွင် အချိန်ပိုမိုပေးလာသည်ကို ဖော်ပြထားသည်။
Samsung Members အက်ပ်အတွင်းနှိုးဆော်ချက်များမှ One UI အဆင့်မြှင့်တင်ချက်များအတွက် အချိန်စာရင်းကို သင် ရှာတွေ့နိုင်ပါသည်။
သင့်အနေဖြင့် Samsung Members ကို Galaxy Store မှ ဒေါင်းလုတ်ဆွဲပြီး ထည့်သွင်းနိုင်ပါသည်။
Samsung Members
Galaxy Store