A bank နှင့် ချိတ်ဆက်ပြီး Samsung S20 Series အား အတိုးနှုန်းမဲ့ ၆လ အရစ်ကျ
ဝယ်ယူနိုင်ပါပြီ
(၁) Samsung S20 Series အား HP စနစ်ဖြင့် ဝယ်ယူရာတွင် Online (EKYC) မှလည်းကောင်း၊ ဘဏ်ခွဲများသို့ သွားရောက်၍ လည်းကောင်း၊ A bank နှင့် Dealership ချုပ်ဆိုထားသော Samsung Sales Center (အရောင်းစင်တာ) သို့ သွားရောက်၍လည်းကောင်း လျှောက်ထား
ဝယ်ယူနိုင်ပါသည်။
(၂) လျှောက်ထားချက်များကို ဘဏ်ခွဲမှစစ်ဆေးပြီး အတည်ပြု/မပြု ကို (၃)ရက်အတွင်း
ပြန်လည်အကြောင်း ကြားပေးပါမည်။
(၃) A bank မှ အတည်ပြုချက်ရရှိပါက ဝယ်ယူသူသည်နီးစပ်ရာ ဘဏ်ခွဲသို့သွားရောက်၍ စာရင်းဖွင့်လှစ်ခြင်း၊ ချေးငွေစာချုပ်စာတမ်းလက်မှတ် ရေးထိုးခြင်းများ ဆောင်ရွက်ပြီး ကနဦးပေးသွင်းငွေကို ပေးသွင်းရပါမည်။ ဘဏ်ခွဲမှထုတ်ပေးသော Delivery Order ရယူ၍ ဆိုင်ခွဲတွင်
ပစ္စည်းထုတ်ယူနိုင်မည်ဖြစ်ပါ သည်။
*လစဉ်အရစ်ကျဆပ်ငွေဇယားကိုရယူ၍အရစ်ကျပေးသွင်းရပါမည်။*
အရစ်ကျချေးငွေကို လတစ်လ၏ (၂၂) ရက်နေ့အတွင်း ထုတ်ချေးပါက ပထမဆုံးအရစ်ကို ကပ်လျက်လ၏ လဆန်း (၁)ရက်မှ (၅)ရက်အတွင်းပေးသွင်းရပါမည်။ လတစ်လ၏ (၂၃) ရက်နေ့နှင့် ၄င်းရက်ထက်ကျော်လွန်မှ ထုတ်ချေးပါက ပြန်လည်ပေးဆပ်မှုအဆင်ပြေစေရန်အတွက် ကပ်လျက်လတွင် ပေးသွင်းရန်မလိုပဲ နောက်တစ်လ၏ လဆန်း(၁)ရက်မှ (၅)ရက်အတွင်း ပထမအရစ် ပေးသွင်းရပါမည်။
* အရစ်ကျပေးဆပ်ရန် နောက်ကျပါက ဖုန်းအား Knox System ဖြင့် Lock ပြုလုပ်မည်ဖြစ်ပါသည်။ *