The item is in the cart.
CPU Speed
Size (Main Display)
Main Camera - Resolution
Weight (g)
Faster, smoother performance to keep you engaged
Galaxy C9 Pro သည် Samsung စမတ်ဖုန်းများတွင် ပထမဆုံး 6GB RAM နှင့် စွမ်းဆောင်ရည်ကို မြှင့်တင်ပေးမယ့် Snapdragon 653 processors ပါဝင်သော ဖုန်းဖြစ်သည်။ အခြားဖုန်းများထက် အားပိုကောင်းကာ လက်ချောင်းထိပ်လေးများတွင် လုပ်ငန်းပေါင်း များစွာကို တစ်ပြိုင်နက် လုပ်ဆောင်ပေးနိုင်ပါတယ်။
အမှန်တကယ် အသုံးပြုနိုင်သော memory သည် စမတ်ဖုန်းများရဲ့ မတူညီသော Factory installation ပေါ်မူတည်ပြီး ပြောင်းလဲနိုင်သည်။ Factory installation တွင် app များ နှင့် မူလကတည်းက သွင်းထားသည့် စနစ်များ ပါဝင်သည်။
Audio-visual clarity comparable to home theatre entertainment
Galaxy C9 Pro တွင် ဂိမ်းပဲ ဆော့ဆော့၊ ရုပ်ရှင်ပဲ ကြည့်ကြည့် ကောင်းကောင်း အသုံးပြုနိုင်သည့် 6” Full HD Super AMOLED touchscreen ပါဝင်ပြီး အကောင်းဆုံး အသံအရည်အသွေးကို ပေးဖို့ speakers နှစ်လုံး ပါပါတယ်။ ဖုန်းရဲ့ Ultra High Quality Audio (UHQA) သည် အလွန်ကောင်းမွန်သော အသံကို ပေးစွမ်းပါတယ်။
360-degree view via front and rear cameras
အရှေ့နှင့် အနောက် ကင်မရာများသည် f/1.9 aperture နှင့် 16 megapixel ကင်မရာများ ဖြစ်ပါတယ်။ Selfie camera မှာ အရည်အသွေးမြင့် စွမ်းဆောင်ရည်ပါတဲ့အတွက် ဘဝရဲ့ တန်ဖိုးရှိတဲ့ အချိန်တိုင်းကို မှတ်တမ်းတင်နိုင်မှာပါ။ အရှေ့ကင်မရာရဲ့ Auto-Flash နဲ့ Beauty Face လုပ်ဆောင်ချက်များကလည်း သင့်ကို အကောင်းဆုံးပုံများ ရစေမှာပါ။
Game launcher
Galaxy C9 Pro ဟာ ပြိုင်ဘက်ကင်း ဂိမ်းစင်တာကြီးတစ်ခုပါ။ ဂိမ်းများအားလုံးကို အလွယ်တကူ တစ်နေရာထဲမှာ ရှာတွေ့နိုင်ပြီး အသစ်အသစ်သော download များကို အလိုအလျောက်လုပ်သွားမှာပါ။ ဂိမ်းမဆော့ခင် ဖုန်းအားကုန် သက်သာအောင် ဂိမ်း setting ထဲဝင်ပြီး အသံပိတ်ခြင်း၊ သတိပေးချက်များကို ဖျောက်ခြင်းတို့ကိုလည်း လုပ်ထားလို့ရပါတယ်။
Full metal unibody
Galaxy C9 Pro အား ချောမွတ်သော သတ္တုကိုယ်ထည်ရအောင် Aviation Aluminum သတ္တုစပ်ကနေ ပုံသွင်းထားတာပါ။ နောက်ဆုံးပေါ် micro-slit နည်းပညာနဲ့ ဖက်ရှင်ကျအောင် ပြုလုပ်ထားပြီး လက်ထဲမှာ ပိုဆုပ်ကိုင်လို့ကောင်းကာ တာရှည်ခံပြီး စတိုင်လ် ပိုကျပါတယ်။ ဒီစမတ်ဖုန်းဟာ အထူ 6.9 mm ပဲရှိပြီး အလွန်ပါးလွှာကာ ရွှေရောင်၊ ပန်းရွှေရောင်နှင့် အနက်ရောင်ဆိုပြီး အရောင် ၃ ရောင် ရနိုင်ပါတယ်။
Continuous operation for uninterrupted fun
ဒီစမတ်ဖုန်းမှာ အားမြန်မြန်သွင်းနိုင်တဲ့ USB Type-C port ပါရှိကာ online games များနှင့် ဖျော်ဖြေရေးများကို အချိန် ကြာကြာကြည့်စေနိုင်မယ့် 4000mAh battery ပါရှိပါတယ်။
"အားသွင်းသည့်အချိန်နှင့် ဘက်ထရီခံနိုင်အားသည် အသုံးပြုပုံပေါ်မူတည်ပြီး ပြောင်းလဲနိုင်သည်။ Samsung Adaptive Fast Charging အားသွင်းကြိုးသည် Samsung နဂိုမူလ ဘက်ထရီများနှင့်သာ အသုံးပြုနိုင်သည်။"
Flexible storage supporting Dual Sim, Dual Standy
Galaxy C9 Pro တွင် မူလ memory 64 GB* ပါဝင်ပြီး ကြိုက်နှစ်သက်ရာ download ဆွဲနိုင်ဖို့ 256GB အထိ ချဲ့လို့ရသည့် microSD™ card ထည့်စရာ နေရာလည်းပါဝင်ပါတယ်။ တရုတ်နှင့် ဟောင်ကောင် မှ ပံ့ပိုးပေးထားသည့် Dual Standby ပါရှိတာမို့ SIM Card နှစ်ကဒ် ထည့်လို့ရတာမို့ ဘယ်ကိုသွားသွား အဆင်ပြေပြီပေါ့။
အမှန်တကယ် အသုံးပြုနိုင်သော memory သည် စမတ်ဖုန်းများရဲ့ မတူညီသော Factory installation ပေါ်မူတည်ပြီး ပြောင်းလဲနိုင်သည်။ Factory installation တွင် app များ နှင့် မူလကတည်းက သွင်းထားသည့် စနစ်များ ပါဝင်သည်။
- 1.95GHz, 1.4GHz CPU Speed
- 6.0" (152.0mm) Size (Main Display)
- CMOS 16.0 MP Main Camera - Resolution
- 188 Weight (g)
*ဖုန်းထိန်းချုပ်မှု စနစ်နှင့် ဖုန်းအတွက်လိုအပ်သော Software များ ညီညွတ်ရန် သုံးစွဲရသော သိုလှောင်စနစ်ကြောင့် အသုံးပြုနိုင်သော Memory ပမာဏသည် စုစုပေါင်း Memory ပမာဏထက်နည်းသည်။ အမှန်တကယ် အသုံးပြုနိုင်သော Memory ပမာဏမှာလည်း ဖုန်းထိန်းချုပ်မှု စနစ်အပေါ်မူတည်၍ ကွဲပြားကာ Software Update လုပ်ပြီးပါကလည်း ပြောင်းလဲနိုင်ခြေရှိသည်။
live chat
တည်ဆောက်ပုံ
* Key feature may different from Key Spec
Network Band: The actual network bandwidth(s) supported by the device may vary depending on the region and service provider.
Dimension: Size and weight may vary depending on the device’s configuration and manufacturing process.
* Galaxy S10+ onscreen image at top of page simulated for illustration purposes.