သင့်ဒေသနှင့် ဘာသာစကားကို ရွေးချယ်ပါ။
Support Alert

Galaxy Buds အသုံးပြုနည်း

ဖုန္း
May 28, 2021

ယခုစာမျက်နှာတွင် Samsung Galaxy Buds များကို မည်သို့ မှန်ကန်စွာတပ်ဆင်အသုံးပြုရမည့် အချက်အလက်များအပြင် အရေပြားဓာတ်မတည့်မှုရှိတတ်သော Customer များအတွက် နားကြပ်တွင်သုံးထားသော ပစ္စည်း( material)များ၏ မည်သို့သက်ရောက်မှုခြင်း စသည့် အသုံးဝင်သော သတင်းအချက်အလက်များပါဝင်သည်။



Galaxy Buds များတွင် အသုံးပြုထားသော ပစ္စည်းများ







































Model The material used for the device
Ear tip Wing tip Earbud unit
SM-R170

(Galaxy Buds)

Silicone



Silicone



Polycarbonate (PC)

Stainless

Brass (Palladium/gold plated)


SM-R175

(Galaxy Buds+)

Silicone



Silicone



Polycarbonate (PC)

Stainless

Brass (Palladium/gold plated)


SM-R180

(Galaxy Buds Live)

N/A



Silicone



Polycarbonate (PC)

Stainless

Brass (Palladium/gold plated)


SM-R190

(Galaxy Buds Pro)

Silicone

(Mesh : PET)



N/A



Polycarbonate (PC)

Stainless

Brass (Palladium/gold plated)




စိစစ်ထား သောပါဝင်ပစ္စည်းများ



SSamsung Electronic မှ အသားရေကို တိုက်ရိုက်ထိခိုက်စေနိုင်မည့် မည်သည့်ပစ္စည်းမျိုးကိုမှ Galaxy Buds တွင် ထည့်သွင်းအသုံးပြုထားခြင်းမရှိပါ။
Samsung Electronic မှ Galaxy Buds တွင် ပါဝင်သောပစ္စည်းများဖြစ်သည့် ဆီလီကွန်၊ ပလက်စတစ်နှင့် သတ္တုများကိုနိုင်ငံတကာစံညွှန်းမှီအရည်အသွေးများဖြင့်ထုတ်လုပ်ကာ သတ်မှတ်ထားသော စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်သည်။.
 







အရေပြားနှင့်ထိတွေ့သော ပစ္စည်းများ


























































Item Materials

ပလက်စတစ်အရည်



Phthalates



ပျော့ပြောင်းဆေး



Alkylphenols (OP/NP), Alkylphenol ethoxylates (OPEO/NPEO)



မီးလောင်ခံ ပစ္စည်း



Chlorine, Bromine,

Hexabromocyclododecane (HBCDD),

Polybrominated biphenyls (PBBs),

Polybrominated diphenyl ethers (PBDEs),

Tris(2-chloroethyl) phosphate (TCEP),

Tris(1,3-dichloro-2-propyl) phosphate (TDCPP)



ပိုလီနျူကလီယား ရနံ့မွှေး ပစ္စည်း



Polynuclear aromatic hydrocarbons (PAHs)



ဆေးသားမြဲ ပစ္စည်း



2-Phenylphenol (OPP), 4-Chlro-3-methylphenol (CMC/CMK),

2-octylisothiazol-3(2H)-on (OIT),

2-(Thiocyanomethylthio) benzothiazol (TCMTB)



အစားထိုးဖလိုရင်း



Pentadecafluorooctanoic acid (PFOA),

Perfluoroctane Sulfonates (PFOS)



ကလိုရင်းဓာတ်ပေါင်းများ



Short-chain chlorinated paraffins (SCCPs)


အရောင်ဆိုးဆေး



Azo colorants, Allergenic & Carcinogenic dyestuffs



သြဂဲနစ် သံဖြူ ဒြပ်ပေါင်း



Dibutyltin (DBT), Dioctyltin (DOT),

Tributyltin (TBT), Triphenyltin (TPT)



သတ္တု နှင့် အခြား သော ဓာတ်မတည့် စေနိုင်သော ဒြပ်စင်



Copper, Lead, Nickel, Arsenic, Asbestos, Mercury, Antimony, Cadmium, Cobalt, Hexavalent chromium



ဖင်နိုလစ်



Bisphenol A, Phenol, Pentachlorophenol(PCPs),

Tetrachlorophenol (TeCP), Trichlorophonol (TriCP)



အခြား ဒြပ်ပေါင်းများ



Formaldehydes, Dimethylfumarate (DMFu)




ဓါတ်မတည့်မှု ကြုံတွေ့ရတတ်သော customer များအတွက်



ဆပ်ပြာ၊ လိုးရှင်း၊ နေရောင်ကာခရမ်၊ ချွေး အစရှိသည်တို့နှင့် ဓါတ်မတည့်မှု ရှိသူများသည် ထိတွေ့ချိန်များလျှင် အသားရေပြသနာ ဖြစ်လာတတ်သကဲ့သို့ user များအနေဖြင့် galaxy buds တွင် ပါဝင်သော အောက်ဖော်ပြပါ အရာဝတ္ထုများနှင့် ဓါတ်မတည့်မှု တစ်စုံတရာရှိခဲ့ပါက နီးစပ်ရာ အရေပြားအထူးကုဆရာဝန်နှင့် ချက်ချင်းတိုင်ပင် ဆွေးနွေးသင့်ပါသည်။



[Nickel]



နီကယ်သတ္တု

Galaxy Buds ၏ ပင်မကိုယ်ထည်တွင် stainless steel ပါဝင်သည်။
Stainless steel သည် နေ့စဥ် ထိတွေ့ရတတ်သော စတီး၊ နီကယ်၊ ခရုန်း တို့ဖြင့်ဖွဲ့စည်းထားသော်လည်း နီကယ်ကဲ့သို့သော ဒြပ်သတ္တုနှင့်ဓါတ်မတည့်သူများလည်းရှိတတ်ပါသည်။
Samsaung Electronics မှလည်း နီကယ်သတ္တု ပါဝင်မှုနှုန်းထားကို ဥရောပနိုင်ငံများ ဓါတုပစ္စည်း ထုတ်ကုန်အသိအမှတ်ပြု Europe REACH မှသတ်မှတ်ထားသော စံညွှန်းနှင့်အညီ ထိန်းသိမ်းထားပါသည်။
သို့သော် နီကယ်နှင့် ဓါတ်မတည့်မှုရှိသူများ အနေဖြင့် အသားရေထိခိုက်မှုမရှိစေရန် အထူးသတိပြုသင့်ပါသည်။


[Acrylate]

Galaxy Buds ၏ ပင်မကိုယ်ထည်တွင် Acrylate ပါဝင်သည်။

Acrylate (မက်တဲလစ်အက်ဆစ်) ကို Galaxy Buds ရဲ့ ပင်မကိုယ်ထည်ဖြစ်သော ပိုလီကာဘွန်နိတ် (PC) ရဲ့အရောင်တင်ရန်အသုံးပြုသည်။ အရေပြားနှင့်ထိတွေ့ရသော ထုတ်ကုန်တိုင်းတွင် ထိုအရာကို အသုံးပြုသည်မှာ ပုံမှန်ပင်ဖြစ်သည်။ ဒီအရာနှင့် ဓာတ်မတည့်လျှင် Galaxy Buds ကို အချိန်ကြာမြင့်စွာ တပ်ထားခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော အရေပြားအန္တရာယ်ကိုသတိပြုပါ။

အမေရိကန်နိုင်ငံ အန္တရာယ်ကင်းထုတ်ကုန် အသိအမှတ်ပြု (CPSC) အရည်အသွေးမှီခြင်း၊ ဥရောပနိုင်ငံများရဲ့ စည်းမျဉ်းစည်းကမ်းများနှင့် အညီ ထုတ်လုပ်ခြင်းအပြင် တခြားသော နိုင်ငံတကာ အသိအမှတ်ပြုခြင်းများလည်း Galaxy Buds များတွင် ရရှိထားပြီးဖြစ်သည်။ စည်းမျဉ်းစည်းကမ်းများနှင့် ညီသော ပစ္စည်းများကိုသာ သုံးစွဲကာ လူကြီးမင်းတို့ရဲ့ ဘေးအန္တရာယ် ကင်းရှင်းမှုအတွက် ကျွန်တော်တို့အစွမ်းကုန် ကြိုးစားခဲ့သလို၊ စမ်းသပ်တပ်ဆင်ခြင်း၊ အဆိပ်အတောက်စစ်ဆေးခြင်း နှင့် အရေပြားအား ထိတွေ့ရာတွင် ဓာတ်မတည့်ခြင်း ရှိမရှိ စမ်းသပ်မှုများပြီးဆုံးကာ သက်ဆိုင်ရာမှ အသိအမှတ်ပြုလက်မှတ်များ ရရှိလာခြင်းဖြစ်သည်။



Galaxy Buds Galaxy Buds ကို ဘယ်လိုတပ်ဆင်ပြီး ထိန်းသိမ်းမလဲ



နားကြပ်ကို ဘယ်ဘက်နားနှင့် ညာဘက်နားတို့တွင် လုံလောက်သော အားပမာဏဖြင့်သာ ညင်သာစွာ ထည့်သွင်းပါ။
နားကြပ်များသည် အချိန်တိုင်း သန့်ရှင်းခြောက်သွေ့နေရန်လိုအပ်သည်။
ဆမ်ဆောင်းနားကြပ်များသည် ကျန်းမာရေးစံညွှန်းဖြင့်ကိုက်ညီသော်လည်း earbuds အား နားအတွင်း ဖိသွင်းတပ်ဆင်ခြင်းနှင့် အချိန်ကြာမြင့်စွာ တပ်ဆင်ထားခြင်းတို့ ပြုလုပ်လျှင် နာကျင်ခြင်းနှင့် အရေပြား ယားယံခြင်းတို့ ခံစားရနိုင်ပါသည်။
ဆမ်ဆောင်းနားကြပ်များကို အချိန်ကြာမြင့်စွာနှင့် အသံကျယ်လောင်စွာ တပ်ဆင်နားထောင်လျှင် အကြားအာရုံချို့ယွင်းခြင်းကို ခံစားရနိုင်သည့်အတွက် လိုအပ်သလောက်သာ အသံကိုချဲ့ပြီးနားထောင်စေချင်ပါသည်။


နားကြပ်များတွင် ဖုန်မှုန့် ၊ သဲမှုန့် ၊ ချွေး ၊ ဆီ ၊ မင်နှင့် ဓာတုပစ္စည်းများ စွဲကပ်နေလျှင် နားကြပ်အားပျက်ဆီးစေနိုင်သည်။ (ဥပမာ - ဆပ်ပြာ၊ နေလောင်ဒဏ်ခံခရင်မ်၊ ခေါင်းလျှော်ရည်၊ ပိုးသတ်ဆေး၊ လက်သန့်ဆေး၊ ပိုးသတ်ဖြန်းဆေး၊ မိတ်ကပ် ... အစရှိသဖြင့်)
နားကြပ်ဖူးအားသန့်ရှင်းလိုလျှင် ...
ရေသန့်ဖြင့်ဆေးကြောပါ။
နူးညံ့ပျော့ပြောင်းပြီး ခြောက်သွေ့သောအဝတ်ဖြင့်သုတ်ပါ။
အသုံးမပြုခင်မှာ ခြောက်သွေ့ပါစေ။
ဆပ်ပြာ၊ သန့်ရှင်းရေးပစ္စည်းများ၊ ပေါက်ပြဲစေမည့်ပစ္စည်းများ၊ ဓာတုပစ္စည်းများ လေမှုတ်စက်များ အသုံးမပြုရန်နှင့်
တုန်ခါစေသောလေလှိုင်းများ၊ အခြောက်ခံစက်များဖြင့်လည်းသန့်ရှင်းခြင်းမပြုရပါ။
ထိုအရာများသည် နားကြပ်အားပျက်ဆီးစေပြီး အရောင်ပြယ်လွင့်ခြင်းနှင့် တိုက်စားခြင်းတို့ကိုဖြစ်ပေါ်စေသည်။
အားကစားလုပ်ပြီးသောအခါနှင့် ဖုန်၊ သဲ၊ ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ မိတ်ကပ်၊ နေလောင်ခံခရင်မ်၊ လိုးရှင်းနှင့် လက်သန့်ဆေးတို့ထိမိပြီးသည့်အခါတို့တွင် ပြန်လည်သန့်စင်ပြီး ခြောက်သွေ့အောင်ထားဖို့ အရေးကြီးပါသည်။



အရက်ပျံဖတ်နှင့်ပိုးသတ်ဂွမ်းတို့အသုံးပြုပြီး သန့်ရှင်းရေးလုပ်လို့ရပါ့မလား



အရက်ပျံ 70မှ 80ရာခိုင်နှုန်းပါဝင်သော နူးညံ့သောဂွမ်းဖတ်ဖြင့် နားကြပ်မျက်နှာပြင်အား ညင်သာစွာ ပွတ်တိုက်သန့်စင်နိုင်ပါသည်။
ထို့သို့သန့်စင်ပြီးသည့်နောက်တွင် ပြန်လည်အသုံးမပြုခင် အရင်ဆုံး ခြောက်သွေ့အောင်ထားရမည်။
စပီကာပေါက်အတွက် အရက်ပျံဂွမ်းနှင့် ပိုးသတ်ဂွမ်းတို့အသုံးမပြုနှင့်။
အရောင်ချွတ်ဆေးနှင့် ဆပ်ပြာများလည်းအသုံးမပြုရပါ။