40" Full HD Flat Smart TV K5300 Series 5

UA40K5300AKXMR
size 40"

The item is in the cart.

Iconic Design

Iconic Design

Resolution 1920 x 1080

Resolution 1920 x 1080

Series 5

Series 5

Smart TV

Smart TV

Your space. Your unique lifestyle. Joiiii

တီဗီတွေနဲ့ ပတ်သက်လာရင် အမြဲတမ်း ပြောလေ့ရှိကြတာက တီဗီစင်ကို ဘယ်နားထားရမလဲဆိုတဲ့ကိစ္စ ဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ သင့်ကို သင့်တီဗီကို နေရာချထားရေး ကိစ္စမှာ လွတ်လွတ်လပ်လပ် စိတ်ကြိုက်အလှဆင်နိုင်စေဖို့ ဖြစ်ပါတယ်။ သင့်ကို ပြိုင်စံရှား ပျော်ရွှင်စေမှာ ဖြစ်သလို ဘယ်နေရာမှာမဆို နေရာချထားလို့ အဆင်ပြေစေနိုင်ပါတယ်။ အကောင်းဆုံးကတော့ ဒီတီဗီဟာ တခြားဟာတွေနဲ့မတူဘဲ သင့်ရဲ့ ဘဝစတိုင်လ်နဲ့ လိုက်ဖက်စေတာပါပဲ။

Your space. Your unique lifestyle. Joiiii

Tailored design. Simply iconic.

Joiiii ဟာ နယ်နိမိတ် အကန့်အသတ်တွေကို ချိုးဖျက်ပေးနိုင်ပါတယ်။ ချောမွတ်၊ သန့်ရှင်းတဲ့ သူ့ရဲ့ ဒီဇိုင်းက ဘယ်နေရာမှာမဆို အဆင်ပြေစေမှာဖြစ်ပြီး နှစ်သက်ဖွယ်အရောင် အသွေးလည်း ရှိနေတာပါ။ အခုသင့်မှာ သင့်တီဗီကို ကိုယ့်ကိုယ်ပိုင် လူနေမှုပုံစံထဲ လိုသလို ထားရှိလို့ လွတ်လပ်ခွင့် ရှိနေပါပြီ။ နောက်ဆုံးမှာတော့ သင်နဲ့ကိုက်ညီတဲ့ တီဗီကို ရရှိပါပြီ။

Tailored design. Simply iconic.

A perfect fit. All 360 degrees.

Joiiii ကို အခန်းအလည် နံရံမှာ ထားရှိရင်ဖြစ်စေ အိပ်ရာဘေးမှာ ဖြစ်စေ ထားရှိနိုင်ပါတယ်။ ပြိုင်ဘက်ကင်းပြီး အံဝင်ခွင်ကျ လှပနေမှာ ဖြစ်ပါတယ်။ ဟာကွက်မရှိတဲ့ အထင်ကရ ဒီဇီုင်းက ဘယ်နေရာမှာမဆို ကြည့်ကောင်းနေမှာပါ။

A perfect fit. All 360 degrees.

4 legs. 2 different looks.

ကျွန်တော်တို့အနေနဲ့ Joiiii ကို အတောင်ပံတွေ တပ်ဆင်မပေးနိုင်ပေမယ့် နဂိုပါရှိတဲ့ အပေါက်တွေထဲကို ခဏအတွင်း အံဝင်ခွင်ကျဖြစ်စေမယ့် ထူးခြားတဲ့ သတ္တုခြေချောင်းလေးတွေ တပ်ထားပေးပါတယ်။ အရှေ့ခြေချောင်းလေးတွေက အတန်ငယ်ပိုရှည်ပြီး အချိန်တိုအတွင်းမှာ အောက်ကို စောင်းလို့ရပါသေးတယ်။ (၃၂ လက်မ အတွက်သာ) ညအိပ်ချိန် တီဗွီကြည့်ဖို့အတွက် အကောင်းဆုံးပေါ့။

4 legs. 2 different looks.

Visually beautiful. Audibly powerful.

Great design demands great sound. Joiiii has you covered with 4 powerful speakers that blast rich and clear sound in two directions. The sleek and narrow front sound grill gives Joiiii’s iconic design a boost.

Visually beautiful. Audibly powerful.

One place for all your content

သင့်ရဲ့ Content တွေကို ရယူရတာ လျင်မြန်ပြီး လွယ်ကူနေဖို့ လိုပါတယ်။ အခု သင့်အနေနဲ့ App, Game၊ အွန်လိုင်းဗီဒီယိုတွေနဲ့ Streaming ၀န်ဆောင်မှုတွေကို သင့်တီဗီနဲ့ ချိတ်ဆက်ပြီး ဖန်သားပြင်တစ်ခုတည်းပေါ်မှာ ရှာဖွေနိုင်ပါပြီ။ အကြိုမြင်ကွင်းအနေနဲ့ ကြည့်မလား သို့မဟုတ် တခါတည်း ငုတ်လျှိုးကြည့်ရှုချင်သလား ကြိုက်ရာကို ဆောင်ရွက်နိုင်ပါတယ်။

One place for all your content

* Broadband အင်တာနက် ရှိဖို့ လိုအပ်ပါတယ်။ App နဲ့ Content တွေ ရရှိနိုင်မှုကတော့ ဒေသအလိုက် ကွဲပြားမှု ရှိနိုင်ပြီး အချိန်မရွေး အသိပေးမှုမရှိဘဲ ပြောင်းလဲမှုတွေလည်း ရှိနိုင်ပါတယ်။ App နဲ့ Content တွေဟာ ဘာသာစကား သို့မဟုတ် နေရာဒေသတိုင်းမှာတော့ ရရှိနိုင်အုံးမှာ မဟုတ်ပါဘူး။

Joiiii, a modern day jukebox

သင့်တစ်ကိုယ်ရေသုံး Jukebox ကို တစ်ခါမှ မလိုချင်ခဲ့ဖူးဘူးလား။ ကောင်းပါပြီ၊ အခု သင်ရရှိနိုင်ပါပြီ။ Joiiii ဟာ အံ့သြစရာကောင်းတဲ့ အသံတွေကို ထုတ်ဖော်တင်ဆက်ပေးနိုင်ပြီး သင်လုပ်ရမှာကတော့ သင့်ဖုန်း Bluetooth နဲ့ တီဗီကို ချိတ်ဆက်ပြီး ကိုယ်နားဆင်ချင်တဲ့ သီချင်းအစီအစဉ်အတိုင်း ဖွင့်ထားဖို့ပါပဲ။

Bluetooth သည် Bluetooth SIG ၏ အမှတ်အသား တစ်ခု ဖြစ်ပါသည်။

Joiiii, a modern day jukebox

Bluetooth သည် Bluetooth SIG ၏ အမှတ်အသား တစ်ခု ဖြစ်ပါသည်။

Joiiii for the whole family

Joiiii ဟာ သင့်ရဲ့ လိုအပ်ချက်အားလုံးနဲ့ ကိုင်ညီအောင် ဖြည့်စွမ်းပေးထားပြီး သင့်မိသားစုဝင်တိုင်း၊ အထူးသဖြင့် သက်ကြီးရွယ်အိုများအတွက်ပါ အဆင်ပြေစေမှာ ဖြစ်ပါတယ်။ မြန်ဆန်စွာ ခလုတ်တစ်ချက် နှိပ်ရုံနဲ့ သင့်အဖိုး၊ အဘွားတွေအတွက် ပိုမိုကြည်လင်ပြတ်သားတဲ့ ပုံရိပ်တွေ ဖော်ကျူးပေးမှာ ဖြစ်ပြီး အသံထွက်ကိုလည်း ပိုမိုပြီး နားဆင်ရလွယ်ကူစေနိုင်ပါတယ်။ အခုဆိုရင် လူတိုင်း ကောင်းမွန်စွာ ညီတူညီမျှ ကြားမြင်နိုင်ပြီပဲ ဖြစ်ပါတယ်။

Joiiii for the whole family

Every pixel. Clear as crystal.

အသေးစိတ် စိုလွင်မှု၊ တောက်ပသော အရောင်အသွေးများ၊ ရွေ့လျားလှုပ်ခတ်နေသော စက္ခုပသာဒ။ Joiiii ရဲ့ ဆူညံသံ လျှော့ချရေးနဲ့ အရောင်နှင့် အမှောင်ဓာတ် ထိန်းညှိမြှင့်တင်ရေး နည်းပညာများက သင့်ရဲ့ ပုံရိပ်တွေ အားလုံးကို ပြန်လည် ဆန်းသစ်ပေးနိုင်မှာ ဖြစ်တဲ့အတွက် သင့်အနေနဲ့ ရုပ်ရှင်ကားတစ်ကားကို ကြည့်နေရုံဆိုချင်းထက် သင်ကိုယ်တိုင် ထိုဇာတ်ကားထဲမှာ ပါဝင်စီးမျောနိုင်မယ့် ရသကို ပေးစွမ်းမှာပဲ ဖြစ်ပါတယ်။

Every pixel. Clear as crystal.
  • 1,920 × 1,080
  • 5 undefined
  • 2

အသုံးပြုသူလမ်းညွှန်ချက်နှင့် download များ

တည်ဆောက်ပုံ

* Key feature may different from Key Spec