သင့် Galaxy နဲ့
သင့် ကိုယ်ပိုင်နည်းလမ်း

Galaxyစက်များမှ သင့်အတွက် နောက်ထပ် ချိတ်ဆက်နည်းများကို
ပေးကာ သင့်စိတ်ကြိုက် လုပ်ဆောင်နိုင်တဲ့
လွတ်လပ်မှုကို ပေးစွမ်းပါတယ်။

ဘာကြောင့် Galaxyလဲ။

စစ်မှန်သောဆန်းသစ်တီထွင်မှု၊ ချောမွေ့မှုရှိသော စက်ချိတ်ဆက်မှု
နှင့် စိတ်ကြိုက်ပြင်ဆင်မှုများစွာ။

နောက်ထပ် ကိရိယာများသို့ ချိတ်ဆက်ခြင်း

သင်နှစ်သက်သောအရာများကို ယခင်ကထက် ပိုကောင်းအောင်လုပ်ဆောင်နိုင်ရန် Galaxyecosystemရှိ စက်ပစ္စည်းများက အလွယ်တကူ စုပေါင်းလုပ်ဆောင်ထားပါတယ်။ ပိုမိုစမတ်ကျစွာ လေ့ကျင့်ပါ။ သင့်ထုတ်လုပ်နိုင်စွမ်းကို တိုးမြှင့်ပါ။ ဆန်းသစ်ဖန်တီးသော ပရောဂျက်များကို မြင့်တင်ပါ။

ကျန်းမာရေးလိုက်စားသူများအတွက်

Galaxy Watchနှင့် Galaxy Buds တို့ကို ချိတ်ဆက်ပြီး
fitness tracker ရယူကာ လက်မှာပတ်ထားတဲ့ Galaxy Watch
ထဲမှ DJ သီချင်းတွေနဲ့ လေ့ကျင့်ခန်းကို စတင်လိုက်ပါ။

လုပ်ရည်ကိုင်ရည် အားသာချက်များအတွက်

သင့်တက်ဘလက်နဲ့ အစည်းအဝေးမှတ်တမ်းများယူရင်း
သင့်ဖုန်း၏အလုပ်သတိပေးချက်များကို ထိပ်ဆုံးတွင်ရှိနေစေရန်
Galaxy S22 နှင့် Tab S8 ကို ချိတ်ဆက်ထားပါ။

ချောမွေ့စွာ အတူတကွ လုပ်ဆောင်နိုင်သော ကိရိယာများ

သင့် Galaxy ဒီဇိုင်းကို
သင့်ကိုယ်ပိုင် ပြုလုပ်ပါ

သင်က လူတိုင်းနဲ့ မတူပါဘူး။ ဒါကြောင့်သင့်ရဲ့ နည်းပညာလည်း မတူသင့်ဘူး။ Galaxy နဲ့ဆို သင်ဟာ သင့်စက်ရဲ့ လုပ်ဆောင်ချက်တိုင်းနီးပါးကို စိတ်ကြိုက်ပြင်ဆင်နိုင်တဲ့အတွက် တစ်မူထူးခြားသော ထုတ်ကုန်တစ်ခုကို သင်ခံစားနိုင်မှာဖြစ်ပါတယ်။

One UI

၎င်း၏ပင်မစခရင်၊ ဝစ်ဂျက်များ၊ အပြင်အဆင်များနှင့် အခြားအရာများကို စိတ်ကြိုက်ပြင်ဆင်ခြင်းဖြင့် သင့် Galaxy စက်ရဲ့ မျက်နှာပြင်မှတစ်ဆင့် သင့်ကိုယ်သင် ဖော်ပြပါ။

အမျိုးသမီးတစ်ဦး၏ တူညီသော ဆယ်လ်ဖီပုံတူ ပါဝင်သည့် Galaxy S22 နှင့် GalaxyBookတို့ ဘေးချင်း ကပ်လျက်။ အမျိုးသမီးတစ်ဦး၏ တူညီသော ဆယ်လ်ဖီပုံတူ ပါဝင်သည့် Galaxy S22 နှင့် GalaxyBookတို့ ဘေးချင်း ကပ်လျက်။

“တကယ်တော့ ကျွန်ုပ်ဖုန်းကို ကျွန်ုပ်အလိုရှိသလို အသုံးချနိုင်စွမ်းရှိလို့Galaxy ကို ရွေးချယ်ခဲ့တာပါ…”

- Skubeeraw, reddit.com/r/samsung

သင်လိုအပ်သော အစွမ်းထက်သော
လုပ်ဆောင်ချက်များကို ရယူပါ...

... ပြီးတော့ သင်ဘယ်တုန်းကမှ မမျှော်လင့်ထားတဲ့
ဆန်းသစ်တီထွင်မှုတွေ

လုံခြုံအောင်လုပ်ဆောင်ထားရမဲ့ သင့်ကိုယ်ရေးလုံခြုံမှု

ကမ္ဘာကြီးက ပြောင်းလဲလာပါပြီ၊ အလုပ်လုပ်တဲ့ နည်းလမ်းအသစ်တွေက အန္တရာယ်အသစ်တွေကို ဆိုလိုတာပါ။ Samsungကိုယ်ရေးလုံခြုံမှု နည်းပညာများမှ သင်လိုအပ်သမျှ ဘာကိုပဲဖြစ်ဖြစ် သင်အလိုရှိသလို ကာကွယ်ထိန်းချုပ်ပေးပါတယ်။

Knox Vault

Knox Vault ဟာ PINS၊ စကားဝှက်များနှင့် ခွဲထုတ်ထားတဲ့အခြားကိုယ်ရေးကိုယ်တာအချက်များကို စိတ်ချလုံခြုံသိမ်းဆည်းရာဖြစ်နေတဲ့အတွက် ဟက်ကာများက ဝင်သုံးနိုင်မှာမဟုတ်ပါဘူး။

ကိုယ်ရေးလုံခြုံမှု ဒက်ရှ်ဘုက်

သင့်အချက်အလက်များကို ဝင်ရောက်ကြည့်ရှုရန် ကြိုးစားနေသည့် အက်ပ်တွေကိုကြည့်လိုက်ပြီးနောက် သင့်ဆက်တင်များကို စိတ်ကြိုက်ပြင်ဆင်ပါ။ဒါဟာလုံခြုံတဲ့ သင်ရဲ့ကိုယ်ရေးလုံခြုံမှုဖြစ်ပါတယ်။

Galaxyကိုစမ်းသုံးရန် အဆင်သင့်ဖြစ်ပြီလား။

အသုံးပြုရ အဆင်ပြေတဲ့
အက်ပ်များနှင့် ဝန်ဆောင်မှုများဖြင့်‌ ပျော်ရွှင်လိုက်ပါ

သင်Galaxy တွင်ပါဝင်တဲ့အခါ၊ သင့်အား နည်းပညာပံ့ပိုးမှု၊ ကျန်းမာရေးနှင့် အခြားအရာများဖြင့် ကူညီပေးသည့် အသုံးဝင်တဲ့အက်ပ်များစွာကို သင်ဝင်ရောက်အသုံးပြုခွင့်ရရှိမှာဖြစ်ပါတယ်။

#withGalaxy နှင့် သင်ဖန်တီးသောအရာကို မျှဝေပါ

tag #withGalaxy ဖြင့် Galaxy အသုံးပြုသူများထံမှ ဓာတ်ပုံနှင့် ဗီဒီယိုများကို စစ်ကြည့်လိုက်ပါ။

  • Galaxy စက်အားလုံးမှာ အသေးစိတ်နဲ့ လုပ်ဆောင်ချက်အားလုံးတော့ မပါဝင်နိုင်ပါ။ ထုတ်ကုန် အသေးစိတ်အတွက် အသေးစိတ် ဖော်ပြချက်နဲ့ လုပ်ဆောင်ချက် အချက်အလက်ကို Galaxy ထုတ်ကုန်ရဲ့ အချက်အလက် စာမျက်နှာတစ်ခုစီမှာ မြင်တွေ့နိုင်ပါတယ်။
  • ¹Galaxy S22 စီးရီးများ၊Galaxy S21 စီးရီးများ၊Galaxy Z Fold2၊Galaxy Z Flip (LTEသာလျှင်)၊Galaxy S20 စီးရီးများနှင့်Galaxy Note20စီးရီးများသည် တစ်နေ့တာ ဘက်ထရီကို ထောက်ပံ့ပေးနိုင်သည်။ အမှန်တကယ် ဘက်ထရီသက်တမ်းမှာ ကွန်ရက်၊ ပတ်ဝန်းကျင်၊ လုပ်ဆောင်များနှင့် အသုံးပြုထားသည့် အက်ပ်များ၊ ဖုန်းခေါ်ဆိုသည့် အကြိမ်ရေနှင့် မက်ဆေ့ချ်များ၊ အားသွင်းသည့် အကြိမ်ရေနှင့် အခြား ကိစ္စများစွာပေါ်မူတည်၍ ပြောင်းလဲနိုင်သည်။
  • ²5Gမြန်နှုန်းများသည် ကွဲပြားပြီး အကောင်းဆုံးသော ကွန်ရက်နှင့် ချိတ်ဆက်မှု လိုအပ်ပါသည် (ကြိမ်နှုန်း၊ လှိုင်းနှုန်း၊ ပိတ်ဆို့မှုများ အပါအဝင်)- ရရှိနိုင်မှုအတွက် ဝန်ဆောင်မှုပေးတဲ့ carrier ကို ကြည့်ပါ။
  • ³IP68 ပံ့ပိုးမှုမှာ Galaxyစက်အလိုက် ကွဲပြားပါသည်။ IP68 မှာ ရေချိုတွင် 1.5 မီတာတွင် မိနစ် 30 အထိ မြှုပ်နှစ်ထားခြင်းအတွက် စမ်းသပ်မှု အခြေအနေများအပေါ် အခြေခံပါသည်။ ကမ်းခြေ သို့မဟုတ် ရေကန်တွင် သုံးရန် အကြံပြုမထားပါ။
  • ⁴S Pen ကို ပံ့ပိုးသည့် Samsung Galaxy စမတ်ဖုန်းများ၊ တက်ဘလက်များနှင့် PC များနှင့် တွဲဖက်အသုံးပြုနိုင်သည်။
  • ⁵ သင့်ခန္ဓာကိုယ်တွင် နှလုံးခုန်နှုန်းထိန်းစက် သို့မဟုတ် အခြားထည့်သွင်းထားသော ဆေးဘက်ဆိုင်ရာကိရိယာများရှိပါက သင့်ခန္ဓာကိုယ်ဖွဲ့စည်းပုံကို တိုင်းတာခြင်းမပြုပါနှင့်။ ကိုယ်ဝန်ရှိနေပါက ခန္ဓာကိုယ်ဖွဲ့စည်းပုံကို မတိုင်းတာပါနဲ့။ သင်သည် အသက် 20 နှစ်အောက်ဖြစ်ပါက တိုင်းတာမှုရလဒ်များသည် တိကျမည်မဟုတ်ပါ။ ယေဘူယျ ကျန်းမာရေးနှင့် ကြံ့ခိုင်ရေး ရည်ရွယ်ချက်များအတွက်သာ ရည်ရွယ်ပါသည်။
  • ⁶ဆေးဘက်ဆိုင်ရာ အခြေအနေများ သို့မဟုတ် ရောဂါရှာဖွေခြင်း၊ ရောဂါလက္ခဏာများခွဲခြင်း၊ ကုသခြင်းတွင် အသုံးပြုရန် ရည်ရွယ်ခြင်းမဟုတ်ပါ။ တိုင်းတာမှုများသည် သင့်ကိုယ်ရေးကိုယ်တာအကိုးအကားအတွက်သာဖြစ်သည်။ အကြံဉာဏ်ရယူရန် ဆေးပညာရှင်နှင့် တိုင်ပင်ပါ။
  • *ဤတွင် ပေးအပ်ထားသော အသေးစိတ်သတ်မှတ်ချက်များ နှင့် ဖော်ပြချက်များအားလုံးသည် ထုတ်ကုန်အတွက် အမှန်တကယ် အသေးစိတ်သတ်မှတ်ချက်များ၊ ဖော်ပြချက်များနှင့် ကွဲလွဲမှုရှိနိုင်ပါသည်။ Samsung အနေဖြင့် အသိပေးအကြောင်းကြားမှုမရှိဘဲ ဤစာရွက်စာတမ်းနှင့် ဤတွင်ဖော်ပြထားသည့် ထုတ်ကုန်အား Samsungမှ ပြောင်းလဲပြင်ဆင်မှု ပြုလုပ်ခွင့်အား လက်ဝယ်ထားရှိပါသည်။ ဤစာရွက်စာတမ်းတွင် ပေးအပ်ထားသော လုပ်ဆောင်မှုများ၊ အင်္ဂါရပ်များ၊ အသေးစိတ်သတ်မှတ်ချက်များ၊ GUI နှင့် အခြားထုတ်ကုန်အချက်အလက်အပါအဝင် အကျိုးခံစားခွင့်များ၊ ဒီဇိုင်း၊ ဈေးနှုန်း၊ အစိတ်အပိုင်းများ၊ စွမ်းဆောင်ရည်၊ ရရှိနိုင်မှုနှင့် ထုတ်ကုန်၏ စွမ်းဆောင်မှုများကို အသိပေး၊ အကြောင်းကြားခြင်းမရှိဘဲ ပြောင်းလဲနိုင်ပါသည်။ ဖန်သားပြင်ရှိ အကြောင်းအရာများမှာ အသွင်တူအောင် ပြုလုပ်ထားသည့် ပုံများသာဖြစ်ပြီး သရုပ်ပြပုံဖော်မှုအတွက် အသုံးပြုရန်သာ ဖြစ်ပါသည်။