၎င်းကို SmartThings ဖြင့် မည်ကဲ့သို့ လုပ်ဆောင်သနည်း

ဒေါင်းလုဒ်လုပ်ပါ
SmartThings အက်ပ်

ချိတ်ဆက်ထားသည့် နေထိုင်မှုပုံစံ ကမ္ဘာသစ်တစ်ခုလုံးအတွက် SmartThings အက်ပ် သို့ သင့်စက်ပစ္စည်းများကို ပေါင်းထည့်ပါ။

အက်ပ် ကို အဆင့် ၃ ဆင့်ဖြင့် ကျွမ်းကျင်အောင် ပြုလုပ်ပါ

 

အဆင့် 1 - သင်၏ စက်ပစ္စည်းများကို
အက်ပ်သို့ ပေါင်းထည့်ပါ

လူတစ်ဦးသည် စခရင်ပေါ်တွင် SmartThings အက်ပ်အိုင်ကွန်ပါရှိသော Galaxy စမတ်ဖုန်း ကို ကိုင်ထားပါသည်။ စခရင်နောက်ခံရှိ စမတ်အိမ်သုံးပစ္စည်းများသည် Wi-Fi ကို အသုံးပြု၍ စမတ်ဖုန်း သို့ ချိတ်ဆက်နေပါသည်။ လူတစ်ဦးသည် စခရင်ပေါ်တွင် SmartThings အက်ပ်အိုင်ကွန်ပါရှိသော Galaxy စမတ်ဖုန်း ကို ကိုင်ထားပါသည်။ စခရင်နောက်ခံရှိ စမတ်အိမ်သုံးပစ္စည်းများသည် Wi-Fi ကို အသုံးပြု၍ စမတ်ဖုန်း သို့ ချိတ်ဆက်နေပါသည်။
 

အဆင့် 2 - ဘဝကို ပိုမို၍စမတ်ကျစေရန် သင့်စက်ပစ္စည်းများကို စီမံပါ

အပြာရောင်ပင်မသတ်မှတ်ချက်တွင် စမတ်အိမ်သုံးစက်ပစ္စည်း ၈ ခုကို တွေ့မြင်ရပါသည်။ ဘယ်ဘက်မှ ညာဘက်သို့- အဖြူရောင် နံရံကပ် လေအေးပေးစက်တစ်လုံး၊ လေအေးပေးစက်အောက်တွင် အဖြူရောင် BESPOKE AI အဝတ်လျှော်စက်နှင့် အခြောက်ခံစက်တစ်စုံ၊ အဝတ်လျှော်စက်နှင့် အခြောက်ခံစက်ရှေ့တွင် အဖြူရောင် Jet Bot AI+ စက်ရုပ်ဖုန်စုပ်စက်တစ်လုံး၊ အနက်ရောင် Philips Hue Signe gradient ကြမ်းပြင်မီးအိမ်တစ်လုံး၊ ရောင်စုံ BESPOKE ရေခဲခန်းသေတ္တာ တစ်လုံး၊ ရေခဲသေတ္တာ အထက်နံရံရှိ SmartThings Cam တစ်လုံးနှင့် နံရံပေါ်ရှိ Smart Plug တစ်ခု။ အပြာရောင်ပင်မသတ်မှတ်ချက်တွင် စမတ်အိမ်သုံးစက်ပစ္စည်း ၈ ခုကို တွေ့မြင်ရပါသည်။ ဘယ်ဘက်မှ ညာဘက်သို့- အဖြူရောင် နံရံကပ် လေအေးပေးစက်တစ်လုံး၊ လေအေးပေးစက်အောက်တွင် အဖြူရောင် BESPOKE AI အဝတ်လျှော်စက်နှင့် အခြောက်ခံစက်တစ်စုံ၊ အဝတ်လျှော်စက်နှင့် အခြောက်ခံစက်ရှေ့တွင် အဖြူရောင် Jet Bot AI+ စက်ရုပ်ဖုန်စုပ်စက်တစ်လုံး၊ အနက်ရောင် Philips Hue Signe gradient ကြမ်းပြင်မီးအိမ်တစ်လုံး၊ ရောင်စုံ BESPOKE ရေခဲခန်းသေတ္တာ တစ်လုံး၊ ရေခဲသေတ္တာ အထက်နံရံရှိ SmartThings Cam တစ်လုံးနှင့် နံရံပေါ်ရှိ Smart Plug တစ်ခု။
 

အဆင့် 3 - သင်၏ နေ့စဉ်အခိုက်အတန့်များကို အလိုအလျောက်ပြုလုပ်ပါ

ဓာတ်ပုံနှစ်ပုံဖြင့် ပုံဖော်ထားသောပုံကို ပြသထားပါသည်။ ပထမတစ်ခုတွင် အမျိုးသမီးတစ်ဦးသည် နံနက်ခင်းလုပ်ရိုးလုပ်စဉ်ကို ကိုယ်စားပြုသည့် သင်္ကေတများဖြင့် နံနက်ခင်းကို ပျော်ရွှင်စွာ သူမ၏နေ့ရက်အား စတင်နေသည်ကို အသားပေးဖော်ပြထားပါသည်။ ဒုတိယတစ်ခုတွင် ညအချိန်၏လုပ်ရိုးလုပ်စဉ်ကို ကိုယ်စားပြုသည့် သင်္ကေတများဖြင့် အမျိုးသမီးတစ်ဦးသည် ညအချိန်တွင် အေးချမ်းစွာ အိပ်စက်နေသည်ကို ပြသထားပါသည်။ ဓာတ်ပုံနှစ်ပုံဖြင့် ပုံဖော်ထားသောပုံကို ပြသထားပါသည်။ ပထမတစ်ခုတွင် အမျိုးသမီးတစ်ဦးသည် နံနက်ခင်းလုပ်ရိုးလုပ်စဉ်ကို ကိုယ်စားပြုသည့် သင်္ကေတများဖြင့် နံနက်ခင်းကို ပျော်ရွှင်စွာ သူမ၏နေ့ရက်အား စတင်နေသည်ကို အသားပေးဖော်ပြထားပါသည်။ ဒုတိယတစ်ခုတွင် ညအချိန်၏လုပ်ရိုးလုပ်စဉ်ကို ကိုယ်စားပြုသည့် သင်္ကေတများဖြင့် အမျိုးသမီးတစ်ဦးသည် ညအချိန်တွင် အေးချမ်းစွာ အိပ်စက်နေသည်ကို ပြသထားပါသည်။

သင်၏စက်ပစ္စည်းကို ရှာဖွေပါ
SmartThings နှင့် အလုပ်လုပ်သော

သင်၌ ရှိပြီးသား စက်ပစ္စည်းများနှင့် ပိုပို၍ စမတ်ကျအောင် ပိုလုပ်ပါ။
"Samsung SmartThings ဖြင့်အလုပ်လုပ်သည်" သို့မဟုတ် "Matter" အမှတ်သင်္ကေတကို ရှာဖွေပါ။

ကျွန်ုပ်တို့၏ SmartThings- အဆင်သင့်ပါဝင်သည့် စက်ပစ္စည်းများကို ဝယ်ယူပါ

Samsung ၏ နောက်ဆုံးပေါ် ထုတ်ကုန်များကို ရှာဖွေပါ
သင်၏ SmartThings အတွေ့အကြုံကို မြှင့်တင်ပေးရန် ဒီဇိုင်းထုတ်ထားသည့်။

* SmartThings ကိုအသုံးပြုရန်၊ Galaxy Store၊ Play Store သို့မဟုတ် App Store မှ အက်ပ်ကို ဒေါင်းလုဒ်ပြုလုပ်ပါ။ အက်ပ်သည် အနည်းဆုံး 3GB RAM နေရာလွတ်ဖြင့် Android OS 9↑ သို့မဟုတ် iOS 14↑ လိုအပ်ပါသည်။

* စက်ပစ္စည်းများအားလုံးကို Wi-Fi သို့မဟုတ် အခြားကြိုးမဲ့ကွန်ရက်သို့ ချိတ်ဆက်သင့်ပြီး Samsung အကောင့် တစ်ခုတည်းဖြင့် မှတ်ပုံတင်သင့်ပါသည်။ 

* ရရှိနိုင်မှုသည် နိုင်ငံ၊ ဒေသ၊ ဝန်ဆောင်မှုပံ့ပိုးပေးသူ၊ ကွန်ရက် ပတ်ဝန်းကျင် သို့မဟုတ် စက်ပစ္စည်းအလိုက် ကွဲပြားနိုင်ပြီး သတိပေးချက်မရှိဘဲ ပြောင်းလဲနိုင်ပါသည်။

* ရုပ်ပုံများနှင့် စခရင်ပေါ်ရှိ အကြောင်းအရာများမှာ သရုပ်ဖော်ရန် ရည်ရွယ်၍ ဖန်တီးထားခြင်း ဖြစ်ပါသည်။

* အမှန်တကယ် UI သည် ဆော့ဖ်ဝဲဗားရှင်း၊ မော်ဒယ်၊ ဒေသနှင့် အခြားအကြောင်းရင်းများပေါ် မူတည်၍ ကွဲပြားနိုင်ပါသည်။

* SmartThings သို့ ချိတ်ဆက်နိုင်သည့် အများဆုံး စက်ပစ္စည်းအရေအတွက်မှာ တည်နေရာတစ်ခုလျှင် 200 ဖြစ်ပါသည်။ သို့သော်လည်း၊ အသုံးပြုသူ၏ ကွန်ရက် ပတ်ဝန်းကျင် အပေါ် မူတည်၍ ချိတ်ဆက်နိုင်သည့် အများဆုံးစက်ပစ္စည်းအရေအတွက်သည် ကန့်သတ်မှု ရှိနိုင်ပါသည်။ အကောင့်တစ်ခုလျှင် တည်နေရာ 10 ခုအထိ အသုံးပြုနိုင်ပြီး၊ တည်နေရာတစ်ခုလျှင် အခန်း 20 အသုံးပြုနိုင်၍ တည်နေရာကို စာရင်းထည့်သွင်းထားသည့် စီမံခန့်ခွဲသူမှ အကောင့်တစ်ခုလျှင် အဖွဲ့ဝင် 20 အထိ ဖိတ်ခေါ်နိုင်ပါသည်။

* စက်ပေါ်တွင်ဖော်ပြထားသည့် ကိန်းဂဏန်းများနှင့် ကွဲပြားနိုင်သည့် ပတ်ဝန်းကျင်လေ စိုးရိမ်ဖွယ်ရာဂရပ်ပေါ်ရှိ ကိန်းဂဏန်းများသည် အခန်းတစ်ခန်းချင်းစီ၏ ပျမ်းမျှကို ကိုယ်စားပြုပါသည်။

 

1. SmartThings စွမ်းအင် ဝန်ဆောင်မှု ရရှိနိုင်မှုမှာ နိုင်ငံ၊ ဒေသ သို့မဟုတ် စက်ပစ္စည်းအလိုက် ကွဲပြားပါသည်။ Android နှင့် iOS စက်ပစ္စည်းများ (Android OS 9↑၊ iOS 14↑) တွင် ရရှိနိုင်ပါသည်။ Wi-Fi ချိတ်ဆက်မှုနှင့် Samsung အကောင့်တစ်ခုတို့ လိုအပ်ပါသည်။ စွမ်းအင်သုံးစွဲမှုကို စောင့်ကြည့်ရန် စက်ပစ္စည်းများအားလုံးကို SmartThings အက်ပ်တွင် မှတ်ပုံတင်ထားရန် လိုအပ်ပါသည်။

2. Galaxy စက်ပစ္စည်းများတွင်သာ ရရှိနိုင်ပါသည်။ ဤလုပ်ဆောင်ချက်သည် Philips Hue White နှင့် ရောင်စုံမီးလုံးများနှင့် Hue Bridge တို့လိုအပ်ပါသည်။

3. Philips Hue အရောင်ပြောင်းနိုင်သည့် စမတ်မီးလုံးများ၊ Philips Hue Bridge၊ Philips Hue Sync အက်ပ် (2022 ခုနှစ်နောက်ပိုင်းထွက်ရှိထားသော Samsung တီဗွီစီးရီးများ၌ အက်ပ်ဝယ်ယူမှု လိုအပ်သည်၊ Samsung QLED TV သို့မဟုတ် ၎င်းထက်မြင့်သည့်) သို့မဟုတ် Philips Hue Sync Box (တီဗွီ၌ အက်ပ်အတွင်းဝယ်ယူမှုများ မရရှိသောဒေသများတွင်၊ မှန်ကန်သောလုပ်ဆောင်နိုင်စွမ်းအတွက် Philips Hue Sync Box ဝယ်ယူမှုတစ်ခုလိုအပ်နိုင်သည်) နှင့် Samsung အကောင့်တစ်ခု လိုအပ်ပါသည်။ သီးခြားရောင်းချသည်။

4. Samsung တီဗွီ၌ Philips Hue Sync အက်ပ်၏ ရရှိနိုင်မှုသည် နိုင်ငံ၊ ဒေသ သို့မဟုတ် စက်ပစ္စည်းအလိုက် ကွဲပြားနိုင်ပါသည်။ Samsung တီဗွီ၌ Philips Hue Sync အက်ပ်ကို ငါးနှစ်အထိ အသုံးပြုနိုင်ရန် အခပေး၌ဝယ်ယူစာရင်းသွင်းမှု လိုအပ်ပါသည်။ ဤကာလပြီးနောက်၊ အက်ပ်ဝန်ဆောင်မှုပေးသူမှ အက်ပ်ကို အပ်ဒိတ်များဖြင့် ပံ့ပိုးပေးနေသရွေ့ ၎င်းကို အသုံးပြုနိုင်မည် ဖြစ်ပါသည်။

5. တွဲဖက်အသုံးပြုနိုင်သော Video Doorbell လိုအပ်ပါသည်။ Video Doorbell ကို SmartThings အက်ပ်တွင် စာရင်းသွင်းရမည် ဖြစ်ပါသည်။ အောက်ပါ Video Doorbell များကို လောလောဆယ် ပံ့ပိုးထားပါသည်- Video Doorbell Elite၊ Chime Pro ဖြင့် Video Doorbell Pro၊ Spotlight Cam Mount၊ Spotlight Cam Wired၊ Stick Up Cam Battery၊ Video Doorbell၊ Video Doorbell 2၊ Video Doorbell 3၊ Video Doorbell Pro စသည်ဖြင့်။ ဤပံ့ပိုးပေးသော Video Doorbell များစာရင်းကို အပ်ဒိတ်ပြုလုပ်မည်ဖြစ်ကြောင်း ကျေးဇူးပြု၍ သတိပြုပါ။

6. SmartThings အိမ်မွေးတိရစ္ဆာန်များကို စောင့်ရှာက်ခြင်း ဝန်ဆောင်မှု ရရှိနိုင်မှုမှာ ဒေသအလိုက် ကွဲပြားနိုင်ပြီး BESPOKE Jet Bot AI+ မော်ဒယ်တွင်သာ ပံ့ပိုးထားပါသည်။ Android နှင့် iOS စက်ပစ္စည်းများ (Android OS 9↑၊ iOS 14↑) တွင် ရရှိနိုင်ပါသည်။ Wi-Fi ချိတ်ဆက်မှုနှင့် Samsung အကောင့်တစ်ခုတို့ လိုအပ်ပါသည်။ BESPOKE Jet Bot AI+ ၏ အရှေ့ကင်မရာ ကို အသုံးပြု၍ သင်သည် သင့်အိမ်မွေးတိရစ္ဆာန်များ၏ အခြေအနေကို စောင့်ကြည့်နိုင်ပါသည်။ ၎င်းသည် E2EE(End to End ကုဒ်ဝှက်ခြင်း) ကို ပံ့ပိုးပေးသောကြောင့် ဗီဒီယိုကို လုံခြုံစွာ ကုဒ်ဝှက်ထားပြီး တရားဝင်ခွင့်ပြုထားသည့် အသုံးပြုသူတစ်ဦးမှသာ ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။ သင်၏အိမ်မွေးတိရစ္ဆာန်ကို မှတ်မိနိုင်မှုသည် အိမ်မွေးတိရစ္ဆာန်အမျိုးအစားနှင့် နေထိုင်သည့် ပတ်ဝန်းကျင် ပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။ ခွေးများကိုသာ မှတ်မိနိုင်ပြီး မှတ်မိနိုင်သည့် အိမ်မွေးတိရစ္ဆာန်များကို အနာဂတ်တွင် ထည့်သွင်းနိုင်ပါသည်။

7. တွဲဖက်အသုံးပြုနိုင်သော IP ကင်မရာ လိုအပ်ပါသည်။ အသုံးပြုသူများသည် IP ကင်မရာကို ဦးစွာ ထုတ်လုပ်သူ၏အက်ပ်တွင် စနစ်ထည့်သွင်းရန် လိုအပ်ပြီး၊ ထို့နောက် ၎င်းကို SmartThings အက်ပ်တွင် စာရင်းသွင်းရန် လိုအပ်ပါသည်။ IP ကင်မရာဖြင့် အိမ်မွေးတိရစ္ဆာန်စောင့်ကြည့်ခြင်းကို SmartThings အက်ပ်ရှိ “စက်ပစ္စည်း” တက်ဘ်အောက်ရှိ “IP Cam” ထုတ်ကုန်ကတ်တွင် ရရှိနိုင်ပါသည်။

8. Samsung Health ၏ Smart Trainer အထူးထုတ်ကုန်များ ကို လောလောဆယ် အမေရိကန်၊ ကနေဒါ၊ တောင်ကိုးရီးယားနှင့် ဗြိတိန်နိုင်ငံတို့တွင် ရရှိနိုင်ပါသည်။ အကြောင်းအရာ ဝန်ဆောင်မှုပေးသူများနှင့် နောက်ဆက်တွဲ ကြံ့ခိုင်မှုဆိုင်ရာ အကြောင်းအရာများ ရရှိနိုင်မှုသည် နိုင်ငံနှင့် ဒေသအလိုက် ကွဲပြားနိုင်ပါသည်။ Smart Trainer အထူးထုတ်ကုန်များ ကို Q70B စီးရီးနှင့် အထက်တွင် ရရှိနိုင်ပါသည်။ စခရင်တွင် ကိုယ်ဟန်အနေအထားကို ကြည့်ရှုရန်၊ သီးခြားရောင်းချသော တွဲဖက်အသုံးပြုနိုင်သည့် Slim Fit Cam လိုအပ်ပါသည်။

9. အထွေထွေ ကျန်းမာရေးနှင့် ကြံ့ခိုင်ရေး ရည်မှန်းချက်များအတွက်သာ ရည်ရွယ်ပါသည်။ ရောဂါဖော်ထုတ်ခြင်း၊ ရောဂါရှာဖွေခြင်း၊ ကုသခြင်းတို့တွင် အသုံးပြုရန် ရည်ရွယ်ခြင်းမဟုတ်ပါ။ တိုင်းတာချက်များသည် သင့်ကိုယ်ရေးကိုယ်တာ ရည်ညွှန်းချက်အတွက်သာဖြစ်ပါသည်။ အကြံဉာဏ်ရယူရန် ဆေးပညာဆိုင်ရာ ကျွမ်းကျင်ပညာရှင်နှင့် ကျေးဇူးပြု၍ တိုင်ပင်ပါ။ Galaxy Watch 4 စီးရီးနှင့် Samsung Watch စက်ပစ္စည်း နောက်ပိုင်းမျိုးဆက်များတွင် ရရှိနိုင်ပါသည်။

10. လုပ်ဆောင်ချက်ဆိုင်ရာ ပံ့ပိုးမှု၊ ပတ်ဝန်းကျင်ဆိုင်ရာ ပံ့ပိုးမှုနှင့် အသေးစိတ်ဖော်ပြချက်များသည် ထုတ်ကုန်ပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။

11. တွဲဖက်အသုံးပြုနိုင်သော IP ကင်မရာ လိုအပ်ပါသည်။ အသုံးပြုသူများသည် IP ကင်မရာကို ဦးစွာ ထုတ်လုပ်သူ၏အက်ပ်တွင် စနစ်ထည့်သွင်းရန် လိုအပ်ပြီး၊ ထို့နောက် ၎င်းကို SmartThings အက်ပ်တွင် စာရင်းသွင်းရန် လိုအပ်ပါသည်။