Galaxy S24 ရှိ ဓာတ်ပုံများအတွက် ပြင်ဆင်မှုအကြံပြုချက်

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 09.03.2024

Galaxy S24 တွင် အသုံးပြုသူများရွေးချယ်သည့်အချက်များကို ပိုင်းခြားစိတ်ဖြာ၍ ဓာတ်ပုံအရည်အသွေးကို မြှင့်တင်ရန်ရွေးချယ်မှုများပေးသည့် ပြင်ဆင်မှုအကြံပြုချက်ကဲ့သို့သော အင်္ဂါရပ်များစွာ ပါဝင်ပါသည်။ ပြင်ဆင်မှုအကြံပြုချက်ဖြင့် အရည်အသွေးမြင့် ဓာတ်ပုံ ပြင်ဆင်မှုအတွေ့အကြုံကိုခံစားလိုက်ပါ။

Galaxy S24 ရှိ မျိုးဆက်သစ်ပြင်ဆင်မှုအကြံပြုချက်များပါရှိသော ဓာတ်ပုံ။

Galaxy S24 အသုံးပြုသူများသည် ရိုးရှင်းသောအဆင့်အနည်းငယ်ဖြင့် ၎င်းတို့၏ဓာတ်ပုံများကို လျှင်မြန်စွာပြင်ဆင်တည်းဖြတ်နိုင်သည်။

Gallery ထဲမှပုံများ Gallery ထဲမှပုံများ

အဆင့် ၁Gallery အက်ပ်ကိုဖွင့်ပါ > ဓာတ်ပုံ ကို ရွေးပါ။

အသေးစိတ်အချက်အလက်များကို ရွေးချယ်ထားပြီးဖြစ်သော ခွေး၏ဓာတ်ပုံ အသေးစိတ်အချက်အလက်များကို ရွေးချယ်ထားပြီးဖြစ်သော ခွေး၏ဓာတ်ပုံ

အဆင့် ၂ အသေးစိတ်အချက်အလက်များ သင်္ကေတကို နှိပ်ပါ။

ပြင်ဆင်မှုအကြံပြုချက်အင်္ဂါရပ်များ ပါရှိသောခွေး၏ဓာတ်ပုံ ပြင်ဆင်မှုအကြံပြုချက်အင်္ဂါရပ်များ ပါရှိသောခွေး၏ဓာတ်ပုံ

အဆင့် ၃ ပုံပြင်ရန် ပြင်ဆင်မှုအကြံပြုချက်အင်္ဂါရပ်များ တစ်ခုခုကို နှိပ်ပါ။

အင်္ဂါရပ်သည် ၎င်း၏အကဲဖြတ်မှုအပေါ် အခြေခံ၍ ခွဲခြမ်းစိတ်ဖြာထားသော ဓာတ်ပုံတိုင်းအတွက် ပြင်ဆင်မှုအကြံပြုချက်များကို ပြသမည်ဖြစ်သည်။ ရရှိနိုင်သော ပြင်ဆင်မှုအကြံပြုချက်နှစ်ခုကို အောက်တွင် နမူနာဖော်ပြထားသည်။

နောက်ခံမှုန်ဝါး

  • ဤအကျိုးသက်ရောက်မှုသည် ရှေ့ဘက်ရှိ အရာဝတ္တုကို ပိုမိုအာရုံစိုက်စေရန် နောက်ခံ၏ပြတ်သားမှုကို လျှော့ချပေးပါသည်။
ခွေးရုပ်ပုံအတွက် နောက်ခံမှုန်ဝါးခြင်း အခြေအနေကို ပြသသည့် မျက်နှာပြင် ခွေးရုပ်ပုံအတွက် နောက်ခံမှုန်ဝါးခြင်း အခြေအနေကို ပြသသည့် မျက်နှာပြင်

* ဓာတ်ပုံကို ပုံတူမုဒ်တွင် ရိုက်ကူးထားခြင်းမရှိဘဲ ပုံထဲရှိ လူ သို့မဟုတ် တိရစ္ဆာန်သည် သတ်မှတ်ထားသော အရွယ်အစားထက် ကျော်လွန်သည့်အခါ ဤအင်္ဂါရပ်ကို အကြံပြုသည်။

ပြန်ပြုပြင်

  • သင့်ဓာတ်ပုံများ၏ ကြည်လင်ပြတ်သားမှု၊ အလင်းအမှောင်၊ အရောင်နှင့် အခြားအစိတ်အပိုင်းများကို ပိုမိုကောင်းမွန်စေပါသည်။
ခွေးရုပ်ပုံအတွက် Remaster ပြုလုပ်ခြင်းကို ပြသသည့် မျက်နှာပြင် ခွေးရုပ်ပုံအတွက် Remaster ပြုလုပ်ခြင်းကို ပြသသည့် မျက်နှာပြင်

* ပြန်လည်ပြုပြင်ထားသောပုံ၏ ယခင် နှင့် ယခု ပုံကို နှိုင်းယှဉ်ကြည့်ရန် လမ်းညွှန်မြှားများကို ဘေးမှတစ်ဖက်သို့ ရွှေ့ပါ။

အခြား ဖြစ်နိုင်ချေရှိသော ပြင်ဆင်မှုအကြံပြုချက်များ ပါဝင်သည် :

ရောင်ပြန်များကို ဖျက်ပါ

  • မလိုအပ်သော ရောင်ပြန်ဟပ်မှုများကို ဖယ်ရှားပြီး ထိုနေရာတွင် ပတ်ဝန်းကျင်နောက်ခံနှင့် ကိုက်ညီအရောင်များကို ထည့်ပေးသည်။

 

အရိပ်များကို ဖျက်ပါး

  • မလိုလားအပ်သော အရိပ်များကို ဖယ်ရှားပြီး ပတ်ဝန်းကျင် နောက်ခံနှင့် ကိုက်ညီစေရန် နေရာလွတ်များ ဖြည့်ပေးသည်။

 

အရောင်ပြေးကို ဖယ်ရှားပါ

  • ဓာတ်ပုံတစ်ပုံတွင် မလိုလားအပ်သော အစင်းကြောင်းပုံစံကို ချောမွေ့အောင်ပြုလုပ်ခြင်းဖြင့် ရုပ်ပုံကြည်လင်ပြတ်သားမှုကို တိုးစေသည်။

 

နောက်ခံ အထူးပြုလုပ်ချက်

  • အရှေ့မျက်နှာပြင်ရှိ အရာများကို အာရုံစိုက်ရန် နောက်ခံကို မှုန်ဝါးပေးသည်။

* ဓာတ်ပုံကိုပုံတူမုဒ်တွင် ရိုက်ကူးပါက ပုံတူအကျိုးသက်ရောက်မှုသည် ပြင်ဆင်မှုအကြံပြုချက်အဖြစ်သာ ပေါ်လာပါမည်။

ကြာရှည် အလင်းဝင်မှု

  • ဗီဒီယို နှင့် လှုပ်ရှားမှုဓာတ်ပုံများတွင် ငြိမ်သက်နေသောအရာဝတ္ထုများကို ပြတ်သားစွာပြသနေစဉ်အတွင်း ရွေ့လျားနေသော အရာဝတ္ထုများ၏ လှုပ်ရှားမှုကိုဖမ်းယူပါ။

 

အရောင်ခြယ်ပါ

  • အဖြူအမည်းပုံများသို့ အရောင်ထည့်ပေးသည်။

 

ကြယ်တန်းများ

  • နက္ခတ္တဗေဒ ဗီဒီယိုများ ရိုက်ကူးသည့်အခါ ကြယ်များကို အလင်းလမ်းကြောင်းသက်ရောက်မှု ထည့်ပေးသည်။

 

 ၂၄ နာရီ အမြန်ရစ်ရိုက်

  • ကောင်းကင်နှင့်အတူ ရှုခင်းများကို (လူမပါ) ၂၄ နာရီကြာ ဓာတ်ပုံရိုက်ယူပြီး ဓာတ်ပုံများကို ဗီဒီယိုအတိုတစ်ခုအဖြစ် စုစည်းပေးသည်။

 

သိထားစရာအချက်များ

  • ပြောင်းလဲနေသည့်လှုပ်ရှားမှုများပါရှိသော အကျဉ်းချုပ် ဗီဒီယိုအပိုင်းကို ပံ့ပိုးပေးပါသည်။

 

စူပါစလိုးမိုးရှင်း

  • ရှေ့သို့၊ နောက်ပြန်၊ နှင့် ရှေ့သို့/ပြောင်းပြန် ပေါင်းစပ်အကျိုးသက်ရောက်မှုများဖြင့် အနှေးဗီဒီယိုအပိုင်းအစများကို ဖန်တီးသည်။

* ကင်မရာ၏ Super slow-mo လုပ်ဆောင်ချက်ဖြင့် ရိုက်ကူးထားသော ဗီဒီယိုများအတွက်သာ အကြံပြုထားသည်။

မှတ်ချက်များ :

  • ပြင်ဆင်မှုအကြံပြုချက်သည် သတ်မှတ်ထားသော JPG၊ PNG၊ GIF နှင့် MP4 တို့ နှင့် တွဲဖက်အသုံးပြုနိုင်ပါသည်။ မူရင်းပုံ၏ အခြေအနေပေါ်မူတည်၍ နောက်ဆုံးရလဒ်နှင့် အရည်အသွေး ကွဲပြားနိုင်သည်။ အဆုံးသတ်ရလဒ်များ၏ တိကျမှုကို အာမ မခံနိုင်ပါ။
  • မျက်နှာပြင်နှင့် UI ပုံများကို သရုပ်ဖော်ရန်အတွက် ရည်ရွယ်၍ ဖန်တီးထားသည်။ UX/UI သည် အခြားအချက်များကြားတွင် OS/One UI ဗားရှင်း၊ စက်အမျိုးအစားနှင့် နေရာဒေသပေါ်မူတည်၍ ကွဲပြားနိုင်သည်။
  • ဓာတ်ပုံအကြောင်းအရာပေါ်မူတည်၍ အကြံပြုချက်များကို ပြင်ဆင်ရန် ကွဲပြားနိုင်သည်။
  • အချို့သော အင်္ဂါရပ်များဖြစ်သော (Long exposure / 24hr time-lapse / Highlights) များသည် သင်ရိုက်ကူးပြီးသည့်နောက် အချိန်အတိုင်းအတာတစ်ခုအထိ သင့်ဖုန်းကို အားသွင်းနေချိန်တွင် ပြသထားသည်။
  • AI ၏ သဘောသဘာဝအရ ရလဒ်များနှင့် အရည်အသွေးများသည် အချိန်တိုင်း ကွဲပြားနိုင်ပါသည်။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ