သင့် Galaxy S20 , S20+ နှင့်S20 Ultra တို့ကို အကောင်းဆုံး refresh rate(ပုံရိပ်ဖြန့်ကျက်နှုန်း)ရွေးချယ်မှုများဖြင့် ရှင်းလင်းချောမွေ့သော စခရင်ပုံရိပ်ကို ခံစားလိုက်ပါ။

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 13.11.2020

Galaxy S20Dynamic AMOLED တွင် refresh rate (ပုံရိပ်ဖြန့်ကျက်နှုန်း) နှစ်ဆဖြင့် မည်သည့်အက်ပလီကေးရှင်းကိုမဆို အထူးသဖြင့် ဂိမ်းဆော့ခြင်းနှင့် ဗီဒီယိုများကြည့်ရာတွင် စခရင်ပုံရိပ်ကို ပိုမိုပြတ်သားချောမွေ့စေပါသည်။ ယခင် Galaxy ဖုန်းများတွင် refresh rate (ပုံရိပ်ဖြန့်ကျက်နှုန်း)သည် 60Hz အထိပါဝင်သော်လည်း S20 စီးရီးများတွင်တော့ 120Hz အထိ အသုံးပြုနိုင်ပါသည်။

ပုံရိပ်ဖြန့်ကျက်နှုန်းကို နှိုင်းယှဉ်ခြင်း

ပုံရိပ်ဖြန့်ကျက်နှုန်း (refresh rate) ကို Hz(Hertz) ဖြင့်တိုင်းတာပြီး တစ်စက္ကန့်အတွင်း စခရင်ပေါ်တွင်ပြသပေးနိုင်သည့် ပုံရိပ်အရေအတွက်ကိုဆိုလိုသည်။ မိုဘိုင်းလ်ဖုန်းအများစုသည် 60Hz ကိုအသုံးပြုရခြင်းမှာသင့် ဘရောက်ဇာတွင် တစ်စက္ကန့်ကို အကြိမ် ၆၀ ဖြန့်ကျက်ပေးနိုင်၍ဖြစ်သည်။

 

ပုံရိပ်ဖြန့်ကျက်နှုန်း (refresh rate) သို့မဟုတ် Hz ပိုများလာခြင်းဖြင့် စခရင်၏ တုန့်ပြန်မှုနှင့် ပုံရိပ်များဖော်ပြမှုနှုန်းသည် ပိုများလာပြီး ထစ်ခြင်းနှင့် ရပ်သွားခြင်းတို့ကို နည်းသွားစေသည်။ အဲဒါတွေအပြင် လှုပ်ရှားမှုအလွန်များပြားသည့် ရုပ်ရှင်နှင့်ဗီဒီယိုများကြည့်ရှုရာတွင် ပိုမို၍ လက်တွေ့ဆန်လာစေပါသည်။

ပုံရိပ်ဖြန့်ကျက်နှုန်း (refresh rate) ကိုယှဉ်ပြထားသည့် ပုံနှစ်ပုံ

သင့် Galaxy S20 AMOLED 2X တွင် ပိုမိုကောင်းမွန်သည့် ပုံရိပ်ဖြန့်ကျက်နှုန်း (refresh rate) ကိုမြှင့်တင်ပေးထားသည်။

ယခုရုပ်ပုံဖော်ပြမှုအရည်အသွေးကို ယခင်က ဂိမ်းဆော့ရာတွင်အသုံးပြုသည့် စွမ်းဆောင်ရည်မြင့် မော်နီတာများတွင် ထည့်သွင်းပြီးဖြစ်သော်လည်း ယခုအခါ Galaxy S20 စီးရီးများတွင် ထည့်သွင်းလာပြီဖြစ်သည်။ ရုပ်ပုံဖော်ပြမှုကို 60 Hz မှ 120 Hz သို့ပြောင်းလဲနိုင်ပါသည်။ ယခုလိုပြောင်းလဲမှုသည် ပိုမိုသဘာ၀ကျသော ရုပ်သံပုံရိပ်များနှင့် ဂိမ်းများကို ကောင်းမွန်စွာဆော့ကစားရစေနိုင်ပါသည်။

သင့် Galaxy S20 တွင် ပိုမိုကောင်းမွန်သော ပုံရိပ်ဖြန့်ကျက်နှုန်း (refresh rate) အား တပ်ဆင်နည်း

အဆင့် ၁ Settings ထဲသို့သွားပြီးDisplay ထဲသို့ဝင်ပါ။

အဆင့် ၂ ရွေးစရာများထဲမှ Motion smoothness ကိုရွေးပါ။ High refresh rate ဆိုသည်ကိုနှိပ်ပါ။

ပုံရိပ်ဖြန့်ကျက်နှုန်း (refresh rate) ကိုတပ်ဆင်နေသည့် Galaxy S20 ၏ပုံ။

မှတ်ချက် : 

  • 120 Hz ပုံရိပ်ဖြန့်ကျက်နှုန်း (refresh rate) ကိုWQHD+ ပုံရိပ်အရည်အသွေးတွင် အသုံးမပြုနိုင်ပါ။ ယခု ပုံရိပ်အရည်အသွေးသို့ပြောင်းမည်ဆိုပါကပုံရိပ်ဖြန့်ကျက်နှုန်း (refresh rate)သည် 60Hz သို့ကျဆင်းသွားမည်ဖြစ်သည်။
  • 60 Hz ကိုအသုံးပြုပါကဖုန်းအားသက်တမ်းသည်ပို၍ရှည်ကြာပါလိမ့်မည်။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ