Galaxy Wearable ကို အသုံးပြု၍ ကျွန်ုပ်၏ နာရီနှင့် Buds ကို မည်သို့ရှာနိုင်မည်နည်း။

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 26.07.2022

သင်၏ Galaxy Watch သို့မဟုတ် Buds သည် မည်သည့်နေရာတွင် ထားခဲ့သည်ကို သင်မသိပါက၊ Galaxy Wearable အက်ပ်၏ အသုံးဝင်ဆုံး လုပ်ဆောင်ချက်များထဲမှ တစ်ခုကြောင့် ၎င်းတို့ကို အလွယ်တကူ ရှာဖွေနိုင်သည်။

Galaxy Watch နှင့် Galaxy Buds ပေါ်ရှိ Galaxy Wearable လိုဂို။

သင်၏ Galaxy Watch သို့မဟုတ် Buds ကို သင့်စမတ်ဖုန်းသို့ ချိတ်ဆက်ပြီးသည်နှင့်တပြိုင်နက် ၎င်းတို့ကို Galaxy Wearable မီနူးကို အသုံးပြု၍ ရှာဖွေနိုင်သည်။

သင်၏ Galaxy Watch ကိုရှာပါ။

"ငါ့နာရီကိုရှာပါ" ရွေးချယ်မှုကို မီးမောင်းထိုးပြထားသည့် Galaxy Wearable အက်ပ်ပင်မစခရင်၏ မြင်ကွင်း။ "ငါ့နာရီကိုရှာပါ" ရွေးချယ်မှုကို မီးမောင်းထိုးပြထားသည့် Galaxy Wearable အက်ပ်ပင်မစခရင်၏ မြင်ကွင်း။

အဆင့် ၁ . Galaxy Wearable ကိုဖွင့်ပြီး "ငါ့နာရီကိုရှာပါ" ကိုနှိပ်ပါ။

ပေါ့ပ်အပ်ဝင်းဒိုး အရိပ်အမြွက်တွင် ပွတ်ဆွဲလိုက်သည့် လက်ဟန်ဖြင့် Galaxy Watch ၏တည်နေရာကို ကြည့်ပါ။ ပေါ့ပ်အပ်ဝင်းဒိုး အရိပ်အမြွက်တွင် ပွတ်ဆွဲလိုက်သည့် လက်ဟန်ဖြင့် Galaxy Watch ၏တည်နေရာကို ကြည့်ပါ။

အဆင့် 2. ပေါ့ပ်အပ်ဝင်းဒိုးပေါ်တွင် အပေါ်သို့ ပွတ်ဆွဲပါ။ သင့်နာရီကို အလွယ်တကူ ရှာတွေ့နိုင်စေရန် နှင့် အသံမြည်စေရန် Google™ Maps သို့မဟုတ် "အသံ မြည်ရန်" မှ တစ်ဆင့် သင့်နာရီဆီသို့ "သွားလာရန်" ကိုနှိပ်ပါ။

ကျေးဇူးပြု၍ သတိပြုပါ-  Google™ Maps မှတစ်ဆင့် Galaxy Wearable အက်ပ်ဖြင့် သင့်နာရီကို ရှာဖွေရန်၊ သင့်စမတ်ဖုန်းတွင် Smartthings အက်ပ်ကို ထည့်သွင်းထားရပါမည်။

ထို့အပြင်၊သင်သည်သင်၏စက်ကိရိယာများကို သင့်ဖုန်းနှင့်အဝေးတွင်ထားခဲ့သည့်အခါတွင်“ကျကျန်ခဲ့လျှင်အကြောင်းကြားပါ”ပြောင်းသည့်ခလုတ်ကိုသင်ဖွင့်နိုင်ပြီးဆမ်ဆောင်းလ်အဖွဲ့ဝင် များအက်ပ်မှ သင့်ချိတ်ဆက်မှုများထဲမှတစ်ခုနှင့် တည်နေရာကိုမျှဝေရန်အတွက် “ဤစက်ကိရိယာ၏တည်နေရာကို မျှဝေပါ”ကို ရွှေးချယ်ပါ။

ကျေးဇူးပြု၍ သတိပြုပါ-  အခြားအဖွဲ့ဝင်တစ်ဦးနှင့် စက်ကိရိယာ၏တည်နေရာကို မျှဝေရန် ဖိတ်ကြားချက် သို့မဟုတ် QR ကုဒ်ကို အသုံးပြု၍ ၎င်းတို့ကို ဖိတ်ကြားရပါမည်။

သင်၏ Galaxy Buds ကိုရှာပါ။

“ငါ့နားကြပ်ကိုရှာပါ” ရွေးချယ်မှုကို မီးမောင်းထိုးပြထားသည့် Galaxy Wearable အက်ပ်၏ပင်မစခရင်ကို ကြည့်ပါ။ “ငါ့နားကြပ်ကိုရှာပါ” ရွေးချယ်မှုကို မီးမောင်းထိုးပြထားသည့် Galaxy Wearable အက်ပ်၏ပင်မစခရင်ကို ကြည့်ပါ။

အဆင့် ၁ . Galaxy Wearable ကိုဖွင့်ပြီး“ငါ့နားကြပ်ကိုရှာပါ” ကို နှိပ်ပါ။

ပေါ့ပ်အပ်ဝင်းဒိုး အရိပ်အမြွက်တွင် ပွတ်ဆွဲလိုက်သည့် လက်ဟန်ဖြင့် Galaxy Buds တည်နေရာကို ကြည့်ပါ။ ပေါ့ပ်အပ်ဝင်းဒိုး အရိပ်အမြွက်တွင် ပွတ်ဆွဲလိုက်သည့် လက်ဟန်ဖြင့် Galaxy Buds တည်နေရာကို ကြည့်ပါ။

အဆင့် 2. ပေါ့ပ်အပ်ဝင်းဒိုးပေါ်တွင် အပေါ်သို့ ပွတ်ဆွဲပါ။ သင့်နားကြပ်များကို အလွယ်တကူရှာဖွေနိုင်ရန် နှင့် သင့်နားကြပ်များကို အသံမြည်စေရန် Google™ Maps သို့မဟုတ် "အသံမြည်ရန်" မှတစ်ဆင့် သင်၏ Buds သို့ "သွားလာရန်" ကိုနှိပ်ပါ။

ကျေးဇူးပြု၍ သတိပြုပါ- Google™ Maps မှတစ်ဆင့် သင်၏ Buds နှင့် Galaxy Wearable အက်ပ်ကို ရှာဖွေရန်၊ သင့်စမတ်ဖုန်းတွင် Smartthings အက်ပ်ကို ထည့်သွင်းထားရပါမည်။

ထို့အပြင်၊သင်သည်သင်၏စက်ကိရိယာများကိုသင့်ဖုန်းနှင့်အဝေးတွင်ထားခဲ့သည့်အခါ  တွင်“ကျကျန်ခဲ့လျှင်အကြောင်းကြားပါ”ပြောင်းသည့်ခလုတ်ကိုသင်ဖွင့်နိုင်ပြီးဆမ်ဆောင်းလ်အဖွဲ့ဝင်များအက်ပ်မှသင့်ချိတ်ဆက်မှုများထဲမှတစ်ခုနှင့်တည်နေရာကိုမျှဝေရန်အတွက် “ဤစက်ပကိရိယာ၏တည်နေရာကို မျှဝေပါ”ကို ရွှေးချယ်ပါ။

ကျေးဇူးပြု၍ သတိပြုပါ- အခြားအဖွဲ့ဝင်တစ်ဦးနှင့် စက်ကိရိယာ၏တည်နေရာကို မျှဝေရန် ဖိတ်ကြားချက် သို့မဟုတ် QR ကုဒ်ကို အသုံးပြု၍ ၎င်းတို့ကို ဖိတ်ကြားရပါမည်။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ