အမြန်ဆက်တင်ပင်နယ်ထံမှ ခလုတ်များကို ထည့်ရန် သို့မဟုတ် ဖယ်ရှားရန် နည်းလမ်း

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 09.05.2023

Galaxy တူးလ်များနှင့် သင်လိုအပ်သော ဆက်တင်ထံ အမြန်ဝင်ရောက်မှုရရန် သင်၏ အမြန်ဆက်တင်ထံမှ ခလုတ်များကို လျင်မြန်လွယ်ကူစွာ ထည့်ပါ သို့မဟုတ် ဖယ်ရှားပါ။

အမြန်ဝင်ရောက်မှုပင်နယ်ကို ဖော်ပြထားမှုနှင့်အတူ Galaxy ပင်မစခရင်၏ မြင်ကွင်း။

သင်၏ အမြန်ဆက်တင် ပင်နယ်ထံ ခလုတ်တစ်ခု ထည့်ရန် နည်းလမ်း

ပွတ်ဆွဲချရန်အိုင်ကွန်နှင့် အမြန်ဝင်ရောက်မှုပင်နယ်ပါရှိသည့် ပင်မစခရင်၏ မြင်ကွင်း။ ပွတ်ဆွဲချရန်အိုင်ကွန်နှင့် အမြန်ဝင်ရောက်မှုပင်နယ်ပါရှိသည့် ပင်မစခရင်၏ မြင်ကွင်း။

အဆင့် ၁။ သင်၏ ပင်မစခရင်ပေါ်တွင် နှစ်ကြိမ်အောက်သို့ ပွတ်ဆွဲပါ၊ အမြန်ဝင်ရောက်မှုပင်နယ်ကို ဦးစွာဖွင့်ပြီးနောက် တိုးချဲ့မီနူးကို ထပ်မံဖွင့်ပါ ။

ဘယ်ဘက်သို့ပွတ်ဆွဲရန်အိုင်ကွန်ပါရှိသည့် အမြန်ဝင်ရောက်မှုပင်နယ် ချဲ့ထွင်မြင်ကွင်း၏ မြင်ကွင်း။ ဘယ်ဘက်သို့ပွတ်ဆွဲရန်အိုင်ကွန်ပါရှိသည့် အမြန်ဝင်ရောက်မှုပင်နယ် ချဲ့ထွင်မြင်ကွင်း၏ မြင်ကွင်း။

အဆင့် နှစ်။ ထပ်ဆောင်းအိုင်ကွန်များနှင့် “+” အိုင်ကွန်ကိုကြည့်ရန် ဘယ်ဘက်ကို ပွတ်ဆွဲပါ။

ထင်ရှားအောင်ပြထားသော + အိုင်ကွန်ပါရှိသည့် အမြန်ဝင်ရောက်မှုပင်နယ် ခလုတ်များ၏ မြင်ကွင်း။ ထင်ရှားအောင်ပြထားသော + အိုင်ကွန်ပါရှိသည့် အမြန်ဝင်ရောက်မှုပင်နယ် ခလုတ်များ၏ မြင်ကွင်း။

အဆင့် သုံး။ “+” အိုင်ကွန်ကိုနှိပ်ပါ။

ထင်ရှားအောင်ပြထားသော ရရှိနိုင်သည့်ခလုတ်ပါသည့် အမြန်ဝင်ရောက်မှုပင်နယ်၏ မြင်ကွင်း။ ထင်ရှားအောင်ပြထားသော ရရှိနိုင်သည့်ခလုတ်ပါသည့် အမြန်ဝင်ရောက်မှုပင်နယ်၏ မြင်ကွင်း။

အဆင့် လေး။ အထက်ပါမီနျူးထံမှ တွေ့ရသောခလုတ်ကို ဖိကာနှိပ်ထား၍ အောက်ပါ အမြန်ဝင်ရောက်မှုပင်နယ်ထံ ၎င်းကို အောက်သို့ ဆွဲယူပါ။

ထင်ရှားအောင်ပြထားသော ပြီးပါပြီ ပါရှိသည့် အမြန်ဝင်ရောက်မှုပင်နယ်၏ မြင်ကွင်း။ ထင်ရှားအောင်ပြထားသော ပြီးပါပြီ ပါရှိသည့် အမြန်ဝင်ရောက်မှုပင်နယ်၏ မြင်ကွင်း။

အဆင့် ငါး။ ရွေးချယ်ခြင်းပြီးသွားသည့်အခါ "ပြီးပါပြီ" ကိုနှိပ်ပါ။

သင်၏ အမြန်ဆက်တင်ပင်နယ်ထံမှ ခလုတ်ကို ဖယ်ရှားရမည့်နည်းလမ်း

အမြန်ဝင်ရောက်မှုပင်နယ်နှင့် ထင်ရှားအောင်ပြသထားသော ပိုမိုသောရွေးစရာများ အိုင်ကွန်၏ မြင်ကွင်း။ အမြန်ဝင်ရောက်မှုပင်နယ်နှင့် ထင်ရှားအောင်ပြသထားသော ပိုမိုသောရွေးစရာများ အိုင်ကွန်၏ မြင်ကွင်း။

အဆင့် တစ်။ အမြန်ဝင်ရောက်မှုပင်နယ်ကို ဖွင့်ရန် သင်၏ ပင်မစခရင်ပေါ်တွင် အောက်သို့ ပွတ်ဆွဲပါ။

ထင်ရှားအောင်ပြထားသော ပြင်ဆင်ရန် ခလုတ်များပါသည့် အမြန်ဝင်ရောက်မှုပင်နယ်၏ မြင်ကွင်း။ ထင်ရှားအောင်ပြထားသော ပြင်ဆင်ရန် ခလုတ်များပါသည့် အမြန်ဝင်ရောက်မှုပင်နယ်၏ မြင်ကွင်း။

အဆင့် နှစ်။ ပိုမိုသောရွေးစရာများ အိုင်ကွန်နှင့်“ခလုတ်များကို ပြင်ဆင်ပါ” ကို နှိပ်ပါ။

အပေါ်သို့ဆွဲယူလာသောခလုတ်ပါရှိသည့် အမြန်ဝင်ရောက်မှုပင်နယ်၏ မြင်ကွင်း။ အပေါ်သို့ဆွဲယူလာသောခလုတ်ပါရှိသည့် အမြန်ဝင်ရောက်မှုပင်နယ်၏ မြင်ကွင်း။

အဆင့် သုံး။ အောက်ရှိ အမြန်ဝင်ရောက်မှုမီနျူးထံမှ ခလုတ်ကို ဖိ၍နှိပ်ထားကာ ၎င်းကို အထက်ပါမီနျူးအထိ အပေါ်သို့ ဆွဲယူပါ။

   ထင်ရှားအောင်ပြထားသော ပြီးပါပြီ ပါရှိသည့် အမြန်ဝင်ရောက်မှုပင်နယ်၏ မြင်ကွင်း။    ထင်ရှားအောင်ပြထားသော ပြီးပါပြီ ပါရှိသည့် အမြန်ဝင်ရောက်မှုပင်နယ်၏ မြင်ကွင်း။

အဆင့် လေး။ ရွေးချယ်ခြင်းပြီးသွားသည့်အခါ "ပြီးပါပြီ" ကိုနှိပ်ပါ။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ