Samsung Galaxy ရာသီဥတုဝစ်ဂျစ်ကို လှုပ်ရှားခြင်းအားဖြင့် အလိုအလျောက်အသစ်ဖြစ်စေရန်လုပ်ဆောင်နည်း

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 05.01.2023

Galaxy ရာသီဥတုလုပ်ဆောင်ချက်ကို Android 13 OS (One UI5) တွင် အဆင့်မြှင့်ထားပြီဖြစ်ပါသည်။ ၎င်းအဆင့်မြှင့်တင်မှုတွင် လှုပ်ရှားမှုကို ဖုန်းကသိရှိခံစားရသည်နှင့်တပြိုင်နက် သင့်ရာသီဥတုအချက်အလက်ကို အလိုအလျောက်အသစ်ပြုလုပ်ပေးသော အလိုအလျောက်အသစ်ဖြစ်စေသည့်စနစ် ပါဝင်ပါသည်။

Samsung Galaxy ဖုန်းနှင့် ရာသီဥတုအချက်အလက်ပါနောက်ခံနှင့် ရာသီဥတုဝစ်ဂျစ်ကို မြင်ရပုံ။

သွားလာရင်းဖြင့် အလိုအလျောက်အသစ်ပြုလုပ်ခြင်းစနစ်ကို ဖွင့်ရန်နည်းလမ်း

မူလစခရင်ပေါ်ရှိ ရာသီဥတုဝစ်ဂျစ်ကို ရွေးထားမှုကို မြင်ရပုံ။ မူလစခရင်ပေါ်ရှိ ရာသီဥတုဝစ်ဂျစ်ကို ရွေးထားမှုကို မြင်ရပုံ။

အဆင့် 1။ သင့်ဖုန်းမူလစခရင်ပေါ်ရှိ ရာသီဥတုဝစ်ဂျစ်ကို ကြည့်ပါ။ အချက်အလက်ကို အသစ်ပြင်ဆင်ရန် အဝိုင်းပုံစံလည်ပတ်နေသောခလုတ် ပေါ်နေပါက ရာသီရတုဝစ်ဂျစ်ကိုနှိပ်ပါ။ အလိုအလျောက်အသစ်ပြုပြင်သောစနစ်ကို ပိတ်လိုက်သောအခါ ရာသီဥတုဝစ်ဂျစ်သည် အသစ်ပြင်ဆင်ရန်အိုင်ကွန်ကိုပြနေပါလိမ့်မည်။ ၎င်းကို ရာသီဥတုအချက်အလက်အား ကိုယ်တိုင်ကိုယ်ကျအသစ်ပြင်ဆင်ရန်အတွက် အသုံးပြုပါသည်။ ၎င်းအိုင်ကွန်မပေါ်နေပါက အလိုအလျောက်အသစ်ပြင်ဆင်မှုကို ဖွင့်ထားပါသည်။

ရာသီဥတုဝစ်ဂျစ်မီနူးနှင့် မြင်သာစေရန်အရောင်ခြယ်ထားသော မီနူးအိုင်ကွန်ကို မြင်ရပုံ။ ရာသီဥတုဝစ်ဂျစ်မီနူးနှင့် မြင်သာစေရန်အရောင်ခြယ်ထားသော မီနူးအိုင်ကွန်ကို မြင်ရပုံ။

အဆင့် 2။ မီနူးအိုင်ကွန်ကို နှိပ်ပါ။

ရာသီဥတုဝစ်ဂျစ်မီနူးနှင့် မြင်သာစေရန်အရောင်ခြယ်ထားသော အပြင်အဆင်အိုင်ကွန်ကို မြင်ရပုံ။ ရာသီဥတုဝစ်ဂျစ်မီနူးနှင့် မြင်သာစေရန်အရောင်ခြယ်ထားသော အပြင်အဆင်အိုင်ကွန်ကို မြင်ရပုံ။

အဆင့် 3။ အပြင်အဆင်ကို နှိပ်ပါ။

ရာသီဥတုအပြင်အဆင်နှင့် သွားလာရင်းအလိုအလျောက်အသစ်ပြင်ဆင်ခြင်း အဖွင့်အပိတ်ခလုတ်ကို မြင်ရပုံ။ ရာသီဥတုအပြင်အဆင်နှင့် သွားလာရင်းအလိုအလျောက်အသစ်ပြင်ဆင်ခြင်း အဖွင့်အပိတ်ခလုတ်ကို မြင်ရပုံ။

အဆင့် 4။ “သွားလာရင်း အလိုအလျောက်အသစ်ပြင်ဆင်ခြင်း” ကိုဖွင့်ရန်နှိပ်ပါ။

မူလစခရင်ပေါ်ရှိ ကိုယ်တိုင်ကိုယ်ကျအသစ်ပြင်ဆင်အိုင်ကွန်မပါဝင်သော အသစ်ပြင်ဆင်ထားသော ရာသီဥတုဝစ်ဂျစ်ကို မြင်ရပုံ။ မူလစခရင်ပေါ်ရှိ ကိုယ်တိုင်ကိုယ်ကျအသစ်ပြင်ဆင်အိုင်ကွန်မပါဝင်သော အသစ်ပြင်ဆင်ထားသော ရာသီဥတုဝစ်ဂျစ်ကို မြင်ရပုံ။

အဆင့် 5။ အလိုအလျောက် အသစ်ပြင်ဆင်မှုကို ဖွင့်လိုက်သည်နှင့်တပြိုင်နက် ကိုယ်တိုင်ကိုယ်ကျအသစ်ပြင်ဆင်မှုအိုင်ကွန်ကို မြင်ရတော့မည်မဟုတ်ပါ။ ယခုတွင် သင့်ရာသီဥတုဝစ်ဂျစ်ကို ဖုန်းကလှုပ်ရှားမှုကို သိရှိခံစားရသည်နှင့်တပြိုင်နက် အလိုအလျောက်အသစ်ပြင်ဆင်ပေးတော့မည်ဖြစ်ပါသည်။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ