Samsung Galaxy S22 စီးရီးများကို ကြိုးသို့မဟုတ် ကြိုးမဲ့ဖြင့် ဘယ်လိုအမြန်အားသွင်းမလဲ

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 18.03.2022

Samsung Galaxy S22 စီးရီးများသည် ကြိုးဖြင့်အားသွင်းခြင်းကိုသာမက အနှောင့်အယှက်မရှိ ကြိုးမဲ့အားသွင်းခြင်းကိုလည်း ထောက်ပံ့ပေးထားပါသည်။ အောက်ပါလမ်းညွှန်ကိုကြည့်၍ မတူညီသည့် အမြန်အားသွင်းနည်းများနင့် ကြိုးမဲ့ပါဝါ မျှဝေခြင်းအသုံးပြုနည်းအကြောင်း ပိုမိုလေ့လာလိုက်ပါ။

အောက်ဖော်ပြပါ အကြံပြုချက်များအတိုင်း မလုပ်ဆောင်မီ သင့်ကိရိယာ၏ ဆော့ဖ်ဝဲလ်နှင့် သက်ဆိုင်ရာ အက်ပလီကေးရှင်းများအား နောက်ဆုံးဗားရှင်းသို့ အဆင့်မြှင့်ထားကြောင်း သေချာစွာလုပ်ဆောင်ပါ။ သင့်မိုဘိုင်းဖုန်းဆော့ဖ်ဝဲလ်အားအပ်ဒိတ်လုပ်ရန် အောက်ပါအချက်များအတိုင်းလုပ်ဆောင်ပါ။

အဆင့် ၁။ Settings > Software update သို့သွားပါ။

အဆင့် ၂။ Download and install ကိုနှိပျပါ။

အဆင့် ၃။ ပေါ်လာသည့်လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်ပါ။

သင့်ဖုန်းအား အမြန် ၊ အလွန်အမြန်အားသွင်းခြင်း သို့မဟုတ် ကြိုးမဲ့အမြန်အားသွင်းခြင်းဖြင့် အားသွင်းနိုင်ပါသည်။

Galaxy S22 စီးရီးများသည် သင့်ဖုန်း အမှန်တကယ်ပွင့်နေပြီး အမြန်လုပ်ဆောင်ရန်လိုအပ်သည့်အချိန်တွင် အမြန်အားသွင်းခြင်း နှင့် ကြိုးမဲ့အမြန်အားသွင်းခြင်း ကိုအသုံးပြုနိုင်ပါသည်။ Samsung အမြန်အားသွင်းတုံးကို တပ်လိုက်ပါက သင့်ဖုန်းနှင့် ချိတ်ဆက်မိရာတွင် အမြန်အားသွင်းခြင်း လုပ်ဆောင်ချက်ကို ဖွင့်ရန်တိုက်တွန်းသည့် ပေါ့အပ်မက်ဆေ့ချ် ၃ ကြိမ်ပေါ်လာမည်ဖြစ်သည်။ အလွန်အမြန်အားသွင်းခြင်း သည် သတ်မှတ်ထားသည့်ဖုန်းများတွင်သာ ရရှိနိုင်ပြီး သင့်အနေဖြင့်လည်း 25W သို့မဟုတ် 45W Samsung အသိအမှတ်ပြု အားသွင်းတုံးကို အသုံးပြုရန်လည်ူလိုပါသည်။

  • အမြန်အားသွင်းခြင်း အမြန်အားသွင်းခြင်းလုပ်ဆောင်ချက်ကို အသုံးပြုရန်အတွက် Adaptive အမြန်အားသွင်းခြင်းကို ထောက်ပံ့ပေးသည့် အားသွင်းတုံးကိုအသုံးပြုပါ။ အားသွင်းတုံးပေါ်တွင် 'Adaptive Fast Charging' ဆိုသည့်စာပါဝင်ပြီး ပုံပါပါဝင်ပါသည်။
  • အမြန်ကြိုးမဲ့အားသွင်းခြင်း ယခုလုပ်ဆောင်ချက်ကို အသုံးပြုရန်အတွက် ကြိုးမဲ့အမြန်အားသွင်းခြင်းလုပ်ဆောင်ချက်ကို အထောက်အပံ့ပေးထားသည့် အားသွင်းတုံးနှင့် တွဲဖက်ပစ္စည်းများကို အသုံးပြုပါ။
  • အလွန်အမြန်အားသွင်းခြင်း အလွန်အမြန်အားသွင်းခြင်းလုပ်ဆောင်ချက်ကိုအသုံးပြုရန် အလွန်အမြန်အားသွင်းခြင်းကို အထောက်အပံ့ပေးထားသည့် USB PD(power delivery) အားသွင်းတုံးကိုအသုံးပြုပါ။ အားသွင်းတုံးပေါ်တွင် 'Super Fast Charging' ဆိုသည့်စာပါဝင်ပြီး ပုံပါပါဝင်ပါသည်။
အမြန်အားသွင်းတုံး အမြန်အားသွင်းတုံး

အမြန်အားသွင်းတုံး

ကြိုးမဲ့အမြန်အားသွင်းတုံး ကြိုးမဲ့အမြန်အားသွင်းတုံး

ကြိုးမဲ့အမြန်အားသွင်းတုံး

အလွန်အမြန်အားသွင်းတုံး အလွန်အမြန်အားသွင်းတုံး

အလွန်အမြန်အားသွင်းတုံး

မှတ်ချက် -

  • Samsung မှအသိအမှတ်ပြုထားသည့် အားသွင်းတုံးမဟုတ်ပါက ယခုလုပ်ဆောင်ချက် မရရှိနိုင်ပါ။
  • ဖုန်း သို့မဟုတ် ဖုန်းစခရင်ပိတ်ထားသည့်အချိန်တွင် ဘက်ထရီကို ပိုမိုမြန်ဆန်စွာ အားသွင်းနိုင်ပါသည်။
  • သင့်ဘက်ထရီအား သာမန်အားသွင်းတုံးဖြင့် အားသွင်းနေပါက ပါရှိသည့် Fast/Super အားသွင်းလုပ်ဆောင်ချက်ကို အသုံးပြု၍မရနိုင်ပါ။
  • သင့်ဖုန်းအပူချိန်တက်လာခြင်း သို့မဟုတ် သိသာသည့်လေထုအပူချိန်မြင့်တက်လာပါက အားသွင်းနှုန်းသည် အလိုအလျောက် လျော့သွားနိုင်ပါသည်။ ၎င်းသည် ဖုန်းအားထိခိုက်မှုမဖြစ်စေရန် ကာကွယ်သည့် သာမန်လုပ်ဆောင်ချက်အခြေအနေဖြစ်ပါသည်။
  • အားသွင်းခေါင်းနှင့် ဒေတာကြိုးများကို သီးခြားစီရောင်းချပေးပါသည်။ အလွန်မြန်မြန်အားသွင်းခြင်းလုပ်ဆောင်ချက်အတွက် Samsung မှ မူလ 45W အားသွင်းခေါင်းနှင့် Type-C မှ Type-C 5A ကြိုးတို့ကိုအသုံးပြုရန် အကြံပြုပါသည်။
အမြန်အားသွင်းခြင်းလုပ်ဆောင်ခြင်း အဆင့် ၁။ အမြန်အားသွင်းခြင်းလုပ်ဆောင်ခြင်း အဆင့် ၁။

အဆင့် ၁။ Settings အက်ပ်ကိုဖွင့်၍ Battery and device care ကိုဖွင့်ပါ။

အမြန်အားသွင်းခြင်းလုပ်ဆောင်ခြင်း အဆင့် ၂။ အမြန်အားသွင်းခြင်းလုပ်ဆောင်ခြင်း အဆင့် ၂။

အဆင့် ၂။ “Battery” ကိုႏွိပ္ပါ။

အမြန်အားသွင်းခြင်းလုပ်ဆောင်ခြင်း အဆင့် ၃။ အမြန်အားသွင်းခြင်းလုပ်ဆောင်ခြင်း အဆင့် ၃။

အဆင့် ၃။ More battery settings ကိုရွေးပါ။

အမြန်အားသွင်းခြင်းလုပ်ဆောင်ခြင်း အဆင့် ၄။ အမြန်အားသွင်းခြင်းလုပ်ဆောင်ခြင်း အဆင့် ၄။

အဆင့် ၄။ "အမြန်အားသွင်းခြင်း ", "အလွန်မြန်မြန်အားသွင်းခြင်း " သို့မဟုတ် "ကြိုးမဲ့အမြန်အားသွင်းခြင်း" ဘေးရှိခလုတ်ကိုနှိပ်ပါ။

မှတ်ချက် -

  • အားသွင်း​နေစဥ် ယခုလုပ်​ဆောင်ချက်ကို သင့်ဖုန်းတွင် ဖွင့်(သို့)ပိတ်ခြင်း မပြုလုပ်နိုင်ပါ။

ကြိုးမဲ့ပါဝါမျှဝေခြင်းဖြင့် အခြားဖုန်းကိုအားသွင်းခြင်း

သင့်ဖုန်း ဘက်ထရီဖြင့် အခြားဖုန်းကို အားသွငးနိုင်ပါသည်။ ကြိုးမဲ့ပါဝါမျှဝေခြင်း လုပ်ဆောင်ချက်ဖြင့် သင့်ဖုန်းသည် အခြား Galaxy ဖုန်း ၊ Galaxy watch သို့မဟုတ် Galaxy Buds များကို ကြိုးမဲ့အားသွင်းနိုင်ပါသည်။ သင့်အနေဖြင့် ကိရိယာ ၂ ခုကို အတူတူထားပေးရုံပါပဲ။ သင့်ဖုန်းအားသွင်းနေစဉ်တွင်ပင်လျင် အခြားကိရိယာကို အားသွင်းနိုင်ပါသည်။ ကြိုးမဲ့ပါဝါမျှဝေခြင်း လုပ်ဆောင်ချက်ကိုဖွင့်ရန် အောက်ပါအဆင့်များအတိုင်း လုပ်ဆောင်ပါ။

အဆင့် ၁။ အသိပေးစာကိုဖွင့်ရန် ဖုန်းကိုအောက်သို့ဆွဲချပါ။

အဆင့် ၂။ ကြိုးမဲ့ပါဝါမျှဝေခြင်းပုံ ကိုနှိပ်၍ဖွင့်ပါ။

ကြိုးမဲ့ပါဝါမျှဝေမှုဖွင့်ခြင်း

မှတ်ချက် - ကြိုးမဲ့ပါဝါမျှဝေခြင်းပုံ မပါလာပါက အပေါင်းပုံကို နှိပ်၍ ကြိုးမဲ့ပါဝါမျှဝေခြင်းပုံကို Quick panel သို့ဆွဲပြီးရွှေ့ပေးပါ။

အဆင့် ၃။ သင် အားသွင်းလိုသည့် ကိရိယာကို သင့်ဖုန်းအလယ်တွင် ဖုန်းနှင့်ကျောချင်းကပ်၍ တင်ထားပေးပါ။ အားသွင်းမှုစတင်သည်နှင့် သင်သည် အသိပေးသံ သို့မဟုတ် တုန်ခါမှုကြောင့် သိရှိမည်ဖြစ်သည်။ အားသွင်းမှုပြီးမြောက်သည့်အခါတွင် သင့်ဖုန်းမှ အခြားကိရိယာကို ဖြုတ်ပါ။

ကြိုးမဲ့ပါဝါမျှဝေမှုဖွင့်ခြင်း ၂။

မှတ်ချက် -

  • အသုံးပြုသည့် အပိုကိရိယာ သို့မဟုတ် ကာဗာပေါ်မူတည်၍ ကြိုးမဲ့ပါဝါမျှဝေခြင်း လုပ်ဆောင်ချက် ကောင်းမွန်စွာအလုပ်လုပ်မည်မဟုတ်ပါ။ ယင္းလုပ်ဆောင်ချက်ကိုု အသုံးမပြုမီ အပိုကိရိယာများ သို့မဟုတ် ကာဗာများကို ဖြုတ်ထားရန် အကြံပြုပါသည်။
  • ကိရိယာအလိုက် ကြိုးမဲ့အားသွင်းကွိုင်ရှိသည့်နေရာ မတူညီသောကြောင့် ချိတ်ဆက်မှုကောင်းမွန်စွာရှိကြောင်းသေချာစေရန် ကိရိယာများ၏ အနေအထားကို ချိန်ညှိပါ။
  • အားသွင်းနေစဉ် ကိရိယာနှစ်ခုစလုံးကို မရွှေ့သို့မဟုတ် မသုံးပါနှင့်။
  • ကြိုးမဲ့အားသွင်းခြင်းလုပ်ဆောင်ချက်ကို ထောက်ပံ့ပေးထားသည့် ကိရိယာများတွင်သာ ယခုလုပ်ဆောင်ချက်ဖြင့် အားသွင်းနိုင်ပါသည်။
  • ပါဝါမျှဝေနေစဉ်အတွင်း အချို့လုပ်ဆောင်ချက်များ မရရှိနိုင်ပါ။
  • အခြားကိရိယာသို့သွင်းလိုက်သည့်အားသည် သင့်ဖုန်းမှ မျှဝေလိုက်သည့် အားပမာဏထက် နည်းနိုင်ပါသည်။
  • သင်သည် ဖုန်းအားသွင်းနေစဉ် အခြားကိရိယာကိုအားသွင်းပါက အားသွင်းနှုန်းလျော့သွားခြင်း သို့မဟုတ် ဖုန်းသည် အားသွင်းတုံးအမျိုးအစားအလိုက် ကောင်းကောင်းအားသွင်းနိုင်မည်မဟုတ်ပါ။
  • အားသွင်းနှုန်းနှင့် လုံလောက်မှုနှုန်းသည် ဖုန်းအခြေအနေနှင့် ပတ်ဝန်းကျင်အခြေအနေတို့အပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။
  • အမြန်အားသွင်းထားသည့်အချိန်တွင် ခရက်ဒစ်ကဒ် ၊ လက်စွပ် သို့မဟုတ် သတ္တုကာဗာကဲ့သို့ ပြင်ပအရာ၀ထ္ထုများ အားသွင်းတုံးနှင့် ဖုန်းကြားတွင်ရှိမနေစေရန် သေချာလုပ်ဆောင်ပါ။

သင့်ဖုန်းလက်ကျန် ဘက်ထရီပါဝါသည် လယ်ဗယ်တခုအောက်ရောက်သွားသည့်အခါတွင် ပါဝါမျှဝေခြင်းကိုရပ်ပစ်ရန် သတ်မှတ်နိုင်ပါသည်။

ကြိုးမဲ့ပါဝါမျှဝေခြင်းကန့်သတ်မှု အဆင့် ၁ ကြိုးမဲ့ပါဝါမျှဝေခြင်းကန့်သတ်မှု အဆင့် ၁

အဆင့် ၁။ Settings အက်ပ်ကိုဖွင့်၍ Battery and device care ကိုဖွင့်ပါ။

ကြိုးမဲ့ပါဝါမျှဝေခြင်းကန့်သတ်မှု အဆင့် ၂ ကြိုးမဲ့ပါဝါမျှဝေခြင်းကန့်သတ်မှု အဆင့် ၂

အဆင့် ၂။ Battery ကိုႏွိပ္ပါ။

ကြိုးမဲ့ပါဝါမျှဝေခြင်းကန့်သတ်မှု အဆင့် ၃ ကြိုးမဲ့ပါဝါမျှဝေခြင်းကန့်သတ်မှု အဆင့် ၃

အဆင့် ၃။ ကြိုးမဲ့ပါဝါမျှဝေမှုဖွင့်ခြင်း ကိုနှိပ်ပါ။

ကြိုးမဲ့ပါဝါမျှဝေခြင်းကန့်သတ်မှု အဆင့် ၄ ကြိုးမဲ့ပါဝါမျှဝေခြင်းကန့်သတ်မှု အဆင့် ၄

အဆင့် ၄။ ဘက်ထရီကန့်သတ်ချက် ကိုနှိပ်၍ ကန့်သတ်မှုသတ်မှတ်ပါ။

Samsung မှအသိအမှတ်ပြုထားသည့် ဘက်ထရီ ၊ အားသွင်းတုံး နှင့် သင့်ဖုန်းအတွက်ထုတ်ထားသည့် ကြိုးကိုသာအသုံးပြုရန် အကြံပြုပါသည်။ မကိုက်ညီသည့် ဘက်ထရီ၊ အားသွင်းတုံး သို့မဟုတ် ကေဘယ်များသည် ပြင်းထန်သည့်ထိခိုက်မှုကိုဖြစ်စေခြင်း သို့မဟုတ် သင့်ဖုန်းကိုထိခိုက်စေခြင်းတို့ ဖြစ်စေနိုင်ပါသည်။

  • အားသွင်းတုံးနှင့်သေချာမချိတ်ဆက်ခြင်းသည် သင့်ဖုန်းကို ပြင်းထန်သည့်ထိခိုက်မှုဖြစ်စေနိုင်ပါသည်။ လွဲမှားစွာအသုံးချမှုကြောင့်ဖြစ်လာသည့် ပျက်စီးမှုများအတွက် အာမခံအကျုံးမဝင်ပါ။
  • ဖုန်းနှင့်အတူပါလာသည့် USB Type-C ကြိုးများကိုသာ အသုံးပြုပါ။ Micro USB ကြိုးများသုံးပါက ဖုန်းထိခိုက်ပျက်စီးစေနိုင်ပါသည်။
  • နှစ်မျိုးသုံး အားသွင်းပေါက်စိုစွတ်နေစဉ် အားသွင်းမိပါကလည်း ဖုန်းထိခိုက်စေနိုင်ပါသည်။ ဖုန်းအားမသွင်းခင် နှစ်မျိုးသုံးအားသွင်းပေါက်ကို သေချာအခြောက်ခံပေးပါ။
  • စွမ်းအင်ချွေတာရန်အတွက် အသုံးမပြုသည့်အချိန်တွင် အားသွင်းတုံးကိုဖြုတ်ထားပါ။ အားသွင်းတုံးတွင် ပါဝါခလုတ်မပါသည့်အတွက် စွမ်းအင်အလေအလွင့်မဖြစ်စေရန် သင့်အားသွင်းတုံးအား အသုံးမပြုပါက လျှပ်စစ်ပလပ်ပေါက်မှ ဖြုတ်ထားရပါမည်။ အားသွင်းတုံးသည် လျှပ်စစ်ပလပ်ပေါက်နားတွင်ရှိသင့်ပြီး အားသွင်းနေစဉ် အလွယ်တကူယူ၍ရသင့်ပါသည်။
  • အားသွင်းတုံးအသုံးပြုသည့်အခါတွင် အားသွင်းမှုလုပ်ဆောင်ချက်ကို အာမခံချက်ပေးသည့် အသိအမှတ်ပြု ကြိုး သို့မဟုတ် ကြိုးမဲ့အားသွင်းတုံးကို သုံးရန် အကြံပြုပါသည်။
  • ဘက်ထရီလုံး၀အားမရှိတော့ပါက အားသွင်းတုံးချိတ်ဆက်သည့်အချိန်တွင် ချက်ခြင်းဖွင့်၍ရနိုင်မည်မဟုတ်ပါ။ ဖုန်းပြန်မဖွင့်မီ အားကုန်နေသည့်ဘက်ထရီကို မိနစ်အနည်းငယ်ခန့် အားသွင်းပေးပါ။
  • အက်ပ်အများအပြားကို တပြိုင်တည်းအသုံးပြုခြင်း သို့မဟုတ် အခြားကိရိယာနှင့်ချိတ်ဆက်ရန်လိုသည့် အက်ပ်ကို အသုံးပြုနေပါက ဘက်ထရီအကုန်မြန်ပါလိမ့်မည်။ ဒေတာလွှဲပြောင်းနေစဉ် ပါဝါမကုန်သွားစေရန်အတွက် အဆိုပါအက်ပ်များကို ဘက်ထရီအပြည့်အ၀အားသွင်းပြီးမှသာ သုံးပါ။
  • အားသွင်းတုံးမဟုတ်သည့် ကွန်ပြူတာကဲ့သို့ ပါဝါအရင်းအမြစ် မှ အားသွင်းပါက နိမ့်သည့်လျပ်စစ်စီးမှုကြောင့် အားသွင်းနှုန်းကိုလျော့စေနိုင်ပါသည်။
  • အားသွင်းနေစဉ် အသုံးပြု၍ရနိုင်သော်လည်း ဘက်ထရီအားပြည့်သွားရန် အချိန်ပိုကြာပါလိမ့်မည်။
  • ဘက်ထရီအားသွင်းနေစဉ် မတည်ငြိမ်သည့် လျှပ်စ်အရင်းအမြစ်ကိုရရှိပါက စခရင်အလုပ်လုပ်မည်မဟုတ်ပါ။ ထိုသို့ဖြစ်ပါက အားသွင်းတုံးမှ ဖုန်းကိုဖြုတ်လိုက်ပါ။
  • အားသွင်းနေစဉ်အတွင်း ဖုန်းနှင့်အားသွင်းတုံး ပူလာနိုင်ပါသည်။ ၎င်းသည် သာမန်ဖြစ်ပြီး ဖုန်း၏သက်တမ်းနှင့်လုပ်ဆောင်ချက်ကို ထိခိုက်မည်မဟုတ်ပါ။ ပုံမှန်ထက် ဘက်ထရီပူလာပါက အားသွင်းတုံးသည် အားသွင်းမှုကိုရပ်ပစ်ပါလိမ့်မည်။
  • ဖုန်းကို သေချာအားသွင်း၍မရပါက ဖုန်းနှင့်အားငွင်းတုံးကိုယူ၍ Samsung Service Center သို့သွားပါ။
  • ကြိုးမဲ့အားသွင်းထားသည့်အချိန်တွင် ခရက်ဒစ်ကဒ် ၊ လက်စွပ် သို့မဟုတ် သတ္တုကာဗာကဲ့သို့ ပြင်ပအရာ၀ထ္ထုများ အားသွင်းတုံးနှင့် ဖုန်းကြားတွင်ရှိမနေစေရန် သေချာလုပ်ဆောင်ပါ။

မှတ်ချက် - ဖုန်း စခရင်ရှော့များနှင့် မီနူးများသည် ဖုန်းမော်ဒယ်နှင့်ဆော့ဖ်ဝဲလ်ဗားရှင်းပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။

Samsung Members အက်ပ်ကို ဘယ်လိုသုံးရမလဲ။

Samsung မိုဘိုင်းလ်ဖုန်းများ၊ တက်ဘလက်များနှင့် ဝတ်ဆင်နိုင်သော ပစ္စည်းများတွင် အခက်အခဲများကြုံရပါက Samsung Members အက်ပ်တွင် ကျွန်ုပ်တို့ထံ မေးမြန်းနိုင်ပါသည်။ Error များကိုတိုင်ကြားခြင်းနှင့်ပတ်သက်ပြီး ပိုမိုရှာဖွေလိုက်ပါ။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ