သင့် Galaxy ဖုန်းအပူလွန်ကဲခြင်းမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ။

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 12.01.2022

သင်ဖုန်း၊တက်ဘလက်၊ စမတ်နာရီ၊ သို့မဟုတ် နားကြပ် မည်သည်ကိုအသုံးပြုသည်ဖြစ်စေ Galaxy ကိရိယာအားလုံးတွင် အကောင်းဆုံးလုပ်ဆောင်နေချိန်တွင် သတ်မှတ်ထားသည့် အပူချိန်အတိုင်းအဆတခုရှိပါသည်။ အားသွင်းခြင်းကဲ့သို့အခြေအနေများတွင် ပူလာသလိုခံစားရနိုင်သော်လည်း ၄င်းသည်ကိရိယာ၏ သက်တမ်းသို့မဟုတ် စွမ်းဆောင်ရည်ကိုမသက်ရောက်စေနိုင်ပါ။ သို့သော်လည်း အဆိုပါကိရိယာများသည်များလှသည့်အကြောင်းရင်းများပေါ်မူတည်၍ ယာယီအပူထွက်စေနိုင်ပါသည်။ ထို့ကြောင့် အောက်ပါအခြေအနေများတွင် ကိရိယာကိုထားခြင်းမှရှောင်ရန် ကြိုတင်လိုက်နာရန်အချက်များလုပ်ဆောင်ရန် အကြံပြုပါသည်။

အောက်ပါအချက်များသည် သင့် Galaxy ကိရိယာ၏ အပူချိန်ကိုသက်ရောက်စေနိုင်ပါသည်။ 

  • သာမန်အလုပ်လုပ်သည့်အခြေအနေ(၃၂ မှ ၉၅ ဒီဂရီဖာရင်ဟိုက်ကြား) ထက်ကျော်သည့်အခြေအနေတွင် အသုံးပြုနေခြင်း။
  • ပူပြင်းသည့်နေ့တွင် ရပ်ထားသည့်ကားထဲတွင်ထားခဲ့ခြင်း သို့မဟုတ် နေရောင်တိုက်ရိုက်အောက်တွင် ကြာမြင်စွာထားရှိခြင်းကဲ့သို့ အပူရှိသည့်နေရာပေါ်/အနီး တွင် ကိရိယာများထားခြင်း
  • အက်ပ်အများအပြားကို အချိန်ကြာမြင့်စွာဖွင့်ထားခြင်းသို့မဟုတ် ဂိမ်းဆော့ခြင်း ၊ တိုက်ရိုက်လွှင့်ခြင်းနှင့် GPS ခြေရာခံခြင်းကဲ့သို့ ပရိုဆက်ဆာအလွန်အသုံးပြုရသည့် အက်ပ်များအသုံးပြုနေခြင်း။
  • မကောင်းသည့် ၊ မကိုက်ညီသည့် သို့မဟုတ် Samsung မှ အသိအမှတ်မပြုထားသည့်အားသွင်းတုံးနှင့် သို့မဟုတ် USB ကြိုးကို အသုံးပြုနေခြင်း။
  • ကနဦးသတ်မှတ်ခြင်းနှင့် ဖုန်းအဟောင်းမှဒေတာများလွှဲပြောင်းနေခြင်း။
  • စနစ် သို့မဟုတ် firmware အပ်ဒိတ်လုပ်ခြင်း

သင့်ကိရိယာပူလာသည်နှင့်အမျှ အသိပေးစာများတွေ့ရပါလိမ့်မည်။ ကိရိယာကိုကာကွယ်ရန်အတွက်ရည်ရွယ်၍ အချို့လုပ်ဆောင်ချက်/စွမ်းဆောင်ရည်များကို ရာယီရပ်ထားမည်ဖြစ်ကြောင်း သတိပြုပါ။

မှတ်ချက်။

  • ကိရိယာနှင့်မော်ဒယ်အလိုက် လက္ခဏာနှင့်ရလဒ်များကွဲပြားနိုင်ပါသည်။

သင့် Galaxy ကိရိယာပူလာပါက ဘာလုပ်ရမလဲဆိုတာအတွက် ယခုအချက်များသည် ဖြေရှင်းနည်းအချို့ဖြစ်ပါသည်။

ဖြေရှင်းချက် ၁။

အသုံးမပြုသည့်အချိန်တွင် Wi-Fi, GPS နှင့် Bluetooth လုပ်ဆောင်ချက်များကိုပိတ်ထားပါ။
ထို့အပြင် သင့်ကိရိယာစခရင်၏ အလင်းကိုလျှော့ထားပါ။

➊ 'Quick panel' ကိုဆွဲချ၍ 'Wi-Fi' နှင့်'Bluetooth' ကိုပိတ်ပါ။

➋ ‘တည်နေရာ’ ပိတ်ထားပါ။

➌ အလင်းကိုလျှော့ထားပါ။

ဖြေရှင်းချက် ၂။

ဘက်ထရီစားသုံးသည့် ပရိုဆက်ဆာအလွန်သုံးသည့်အက်ပ်များကြောင့်ဖြစ်သည့် အပူကိုလျှော့ချရန်အတွက် ဖုန်းကိုကောင်းမွန်အောင်ပြုလုပ်ပါ။

➊ "သတ်မှတ်ချက်များ" သို့သွား၍ "ဘက်ထရီနှင့်ကိရိယာထိန်းသိမ်းစောင့်ရှောက်မှု" ကိုနှိပ်ပါ။

➋ ‘ယခုကောင်းမွန်အောင်ဆောင်ရွက်ပါ’ ကိုနှိပ်ပါ။

➌ ‘ပြီးဆုံးပြီ’ ကိုနှိပ်ပါ

ဖြေရှင်းချက် ၃။

နောက်ခံရှိ မသုံးသည့်အက်ပ်များသည်လည်း ဖုန်းကိုပူစေပါသည်။
ပြဿနာဖြေရှင်းရန် ‘နောက်ခံတွင်အသုံးပြုမှုကန့်သတ်ချက်များ’ ကိုသုံးကြည့်ပါ

➊ "ဘက်ထရီနှင့်ကိရိယာထိန်းသိမ်းစောင့်ရှောက်မှု" ကိုရွေးချယ်ပါ။

➋ “ဘက်ထရီ”ကိုရွေးပါ။

➌ ‘ပါ၀ါချွေတာခြင်း’ ကိုရွေးပါ။

➍ 'ပါ၀ါချွေတာခြင်း' ကိုဖွင့်ပါ။

➎ “နောက်ခံတွင်အသုံးပြုမှု ကန့်သတ်ချက်များ” ကိုရွေးချယ်ပါ။


➏ ‘အသုံးမပြုသည့်အက်ပ်များကို အနားပေးမှုတွင်ထားရှိပါ’ ကိုဖွင့်ပါ။

မှတ်ချက်။

  • ပုံမှန်စစ်ဆေးခြင်းဖြင့် သင့်ဖုန်းတွင်အက်ပ်များကို နောက်ဆုံးအက်ပ်ဒိတ်သို့ထားရှိကြောင်း သေချာစွာလုပ်ဆောင်ပါ။
  • စခရင်ပုံနှင့် မီနူးပုံများသည် သင့်ဖုန်း၏မော်ဒယ်နှင့်ဆော့ဖ်ဝဲလ်ဗားရှင်းအလိုက် ကွဲပြားနိုင်ပါသည်။
  • “ပါ၀ါချွေတာခြင်း“ သည် ကွန်ရက်အသုံးပြုမှု ၊ ဒေတာ sync လုပ်ခြင်း နှင့် နောက်ခံရှိ တည်နေရာအချက်အလက်အသုံးပြုမှုကို ကန့်သတ်ပါသည်။

အကြံပြုချက်များ

ဝါ၀ါချွေတာခြင်းက
ဘာလုပ်ပေးသလဲ။

- Always on Display ကိုပိတ်ခြင်း
- အလင်းကို ၁၀% အထိလျှော့ချခြင်း
- CPU မြန်နှုန်းကို ၇၀% အထိကန့်သတ်ခြင်း
- 5G ကွန်ရက်ပိတ်ခြင်း
- အက်ပ်အသုံးပြုမှုနှင့် ပင်မဖန်သားပြင်ကိုကန့်သတ်ခြင်း

စမတ်ဖုန်းများ၏ ပါးလွှာသည့်ဒီဇိုင်းသည် လေဝင်ထွက်အတွက် အကောင်းဆုံးမဟုတ်ခြင်း သို့မဟုတ် အလွန်အကျွံဘက်ထရီသုံးစွဲမှုကြောင့် ပူလာနိုင်ပါသည်။ အားသွင်းနေချိန်တွင် ဖုန်းရောအားသွင်းတုံးပါ အပူချိန်တက်လာနိုုင်ပါသည်။ အလွန်မြန်မြန်အားသွင်းခြင်း သို့မဟုတ် ကြိုးမဲ့အားသွင်းခြင်း လုပ်ဆောင်နေချိန်တွင် အပူချိန်တိုးလာနိုင်ပါသည်။

အားသွင်းနေစဉ် ဖုန်းပူလာပါက အောက်ပါလုပ်ဆောင်ချက်များအတိုင်းလုပ်ဆောင်ပါ။

အားသွင်းတုံးကိုဖြုတ်၍ အသုံးပြုနေသည့်အက်ပ်များအားလုံးကိုပိတ်ပါ။ ဖုန်းအေးသွားသည်အထိစောင့်ပြီးမှ အားပြန်သွင်းကြည့်ပါ။

ပြဿနာဖြစ်နေသေးပါက အခြား Samsung မှအသိအမှတ်ပြုထားသည့် အားသွင်းတုံးနှင့် USB ကြိုးနှင့် စမ်းကြည့်ပါ။ ပျက်စီး သို့မဟုတ် မကိုက်ညီသည့် အားသွင်းကြိုးကြောင့် အားသွင်းပေါက်တွင် ပူလာနိုင်ကြောင်း သတိပြုပေးပါ။

မှတ်ချက်။

  •  စမတ်ဖုန်းဘက်ထရီအတွက် အာမခံသက်တမ်းမှာ ၁လ ဖြစ်ပါသည်။ အာမခံကာလအတွင်း Samsung ၀န်ဆောင်မှုစင်တာမှ ထုတ်လုပ်သူဘက်မှပြဿနာဖြစ်ကြေင်း အတည်ပြုစစ်ဆေးပြီးပါက အခမဲ့ ပြန်လည်ပြင်ဆင် သို့မဟုတ် အစားထိုးပေးပါမည်။ အာမခံသက်တမ်းအတွင်းဖြစ်သော်လည်း အသုံးပြုသူဘက်မှအမှားဖြစ်ကြောင်း အတည်ပြုပါက သို့မဟုတ် အာမခံသက်တမ်းပြီးမှ ပေါ်လာသောပြဿနာများအတွက် ပြင်ဆင်စရိတ်ပေးချေရနိုင်ပါသည်။
  • ကြိုးမဲ့အားသွင်းတုံးအသုံးပြုနေစဉ်တွင် သတ္တုပစ္စည်းများ၊ သံလိုက် သို့မဟုတ် ခရီသွား/ခရက်ဒ် ကဒ်များ ဖုန်းနှင့်အားသွင်းတုံးကြားတွင် ရှိမနေစေရန် သေချာစွာလုပ်ဆောင်ပါ။

- သင့် Galaxy ဖုန်းအတွက်ထုတ်လုပ်ထားသည့် Samsung မှအသိအမှတ်ပြုထားသော
ကြိုးမဲ့အားသွင်းတုံးဖြင့်သွင်းပါ။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ