Android ဖုန်းတွင် ခေါ်ဆိုမှုဆက်တင်များကို ဘယ်လိုသတ်မှတ်မလဲ။

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 13.01.2022

Android မိုဘိုင်းဖုန်းများတွင် ခေါ်ဆိုမှုရွေးချယ်စရာများ အများအပြားရှိပါသည်။ ပါနေကျရွေးချယ်စရာများမှာ ဖုန်းနံပါတ်ပိတ်ဆို့ခြင်း ၊ ခေါ်ဆိုမှုအသိပေးချက်နှင့် ဖုန်းမြည်သံများ ၊ ဖုန်းဖြေဖုန်းချခေါ်ဆိုမှုများ ၊ ဖုန်းချရန်အမြန်စာပို့မက်ဆေ့ချ်များ နှင့် အက်ပ်သုံးနေစဉ်အတွင်း ခေါ်ဆိုမှုပြသခြင်းများဖြစ်သည်။

အောက်ဖော်ပြပါ အကြံပြုချက်များအတိုင်း မလုပ်ဆောင်မီ သင့်ကိရိယာ၏ ဆော့ဖ်ဝဲလ်နှင့် သက်ဆိုင်ရာ အက်ပလီကေးရှင်းများအား နောက်ဆုံးဗားရှင်းသို့ အဆင့်မြှင့်ထားကြောင်း သေချာစွာလုပ်ဆောင်ပါ။ သင့်မိုဘိုင်းဖုန်းဆော့ဖ်ဝဲလ်အားအပ်ဒိတ်လုပ်ရန် အောက်ပါအချက်များအတိုင်းလုပ်ဆောင်ပါ။

အဆင့် ၁။ Settings > Software update သို့သွားပါ။

အဆင့် ၂။ Download and install ကိုနှိပျပါ။

အဆင့် ၃။ ပေါ်လာသည့်လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်ပါ။

မသိသည့်/ဖျောက်ထားသည့် နံပါတ်များအား ပိတ်ဆို့ခြင်း

သင့်အနေဖြင့် မသိသည့်/ဖျောက်ထားသည့် နံပါတ်များနှင့် ဖုန်းနံပါတ်အသစ်များကို ဘလော့ထားနိုင်ပါသည်။

အဆင့် ၁။ Phone အက်ပ်ကိုဖွင့်ပြီး More options(ဒေါင်လိုက်အစက် ၃ စက်) ကိုနှိပ်ပြီး Settings ကိုနှိပ်ပါ။

အဆင့် ၂။ Block numbers ကိုနှိပ်၍ Block unknown/hidden numbers ကိုဖွင့်ပေးလိုက်ပါ။

အဆင့် ၃။ သင်ပိတ်ဆို့ချင်သည့်ဖုန်းနံပါတ်ကို ထည့်နိုင်ပါသည်။

မသိသည့်/ဖျောက်ထားသည့် နံပါတ်များအား ပိတ်ဆို့ခြင်း

ခေါ်ဆိုမှုအသိပေးချက်နှင့်ဖုန်းမြည်သံများ

သင့်အနေဖြင့် ခေါ်ဆိုမှုအသိပေးချက် ၊ ဖုန်းမြည်သံများ ၊ တုန်ခါမှုပုံစံ နှင့် keypad အသံတို့ကို ရွေးချယ်ထားရှိနိုင်ပါသည်။

အဆင့် ၁။ Phone အက်ပ်ကိုဖွင့်ပြီး More options(ဒေါင်လိုက်အစက် ၃ စက်) ကိုနှိပ်ပြီး Settings ကိုနှိပ်ပါ။

အဆင့် ၂။ Call alerts and ringtones ကိုနှိပ်ပါ။

အဆင့် ၃။ ခေါ်ဆိုမှုအသိပေးချက်များနှင့် ဖုန်းမြည်သံနှင့် keypad အသံများကိုချိန်ညှိပါ။

မသိသည့်/ဖျောက်ထားသည့် နံပါတ်များအား ပိတ်ဆို့ခြင်း

ဖြေဆိုခြင်း/ဖုန်းချခြင်း ဆက်တင်

အဆင့် ၁။ Phone အက်ပ်ကိုဖွင့်ပြီး More options(ဒေါင်လိုက်အစက် ၃ စက်) ကိုနှိပ်ပြီး Settings ကိုနှိပ်ပါ။

အဆင့် ၂။ Answering and ending calls ကိုနှိပ်ပါ။

အဆင့် ၃။ ဖြေဆိုခြင်း/ဖုန်းချခြင်း ခေါ်ဆိုမှုရွေးချယ်စရာများကိုချိန်ညှိခြင်း

ဖြေဆိုခြင်း/ဖုန်းချခြင်း ဆက်တင်

ဖုန်းချရန်အမြန်စာပို့ဆက်တင်များ

၀င်လာသည့်ဖုန်းကို ငြင်းပယ်ရင်း မက်ဆေ့ချ်ပို့နိုင်ပါသည်။

အဆင့် ၁။ Phone အက်ပ်ကိုဖွင့်ပြီး More options(ဒေါင်လိုက်အစက် ၃ စက်) ကိုနှိပ်ပြီး Settingsကိုနှိပ်ပါ။

အဆင့် ၂။ Quick decline messages ကိုနှိပ်ပါ။

အဆင့် ၃။ Quick decline messages ကို ပြင်ဆင်ပါ။

ဖြေဆိုခြင်း/ဖုန်းချခြင်း ဆက်တင်

အက်ပ်ဆက်တင် သုံးနေစဉ် ခေါ်ဆိုမှုပြပုံများ

သင်အခြားအက်ပ်သုံးနေစဉ်အတွင်း ၀င်လာသည့်ဖုန်းတွေကို ဘယ်လိုပုံစံမျိုးနဲ့ လာစေချင်လဲဆိုတာ ထိန်းချုပ်လိုက်ပါ။

အဆင့် ၁။ Phone အက်ပ်ကိုဖွင့်ပြီး More options(ဒေါင်လိုက်အစက် ၃ စက်) ကိုနှိပ်ပြီး Settings ကိုနှိပ်ပါ။

အဆင့် ၂။ Call display while using apps ကိုနှိပ်ပါ။

အဆင့် ၃။ Full screenPop-up နှင့် Mini pop-up နှစ်ခုမှ တခုကိုရွေးပါ။

  • Keep calls in pop-up - ဖုန်းများဖြေပြီးသည့်နောက်တွင် ၄င်းတို့ကို pop-up အနေနဲ့ထားခြင်း
အက်ပ်ဆက်တင် သုံးနေစဉ် ခေါ်ဆိုမှုပြပုံများ

မှတ်ချက်- ရနိုင်သည့်ဆက်တင်နှင့်ဖန်သားပြင်များသည် ကြိုးမဲ့ဝန်ဆောင်မှုပေးသူ ၊ ဆော့ဖ်ဝဲလ်ဗားရှင်းနှင့် ဖုန်းအလိုက် ကွဲပြားနိုင်ပါသည်။

Samsung Members အက်ပ်ကို ဘယ်လိုသုံးရမလဲ။

Samsung မိုဘိုင်းလ်ဖုန်းများ၊ တက်ဘလက်များနှင့် ဝတ်ဆင်နိုင်သော ပစ္စည်းများတွင် အခက်အခဲများကြုံရပါက Samsung Members အက်ပ်တွင် ကျွန်ုပ်တို့ထံ မေးမြန်းနိုင်ပါသည်။ Error များကိုတိုင်ကြားခြင်းနှင့်ပတ်သက်ပြီး ပိုမိုရှာဖွေလိုက်ပါ။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ