သင့်ဖုန်းမှ SD ကဒ်ကို မတွေ့ပါက ဘယ်လိုပြဿနာအဖြေရှာမလဲ

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 13.01.2022

သင့်ဖုန်းမော်ဒယ်အလိုက် SD ကဒ်ထည့်ပြီး သင့်ဖုန်းသိုလှောင်မှုပမာဏကို ချဲ့ထွင်ထားနိုင်ပါသည်။ သင့်ဖုန်းမှ SD ကဒ်ကိုအသိအမှတ်မပြုခြင်း သို့မဟုတ် "SD ကဒ်သို့ရေး၍မရပါ" ဟု အသိပေးစာ ပေါ်လာပါက ပြဿနာအဖြေရှာရန်အောက်ပါလမ်းညွှန်ကိုစစ်ဆေးပါ။

အောက်ဖော်ပြပါ အကြံပြုချက်များအတိုင်း မလုပ်ဆောင်မီ သင့်ကိရိယာ၏ ဆော့ဖ်ဝဲလ်နှင့် သက်ဆိုင်ရာ အက်ပလီကေးရှင်းများအား နောက်ဆုံးဗားရှင်းသို့ အဆင့်မြှင့်ထားကြောင်း သေချာစွာလုပ်ဆောင်ပါ။ သင့်မိုဘိုင်းဖုန်းဆော့ဖ်ဝဲလ်အားအပ်ဒိတ်လုပ်ရန် အောက်ပါအချက်များအတိုင်းလုပ်ဆောင်ပါ။

အဆင့် ၁။ Settings > Software update သို့သွားပါ။

အဆင့်၂။ Download and install ကိုနှိပျပါ။

အဆင့် ၃။ ပေါ်လာသည့်လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်ပါ။

SD ကဒ်အား စစ်ဆေးပါ။

ပထမဦးစွာ ဖုန်းထဲမှ SD ကဒ်ကိုထုတ်၍ ပျက်စီးမှုရှိမရှိ စစ်ဆေးပါ။ 

ထုတ်သည့်ကိရိယာကိုထိုးထည့်၍ ကဒ်အံခွက်ကိုထုတ်ပါ။ ထုတ်သည့်ကိရိယာကိုထိုးထည့်၍ ကဒ်အံခွက်ကိုထုတ်ပါ။

အဆင့် ၁။ သင့်ဖုန်းကိုပိတ်၍ SD ကဒ်အံခွက်ထည့်သည့်နေရာဘေးရှိ အပေါက်သေးထဲ ထိုးထည့်ပြီး ကဒ်အံခွက်ကိုထုတ်ပါ။

SD ကဒ်အားစစ်ဆေးပြီး ပြန်ထည့်သွင်းခြင်း။ SD ကဒ်အားစစ်ဆေးပြီး ပြန်ထည့်သွင်းခြင်း။

အဆင့် ၂။ SD ကဒ်တွင် ပျက်စီးမှုရှိမရှိ စစ်ဆေးပါ။ SD ကဒ်ပေါ်တွင် ဖုန်သို့မဟုတ်အညစ်အကြေးများရှိနေပါက ပြန်မထည့်မီ မျက်နှာပြင်ကို နူးညံ့သည့်အဝတ်ဖြင့် သန့်ရှင်းပေးပါ။

သင့် SD ကဒ်တွင် မြင်သာသည့်ထိခိုက်မှုမရှိသော်လည်း ပြဿနာများကြုံတွေ့ရနိုင်ပါသည်။ အနားတွင် အခြားဖုန်းရှိပါက SD ကဒ်အလုပ်လုပ်ကြောင်း သေချာစေရန် စစ်ဆေးပါ။

သင့်ဖုန်းကိုပြန်စကြည့်ပါ။ SD ကဒ်အား သင့်ဖုန်းမှအသိအမှတ်မပြုခြင်းပြဿနာကို ပြန်စခြင်းဖြင့် ပြေလည်စေနိုင်ပါသည်။

ဖုန်းအား ပါ၀ါပိတ်ရန် အသံတိုးခလုတ်နှင့်ဘေးခလုတ်ကို ဖိနှိပ်ထားပါ။ ဖုန်းအား ပါ၀ါပိတ်ရန် အသံတိုးခလုတ်နှင့်ဘေးခလုတ်ကို ဖိနှိပ်ထားပါ။

အဆင့် ၁။ အသံတိုးခလုတ် နှင့် ဘေးခလုတ် နှစ်ခုလုံး ကို တပြိုင်တည်းဖိနှိပ်၍ ပါ၀ါပိတ်ပါ ကို ရွေးချယ်ပြီး သင့်ဖုန်းကို ပါ၀ါပိတ်ပါ။

အသံတိုးခလုတ်နှင့်ဘေးခလုတ်ကို နှိပ်၍ဖိထားပါ။ အသံတိုးခလုတ်နှင့်ဘေးခလုတ်ကို နှိပ်၍ဖိထားပါ။

အဆင့် ၂။ စခရင်ပိတ်သွားပြီးသည့်နောက်တွင် အသံတိုးခလုတ် နှင့် ဘေးခလုတ် ကို တပြိုင်တည်းဖိ၍နှိပ်ထားပါ။

Samsung ပုံပေါ်လာပါက ခလုတ်ကိုလွှတ်ပါ။ Samsung ပုံပေါ်လာပါက ခလုတ်ကိုလွှတ်ပါ။

အဆင့် ၃။ စခရင်ပေါ်တွင် Samsung တံဆိပ်ပေါ်လာပါက ခလုတ်များကိုလွှတ်ပါ။

မှတ်ချက်။

  • သင့်ဖုန်းအား အတင်းပိတ်လိုက်သော်လည်း ဒေတာနှင့်ဖိုင်များကို ကာကွယ်ထားပြီးဖြစ်သည်။

သင့် SD ကဒ်သည် သင့်ဖုန်းတွင်းရှိ ပြင်ပအက်ပ်တခုခုကြောင့် ထိခိုက်ထားနိုင်ပါသည်။ ထိုသို့ဖြစ်ခြင်းဟုတ်မဟုတ် စစ်ဆေးရန် ပြင်ပအက်ပ်များအားလုံး ပိတ်ထားသည့် လုံခြုံရေးအနေအထားတွင် SD ကဒ်ကိုဝင်ကြည့်ပါ။ သင့် SD ကဒ်ကို လုံခြံုရေးအနေအထားတွင် အသိအမှတ်ပြုပါက သင်လတ်တလောဒေါင်းလုဒ်ထားသည့် မသိသည့်သို့မဟုတ် အန္တရာယ်ရှိသည်ဟုထင်ရသည့် အက်ပ််ကိုဖျက်ကြည့်နိုင်ပါသည်။

အောက်ပါအဆင့်များအတိုင်းလုပ်ဆောင်၍ လုံခြံုရေးအနေအထားသို့ပြောင်းပါ။

ပါ၀ါပိတ်ရန် အသံတိုးခလုတ်နှင့်ဘေးခလုတ်ကို ဖိနှိပ်ထားပါ။ ပါ၀ါပိတ်ရန် အသံတိုးခလုတ်နှင့်ဘေးခလုတ်ကို ဖိနှိပ်ထားပါ။

အဆင့် ၁။ အသံတိုးခလုတ် နှင့် ဘေးခလုတ် နှစ်ခုလုံး ကို တပြိုင်တည်းဖိနှိပ်၍ ပါ၀ါပိတ်ပါ ကို ရွေးချယ်ပြီး သင့်ဖုန်းကို ပါ၀ါပိတ်ပါ။

ပါ၀ါပိတ်ပါ ကိုရွေးပါ။ ပါ၀ါပိတ်ပါ ကိုရွေးပါ။

အဆင့် ၂ ။ ပါ၀ါပိတ်ပါ ကိုနှိပ်ပါ။

အသံတိုးခလုတ်နှင့်ဘေးခလုတ်ကို နှိပ်၍ဖိထားပါ။ အသံတိုးခလုတ်နှင့်ဘေးခလုတ်ကို နှိပ်၍ဖိထားပါ။

အဆင့် ၃။ စခရင်ပိတ်သွားပြီးသည့်နောက်တွင် အသံတိုးခလုတ် နှင့် ဘေးခလုတ် ကို တပြိုင်တည်းဖိ၍နှိပ်ထားပါ။

အသံတိုးခလုတ်ဖိထားချိန်တွင် ဘေးခလုတ်ကိုလွှတ်ပါ။ အသံတိုးခလုတ်ဖိထားချိန်တွင် ဘေးခလုတ်ကိုလွှတ်ပါ။

အဆင့် ၄။ စခရင်ပေါ်တွင် Samsung တံဆိပ်ပေါ်လာပါက အသံတိုးခလုတ်ကို ဆက်ဖိထားပြီး ဘေးခလုတ်ကို လွှတ်လိုက်ပါ။

လုံခြုံရေးအနေအထားတွင် အပ်ဒိတ်လုပ်ကြည့်ပါ။ လုံခြုံရေးအနေအထားတွင် အပ်ဒိတ်လုပ်ကြည့်ပါ။

အဆင့် ၅။ စခရင်ဘယ်ဘက်အောက်ထောင့်တွင် လုံခြုံရေးအနေအထား ဟုပေါ်လာပါက ခလုတ်ကိုလွှတ်လိုက်ပါ။

လုံခြုံရေးအနေအထားတွင် အက်ပ်ကိုဖျက်ရန် အောက်ပါအဆင့်များအတိုင်းလုပ်ဆောင်ပါ။

အက်ပ်သတ်မှတ်ချက်များ အက်ပ်သတ်မှတ်ချက်များ

အဆင့် ၁။ သတ်မှတ်ချက်များ သို့သွား၍ အက်ပ်များ ကိုရွေးပါ။

မသိသည့် သို့မဟုတ် မကောင်းသည့်အက်ပ်များကိုရှာပါ။ မသိသည့် သို့မဟုတ် မကောင်းသည့်အက်ပ်များကိုရှာပါ။

အဆင့် ၂။ သင်မသိသည့် သို့မဟုတ် မကောင်းသည့်အက်ပ်ဟုထင်သည့် အက်ပ်ကိုရှာပါ။

အက်ပ်အား ဖယ်ရှားပါ။ အက်ပ်အား ဖယ်ရှားပါ။

အဆင့် ၃။ ဖယ်ရှားမည် ကိုရွေးချယ်ပါ။

အိုကေ ကိုနှိပ်ပါ။ အိုကေ ကိုနှိပ်ပါ။

အဆင့် ၄။ အိုကေ ကိုနှိပ်ပါ။

အောက်ပါအဆင့်များအတိုင်းလုပ်ဆောင်၍ လုံခြုံရေးအနေအထားမှ ပုံမှန်အနေအထားသို့ပြန်ပြောင်းပါ။ 

အဆင့် ၁။ အသံတိုးခလုတ်နှင့် ဘေးခလုတ်ကို တပြိုင်တည်းနှိပ်၍ဖိထားပါ။
အဆင့် ၂။ ပြန်စမည် ကိုရွေးပါ။

လုံခြုံရေးအနေအထားမှ သာမန်အနေအထားသို့ပြောင်းခြင်း

SD ကဒ်အား format လုပ်ခြင်းဖြင့် အသိအမှတ်ပြုခြင်းပြဿနာကို ပြေလည်အောင်ကြိုးစားနိုင်ပါသည်။ ဒေတာဆုံးရှုံးမှုမဖြစ်စေရန် format မချမီ အရန်သိမ်းဆည်းထားကြောင်းသေချာပါစေ။ သင့် SD ကဒ်ကို format ချရန်အတွက် အောက်ပါအဆင့်များအတိုင်းလုပ်ဆောင်ပါ။

မှတ်ချက်။

  • Format ချခြင်းသည် SD ကဒ်တွင်ရှိပြီးသား ဒေတာများကိုဖျက်သွားမည်ဖြစ်ပြီး ပြန်ယူ၍မရနိုင်ပါ။ 
ဘက်ထရီနှင့်ကိရိယာ ထိန်းသိမ်းစောင့်ရှောက်မှုသတ်မှတ်ချက်များ ဘက်ထရီနှင့်ကိရိယာ ထိန်းသိမ်းစောင့်ရှောက်မှုသတ်မှတ်ချက်များ

အဆင့် ၁။ သတ်မှတ်ချက်များ သို့သွား၍ ဘက်ထရီနှင့်ကိရိယာထိန်းသိမ်းစောင့်ရှောက်မှုကိုနှိပ်ပါ။

သိုလှောင်ခန်း ကိုရွေးချယ်ပါ။ သိုလှောင်ခန်း ကိုရွေးချယ်ပါ။

အဆင့် ၃။ သိုလှောင်ခန်း ကိုရွေးချယ်ပါ။

နောက်ထပ် ကိုနှိပ်၍ အဆင့်မြှင့်တင်မှုများ ကိုရွေးပါ။ နောက်ထပ် ကိုနှိပ်၍ အဆင့်မြှင့်တင်မှုများ ကိုရွေးပါ။

အဆင့် ၃။ နောက်ထပ် ကိုနှိပ်၍ အဆင့်မြှင့်တင်မှုမျာကိုရွေးပါ။

SD ကဒ်သတ်မှတ်ချက်များရွေးချယ်ပါ။ SD ကဒ်သတ်မှတ်ချက်များရွေးချယ်ပါ။

အဆင့် ၄။ SD ကဒ် ကိုရွေးပါ။

Format ကိုနှိပ်ပါ။ Format ကိုနှိပ်ပါ။

အဆင့် ၅။ Format ကိုနှိပ်၍ စခရင်တွင်ပေါ်လာသည့် လမ်းညွှန်များအတိုင်းလုပ်ဆောင်၍ SD ကဒ်ကို format လုပ်ပါ။

ကိရိယာကာကွယ်ရေး ဖြင့် သင့်ဖုန်းအားကောင်းမွန်အောင်လုပ်ဆောင်ပြီး ကာကွယ်နိုင်ပါသည်။ ၄င်းသည် နောက်ပိုင်းတွင် SD ကဒ်အသိအမှတ်ပြုခြင်းအား မဲလ်ဝဲနှောင့်ယှက်မှုမှ ကာကွယ်ပေးနိုင်ပါသည်။

 ဘက်ထရီနှင့်ကိရိယာ ထိန်းသိမ်းစောင့်ရှောက်မှု  ဘက်ထရီနှင့်ကိရိယာ ထိန်းသိမ်းစောင့်ရှောက်မှု

အဆင့် ၁။ သတ်မှတ်ချက်များ သို့သွား၍ ဘက်ထရီနှင့်ကိရိယာထိန်းသိမ်းစောင့်ရှောက်မှုကိုနှိပ်ပါ။

ကိရိယာကာကွယ်ရေး ကိရိယာကာကွယ်ရေး

အဆင့် ၂။ ကိရိယာကာကွယ်ရေး ကိုရွေးပါ။

ဖုန်းကို စကန်ဖတ်ပါ ဖုန်းကို စကန်ဖတ်ပါ

အဆင့် ၃။ ဖုန်းကို စကန်ဖတ်ပါ ကိုနှိပ်ပါ။

မှတ်ချက်။

  • အသံနှင့်ဘေးခလုတ်နေရာများသည် ဖုန်းမော်ဒယ်အလိုက် ကွဲပြားနိုင်ပါသည်။
  • SD ကဒ်အသုံးပြုမှုကို ဖုန်းမော်ဒယ်တိုင်းတွင် အထောက်အပံ့မပေးထားပါ။
  • အထက်ပါအတိုင်းလုပ်ဆောင်သော်လည်း ပြဿနာကြုံနေရသေးပါက သင့်ဖုန်းတွင် ပြင်ပထိခိုက်မှုရှိနေနိုင်ပါသည်။ သက်ဆိုင်ရာအချက်အလက်များပိုမိုသိရှိရန် ၀န်ဆောင်မှုစင်တာ ကိုကြည့်ရှုပါ။
  • ဖုန်း စခရင်ရှော့များနှင့် မီနူးများသည် ဖုန်းမော်ဒယ်နှင့်ဆော့ဖ်ဝဲလ်ဗားရှင်းပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။

Samsung Members အက်ပ်ကို ဘယ်လိုသုံးရမလဲ။

Samsung မိုဘိုင်းလ်ဖုန်းများ၊ တက်ဘလက်များနှင့် ဝတ်ဆင်နိုင်သော ပစ္စည်းများတွင် အခက်အခဲများကြုံရပါက Samsung Members အက်ပ်တွင် ကျွန်ုပ်တို့ထံ မေးမြန်းနိုင်ပါသည်။ Error များကိုတိုင်ကြားခြင်းနှင့်ပတ်သက်ပြီး ပိုမိုရှာဖွေလိုက်ပါ။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ