အေအာရ် ဒူဒဲလ် ( AR Doodle) သွင်ပြင်ကို Note10 ပေါ်တွင် အသုံးပြုပုံ

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 24.11.2020

ပျော်ရွှင်ဖွယ် ဗွီဒီယိုများကို အတုအယောင် လက်ရေးများ သို့မဟုတ် မျက်နှာများပေါ် သို့မဟုတ် တစ်နေရာရာပေါ်တွင် ပုံများဆွဲပြီး မှတ်တမ်းတင်နိုင်ပါသည်။ ကင်မရာက မျက်နှာ သို့မဟုတ် နေရာတစ်ခုကို မှတ်မိသိရှိသောအခါ မျက်နှာပေါ်ရှိ ဒူဒဲလ်က မျက်နှာရွေ့ရာနောက်သို့ လျှောက်လိုက်ပြီး ကင်မရာက ရွေ့နေလျက်နှင့်ပင် နေရာတစ်နေရာတည်း၌ ဒူဒဲလ်က ရပ်တန့်နေပါလိမ့်မည်။ 

1 ကင်မရာ အက်ပ် (Camera app) ကိုဖွင့်ပြီး ရိုက်ကူးသည့်ပုံစံ စာရင်းပေါ်တွင် ဗွီဒီယို (Video ) ကို ခေါက်လိုက်ပါ။
2 သင်အလိုရှိသည့် ပုံစံတစ်ခုကို ရွေးချယ်၍ ကိုခေါက်လိုက်ပါ။ ကင်မရာက အရာဝတ္ထုကို မှတ်မိသိရှိချိန်၌ မှတ်မိသိရှိသည့် ဧရိယာက စကရင်င်မျက်နှာပြင်ပေါ်တွင် ပေါ်လာပါလိမ့်မည်။

• မျက်နှာ - မျက်နှာတစ်ခုပေါ်ရှိ ဒူဒဲလ်ကို နေရာချပါ။ 

• နေရာတိုင်း -အခြားတစ်နေရာရာရှိ ဒူဒဲလ်။

ဒန်းလွှဲတစ်ခုပေါ်ရှိ ယောင်္ကျားလေးတစ်ဦး၏မျက်နှာကို Note10 ကင်မရာမှ မှတ်မိသိရှိခြင်း

*ယခုရုပ်ပုံက အင်္ဂလိပ်ဘာသာစကားဖြင့် နမူနာဖြစ်ပါသော်လည်း သင်၏နိုင်ငံသုံး ဘာသာစကားဖြင့်လည်း ရရှိနိုင်ပါသည်။

3 မှတ်မိသိရှိသည့်နေရာတွင် စာရေးပါ သို့မဟုတ် ပုံဆွဲပါ။ အကယ်၍ သင်က ကိုခေါက်ပြီး ဒူဒဲလ်ကို စတင်လိုက်ပါက သင် ဒူဒဲလ်လုပ်နေသည်ကို သင့်ဖာသာ မှတ်တမ်းတင်နိုင်ပါသည်။
Note10 ကိုအသုံးပြုပြီး ဒန်းလွှဲပေါ်ရှိ ယောင်္ကျားလေးတစ်ဦး၏ မျက်နှာပုံပေါ်တွင် ပုံဆွဲခြင်း

*ယခုရုပ်ပုံက အင်္ဂလိပ်ဘာသာစကားဖြင့် နမူနာဖြစ်ပါသော်လည်း သင်၏နိုင်ငံသုံး ဘာသာစကားဖြင့်လည်း ရရှိနိုင်ပါသည်။

4 ဗွီဒီယိုတစ်ခုကို မှတ်တမ်းတင်ရန် ကို ခေါက်ပါ။
5 ဗွီဒီယို မှတ်တမ်းတင်နေသည်ကို ရပ်ရန် ကို ခေါက်ပါ။ ဗွီဒီယိုကို ဂယ်လာရီထဲတွင် သင် ကြည့်ရှုပြီး မျှဝေနိုင်ပါသည်။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ