Galaxy S23 ပုံရိပ်ခဲဖျက် ကို အသုံးပြုနည်း

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 28.02.2023

ပုံရိပ်ခဲဖျက်သည် Galaxy ဓာတ်ပုံတည်းဖြတ်ခြင်း လုပ်ဆောင်မှုတစ်ခုဖြစ်ပြီး ၎င်းဖြင့်သင်သည် ရုပ်ပုံများမှ အလိုမရှိသော အရာများကို ရွေးချယ်၍ ဖျက်နိုင်သည်။ ပုံရိပ်ဖျက်ခြင်းအပြင် အရိပ်ဖျက်ခြင်း/အလင်းပြန်မှုဖျက်ခြင်းသည် အလိုမရှိသော အရိပ်နှင့် အလင်းပြန်မှုများအတွက် ရုပ်ပုံများကို ခွဲခြမ်းစိတ်ဖြာရန် AI ကို အသုံးပြုပြီး ၎င်းတို့ကို အလိုအလျောက် ဖျက်သည်။ အပ်ဒိတ်လုပ်ထားသော One UI 5.1 တွင် စီမံလုပ်ဆောင်နှုန်း၊ ကြည်လင်ပြတ်သားမှုနှင့် ရုပ်ပုံအရည်အသွေး ပိုမိုကောင်းမွန်စေရန် ပုံရိပ်ခဲဖျက်ကို အကောင်းဆုံးချိန်ညှိထားပြီး Galaxy S23 တွင် ပုံရိပ်ခဲဖျက်လုပ်ဆောင်ချက်က ပြိုင်ဘက်ကင်းဖြစ်သည်။

ခဲဖျက်အိုင်ကွန်နှင့်အတူ အလင်းပြန်မှုများ ပါသည့်ပုံနှင့် မပါသည့်ပုံ။

Galaxy ပုံရိပ်ခဲဖျက် ကို အသုံးပြုနည်း

ပုံရိပ်များကို ဖျက်နေသည့်ရုပ်ပုံ။

ပုံရိပ်ခဲဖျက်ဖြင့်သင်သည် ရုပ်ပုံအတွင်းရှိ ပုံရိပ်များကို ရွေးချယ်၍ ဖျက်နိုင်ပြီး အကောင်းဆုံး ရုပ်ပုံအရည်အသွေးကိုလည်း မထိခိုက်စေရန် ထိန်းသိမ်းထားရှိပေးသည်။

 

  • ပုံရိပ်များကို ဖျက်နည်း
ပြခန်းအိုင်ကွန်ပုံ ပြခန်းအိုင်ကွန်ပုံ

အဆင့် 1။ ပြခန်း ကိုဖွင့်ပါ။

တည်းဖြတ်အိုင်ကွန်ကို ဝိုင်းပြထားသည့်ပုံ။ တည်းဖြတ်အိုင်ကွန်ကို ဝိုင်းပြထားသည့်ပုံ။

အဆင့် 2။ ရုပ်ပုံကိုရွေးချယ်ပြီး တည်းဖြတ် အိုင်ကွန်ကို တို့ပါ။

တည်းဖြတ်ရုပ်ပုံရှိ နောက်ထပ်အိုင်ကွန်ပုံ။ တည်းဖြတ်ရုပ်ပုံရှိ နောက်ထပ်အိုင်ကွန်ပုံ။

အဆင့် 3။နောက်ထပ် ဆက်တင် အိုင်ကွန် ကိုနှိပ်ပါ။

ပုံရိပ်ခဲဖျက် အိုင်ကွန်ပုံ။ ပုံရိပ်ခဲဖျက် အိုင်ကွန်ပုံ။

အဆင့် 4။“ပုံရိပ်ခဲဖျက်” ကိုတို့ပါ။

ခဲဖျက်အိုင်ကွန်နှင့် ဖျက်ရန်ပုံရိပ်များကို အသားပေးဖော်ပြထားသည့်ပုံ။ ခဲဖျက်အိုင်ကွန်နှင့် ဖျက်ရန်ပုံရိပ်များကို အသားပေးဖော်ပြထားသည့်ပုံ။

အဆင့် 5။ ဖျက်ရန် ရုပ်ပုံထဲရှိ ပုံရိပ်များကို တို့ပါ၊ ပြီးဆုံးသောအခါ “ဖျက်ရန်” ကိုတို့ပါ။

ဖျက်ပြီးသည့် ရုပ်ပုံ။ ဖျက်ပြီးသည့် ရုပ်ပုံ။

အဆင့် 6။ ဖျက်ပြီးပါပြီ။

  • အရိပ်များကို ဖျက်နည်း
အရိပ်များကို ဖျက်နေသည့်ရုပ်ပုံ။

အရိပ်ဖျက်ခြင်းသည် ဖျက်ရန်လိုသည့်အရိပ်များနှင့် မဖျက်ဘဲချန်ထားရမည့် အရိပ်များကို အလိုအလျောက်ခွဲခြားပေးပြီး အကောင်းဆုံး ရုပ်ပုံအရည်အသွေးကို ထိန်းသိမ်းထားရှိသည်။

သတိပြုရန်- ဓာတ်ပုံရိုက်သည့် အခြေအနေကဲ့သို့ ဓာတ်ပုံ၏ ဝိသေသလက္ခဏာများပေါ် မူတည်၍ ကွဲပြားမှုများ ရှိနိုင်သည်။

ပြခန်းအိုင်ကွန်ပုံ ပြခန်းအိုင်ကွန်ပုံ

အဆင့် 1။ ပြခန်းကို ဖွင့်ပါ။

တည်းဖြတ်အိုင်ကွန်ကို ဝိုင်းပြထားသည့်ပုံ။ တည်းဖြတ်အိုင်ကွန်ကို ဝိုင်းပြထားသည့်ပုံ။

အဆင့် 2။ ရုပ်ပုံကိုရွေးချယ်ပြီး တည်းဖြတ် အိုင်ကွန်ကို တို့ပါ။

တည်းဖြတ်ရုပ်ပုံရှိ နောက်ထပ်အိုင်ကွန်ပုံ။ တည်းဖြတ်ရုပ်ပုံရှိ နောက်ထပ်အိုင်ကွန်ပုံ။

အဆင့် 3။နောက်ထပ် ဆက်တင် အိုင်ကွန် ကိုနှိပ်ပါ။

ပုံရိပ်ခဲဖျက် အိုင်ကွန်ပုံ။ ပုံရိပ်ခဲဖျက် အိုင်ကွန်ပုံ။

အဆင့် 4။ “ပုံရိပ်ခဲဖျက်” ကိုတို့ပါ။

အရိပ်ဖျက်ရန် ရွေးချယ်စရာကို ဝိုင်းပြထားသည့်ပုံ။ အရိပ်ဖျက်ရန် ရွေးချယ်စရာကို ဝိုင်းပြထားသည့်ပုံ။

အဆင့် 5။ “အရိပ်ဖျက်ရန်” ကိုတို့ပါ။

အရိပ်ဖျက်ပြီးသည့် ရုပ်ပုံ။ အရိပ်ဖျက်ပြီးသည့် ရုပ်ပုံ။

အဆင့် 6။ အရိပ်ဖျက်ပြီးပါပြီ

  • အလင်းပြန်မှုများကို ဖယ်ရှားနည်း
ရုပ်ပုံအလင်းပြန်ခြင်းများကို ဖျက်နေသည့်ပုံ။

အလင်းပြန်မှုဖျက်ခြင်းသည် ဖျက်ရန်လိုအပ်သည့် အလင်းပြန်ခြင်းများကို အလိုအလျောက်သိရှိပြီး အကောင်းဆုံး ရုပ်ပုံအရည်အသွေးကို ထိန်းသိမ်းထားသည်။

ပြခန်းအိုင်ကွန်ပုံ ပြခန်းအိုင်ကွန်ပုံ

အဆင့် 1။ ပြခန်း ကိုဖွင့်ပါ။

တည်းဖြတ်အိုင်ကွန်ကို ဝိုင်းပြထားသည့်ပုံ။ တည်းဖြတ်အိုင်ကွန်ကို ဝိုင်းပြထားသည့်ပုံ။

အဆင့် 2။ ရုပ်ပုံကိုရွေးချယ်ပြီး တည်းဖြတ် အိုင်ကွန်ကို တို့ပါ။

တည်းဖြတ်ရုပ်ပုံရှိ နောက်ထပ်အိုင်ကွန်ပုံ။ တည်းဖြတ်ရုပ်ပုံရှိ နောက်ထပ်အိုင်ကွန်ပုံ။

အဆင့် 3။နောက်ထပ် ဆက်တင် အိုင်ကွန် ကိုနှိပ်ပါ။

ပုံရိပ်ခဲဖျက် အိုင်ကွန်ပုံ။ ပုံရိပ်ခဲဖျက် အိုင်ကွန်ပုံ။

အဆင့် 4။ “ပုံရိပ်ခဲဖျက်” ကိုတို့ပါ။

အလင်းပြန်ခြင်းဖျက်ရန် ရွေးချယ်စရာကို ဝိုင်းပြထားသည့်ပုံ။ အလင်းပြန်ခြင်းဖျက်ရန် ရွေးချယ်စရာကို ဝိုင်းပြထားသည့်ပုံ။

အဆင့် 5။ “အလင်းပြန်ခြင်းဖျက်ရန်” ကိုတို့ပါ။

အလင်းပြန်ခြင်းဖျက်ပြီးသည့် ရုပ်ပုံ။ အလင်းပြန်ခြင်းဖျက်ပြီးသည့် ရုပ်ပုံ။

အဆင့် 6။ အလင်းပြန်ခြင်းကို ဖျက်ပြီးပါပြီ။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ