Samsung Galaxy S22 Ultra ဖြင့် S Pen အသုံးပြုနည်းနှင့် ကိုက်ညီမှုစစ်ဆေးခြင်း

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 18.03.2022

Samsung Galaxy S22 Ultra သည် ပထမဆုံး S Pen ပါရှိသည့်ဖုန်းဖြစ်သောကြောင့် သင့်အနေဖြင့် အလွယ်တကူသယ်ယူနိုင်ပြီး သုံးလိုသည့်အချိန်တွင် အဆင်ပြေစွာ သုံးနိုင်မည်ဖြစ်သည်။ သင်သည် အဆင့်မြှင့်ထားသည့် S Pen ကို သင့်မှတ်စုရေးခြင်းအတွေ့အကြုံကို အမြင့်ဆုံးဖြစ်စေရန် ပျော်စရာနည်းလမ်းများစွာရှိပါသည်။ Galaxy S22 Ultra တွင် မူလပါရှိသည့် S Pen အကြောင်းပိုမိုလေ့လာရန် အောက်ပါလမ်းညွှန်ကို ကြည့်ပါ။

အောက်ဖော်ပြပါ အကြံပြုချက်များအတိုင်း မလုပ်ဆောင်မီ သင့်ကိရိယာ၏ ဆော့ဖ်ဝဲလ်နှင့် သက်ဆိုင်ရာ အက်ပလီကေးရှင်းများအား နောက်ဆုံးဗားရှင်းသို့ အဆင့်မြှင့်ထားကြောင်း သေချာစွာလုပ်ဆောင်ပါ။ သင့်မိုဘိုင်းဖုန်းဆော့ဖ်ဝဲလ်အားအပ်ဒိတ်လုပ်ရန် အောက်ပါအချက်များအတိုင်းလုပ်ဆောင်ပါ။

အဆင့် ၁။ Settings > Software update သို့သွားပါ။

အဆင့် ၂။ Download and install ကိုနှိပျပါ။

အဆင့် ၃။ ပေါ်လာသည့်လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်ပါ။

S Series များထဲတွင် ပထမဆုံး S Pen ပါသည့်ဖုန်း။

Galaxy S22 Ultra သည် မြှုပ်ထားသည့် S Pen ပါဝင်သည့် ပထမဆုံး S series ထုတ်ကုန်ဖြစ်ပါသည်။ သင်သည် ၎င်းဖြင့် စိတ်ကူးစိတ်သန်းများကို ရေးဆွဲနိုင်ခြင်း ၊ လေထဲမှလုပ်ဆောင်ခြင်း ၊ စခရင်ပေါ်တွင် မှတ်စုအသစ် တိုက်ရိုက်ဖွင့်ခြင်း သို့မဟုတ် အခြား S pen သုံးနိုင်သည့် ကိရိယာများအချင်းချင်း လဲ့ပြောင်းအသုံးပြုနိုင်ပါသည်။ သင်သည် S Pen ၏ စာရေးခြင်းလုပ်ဆော်ချက်ကိုအသုံးပြု၍ သင့်လက်ရေးအတိုင်း စခရင်ပေါ်တွင် စာအဖြစ်ပြောင်းလဲပေးနိုင်ပါသည်။

S22 မူလပါရှိသည့် S pen

မှတ်ချက် -

  • Galaxy S22 Ultra မှ S Pen ကို ယခင် Galaxy Note စီးရီးများတွင် ထည့်သွင်း၍မရနိုင်ပါ။
  • S Pen ၏ဒီဇိုင်းကိုလည်း ပိုမိုချောမွေ့ပြီး နူးညံ့သည့်အထိအတွေ့ဖြစ်စေရန် အနက်ရောင်မှိုင်းသို့ ပြောင်းလဲထားပြီး ယခင် Galaxy Note စီးရီးတွင်ပါဝင်သည့် S Pen နှင့်ယှဉ်လျှင် ပိုမိုမြဲမြံပြီး အချိန်ပိုကြာအောင်အသုံးပြုနိုင်ပါသည်။
  • အနက်ရောင်မှိုင်း ဒီဇိုင်းကြောင့် s pen ကိုဖုန်းမှ အသွင်းအထုတ်လုပ်ရာတွင် မသက်မသာခံစားချက် အနည်းငယ်ရရှိနိုင်သော်လည်း ဖုန်းပြဿနာမဟုတ်သောကြောင့် ယုံကြည်ချက်ရှိရှိ အသုံးပြုပေးပါ။ ပြင်ပအရာ၀ထ္ထုများရှိနေပါက အဝတ်နုနုဖြင့် သန့်ရှင်းပေးပါ။

S Pen ခလုတ်ကိုအသုံးပြု၍ အက်ပ်များအား အဝေးမှထိန်းချုပ်ခြင်း မပြုလုပ်မီတွင် S Pen ကို အားသွင်းရပါမည်။ S Pen ကိုအံခွက်ထဲသို့ထည့်လိုက်သည်နှင့် အားသွင်းမှုစတင်ပါလိမ့်မည်။ အဲအက်ရှင်လုပ်ဆောင်ချက်ကို ပိတ်ထားပါက ကိရိယာကို အားသွင်းသည့်အချိန်တွင်သာ S Pen ကို အားသွင်းမည် ဖြစ်ပါသည်။

S22 S pen အားသွင်းခြင်း

အချိန်တခုသတ်မှတ်ပြီး သင့်ဖုန်းဖြင့် အကွာအဝေးတခုမှ ဓာတ်ပုံရိုက်နိုင်သော်လည်း ယခုအခါတွင် S Pen ခလုတ်လေးကို နှိပ်လိုက်ရုံမျှဖြင့် ဓာတ်ပုံများကို အဆင်ပြေပြေရိုက်ကူးနိုင်မည်လည်းဖြစ်ပါသည်။ S Pen ဖြင့် ဓာတ်ပုံရိုက်ရန် အောက်ပါအဆင့်များအတိုင်း လုပ်ဆောင်ပါ။

S22 S pen ဓာတ်ပုံရိုက်ခြင်း အဆင့် ၁ S22 S pen ဓာတ်ပုံရိုက်ခြင်း အဆင့် ၁

အဆင့် ၁။ သတ်မှတ်ချက်များ ကိုဖွင့်၍ အဆင့်မြင့်လုပ်ဆောင်ချက်များ ကိုနှိပ်ပါ။

S22 S pen ဓာတ်ပုံရိုက်ခြင်း အဆင့် ၂ S22 S pen ဓာတ်ပုံရိုက်ခြင်း အဆင့် ၂

အဆင့် ၂။ S Pen ကိုနှိပ်ပါ။

S22 S pen ဓာတ်ပုံရိုက်ခြင်း အဆင့် ၃ S22 S pen ဓာတ်ပုံရိုက်ခြင်း အဆင့် ၃

အဆင့် ၃။ Air actions ကိုနှိပ်၍ လုပ်ဆောင်ချက်ဖွင့်ရန် ခလုတ်ကိုနှိပ်ပါ။

S22 S pen ဓာတ်ပုံရိုက်ခြင်း အဆင့် ၄ S22 S pen ဓာတ်ပုံရိုက်ခြင်း အဆင့် ၄

အဆင့် ၄။ ကင်မရာ အက်ပ်ကိုဖွင့်ပါ။

S22 S pen ဓာတ်ပုံရိုက်ခြင်း အဆင့် ၅ S22 S pen ဓာတ်ပုံရိုက်ခြင်း အဆင့် ၅

အဆင့် ၅။ ဓာတ်ပုံရိုက်ရန် S Pen ခလုတ် ကို နှိပ်ပါ။

  • ဓာတ်ပုံအတွဲလိုက်ရိုက်ရန်အတွက် S Pen ခလုတ်ကို နှိပ်၍ဖိထားပါ။
  • ရိုက်ကူးရေးမုဒ်ကိုပြောင်းရန် S Pen ခလုတ်ကိုနှိပ်ဖိထားပြီးူ S pen ကို ဘယ်ညာ ရွှေ့ပါ။
  • ကင်မရာတခုနှင့်တခုပြောင်းရန် S Pen ခလုတ်ကို နှစ်ချက်နှိပ်ပါ။

အက်ပ်များကို သင့်ဖုန်းကို Bluetooth Low Energy(BLE) နည်းဖြင့် S Pen နှင့်ချိတ်ဆက်ပြီး အဝေးမှ ထိန်းချုပ်နိုင်ပါသည်။

ဥပမာအားဖြင့် သင်သည် S Pen ခလုတ်ကိုနှိပ်ဖိထားခြင်းခြင့် ကင်မရာအက်ပ်ကဲ့သို့ အက်ပ်များကို အမြန်ဖွင့်နိုင်ပါသည်။ ကင်မရာအက်ပ်ကိုအသုံးပြုနေစဉ်တွင်လည်း ခလုတ်တချက်နှိပ်ရုံဖြင့် ဓာတ်ပုံများရိုက်ကူးနိုင်ပါသည်။ သီချင်းဖွင့်ထားစဉ်တွင် S pen ကိုဖိနှိပ်ထားပြီး အပေါ်သို့တင်ပါက အသံကျယ်လာမည်ဖြစ်ပြီး ထိုနည်းတူစွာပင် အောက်သို့နှိမ့်လိုက်ပါက အသံတိုးနိုင်ပါသည်။

မှတ်ချက် -

  • S Pen ၏ Air action လုပ်ဆောင်ချက်ကို အသုံးပြုနိုင်မီတွင် S Pen ကို အားသွင်းရပါမည်။
  • S Pen ကို အပေါက်မှဖြုတ်သောအခါ အခြေအနေပြဘားပေါ်တွင် S Pen အိုင်ကွန်ပေါ်လာပါမည်။ ကိရိယာနှင့်ဝေးရာတွင် S Pen အားကုန်သွားပါက သို့မဟုတ် S Pen နှင့် ကိရိယာအကြားတွင် အတားအဆီးများ သို့မဟုတ် ပြင်ပအနှောင့်အယှက်များ ရှိပါက S Pen ကို ကိရိယာမှ ဖြုတ်လိုက်မည်ဖြစ်ကာ အိုင်ကွန်သည် မီးခိုးရောင်ပြောင်းသွားပါမည်။ S Pen ၏ အဲအက်ရှင် လုပ်ဆောင်ချက်ကို ထပ်မံအသုံးပြုရန်အတွက် S Pen ကို အပေါက်တွင် ပြန်လည်ထည့်သွင်းခြင်းဖြင့် S Pen နှင့် ကိရိယာကို ချိတ်ဆက်ပါ။

သင့်အနေဖြင့် ဖွင့်ရန် အက်ပ်သို့မဟုတ် လုပ်ဆောင်ချက်တခု သတ်မှတ်ပေးထားနိုင်ပြီး သင်အသုံးပြုလိုသည်ကို S Pen လုပ်ဆောင်ချက်ဖြင့် ပြောင်းလဲနိုင်ပါသည်။ အောက်ပါအဆင့်များအတိုင်းလုပ်ဆောင်၍ သင်ပြောင်းလဲလိုသည့် အက်ပ် သို့မဟုတ် လုပ်ဆောင်ချက်ကို သတ်မှတ်ပါ။

S22 S pen အားသွင်းအက်ပ်များ အဆင့် ၁ S22 S pen အားသွင်းအက်ပ်များ အဆင့် ၁

အဆင့် ၁။ သတ်မှတ်ချက်များ ကိုဖွင့်၍ အဆင့်မြင့်လုပ်ဆောင်ချက်များ ကိုနှိပ်ပါ။

S22 S pen အားသွင်းအက်ပ်များ အဆင့် ၂ S22 S pen အားသွင်းအက်ပ်များ အဆင့် ၂

အဆင့် ၂။ S Pen ကိုနှိပ်ပါ။

S22 S pen အားသွင်းအက်ပ်များ အဆင့် ၃ S22 S pen အားသွင်းအက်ပ်များ အဆင့် ၃

အဆင့် ၃။ Air actions ကိုနှိပ်ပါ။

S22 S pen အားသွင်းအက်ပ်များ အဆင့် ၄ S22 S pen အားသွင်းအက်ပ်များ အဆင့် ၄

အဆင့် ၄။ Hold down Pen button to ကိုနှိပ်ပါ။

S22 S pen အားသွင်းအက်ပ်များ အဆင့် ၅ S22 S pen အားသွင်းအက်ပ်များ အဆင့် ၅

အဆင့် ၅။ သင်ပြောင်းလိုသည့် အက်ပ် သို့မဟုတ် လုပ်ဆောင်ချက်ကို ရွေးပါ။ S Pen ခလုတ်ကို အောက်သို့ဆွဲချထားပြီး အက်ပ် ကိုဖွင့်နိုင်ပါသည်.

S Pen တွင် ချိတ်ဆက်မှုပြဿနာ သို့မဟုတ် S Pen မကြာခဏ ချိတ်ဆက်မှု ပြုတ်နေပါက S Pen ကို ပြန်သတ်မှတ်ပြီး ပြန်လည်ချိတ်ဆက်ပါ။ အံခွက်အတွင်းသို့ S Pen ကိုထည့်ပါ။ ထို့နောက် Air actions သတ်မှတ်ချက် စခရင်ကိုဖွင့်၍ နောက်ထပ်ရွေးချယ်စရာများ (ဒေါင်လိုက်အစက် ၃ စက်) > S Pen ပြန်သတ်မှတ်မည် ကိုနှိပ်ပါ။

မှတ်ချက် -

  • သင်သည် Samsung မှ အသိအမှတ်ပြုထားသည့်် Bluetooth Low Energy(BLE) အထောက်အပံ့ပေးထားသည့် S Pen ဖြင့်သာ ချိတ်ဆက်နိုင်မည်ဖြစ်သည်။
  • S Pen ချိတ်ဆက်ထားစဉ်တွင် S Pen ကိုမဖြုတ်ပါနှင့်။ ထိုသို့လုပ်ခြင်းသည် လုပ်ဆောင်ချက်ကိုအနှောင့်အယှက်ဖြစ်စေပါသည်။

Galaxy S22 Ultra မှ S Pen ကိုအခြား ကိရိယာတွင် အသုံးပြုသည့်အခါ

  • S Pen သည် အထူးသဖြင့် Galaxy S22 Ultra အတွက် ဒီဇိုင်းထုတ်ထားပြီး Wacom ပန်နယ်ဖြင့် write-only မုဒ်တွင် အသုံးပြုနိုင်ပါသည်။ အခြားမော်ဒယ်များနှင့် ချိတ်ဆက်ရန် ကိုက်ညီမှု မရှိသောကြောင့် Air Actions လုပ်ဆောင်ချက် ကို ကန့်သတ်ထားနိုင်ပါသည်။

Galaxy S22 Ultra တွင် အခြားကိရိယာမှ S Pen ကိုအသုံးပြုသည့်အခါတွင်

  • Galaxy Note စီးရီးများမှ S Pen - စာရေးခြင်းလုပ်ဆောင်ချက်သာ ရရှိနိုင်ပါသည်။
  • Galaxy Tab မှ S Pen - စာရေးခြင်းလုပ်ဆောင်ချက်သာ ရရှိနိုင်ပါသည်။
  • Galaxy Z Fold3 မှ S Pen - မရရှိနိုင်ပါ။
  • S Pen Pro - စာရေးခင်းနှင့် Air actions လုပ်ဆောင်ချက်များ ရရှိနိုင်ပါသည် ( S Pen မုဒ်သို့ ပြောင်းထားချိန်တွင်သာ ၊ Z Fold မုဒ် မဟုတ်ချိန် )

မှတ်ချက် - ဖုန်း စခရင်ရှော့များနှင့် မီနူးများသည် ဖုန်းမော်ဒယ်နှင့်ဆော့ဖ်ဝဲလ်ဗားရှင်းပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။

Samsung Members အက်ပ်ကို ဘယ်လိုသုံးရမလဲ။

Samsung မိုဘိုင်းလ်ဖုန်းများ၊ တက်ဘလက်များနှင့် ဝတ်ဆင်နိုင်သော ပစ္စည်းများတွင် အခက်အခဲများကြုံရပါက Samsung Members အက်ပ်တွင် ကျွန်ုပ်တို့ထံ မေးမြန်းနိုင်ပါသည်။ Error များကိုတိုင်ကြားခြင်းနှင့်ပတ်သက်ပြီး ပိုမိုရှာဖွေလိုက်ပါ။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ