စခရင်ထိပ်ဆုံးရှိ အစိမ်းရောင်အစက်၏ အဓိပ္ပာယ်ကို သိပါ

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 26.05.2022

ကင်မရာနှင့် မိုက်ခရိုဖုန်းအသုံးပြုမှုနှင့်

အသိပေးချက် ပန်နယ်၏ ထိပ်ဆုံးအစိမ်းရောင် အစက်ကလေးပါဝင်သည့် ပင်မစခရင် မြင်ကွင်း။

အသိပေးချက်ပန်နယ်၏ ထိပ်တွင် အစိမ်းရောင် အစက်ကလေးကို အချိန်နှင့် တပြေးညီ ပြပေးခြင်းအားဖြင့် အပလီကေးရှင်းတစ်ခုခုက ဖုန်း၏ ကင်မရာ သို့မဟုတ် မိုက်ကရိုဖုန်းကို အသုံးပြုနေသည်အခါ ဤအစိမ်းရောင်အစက်က အသိပေးပါသည်။

စာရင်းကို ကြည့်နေ သို့မဟုတ် ရှာဖွေသည့်အခါတွင် မည်သည့် အပလီကေးရှင်းက ကင်မရာ သို့မဟုတ် မိုက်ကရိုဖုန်းကို အသုံးပြုနေလဲဆိုသည်ကို ကြည့်နိုင်မည်ဖြစ်သည်။

အဆိုပါ အစိမ်းရောင် အစက်ကို နှိပ်လိုက်လျှင် မည်သည့် အပလီကေးရင်းက အဆိုပါ လုပ်ဆောင်ချက်များကို အသုံးပြုနေလဲဆိုသည်ကို သိနိုင်မည်ဖြစ်သည်။

မည်သည့် အပလီကေးရှင်းက မိမိ၏ ကင်မရာ သို့မဟုတ် မိုက်ကရိုဖုန်းကို အသုံးပြုနေလဲ ကြည့်ရှုနည်း

အဆင့် ၁။ ကင်မရာနှင့် မိုက်ရိုဖုန်းပုံ ပေါ်နေသည့် ဖုန်းခေါ်ဆိုမှု မြင်ကွင်း။ အခြားသော အသိပေးချက်များကို ယာယီ ဖုန်းကွယ်ထားသည်။ အဆင့် ၁။ ကင်မရာနှင့် မိုက်ရိုဖုန်းပုံ ပေါ်နေသည့် ဖုန်းခေါ်ဆိုမှု မြင်ကွင်း။ အခြားသော အသိပေးချက်များကို ယာယီ ဖုန်းကွယ်ထားသည်။

အဆင့် ၁ ။ ဤကိရိယာသည် မိုက်ကရိုဖုန်း၊ ကင်မရာ သို့မဟုတ် နှစ်ခုလုံးကို အသုံးပြုနေခြင်းရှိမရှိ အစိမ်းရောင်အစက်ကို ညာဘက် ထိပ်ဆုံးတွင် ပြပေးမည်။

အဆင့် ၂။ ဖုန်းခေါ်ဆိုမှုအတွင်း စက္ကန့်အနည်းငယ်အကြာတွင် စခရင် ညာဘက် အပေါ်ထောင့်တွင်သာ အစိမ်းရောင် အစက်ကလေးကို ပြနေသည်။  အခြားသော အသိပေးချက်များ ပြန်ပေါ်လာသည်။ အဆင့် ၂။ ဖုန်းခေါ်ဆိုမှုအတွင်း စက္ကန့်အနည်းငယ်အကြာတွင် စခရင် ညာဘက် အပေါ်ထောင့်တွင်သာ အစိမ်းရောင် အစက်ကလေးကို ပြနေသည်။  အခြားသော အသိပေးချက်များ ပြန်ပေါ်လာသည်။

အဆင့် ၂ စက္ကန့်အနည်းငယ်အကြာတွင် အခြားသော အသိပေးချက်များနှင့်အတူ အစိမ်းရောင်အစက်ကလေးကိုသာ ပြပေးမည်။

အဆင့် ၃။ ဖုန်းခေါ်ဆိုမှုအတွင်း စခရင် ညာဘက်အပေါ်ထောင့်တွင် အစိမ်းရောင် အစက်ပါဝင်သော အသိပေးချက်များစာရင်း မြင်ကွင်း။  အစိမ်းရောင် အစက်ကို နှိပ်ပါ။ အဆင့် ၃။ ဖုန်းခေါ်ဆိုမှုအတွင်း စခရင် ညာဘက်အပေါ်ထောင့်တွင် အစိမ်းရောင် အစက်ပါဝင်သော အသိပေးချက်များစာရင်း မြင်ကွင်း။  အစိမ်းရောင် အစက်ကို နှိပ်ပါ။

အဆင့် ၃ ။ အသိပေးချက် ဘားကို ဖွင့်ကာ အစိမ်းရောင်အစက် နှိပ်ပါ။

အဆင့် ၄။ လက်ရှိတွင် ကင်မရာ သို့မဟုတ် မိုက်ကရိုဖုန်း အသုံးပြုနေသော အပလီကေးရှင်းများကို ပြသနေသည့် အသိပေးချက် စာရင်း မြင်ကွင်း။ အဆင့် ၄။ လက်ရှိတွင် ကင်မရာ သို့မဟုတ် မိုက်ကရိုဖုန်း အသုံးပြုနေသော အပလီကေးရှင်းများကို ပြသနေသည့် အသိပေးချက် စာရင်း မြင်ကွင်း။

အဆင့် ၄။ ယခုအခါ မည်သည့် အပလီကေးရှင်းက ကင်မရာ သို့မဟုတ် မိုက်ကရိုဖုန်းကို သုံးနေလဲ ဆိုသည်ကို ကြည့်နိုင်မည်ဖြစ်သည်။

ကင်မရာနှင့် မိုက်ကရိုဖုန်း အသုံးပြုခွင့်များကို စစ်ဆေး၊ ပြောင်းလဲနည်း

ကင်မရာနှင့် မိုက်ကရိုဖုန်းအသုံးပြုခွင့်ပေးထားမှုများကို စစ်ဆေးနိုင်သည်။ ထို့နောက် ပြောင်းလဲလိုလျှင် ပြောင်းနိုင်သည်။

ခွင့်ပြုစာရင်းကို စစ်ဆေးလိုလျှင် အောက်ပါ အဆင့်များအတိုင်း ဆောင်ရွက်ပါ။

1 အပြင်အဆင်များ စာရင်းတွင် “ကိုယ်ရေးလုံခြုံမှု”ကို နှိပ်ပါ။
2 ‘’ကိုယ်ရေးလုံခြုံမှု” စာရင်းတွင် “ခွင့်ပြုချက် မန်နေဂျာ”ကို ရွေးချယ်ပါ။
3 “ခွင့်ပြုချက် မန်နေဂျာ” စာရင်းတွင် မည်သည့် အပလီကေးရှင်းက ကင်မရာ သို့မဟုတ် မိုက်ကရိုဖုန်း သို့မဟုတ် နှစ်ခုလုံးကို အသုံးပြုခွင့်ရထားလဲ ကြည့်ရှုနိုင်ပါသည်။

ကျေးဇူးပြု၍ အောက်ပါ အဆင့်များအတိုင်း ဆောင်ရွက်ပါ။

1 အပြင်အဆင်များ စာရင်းတွင် “ကိုယ်ရေးလုံခြုံမှု”ကို နှိပ်ပါ။
2 “ကိုယ်ရေးလုံခြုံမှု”တွင် “ကင်မရာအသုံးပြုခွင့်/မိုက်ကရိုဖုန်းအသုံးပြုခွင့်” ကို နှိပ်ပါ။
3 “ခွင့်ပြုမှုမန်နေဂျာ စာရင်း”တွင် မည်သည့် အပလီကေးရှင်းက ကင်မရာ၊ မိုက်ကရိုဖုန်း သို့မဟုတ် နှစ်ခုလုံးကို အသုံးပြုခွင့် ရှိလဲဆိုသည်ကို ကြည့်ရှုနိုင်ပါသည်။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ