မိမိ Samsung စမတ်ဖုန်းသည် လက်ဗွေကိုအသိအမှတ်မပြုဖြစ်နေသည်။ ဘယ်လိုပြန်ပြင်ရမလဲ။

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 13.01.2022

များစွာသောအကြောင်းရင်းများကြောင့် သင့်ဖုန်း၏ လက်ဗွေအသိအမှတ်ပြုမှုလုပ်ဆောင်ချက်ကို သက်ရောက်နိုင်ပါသည်။ သင်ပြဿနာကြုံတွေ့နေရပါက သင့်ဖုန်းမျက်နှာပြင်ဖန်ကပ် အခြေအနေ ၊ ဖုန်းကို ကြိုးမဲ့စနစ်ဖြင့်အားသွင်းနေခြင်းရှိမရှိ နှင့် လက်ဗွေဖတ်သည့်နေရာတွင် သင့်လက်ကိုမတင်မီ လက်ကိုသေချာစွာသန့်ရှင်းထားကြောင်း ကျေးဇူးပြု၍ စစ်ဆေးပါ။

မှတ်ချက်-

  • blue light filter ကိုအသုံးပြုထားပါက လက်ဗွေအသိအမှတ်ပြုမှုလိုအပ်သည့် အခြေအနေအချို့တွင် filter ပိတ်သွားနိုင်ပါသည်။ Filter သည် လက်ဗွေအသိအမှတ်ပြုမှုနှုန်းကို တိုးတက်စေရန်ဒီလိုလုပ်ဆောင်ပေးပါသည်။
  • ရနိုင်သည့်ဆက်တင်နှင့်ဖန်သားပြင်များသည် ကြိုးမဲ့ဝန်ဆောင်မှုပေးသူ ၊ ဆော့ဖ်ဝဲလ်ဗားရှင်းနှင့် ဖုန်းအလိုက် ကွဲပြားနိုင်ပါသည်။

လက်ဗွေ သို့မဟုတ် ပတ်ဝန်းကျင်အနေအထားအလိုက် အကြောင်းအမျိုးမျိုးကြောင့် သင့်ဖုန်း၏ လက်ဗွေအာရုံခံနေရာသည် လက်ဗွေကိုကောင်းစွာ အသိအမှတ်မပြုခြင်းမျိုးဖြစ်နိုင်သည်။ သင့်လက်ကို အရမ်းမစို၊မခြောက်အောင် စစ်ဆေးပါ သို့မဟုတ် သင့်လက်အားအာရုံခံဧရိယာတွင် သေချာထားရှိခြင်းရှိ၊မရှိစစ်ဆေးပြီး ပြန်ကြိုးစားကြည့်ပါ

ခြောက်နေပါက အသိအမှတ်ပြုရခက်နိုင်ပါသည်။ ခြောက်နေပါက အသိအမှတ်ပြုရခက်နိုင်ပါသည်။

လက်ဗွေများအရမ်းခြောက်နေပါက အသိအမှတ်ပြုရန်ပိုခက်ခဲပါသည်။ သင့်လက်ကိုလိုးရှင်းဖြင့် စိုအောင်လုပ်ပြီး သို့မဟုတ် အာရုံခံကို နည်းနည်းပိုဖိပြီး ထပ်ကြိုးစားကြည့်ပါ။

Fingerprint sensor အချိန်ပိုလိုခြင်း Fingerprint sensor အချိန်ပိုလိုခြင်း

သင့်လက်အား အာရုံခံဧရိယာပေါ်မှအမြန်ဖယ်လိုက်ခြင်းသည်လည်း လက်ေေွအသိအမှတ်မပြုခြင်းရဲ့ အကြောင်းရင်းတခုဖြစ်နိုင်ပါတယ်။ သင့်လက်ကိုအာရုံခံနေရာပေါ်တွင် နည်းနည်းကြာကြာထားပြီးကြိုးစားကြည့်ပါ။

လက်အား လက်ဗွေအာရုံခံဆင်ဆာပေါ်တွင် အပြည့်အဝထားရှိခြင်း။ လက်အား လက်ဗွေအာရုံခံဆင်ဆာပေါ်တွင် အပြည့်အဝထားရှိခြင်း။

သင့်လက်အား အာရုံခံဆင်ဆာပေါ်တွင် သေချာမထားရှိခြင်းသည် လက်ဗွေကိုအသိအမှတ်မပြုခြင်းရဲ့ နောက်ထပ်ဖြစ်နိုင်ခြေရှိတဲ့အကြောင်းရင်းတခုဖြစ်ပါတယ်။ လက်ဗွေအာရုံခံဆင်ဆာပေါ်တွင် လက်ကိုအပြည့်အဝတင်ပြီးထပ်မံကြိုးစားကြည့်ပါ။

လက်ဗွေဒေတာရှုထောင့် ပြောင်းလဲခြင်း။ လက်ဗွေဒေတာရှုထောင့် ပြောင်းလဲခြင်း။

သင့်လက်ဗွေသည် ဖုန်းထဲရှိ လက်ဗွေဒေတာနှင့် မကိုက်ညီပါက သင့်လက်ဗွေရှုထောင့်ကိုပြောင်းခြင်း သို့မဟုတ် လက်ဗွေအသစ်ထည့်ခြင်းဖြင့် ထပ်မံကြိုးစားကြည့်ပါ။

မှတ်ချက်- 

  • သင့်လက်ဗွေဖတ်ရာတွင် ဖုန်းထဲတွင်စာရင်းသွင်းထားသည့်လက်ဗွေနှင့် ဆင်တူဖြစ်မည့် သင့်လက်အတွက်သက်တောင့်သက်သာအဖြစ်ဆုံးအနေအထားဖြင့်သာ လက်ဗွေစာရင်းသွင်းရန် အကြံပြုပါသည်။ သင့်လက်ဗွေအား စာရင်းသွင်းသည့်အချိန်တွင် အာရုံခံဧရိယာအလယ်မှစပြီး အပေါ်အောက် ဘယ်ညာရွှေ့ပါ။

အကြံပြုချက်များ

လက်ဗွေများထပ်ထည့်ခြင်း

အကာအကွယ်ဖြစ်စေရန်အနေဖြင့် လက်မတော်တဆထိခိုက်မှု သို့မဟုတ်တခြားအကြောင်းများကြောင့် လက်ဗွေထိခိုက်ခဲ့ပါကအကူအညီဖြစ်စေရန် လက်ဗွေအများအပြားစာရင်းသွင်းထားဖို့လည်း ကျွန်ုပ်တို့မှအကြံပြုပါသည်။ လက်ဗွေ ၄ ခုအထိ ထားရှိနိုင်ပါသည်။ ထိုသို့လုပ်ဆောင်ရန်အတွက် "Settings" သို့သွား၍ "Biometrics and Security" ကိုနှိပ်ပြီး "Fingerprints" ကိုရွေးပါ။ သင့် လုံခြုံမှု screen lock အချက်အလက်များကိုဖြည့်ပါ။ "Add fingerprint" ကိုရွေးချယ်ပါ။ မျက်နှာပြင်တွင်ပေါ်လာသည့်အတိုင်း လက်ဗွေအသစ်ထည့်ရန်လုပ်ဆောင်ပြီး "ပြီးပြီ" ကိုနှိပ်ပါ။

လက်ဗွေများထပ်ထည့်ခြင်း လက်ဗွေများထပ်ထည့်ခြင်း

အကြံပြုချက်များ

အလှည့်ကျလုံခြုံမှုနည်းလမ်းများကို ကြိုတင်သတ်မှတ်ခြင်း

သင့်လက်ဗွေအာရုံခံစနစ်ချို့ယွင်းပါက Factory reset တန်းလုပ်ခြင်းအစား ပုံမှန် PIN ၊ စကားဝှက် သို့မဟုတ် pattern ကဲ့သို့ လုံခြုံရေးနည်းလမ်းများကိုကြိုတင်သတ်မှတ်ထားရန် အကြံပြုပါသည်။
ထိုသို့လုပ်ဆောင်ရန် “Settings” မှ “Biometrics and Security" သို့သွား၍ pattern ၊ PIN ၊ face recognition စသည်တို့ပါ၀င်သည့် ရွေးချယ်စရာများထဲမှ သင့်ဖုန်းကိုဖွင့်ရန် အခြားနည်းလမ်းတခုရွေးချယ်ထားရန်အတွက် တခုကိုရွေးချယ်ပါ။

အလှည့်ကျလုံခြုံမှုနည်းလမ်းများကို ကြိုတင်သတ်မှတ်ခြင်း အလှည့်ကျလုံခြုံမှုနည်းလမ်းများကို ကြိုတင်သတ်မှတ်ခြင်း

မျက်နှာပြင်ဖန်ကာ သို့မဟုတ် လက်ဗွေအာရုံခံဧရိယာတွင် ခြစ်ရာ သို့မဟုတ် ပျက်စီးမှုများရှိမရှိ သေချာစွာစစ်ဆေးပါ။

မျက်နှာပြင်ဖန်ကာသည် လက်ဗွေအသိအမှတ်ပြုမှုလုပ်ဆောင်ချက်ကို သက်ရောက်စေပါသည်။ မျက်နှာပြင်ဖန်ကာသည် လက်ဗွေအသိအမှတ်ပြုမှုလုပ်ဆောင်ချက်ကို သက်ရောက်စေပါသည်။

သင့်မျက်နှာပြင်ဖန်ကာတွင် ဖုန် သို့မဟုတ်အခြားပြင်ပအရာဝထ္ထုများ ကပ်နေခြင်း သို့မဟုတ် ပျက်စီးနေခြင်းတို့သည် သင့်ဖုန်း၏ လက်ဗွေအသိအမှတ်ပြုမှုလုပ်ဆောင်ချက်ကို သက်ရောက်ပါသည်။

မျက်နှာပြင်ဖန်ကာအတုသည် စွမ်းဆောင်ရည်ကိုထိခိုက်စေပါသည်။ မျက်နှာပြင်ဖန်ကာအတုသည် စွမ်းဆောင်ရည်ကိုထိခိုက်စေပါသည်။

သင်သည် Samsung မှထုတ်ထားခြင်းမဟုတ်သည့် ပြင်ပမျက်နှာပြင်ဖန်ကာကိုအသုံးပြုနေပါက ၄င်း၏ အသေးစိတ် pattern(အစက်နှင့် ဖြတ်ရာများ စသည်) ၊ အထူ သို့မဟုတ် ကုန်ကြမ်းများသည် လက်ဗွေအသိအမှတ်ပြုမှုလုပ်ဆောင်ချက်ကို သက်ရောက်စေနိုင်ပါသည်။

မှတ်ချက်-

  • မျက်နှာပြင်ဖန်ကာသည် ညစ်ပတ်နေခြင်း သို့မဟုတ် ခြစ်ရာများရှိနေပါကအသစ်လဲပါ။ မျက်နှာပြင်ဖန်ကာလဲပြီးသည့်နောက်တွင် ပိုကောင်းသောအသိအမှတ်ပြုမှုရရှိနိုင်ရန်အတွက် လက်ဗွေကိုပြန်လည်စာရင်းသွင်းရန် အကြံပြုပါသည်။
  • စခရင်အောက်ခြေအလယ်တွင်ရှိသည့် သင့်လက်နှင့် လက်ဗွေအာရုံခံဧရိယာသည် သန့်ရှင်းခြောက်သွေ့နေပါစေ။
  • ထူပြီး ဖန်သို့မဟုတ် ဆီလီကွန်ဖြင့်လုပ်ထားသည့် မျက်နှာပြင်ဖန်ကာသို့မဟုတ် pattern များကိုအသုံးပြုခြင်းဖြင့် သင့်လက်ဗွေစာရင်းသွင်းခြင်း သို့မဟုတ် လက်ဗွေဖတ်ခြင်းတို့ကို ကောင်းစွာလုပ်ဆောင်နိုင်မည်မဟုတ်ပါ။
  • Samsung အနေဖြင့် ပြင်ပထုတ်ကုန်များ၏ အထူနှင့် တည်ဆောက်ပုံများသည် လက်ဗွေအာရုံခံဧရိယာ၏ စွမ်းဆောင်ရည်အပေါ် သက်ရောက်နိုင်သောကြောင့် ပြင်ပထုတ်ကုန်များကိုအာမခံမပေးနိုင်ပါ။
  • အာရုံခံဧရိယာများသည် ဖုန်းအမျိုးအစားအလိုက် နေရာပြောင်းလဲနိုင်ပါသည်။ အထက်ဖော်ပြပါ ပြဿနာများသည် ဖန်သားပြင်အတွင်းအာရုံခံဧရိယာပါသည့် ဖုန်းများအတွက်သာ အကျုံးဝင်ပါသည်။

ကြိုးမဲ့အားသွင်းထားသည့်အချိန်တွင် ထုတ်လွှင့်သည့်လျှပ်စစ်လှိုင်းများသည် သင့်ဖုန်း၏ လက်ဗွေအသိအမှတ်ပြုမှုလုပ်ဆောင်ချက်ကို သက်ရောက်စေနိုင်ပါသည်။

ကြိုးမဲ့အားသွင်းခြင်း လက်ဗွေအသိအမှတ်ပြုမှုလုပ်ဆောင်ချက်သက်ရောက်သွားခြင်း။ ကြိုးမဲ့အားသွင်းခြင်း လက်ဗွေအသိအမှတ်ပြုမှုလုပ်ဆောင်ချက်သက်ရောက်သွားခြင်း။

သင့်ဖုန်းကို ကြိုးမဲ့သားသွင်းထားသည့်အချိန်တွင် လက်ဗွေအသိအမှတ်ပြုမှုလုပ်ဆောင်ချက်သည် လျော့သွားနိုင်ပါသည်။

ကြိုးမဲ့အားသွင်းခြင်း မလုပ်ဆောင်ထားသည့်အချိန်တွင်ကြိုးစားကြည့်ပါ။ ကြိုးမဲ့အားသွင်းခြင်း မလုပ်ဆောင်ထားသည့်အချိန်တွင်ကြိုးစားကြည့်ပါ။

သင့်ဖုန်းသည်ကြိုးမဲ့အားသွင်းထားခြင်း ရှိ၊မရှိ စစ်ဆေးပြီး ပြန်လည်ကြိုးစားကြည့်ပါ။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ