Galaxy ဖုန်းအား နှေးခြင်းရပ်သွားခြင်းတို့မဖြစ်စေရန် ဖုန်းကိုပုံမှန် restart ချပေးပါ။

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 13.01.2022

သင့်ဖုန်းသည် သုံးနေစဉ်အတွင်း နှေးသွားခြင်းရပ်သွားခြင်းတို့ဖြစ်ပါက Samsung ၀န်ဆောင်မှုစင်တာကို အကူအညီအတွက်သွားရောက်နိုင်သော်လည်း ပထမဆုံးအနေဖြင့် restart ချပြီး ပြဿနာပြေလည်မှု ရှိ၊မရှိ စစ်ဆေးပါ။ အသေးစိတ်အချက်အလက်များအတွက် အောက်ပါလမ်းညွှန်ကိုကြည့်ပါ။

အောက်ဖော်ပြပါ အကြံပြုချက်များအတိုင်း မလုပ်ဆောင်မီ သင့်ကိရိယာ၏ ဆော့ဖ်ဝဲလ်နှင့် သက်ဆိုင်ရာ အက်ပလီကေးရှင်းများအား နောက်ဆုံးဗားရှင်းသို့ အဆင့်မြှင့်ထားကြောင်း သေချာစွာလုပ်ဆောင်ပါ။ သင့်မိုဘိုင်းဖုန်းဆော့ဖ်ဝဲလ်အားအပ်ဒိတ်လုပ်ရန် အောက်ပါအချက်များအတိုင်းလုပ်ဆောင်ပါ။

အဆင့် ၁။ Settings > Software update သို့သွားပါ။

အဆင့် ၂။ Download and install ကိုနှိပျပါ။

အဆင့် ၃။ ပေါ်လာသည့်လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်ပါ။

Galaxy ဖုန်းအား နေ့စဉ် Restart ချအောင်လုပ်ခြင်း

အချိန်ဖြင့် restart လုပ်ခြင်းသည် သင့် Galaxy ဖုန်းအားပြဿနာများမှ ကာကွယ်ပေးနိုင်ပါသည်။ သင့်ဖုန်း ရုတ်တရက်ရပ်သွားခြင်း သို့မဟုတ် အရမ်းနှေးသွားခြင်းတို့ဖြစ်ပါက အရင်ဆုံးသင့်ဖုန်းကို restart ချကြည့်ပါ။ ပြဿနာသည် တခါတရံ Restart ချကြည့်ရုံနဲ့ ပြေလည်သွားနိုင်ပါသည်။ Samsung ၀န်ဆောင်မှုစင်တာကိုမသွားမီ အချိန်ဖြင့် restart ချကြည့်ပြီး ပြဿနာပြေလည်မှုရှိ မရှိစစ်ဆေးရန် အကြံပြုအပ်ပါသည်။

အလိုအလျောက်အချိန်ဖြင့် restart ဘယ်လိုချမလဲ။

Galaxy ဖုန်းများကို အချိန်ဖြင့် အလိုအလျောက် restart ချရန် သတ်မှတ်ပေးထားနိုင်ပါသည်။ သတ်မှတ်ထားသည့်အချိန်တွင် Auto restart လုပ်ရန် အောက်ပါအဆင့်များအတိုင်းလုပ်ဆောင်ပါ။

အဆင့် ၁။ Settings ကိုဖွင့်၍ Battery and device care ကိုရွေးပါ။

အဆင့် ၂။ More options (ဒေါင်လိုက်အစက်သုံးစက်) ကိုနှိပ်ပါ။

auto restart သတ်မှတ်ခြင်း အဆင့် ၁

အဆင့် ၃ Automation ကိုရွေးချယ်ပါ။

အဆင့် ၄ Auto restart at set timesကိုနှိပ်ပါ။

auto restart သတ်မှတ်ခြင်း အဆင့် ၂

အဆင့် ၅။ Schedule သတ်မှတ်ပါ။ သင့်ဖုန်းသည် သင်သတ်မှတ်ထားသည့်အချိန် ၁ နာရီအတွင်း အလိုအလျောက် restart ချသွားပါလိမ့်မည်။

auto restart သတ်မှတ်ခြင်း အဆင့် ၃

သင့်ဖုန်းအလိုအလျောက် restart ကျမည့်အချိန်မှာ

  • စခရင်ပိတ်ထားသည့်အချိန်
  • ဖုန်းမသုံးသည့်အချိန်
  • ဖုန်းအား ၃၀% အထက်ရှိသည့်အချိန်
  • SIM ကဒ် လော့ခ်အား ပိတ်ထားသည့်အချိန်

မှတ်ချက်- ဖုန်း စခရင်ရှော့များနှင့် မီနူးများသည် ဖုန်းမော်ဒယ်နှင့်ဆော့ဖ်ဝဲလ်ဗားရှင်းပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။

Samsung Members အက်ပ်ကို ဘယ်လိုသုံးရမလဲ။

Samsung မိုဘိုင်းလ်ဖုန်းများ၊ တက်ဘလက်များနှင့် ဝတ်ဆင်နိုင်သော ပစ္စည်းများတွင် အခက်အခဲများကြုံရပါက Samsung Members အက်ပ်တွင် ကျွန်ုပ်တို့ထံ မေးမြန်းနိုင်ပါသည်။ Error များကိုတိုင်ကြားခြင်းနှင့်ပတ်သက်ပြီး ပိုမိုရှာဖွေလိုက်ပါ။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ