သင်၏ အပိုဆောင်း ဘက်ထရီ လုံခြုံစိတ်ချမှုရှိစေရန် အကြံပြုချက်များ

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 17.03.2023

လုံခြုံစိတ်ချရသော ထုတ်ကုန်ပစ္စည်းများဖြင့် လုံခြုံသော အတွေ့အကြုံကိုရရှိခံစား‌စေရန် Samsung မှတာဝန်ယူသည်။ Samsung ၏ အပိုဆောင်း ဘက်ထရီများတွင် အရည်အသွေးမြင့်၊ စွမ်းဆောင်ရည် မြင့်သည့် လီသီယံ-အိုင်ယွန် ဘက်ထရီများကို ထည့်သွင်းထားပါသည်။ သင်၏ အပိုဆောင်း ဘက်ထရီကို ကာကွယ်ရန် အောက်ပါ အဆင့်များကိုလိုက်လုပ်ပြီး ၎င်းကို အကောင်းဆုံးအသုံးပြုပါ။ 

အပိုဆောင်း ဘက်ထရီနှင့် Galaxy မိုဘိုင်းဖုန်း၏ပုံ

သင်၏ အပိုဆောင်း ဘက်ထရီ ကို အသုံးမပြုမီ

အပိုဆောင်း ဘက်ထရီများသည် သက်တမ်းကုန်နိုင်သော ပစ္စည်းဖြစ်သဖြင့် အကြိမ်ရေများစွာ သို့မဟုတ် အချိန်ကြာမြင့်စွာ အားသွင်းခြင်းသည် အပိုဆောင်းဘက်ထရီ၏ လက်ကျန်သက်တမ်းကိုလျော့ကျလာစေသည့် လဏ္ခာရပ်ဖြစ်သည်။ အချိန်ကြာမြင့်စွာ အသုံးပြုခြင်းသည် ဘက်ထရီအားသွင်းချိန် ကြာမြင့်စေခြင်း သို့မဟုတ် ဘက်ထရီ၏ စွမ်းရည်ကိုလျော့ကျစေခြင်းကို ဖြစ်ပေါ်စေပါသည်။

အပိုဆောင်း ဘက်ထရီနှင့် ပတ်ဝန်းကျင်အခြေအနေ

  • Samsung အပိုဆောင်း ဘက်ထရီများကို အပူချိန်အမျိုးမျိုး - ပူလွန်းခြင်း သို့မဟုတ် အေးလွန်းခြင်း စသည့် ယာယီအပူချိန်မျိုးတွင် လုပ်ဆောင်မှုကောင်းစေရန် ပြုလုပ်ထားပါသည်။ ဘက်ထရီကို အမြဲတမ်းအားသွင်းထားခြင်း သို့မဟုတ် လွန်ကဲသည့် အပူချိန်တွင် သုံးပြုခြင်းသည် ဘက်ထရီ၏ သက်တမ်းကို ထိခိုက်စေနိုင်ပါသည်။

  • အပိုဆောင်း ဘက်ထရီ အလုပ်လုပ်ရန်အတွက် အသင့်တော်ဆုံး ပတ်ဝန်းကျင်အပူချိန်မှာ ၀ ~ ၃၅ ဒီကရီ စင်တီဂရိတ်ဖြစ်သည်။

  • အပူချိန် ၃၅ ဒီကရီစင်တီဂရိတ် ထက်မြင့်သော အပူချိန် သို့မဟုတ် ၀ ဒီကရီစင်တီဂရိတ်အောက် နိမ့်သော အပူချိန်တွင် ကြာမြင့်စွာ အသုံးပြုခြင်း သို့မဟုတ် ထားသိုခြင်းသည် ဘက်ထရီ၏ လုပ်ဆောင်ချက်ကို ကျဆင်းစေပြီး ဘက်ထရီသက်တမ်း တိုစေပါသည်။ 

  • အပူချိန်အလွန်မြင့်သည့် ချွေးထုတ်ခန်း သို့မဟုတ် တိုက်ရိုက်နေရောင်အောက်တွင် ကြာမြင့်စွာ ပါကင်ထိုးထားသော ကား စသည်တို့တွင် အသုံးပြုခြင်း သို့မဟုတ် ထားခဲ့ခြင်း မပြုလုပ်ပါနှင့်။ ထို့အပြင် သုံညဒီဂရီအောက် ကျရောက်သည့် ဆောင်းတွင်းကဲ့သို့သော အပူချိန်နိမ့်သည့် ပြင်ပပတ်ဝန်းကျင်သည် ဘက်ထရီကို ဆိုးကျိုးများ ဖြစ်ပေါ်စေပါသည်။ 

အပိုဆောင်း ဘက်ထရီကို အန္တရာယ်ကင်းစွာ အသုံးပြုခြင်း

  • အပိုဆောင်း ဘက်ထရီ သို့မဟုတ် ချိတ်ဆက်အသုံးပြုသော ဖုန်း ကို အားသွင်းပြီးပါက USB ကြိုးကို ဘက်ထရီနှင့် ဖုန်း မှ ဖြုတ်လိုက်ပါ။

  • အပိုဆောင်း ဘက်ထရီနှင့် အားသွင်းကိရိယာသည် အပိုဆောင်းဘက်ထရီ အားသွင်းနေစဉ်အတွင်းတွင် ပူနေနိုင်ပါသည်။ အကယ်၍ အပူချိန် အလွန်မြင့်လာပါက လုံခြုံမှုရှိစေရန် အတွက် အားသွင်းခြင်းရပ်သွားပါလိမ့်မည်။

  • ဘက်ထရီကို လွတ်ကျခြင်းကဲ့သို့သော အလွန်ပြင်းထန်သည့် ဆောင့်မိခြင်းမျိုး မဖြစ်စေပါနှင့်။ ထုတ်ကုန်ပစ္စည်း သို့မဟုတ် ဘက်ထရီ၏ သက်တမ်းကို တိုတောင်းစေခြင်း သို့မဟုတ် ပျက်ဆီးခြင်း သို့မဟုတ် ယိုယွင်းခြင်းဖြစ်ပေါ်နိုင်ပါသည်။

  • အချိန်ကြာမြင့်စွာ အသုံးမပြုဘဲထားမည်ဆိုပါက ဘက်ထရီအားကို ၅၀-၇၀% အထိအားသွင်းထားပြီး ဘက်ထရီနှင့် ၎င်း၏ လုပ်ဆောင်ချက်ကို ကာကွယ်ရန် စိုထိုင်းမှုမရှိသည့် အေးမြသည့် ပတ်ဝန်းကျင်တွင် ထားသိုပါ။

  • ဘက်ထရီအားသွင်းရာတွင် အားမဝင်ခြင်းကို ကာကွယ်ရန် Samsung မှ ထုတ်လုပ်သော မူလအားသွင်းကိရိယာကို အသုံးပြုပါ။

  • အပူလွန်ကဲခြင်းဖြစ်ပေါ် စေနိုင်သည့် အပူပေးထားသည့် ကြမ်းခင်းများ သို့မဟုတ် လျှပ်စစ်စောင်များပေါ်တွင် ပစ္စည်းကိုမထားပါနှင့်။ အပူသည် ဘက်ထရီကို ပျက်စီးစေပါသည်။ အပူလွန်ကဲခြင်း သို့မဟုတ် ထိခိုက်ခြင်း ဖြစ်ပေါ်စေပါသည်။

  • မီးဖိုချောင်သုံး ပစ္စည်းများ (မီးဖို၊ မိုက်ခရိုဝေ့မီးဖို၊ စသဖြင့်) သို့မဟုတ် မီးဖိုချောင်သုံး ပေါင်းအိုးများ၏ အထဲတွင် သို့မဟုတ် အနီးတွင် ပစ္စည်းကို မထားပါနှင့်။

အကယ်၍ အပိုဆောင်းဘက်ထရီ အလုပ်မလုပ်ပါက ဘာလုပ်ရမလဲ

  • အပိုဆောင်း ဘက်ထရီကို အားသွင်းနေစဉ် LED မီးသည် လျင်မြန်စွာ မှိတ်လိုက် လင်းလိုက်ဖြစ်နေလျှင် ဘက်ထရီအထဲတွင် အပူဖြစ်ပေါ်နေခြင်း သို့မဟုတ် အားမဝင်တော့ခြင်းဖြစ်ပေါ်နေပါသည်။ ထိုသို့ဖြစ်ပေါ်ပါက အားသွင်းခြင်းကို ချက်ချင်းရပ်လိုက်ပါ။ ထိုကဲ့သို့ ထပ်မံဖြစ်ပေါ်ပါက အနီးစပ်ဆုံး ဝန်ဆောင်မှုစင်တာတွင် သွားရောက်စစ်ဆေးပါ။

  • အပိုဆောင်း ဘက်ထရီနှင့် အားသွင်းကိရိယာသည် အပိုဆောင်းဘက်ထရီ အားသွင်းနေစဉ်အတွင်းတွင် ပူနေနိုင်ပါသည်။ အကယ်၍ အလွန်ပူလာပါက အားသွင်းကိရိယာကို ဖြုတ်လိုက်ပြီး နောက်ထပ် အားမသွင်းခင်တွင် ပစ္စည်းကို အေးအောင်ထားလိုက်ပါ။

  • အပိုဆောင်း ဘက်ထရီ၏ အားသွင်းကြိုးက အလွန်ပူလာပါက ချိတ်ဆက်ထားသော အားသွင်းကြိုး ပျက်စီးနေခြင်း ဖြစ်နိုင်ပါသည်။ ထိုကိစ္စရပ်မျိုးတွင် အသုံးမပြုမီ မူလအားသွင်းကြိုးဖြင့် အစားထိုးအသုံးပြုခြင်းပြုလုပ်ပါ။

အပိုဆောင်း ဘက်ထရီကို အန္တရာယ်ကင်းစွာ စွန့်ပစ်ခြင်း

  • ဘက်ထရီများကို အန္တရာယ်ကင်းစွာ စွန့်ပစ်ခြင်း သို့မဟုတ် ပြန်လည်အသုံးပြုနိုင်အောင် ပြုလုပ်ခြင်းတွင် ဒေသတွင်းသဘာဝပတ်ဝန်းကျင်ဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာပါ။

  • ဘက်ထရီကို သာမန်စွန့်ပစ်အမှိုက်များနှင့် ရောနှောပြီး မပစ်ပါနှင့်။ 

  • စွန့်ပစ်ရာတွင် ဘက်ထရီအမျိုးအစားများကို ရောနှောစွန့်ပစ်ခြင်း မပြုလုပ်ပါနှင့်။

  • မည့်သည့် ဘက်ထရီကိုမျှ မီးထဲတွင် မစွန့်ပစ်ပါနှင့်။ 

မှတ်သားရန် - သင်၏ဖုန်း အတွက် သီးသန့်ဖော်ပြထားသော ဘက်ထရီအားသွင်းခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်း လမ်းညွှန်ချက်များကို လိုက်နာရန် အရေးကြီးသည်။ 

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ