Galaxy စက်ပစ္စည်းများကိုအသုံးပြုရာတွင် အန္တရာယ်ကင်းရှင်းရေးသတိပြုရန်များ

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 29.12.2022

Galaxy ထုတ်ကုန်များတွင် ထည့်သွင်းထားသော လစ်သီယမ်-အိုင်းယွန်းဘတ္ထရီများသည် အတွင်းပိုင်းတွင်စွမ်းအင်များစွာသိုလှောင်၍ မှားယွင်းစွာအသုံးပြုမိပါက သို့မဟုတ် အလွဲသုံးပါက လူသားနှင့်အရာဝတ္ထုများအတွက် ပြင်းထန်သောမတော်တဆထိခိုက်မှုများကို ဖြစ်ပေါ်စေနိုင်ပါသည်။ သုံးစွဲသူဘေးအန္တရာယ်ကင်းစေရန်နှင့် ပစ္စည်းဥစ္စာများထိခိုက်မှုကိုကာကွယ်ရန် အောက်ပါအချက်များကို သေချာစွာဖတ်ရှုပြီး ထုတ်ကုန်ကိုမှန်ကန်စွာ အသုံးပြုပါ။

Galaxy Flip ခေါက်ဖုန်းနှင့်ဘတ္ထရီအားကိုမြင်ရပုံ

သင်၏ Galaxy စက်ပစ္စည်းများကို အန္တရာယ်ကင်းအောင် ထိန်းသိမ်းရမည့်နည်းလမ်းများ

Samsung Galaxy ဖုန်း၊ နားကျပ်များနှင့် နာရီများကို ဝါယာကြိုးမဲ့စက်တွင် အတူတကွသိမ်းဆည်းပုံ။
  • ပျက်စီးနေသာမီးကြိုး သို့မဟုတ်ပလပ်ခေါင်းများ သို့မဟုတ်လျှပ်စစ်ပလပ်ပေါက်များကို မသုံးစွဲပါနှင့်။
  • ရေစိုနေသောလက် သို့မဟုတ် ခန္ဓာကိုယ်အစိတ်အပိုင်းများဖြင့် စက်ပစ္စည်း၊ မီးကြိုး၊ ပလပ်ခေါင်း သို့မဟုတ်လျှပ်စစ်ပလပ်ပေါက်များကို မထိပါနှင့်။
  • ကြိုးဖြုတ်သောအခါ မီးကြိုးကိုအလွန်အကျွံမဆွဲပါနှင့်။
  • ထုတ်လုပ်သူကခွင့်ပြုထားသော ဘက္ထရီများ၊ အားသွင်းကြိုးများ၊ ကိရိယာများနှင့် ပစ္စည်းများကိုသုံးစွဲပါ။
  • စက်ပစ္စည်ကိုပစ်ချခြင်း၊ ပြင်းထန်သောထိခိုက်စေခြင်းများ မပြုလုပ်ပါနှင့်။
  • သင့်ဖုန်းကို အပူပေးကိရိယာများ၊ မိုက်ခရိုဝေ့ဗ်မီးဖိုများ၊ ပူပြင်းသောထမင်းဟင်းချက်ပစ္စည်းများ သို့မဟုတ်ဖိအားများသောခွက်၊ ပန်းကန်များအနီးတွင် မထားပါနှင့်။
  • သင့်ဖုန်းကို ဖုန် သို့မဟုတ် လေထဲပျံ့နှံ့သောအညစ်အကြေး သိပ်သည်းဆများသည့်နေရာများတွင် မသုံးစွဲပါနှင့် သို့မဟုတ် မထားပါနှင့်။
  • အစုံသုံးဂျက်ပေါက်နှင့် အားသွင်းကြိုးအစကို လျှပ်ကူးပစ္စည်းများဖြစ်သည့် အရည်၊ ဖုန်၊ သတ္တုမှုန့်နှင့် ခဲတံ၏ခဲများနှင့် ထိတွေ့မှုမှ ကာကွယ်ပါ။
  • အစုံသုံးဂျက်ပေါက်ကို ချွန်ထက်သောအရာဝတ္တုများနှင့် ထိတွေ့ခြင်း သို့မဟုတ် ၎င်းကိုထိခိုက်စေခြင်းမှ ရှောင်ကျဉ်ပါ။
  • ဖုန်းစက်ပစ္စည်း သို့မဟုတ် ဘတ္ထရီကို မကိုက်ပါနှင့်၊ မစုပ်ပါနှင့်။
  • အားသွင်းကြိုး၏ အဖိုနှင့်အမငုတ်နှစ်မျိုးလုံးကို တိုက်ရိုက်မဆက်သွယ်ပါနှင့်။
  • မိုးကြိုးမုန်တိုင်းဖြစ်ပေါ်နေသည့်အချိန်တွင် အဆောက်အဦးအပြင်ဘက်၌ သင့်ဖုန်းကိုအသုံးမပြုပါနှင့်။
  • သင့်ဖုန်းကို အသံစနစ်များ သို့မဟုတ်ရေဒီယိုတာဝါများကဲ့သို့ ရေဒီယိုကြိမ်နှုန်းထုတ်လွှတ်နိုင်သော ပစ္စည်းသို့မဟုတ် ကိရိယာများအနီးတွင် မထားပါနှင့်။
  • ပေါက်ကွဲတတ်သောအရာဝတ္ထုများရှိသည့်နေရာတွင် သင့်ဖုန်းကိုပိတ်ထားပါ။

သင့် Galaxy ဖုန်းကိုအန္တရာယ်ကင်းစွာအသုံးပြုနည်း

Galaxy ဖုန်းကို အားသွင်းထားပြီး မီးအားဝင်နေပုံ။
  • သင့်ဖုန်းကို ခြောက်သွေ့စွာထားပါ။
  • သင့်ဖုန်းကို အကြွေစေ့၊ သော့နှင့် ရတနာပစ္စည်းများကဲ့သို့သော သတ္တုပစ္စည်းများနှင့် အတူတကွ မသိမ်းဆည်းပါနှင့်။
  • သံလိုက်စက်ကွင်းအနီးအနားတွင် သင့်ဖုန်းကိုမထားပါနှင့်။
  • သင့်ဖုန်းအပူလွန်ကဲနေချိန်တွင် ၎င်းကိုမထိတွေ့ပါနှင့်။ ထိုသို့ထိတွေ့မိပါက အပူချိန်လျော့နည်းသောလောင်ကျွမ်းခြင်း၊ အရေပြားနီရဲခြင်း နှင့်အကွက်အပျောက်ဖြစ်ပေါ်ခြင်းများကို ခံစားရနိုင်ပါသည်။
  • ကင်မရာမှန်ဘီလူးကို နေရောင်ခြည်တိုက်ရိုက်ထိတွေ့မှုကဲ့သို့ စူးရှသောအလင်းရောင် ထွက်ရှိသောပင်မနေရာနှင့် မထိတွေ့စေရန် သတိထားပါ။
  • သင့်ဖုန်းတွင် ကင်မရာဖလက်ရှ်မီး သို့မဟုတ်ဓါတ်မီးပါရှိပါက ၎င်းကိုလူများနှင့် အိမ်မွေးတိရစ္ဆာန်များ၏ မျက်လုံးများအနီးတွင် မဖွင့်ပါနှင့်။
  • ပေါက်ကွဲတတ်သောအရာဝတ္ထုများရှိသည့်နေရာတွင် သင့်ဖုန်းကိုပိတ်ထားပါ။
  • သင့်ဖုန်းကို ပစ်ချခြင်း၊ ထိခိုက်စေခြင်းများ မဖြစ်ပေါ်ပါစေနှင့်။
  • သင့်ဖုန်းကို တစစစီဖြုတ်ခြင်း၊ ပြောင်းလဲတပ်ဆင်ခြင်း၊ ပြုပြင်ခြင်းများ မပြုလုပ်ပါနှင့်။
  • သင့်ဖုန်းကို ဆေးရုံ၊ လေယာဉ်ပေါ် သို့မဟုတ် ရေဒီယိုကြိမ်နှုန်းကြောင့် အနှောင့်အယှက်ဖြစ်စေမည့် မည်သည့်မော်တော်ယာဉ်ပေါ်တွင်မှ အသုံးမပြုပါနှင့်။
  • သင်သည် နားကြားကိရိယာတပ်ဆင်ထားပါက ရေဒီယိုကြိမ်နှုန်းနှောင့်ယှက်မှုနှင့်ပတ်သက်သော အချက်အလက်များကိုသိရှိရန် ပစ္စည်းထုတ်လုပ်သူကို ဆက်သွယ်ပါ။
  • ထုတ်လုပ်သူကခွင့်ပြုထားသော ဘက္ထရီများ၊ အားသွင်းကြိုးများ၊ ကိရိယာများနှင့် ပစ္စည်းများကိုသုံးစွဲပါ။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ