Galaxy S20, S20+ နှင့် S20 Ultra များတွင်ပါရှိသည့် Single Take မု့ဒ်ဖြင့် များပြားသော ဓာတ်ပုံနှင့် ဗီဒီယိုများကို ရိုက်ကူးလိုက်ပါ။

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 13.11.2020

အရေးကြီးသည့် အမှတ်တရများကို Galaxy S20 စီးရီးများတွင်ပါဝင်သော Single Take ကင်မရာလုပ်ဆောင်ချက်ကိုအသုံးပြု၍ ရိုက်ကူးနိုင်ပါပြီ။ တစ်ချက်မျှရိုက်ရုံဖြင့် AI (ဉာဏ်ရည်တု) ဆော့ဖ်ဝဲမှ ရိုက်ကူးချိန် ၃ စက္ကန့်မှ ၁၀ စက္ကန့်ကြားရှိ ဓာတ်ပုံနှင့်ဗီဒီယိုများကို အမျိုးအစားပေါင်း ၁၄ မျိုးအထိ ရိုက်ကူသိမ်းဆည်းထားနိုင်ပါသည်။

တစ်ချက်ရိုက်ရုံဖြင့် အကောင်းဆုံး ဓာတ်ပုံနှင့် ဗီဒီယိုများကို ရယူလိုက်ပါ။

သင့်လက်ချောင်းလေးဖြင့် တစ်ချက်လောက်နှိပ်လိုက်ရုံအပြင် Single Take ၏ ဉာဏ်ရည်တု စနစ်ဖြင့် ဘယ်လိုရိုက်ရမည်ကို စိတ်ပူစရာမလိုတော့ဘဲ သင့်ရဲ့ အကောင်းဆုံး အမှတ်တရများကို ရိုက်ကူးသိမ်းဆည်းနိုင်ပါပြီ။

Single Take ဖြင့် မြင်ကွင်းကျယ်ရိုက်ချက်များ ၊ အနီးကပ်ရိုက်ချက်များနှင့် ဗီဒီယိုများကို ရိုက်ကူးသိမ်းဆည်းနိုင်ပါသည်။

Single Take ကိုအသုံးပြု၍ရိုက်ထားသော ဓာတ်ပုံ

မှတ်ချက် : မြင်ကွင်းချဲ့ခြင်းကို Single Take တွင် အသုံးပြု၍မရပါ။

Single Take ကိုအသုံးပြုနည်း

အဆင့် ၁ Camera အက်ပလီကေးရှင်းကိုဖွင့်ပါ ရွေးစရာများထဲမှ SINGLE TAKE ကိုရွေးပါ။

အဆင့် ၂ ရိုက်ကူးမည့်ခလုတ်ကိုနှိပ်၍ အကောင်းဆုံးရိုက်ကူးနိုင်ရန် ကင်မရာကိုလှည့်၍ချိန်ပါ။ ကင်မရာသည် မည်သည့်မြင်ကွင်းမဆို မြင်ကွင်းတိုင်း၏ အကောင်းဆုံးဓာတ်ပုံများကို အလိုလိုရိုက်ကူးသိမ်းဆည်းသွားမည်ဖြစ်သည်။

အဆင့် ၃ ရိုက်ကူးပြီးပါကကြည့်ရှုမည်ကိုနှိပ်ပါ။ သင်ရိုက်ထားသည့် အကောင်းဆုံးရိုက်ချက်များကို တွေ့မြင်ရပါလိမ့်မည်။

 

ခလုတ်ကိုအပေါ်သို့ဆွဲရုံမျှဖြင့် အခြားရိုက်ကူးထားမိသည်များကိုလည်း ကြည့်ရှုနိုင်ပါသည်။ စိတ်ကြိုက်သိမ်းယူလိုပါက Select ကိုနှိပ်၍ သင်သိမ်းဆည်းထားလိုသော ပုံများကို အမှန်ခြစ်ပြီးပါ အောက်စိုက်နေသည့်မြှားပုံကို နှိပ်လိုက်ပါ။

Galaxy S20 ဖြင့် Single Take ကိုအသုံးပြု၍ရိုက်ထားသော ဓာတ်ပုံ

Single Take ကိုအသုံးပြု၍ရိုက်ထားသော ဗီဒီယိုနှင့်ဓာတ်ပုံများအတွက် ရနိုင်သော ရွေးချယ်စရာများ

ဉာဏ်ရည်တုဆော့ဖ်ဝဲသည် ရိုက်ကူးချိန် ၃ စက္ကန့်မှ ၁၀ စက္ကန့်အတွင်းရိုက်ကူးထားသမျှ ဗီဒီယိုနှင့် ဓာတ်ပုံများ (ဗီဒီယို ၄ ခုနှင့် ဓာတ်ပုံ ၁၀ ပုံ) ကို အမျိုးအစား ၁၄ မျိုးအထိ ရိုက်ကူးသိမ်းဆည်းပေးပါသည်။

Single Take ဖြင့်ရိုက်ကူးထားသမျှကို Gallery ထဲတွင်ဖော်ပြထားမည်ဖြစ်သည်။.

Single Take ဖြင့်ရိုက်ကူးထားသောပုံ

Single Take

ဓာတ်ပုံ

Video

① AI Best Moments

⑤ Original

② Ultra-Wide shot

⑥ Fast Forward

③ AI Filter

⑦ Bounce (Boomerang)

④ Smart Crop

မှတ်ချက် :မတူသည့်ရိုက်ချက်များကိုရရှိစေရန်အတွက် ရိုက်ကူးချိန်အနည်းဆုံး ၃ စက္ကန့်မှ အများဆုံး ၁၀ စက္ကန့်အထိ ရှိရမည်ဖြစ်သည်။ ရိုက်ကူးချိန်နှင့် ရိုက်ကူးခံအရာ၀ထ္ထုအပေါ်မူတည်၍ ရလဒ်များကွဲပြားနိုင်ပါသည်။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ