Galaxy စမတ်ဖုန်းများတွင် Device care လုပ်ဆောင်ချက်ဆိုတာ ဘာလဲ။

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 20.07.2022

Device care လုပ်ဆောင်ချက်ဖြင့် သင်၏စမတ်ဖုန်း စွမ်းဆောင်ရည်ကို သင့်မြတ်အောင် လုပ်ဆောင်နိုင်ပြီး ဘက္ထရီ၊ သိုလှောင်မှုနှင့် နောက်ထပ်များစွာ အစရှိသည့် နယ်ပယ်များစွာ၏ အခြေအနေကို စစ်ဆေးနိုင်ပါသည်။ တစ်ချက်ထိတွေ့ရုံဖြင့် သင်၏စမတ်ဖုန်းသည် မည်သို့လုပ်ဆောင်နေကြောင်းနှင့် ကောင်းစွာ အသုံးပြုနေခြင်းရှိမရှိကို သိရှိနိုင်ပါမည်။

Device care သင်္တေကနှင့် Galaxy ဖုန်းအချို့ကို ကြည့်ပါ။

Device care သို့ ဝင်ရောက်နည်း

မင်သားထားသော “Battery and device care” ပါသည့် ဆက်တင်မျက်နှာပြင်ကို ကြည့်ပါ။
1 စက် ဆက်တင် သို့ သွား၍ “Battery and device care” ကို နှိပ်ပါ။
မင်သားထားသော လုပ်ဆောင်ချက်များရှိသည့် “Device care” လုပ်ဆောင်ချက်၏ အဓိက မျက်နှာပြင်ကို ကြည့်ပါ။
2 ယခု သင်၏စမတ်ဖုန်း၏ အောက်ပါတို့...အစရှိသည့် ရှုထောင့်များစွာကို စစ်ဆေးနိုင်ပါသည်။
  • ဘက္ထရီ - သင်၏ဘက္ထရီကုန်သည်အထိ စမတ်ဖုန်း ခန့်မှန်းလုပ်ဆောင်ချိန် “ပါဝါစားသက်သာခြင်း”၊ “နောက်ခံအသုံးပြုမှုကန့်သတ်ချက်များ”၊ “ကြိုးမဲ့ပါဝါမျှဝေခြင်း” သို့မဟုတ် “ဘက္ထရီဆက်တင်” အစရှိသည့် လုပ်ဆောင်ချက်များကိုလည်း စစ်ဆေးနိုင်ပါသည်။ 
Device care ၏ “ဘက္ထရီ” လုပ်ဆောင်ချက်ကို ကြည့်ပါ။
  • သိုလှောင်မှု - သင်၏စမတ်ဖုန်းတွင် အသုံးပြုခဲ့သည့်နေရာနှင့် ရရှိနိုင်သည့် နေရာ
Device care ၏ “သိုလှောင်မှု” လုပ်ဆောင်ချက်ကို ကြည့်ပါ။
  • မန်မိုရီ - သင်၏စမတ်ဖုန်းတွင် ကျန်ရှိသည့်မန်မိုရီပမာဏ နောက်ခံအက်ပ်များကို ရပ်ရန် “ယခု ရှင်းရန်” ကို အသုံးပြုနိုင်ပါသည်။ သင်၏ “သီးသန့်အက်ပ်များ” ကိုလည်း စစ်ဆေးနိုင်ပါသည်။ 
Device care ၏ “မန်မိုရီ” မျက်နှာပြင်ကို ကြည့်ပါ။
  • စက်ကာကွယ်မှု - သင်၏စမတ်ဖုန်းကို စကဲန်ဖတ်ရန်နှင့် ဗိုင်းရပ်စ်နှင့် စပိုင်ဝဲလ်များရှာဖွေရန် ဤလုပ်ဆောင်ချက်ကို ဖွင့်ထားပါ။ သင်၏စက်ကို စကဲန်ဖတ်ရန် နောက်ထပ်ရွေးစရာများလည်း ရှာနိုင်ပါသည်။ 
Device care ၏ “စက်ကာကွယ်မှု” မျက်နှာပြင်ကို ကြည့်ပါ။

ထပ်ဆောင်းစောင့်ရှောက်မှု

သင့်စမတ်ဖုန်း၏ နောက်ဆုံးပေါ်ဆော့ဖ်ဝဲလ်အပ်ဒိတ်များ စစ်ဆေးရန်လည်း Device care ကို အသုံးပြုနိုင်ပါသည်။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ