သင့် Galaxy S23 ဖုန်းအပူလွန်ကဲနေပါက Samsung Support ဖြင့် လုပ်ရမည့်အရာ

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 13.02.2023

Galaxy S23 ဖုန်းစီးရီးများတွင် အပူကိုလွှဲပြောင်းလျှော့ချပေးသည့် ပိုမိုကောင်းမွန်သော အဆင့်တစ်ဆင့်ရှိပါသည်. ၎င်းတွင် ယခင်မော်ဒယ်များထက် ပိုမိုကျယ်ဝန်းသောအငွေ့ခန်းပါရှိသောကြောင့် အပူကို ပိုမိုအကျိုးရှိစွာ လွှဲပြောင်းလျှော့ချပေးနိုင်ပါသည်။

S22 နှင့် S23 အငွေ့ခန်းမျာကိုမြင်ရပုံ။

ကျေးဇူးပြု၍မှတ်သားပါ - ဖုန်းကိုအသုံးပြုသောပတ်ဝန်းကျင်ကိုလိုက်၍ အပူကိုခံစားရမည်ဖြစ်ပြီး ၎င်းသည်ပုံမှန်ဖြစ်ကာ ဖုန်း၏သက်တမ်းနှင့် စွမ်းဆောင်ရည်အပေါ် သက်ရောက်မှုမရှိပါ။

သင့် Galaxy ဖုန်းကိုအသုံးပြုစဉ် အပူကိုခံစားရပါက မည်သည်ကိုလုပ်ရမည်နည်း

ဖုန်းအပူချိန်တက်လာသည်ကို သတိပြုမိပါက ဘတ္ထရီနှင့်စက်ပစ္စည်းထိန်းသိမ်းခြင်းရှိ ဖုန်းကိုလျင်မြန်အောင်လုပ်ဆောင်ပါစနစ်ကို အသုံးပြုပါ။ ထို့အပြင် ဖုန်းကိုလျင်မြန်အောင်လုပ်ဆောင်ပါ ဝစ်ဂျစ်ကို လျင်မြန်လွယ်ကူစွာအသုံးပြုရန် သင့်ဟုမ်းစခရင်တွင် တင်ထားပါ။

မြင်သာအောင်ဖော်ပြထားသော ဆက်တင် အိုင်ကွန်ကို မြင်ရပုံ။ မြင်သာအောင်ဖော်ပြထားသော ဆက်တင် အိုင်ကွန်ကို မြင်ရပုံ။

အဆင့် ၁။ ဆက်တင် ရွေးချယ်စရာကို ဖွင့်ပါ။

ဘက်ထရီ နှင့် ဖုန်းထိန်းသမ်းခြင်း ရွေးချယ်စရာကိုထင်သာမြင်သာအောင် ပြသထားပုံ။ ဘက်ထရီ နှင့် ဖုန်းထိန်းသမ်းခြင်း ရွေးချယ်စရာကိုထင်သာမြင်သာအောင် ပြသထားပုံ။

အဆင့် ၂။ "ဘက်ထရီ နှင့် ဖုန်းထိန်းသိမ်းခြင်း" ကို နှိပ်ပါ။

ဘတ္ထရီနှင့်ယခုဖုန်းအကောင်းဆုံးအသုံးပြုခြင်းစနစ်ကို မြင်ရပုံ။ ဘတ္ထရီနှင့်ယခုဖုန်းအကောင်းဆုံးအသုံးပြုခြင်းစနစ်ကို မြင်ရပုံ။

အဆင့် ၃။ “ဖုန်းကိုပိုမိုလျင်မြန်အောင်လုပ်ဆောင်ပါ” ကို နှိပ်ပါ။

ပိုမိုလျင်မြန်အောင်လုပ်ဆောင်ခြင်း စနစ်ပြီးဆုံးခြင်းကို မြင်ရပုံ။ ပိုမိုလျင်မြန်အောင်လုပ်ဆောင်ခြင်း စနစ်ပြီးဆုံးခြင်းကို မြင်ရပုံ။

အဆင့် ၄။ ၎င်းပြီးဆုံးသောအခါ “ပြီးပြီ” ကိုနှိပ်ပါ။

စက်ပစ္စည်းထိန်းသိမ်းခြင်းအတွင်းရှိ အခြားရွေးချယ်စရာအိုင်ကွန်ကို မြင်ရပုံ။ စက်ပစ္စည်းထိန်းသိမ်းခြင်းအတွင်းရှိ အခြားရွေးချယ်စရာအိုင်ကွန်ကို မြင်ရပုံ။

အဆင့် ၅။ နောက်ထပ်ရွေးချယ်စရာ အိုင်ကွန်ကို နှိပ်ပါ။

စက်ပစ္စည်းထိန်းသိမ်းခြင်းအတွင့်ရှိ နောက်ထပ်ရွေးချယ်စရာများနှင့်တကွ အက်ပ်စခရင်ထဲသို့ထည့်ပါကို မြင်သာအောင်ပြထားသည်ကို မြင်ရပုံ။ စက်ပစ္စည်းထိန်းသိမ်းခြင်းအတွင့်ရှိ နောက်ထပ်ရွေးချယ်စရာများနှင့်တကွ အက်ပ်စခရင်ထဲသို့ထည့်ပါကို မြင်သာအောင်ပြထားသည်ကို မြင်ရပုံ။

အဆင့် ၆။ “အက်ပ်စခရင်ထဲသို့ထည့်ပါ” ကိုနှိပ်ပါ။

အက်ပ်စခရင်အတွင်းရှိ စက်ပစ္စည်းထိန်းသိမ်းခြင်းကိုမြင်ရပုံ။ အက်ပ်စခရင်အတွင်းရှိ စက်ပစ္စည်းထိန်းသိမ်းခြင်းကိုမြင်ရပုံ။

အဆင့် ၇။ အက်ပ်စခရင်မှ “စက်ပစ္စည်းထိန်းသိမ်းခြင်း” ကိုကြာကြာနှိပ်ပါ။

စက်ပစ္စည်းထိန်းသိမ်းခြင်းဝစ်ဂျစ်ရွေးချယ်စရာကို မြင်ရပုံ။ စက်ပစ္စည်းထိန်းသိမ်းခြင်းဝစ်ဂျစ်ရွေးချယ်စရာကို မြင်ရပုံ။

အဆင့် ၈။ ဝစ်ဂျစ်များ ကိုဝစ်ဂျစ်ရွေးချယ်စရာကိုဖွင့်ရန် နှိပ်ပါ။

စက်ပစ္စည်းဝစ်ဂျစ်ဆက်တင်နှင့် ပြသမှုကို မြင်ရပုံ။ စက်ပစ္စည်းဝစ်ဂျစ်ဆက်တင်နှင့် ပြသမှုကို မြင်ရပုံ။

အဆင့် ၉။ အိုင်ကွန်ကို ဟုမ်းစခရင်ထဲထည့်ရန် နှိပ်ပါ။

ဟုမ်းစခရင်ပေါ်တွင် စက်ပစ္စည်းထိန်းသိမ်းခြင်းဝစ်ဂျစ်ကို မြင်ရပုံ။ ဟုမ်းစခရင်ပေါ်တွင် စက်ပစ္စည်းထိန်းသိမ်းခြင်းဝစ်ဂျစ်ကို မြင်ရပုံ။

စက်ပစ္စည်းထိန်းသိမ်းခြင်းဝစ်ဂျစ်သည့် သင့်ဟုမ်းစခရင်ပေါ်တွင် ပေါ်လာမည်ဖြစ်ပါသည်။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ