မိုက်ကရိုဖုန်း

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 26.05.2022

သင်၏ Galaxy ဖုန်းတွင် မိုက်ကရိုဖုန်း သို့မဟုတ် စပီကာမှ တစ်ဆင့် ဖုန်းခေါ်သူ၏ အသံကို မကြားရလျှင် အကူအညီ ဖြစ်စေနိုင်သည့် စစ်ဆေးရန် အချက်အနည်းငယ်ရှိပါသည်။

ဖုန်းခေါ်ဆိုမှုကို ပြသနေသည့် အသံလှိုင်းနောက်ခံနှင့် စမတ်ဖုန်း။

အောက်ဖော်ပြပါ အကြံပြုချက်များကို မလုပ်ဆောင်မီ သင့်ကိရိယာ၏ ဆော့ဖ်ဝဲနှင့် ဆက်စပ် အပလီကေးရှင်းများသည် နောက်ဆုံးဗားရှင်းအထိ အဆင့်မြှင့်ထားမထား စစ်ဆေးပါ။  သင့်ကိရိယာ၏ ဆော့ဖ်ဝဲများကို အောက်ပါအဆင့်များအတိုင်း ဗားရှင်းမြှင့်နိုင်ပါသည်။

1 အပြင်အဆင်များ ထဲသို့ သွားပါ> ဆော့ဖ်ဝဲ အဆင့်မြှင့်တင်ခြင်း
2 ဒေါင်းလုတ်ပြီး ထည့်သွင်းခြင်းကို နှိပ်ပါ။
3 စခရင်တွင်ပေါ်လာသော ညွှန်ကြားချက်များအတိုင်း လိုက်လံဆောင်ရွက်ပါ။

သင်၏ မိုက်ကရိုဖုန်း သို့မဟုတ် စပီကာကို ကွယ်နေသည့်အရာများအား ရှာဖွေပါ။

သင်၏ဖုန်းရှိ မိုက်ကရိုဖုန်း သို့မဟုတ် စပီကာကို ဖုန်းကွယ်ထားသည့်အရာများ မရှိအောင် လုပ်ဆောင်ပါ။ ကောင်းမွန်စွာ တပ်ဆင်ထားခြင်းမရှိသည့် မှန်မကွဲ သို့မဟုတ် ဖုန်းကာဗာတို့မှာ ဖုန်းခေါ်ဆိုမှုအတွင်း အသံမသဲမကွဲဖြစ်စေသည့် အတွေ့များသော အကြောင်းရင်းများထဲမှာ တစ်ခုဖြစ်သည်။

စမတ်ဖုန်းစပီကာ၏ တည်နေရာကို ပြသထားသော ဖုန်း

ကျေးဇူးပြု၍ သတိပြုပါ − ဖုန်းကိုလိုက်၍ မိုက်ကရိုဖုန်းနှင့် စပီကာတို့၏ တည်နေရာ ကွဲပြားနိုင်ပါသည်။ 

တစ်ဖက်ကလူ၏ အသံကို မကြားရလျှင် စပီကာမှ အသံကို ချဲ့ကြည့်ပါ။

အဆင့် ၁။ ကိရိယား၏ ညာဘက်တွင် ရှိသော အသံခလုတ်ကို နှိပ်ပါ။ အဆင့် ၁။ ကိရိယား၏ ညာဘက်တွင် ရှိသော အသံခလုတ်ကို နှိပ်ပါ။

အဆင့် ၁ ဖုန်း၏ ဘေးဘက်ရှိ အသံခလုတ်ကို နှိပ်ပါ။

အဆင့် ၂။ အပေါ်ခလုတ်ကို နှိပ်သဖြင့် ဖြစ်ပေါ်လာသည့် အသံကျယ်လာသည့်ပုံ စခရင်ရှော့။ အဆင့် ၂။ အပေါ်ခလုတ်ကို နှိပ်သဖြင့် ဖြစ်ပေါ်လာသည့် အသံကျယ်လာသည့်ပုံ စခရင်ရှော့။

အဆင့် ၂ အပေါ်ခလုတ် သည် အသံကို ချဲ့ပေးသည်။

အဆင့် ၂။ အောက်ခလုတ်ကို နှိပ်သဖြင့် ဖြစ်ပေါ်လာသည့် အသံတိုးလာသည့်ပုံ။ အဆင့် ၂။ အောက်ခလုတ်ကို နှိပ်သဖြင့် ဖြစ်ပေါ်လာသည့် အသံတိုးလာသည့်ပုံ။

အဆင့် ၃။ အောက်ခလုတ် သည် အသံကို လျှော့ပေးသည်။

ကျေးဇူးပြု၍ သတိထားပါ − အဝင်ခေါ်ဆိုမှုအသံကို ဖုန်းခေါ်နေချိန်အတွင်းသာ အတိုးအလျှော့လုပ်နိုင်ပါသည်။  သင်သည် ‘မူလစခရင်’ တွင် ရှိနေလျှင် သင်၏ ဖုန်းဝင်သံကိုသာ အတိုးအလျှော့လုပ်ပေးမည်ဖြစ်ပါသည်။

ဖုန်းကို ပါဝါပိတ်ပြီး ပြန်ဖွင့်ပါ။ ပြီးလျှင် စမ်းကြည့်ပါ။

1 "အလွယ် အပြင်အဆင်မျာ'’ကို ဖွင့်ရန် ဖုန်းမျက်နှာပြင်ထိပ်မှ အောက်သို့ ပွတ်ဆွဲပါ။
2 "ပါဝါ ခလုတ်ပုံ''ကို နှိပ်ပါ။ ပြီးလျှင် ''ပါဝါပိတ်ပြီးပြန်ဖွင့်ရန်'' ကို ရွေးချယ်ပါ။

ထိုသို့ လုပ်ပြီးနောက် ပြဿနာဆက်ရှိနေပါက အောက်ပါ အဆင့်ကို ဆက်လက်ဆောင်ရွက်ပါ။

ဒေါင်းလုတ်ဆွဲထားသည့် အချို့သော အပလီကေးရှင်းများသည် သင်၏ ဖုန်း သို့မဟုတ် တက်ဘလက်ကို ရပ်သွားစေနိုင်၊ ပိတ်သွားစေနိုင် သို့မဟုတ် နှေးသွားစေနိုင်သည်။ အချို့သော အပလီကေးရှင်းများသည် ကင်မရာ၏ လုပ်ဆောင်မှုကိုပင်လျှင် ထိခိုက်စေနိုင်၊ အသံပြဿနာများဖြစ်စေနိုင်၊ ကွန်ရက်ချိတ်ဆက်မှုကို ထိခိုက်စေနိုင်သည်။

 ဘေးကင်းမှုအနေအထား သည် ဒေါင်းလုတ်ဆွဲထားသော အပလီကေးရှင်းများကို ရပ်ပစ်လိုက်ပြီး ဖုန်း သို့မဟုတ် တက်ဘလက်နှင့် အတူပါလာသော မူလ ဆော့ဖ်ဝဲများကိုသာ ဖွင့်ပေးကာ ဖြစ်နေသည့် ပြဿနာက အက်ပလီကေးရှင်းကြောင့်လား သို့မဟုတ် ဖုန်း၊ တက်ဘလက်ကြောင့်လားဆိုသည်ကို သိရှိနိုင်အောင် ပြုလုပ်ပေးပါသည်။  ၎င်းကို ဖွင့်ရန် အောက်ပါအတိုင်း ဆောင်ရွက်ပါ။

1 "အလွယ် အပြင်အဆင်မျာ"ကို ဖွင့်ရန် ဖုန်းမျက်နှာပြင် ထိပ်ဆုံးမှ အောက်သို့ ပွတ်ဆွဲပါ။ ထိုနောက် ‘ပါဝါခလုတ်’ကို နှိပ်ပါ။
2 "ဘေးကင်းမှုအနေအထား"ပုံကလေးပေါ်လာသည်အထိ "ပါဝါပိတ်"ခလုတ်ကို နှိပ်ပြီး ဖိထားပါ။
3 ဘေးကင်းမှုအနေအထား ကို နှိပ်ပြီး ကိရိယာကို ဖွင့်ပါ။ ဘေးကင်းမှုအနေအထား ကို အောင်မြင်စွာ ဝင်ရောက်ပြီးလျှင် ဖုန်းစခရင်၏ အောက်ခြေတွင် ဘေးကင်းမှုအနေအထား ဆိုသည့် စာတမ်းတွေ့ရပါလိမ့်မည်။
4 ယခင်ကြုံနေရသည့် ပြဿနာရှိမရှိ စစ်ဆေးပါ။

 ဘေးကင်းမှုအနေအထား  တွင် အဆိုပါ ပြဿနာများ မပေါ်လျှင် ကြုံနေရသည့် ပြဿနာများမှာ ဒေါင်းလုတ်ထားသော အပလီကေးရှင်း တစ်ခုခုကြောင့် ဖြစ်နိုင်သည်။ ထိုအပလီကေးရှင်းကို ဖယ်ရှား ဖျက်ပစ်သင့်ပါသည်။ 

ကျေးဇူးပြု၍ သတိပြုပါ −  

  • ဘေးကင်းမှုအနေအထား  တွင် ပြဿနာမရှိတော့လျှင် မကြာသေးခင်က ဒေါင်းလုတ်ဆွဲထားသည့် အပလီကေးရှင်း တစ်ခုခုကြောင့် ဖြစ်ရခြင်းဖြစ်သည်။  သင်၏ ဖုန်း သို့မဟုတ် တက်ဘလက်တွင် ပြဿနာမပေါ်ခင်ကလေးက သင်ဒေါင်းလုတ်ဆွဲထားသော အပလီကေးရှင်းကို ဖယ်ရှားဖျက်ပစ်ပါ။
  • ထိုသို့ ဖျက်ပစ်ပြီးနောက် ပြဿနာဆက်ရှိနေလျှင် ဒေါင်းလုပ်ဆွဲထားသော အပလီကေးရှင်းများကြောင့် ဖြစ်နေခြင်းမဟုတ်ပေ။  သင်၏ ဖုန်းကို မူလအနေအထား အတိုင်း ပြန်ပြီး အသစ်ပြန်လည်သတ်မှတ်ဖို့လိုကောင်းလိုနိုင်ပါသည်။ 

ဝိုင်ဖိုင်ခေါ်ဆိုမှု လုပ်ဆောင်ချက်ကို အသုံးပြုနေသည်ဆိုလျှင် အဆိုပါ လုပ်ဆောင်ချက်သည် သင်၏ ခေါ်ဆိုမှုကို ပြုလုပ်ပေးရန်အတွက် ဖုန်း၏ ကွန်ရက်ချိတ်ဆက်မှုကို အသုံးပြုပါလိမ့်မည်။  ဝိုင်ဖိုင်ကွန်ရက် မကောင်းလျှင် ခေါ်ဆိုမှု၏ အရည်အသွေးကို ထိခိုက်နိုင်ပါသည်။ အဆိုပါ ဆက်တင်ကို ပိတ်ပြီး နောက်တစ်ကြိမ် ခေါ်ကြည့်ပါ။

1 ဖုန်း အပလီကေးရှင်း ကို ဖွင့်ပါ။
2 နောက်ထပ် ရွေးချယ်မှုများ ထထ(ဒေါင်လိုက် အစက် သုံးစက်) ကို နှိပ်ပါ၊ ပြီးလျှင် “အပြင်အဆင်များ” ကို နှိပ်ပါ။
3 “ဝိုင်ဖိုင် ခေါ်ဆိုမှု”ကို နှိပ်ပါ။ ထို့နောက် ဝိုင်ဖိုင်ခေါ်ဆိုမှုကို ပိတ်ရန် အဖွင့်အပိတ်ခလုပ်ကို နှိပ်ပါ။

ကျေးဇူးပြု၍ သတိပြုပါ −    ဝိုင်ဖိုင်ခေါ်ဆိုမှု လုပ်ဆောင်ချက်သည့် ဖုန်းကတ်တိုင်း သို့မဟုတ် ဖုန်းတိုင်းတွင် ရှိနိုင်မည်မဟုတ်ပါ။ 

ဖုန်းခေါ်သည့်အခါတွင် ဘာမှ မကြားရလျှင် “အသံအားလုံး ပိတ်ထားခြင်း”ကို ဖွင့်ထားမိခြင်းဖြစ်နိုင်သည်။  အဆိုပါ လုပ်ဆောင်ချက်ကို ပိတ်ရန် အောက်ပါအတိုင်း လုပ်ဆောင်ပါ။

1 သင်၏ “အလွယ် အပြင်အဆင်များ” ကို ဖွင့်ပါ။ “အပြင်အဆင်များ”ကို နှိပ်ပါ။
2 “လွယ်ကူမှု”ကို နှိပ်ပါ။
3 “အကြား မြှင့်တင်မှုများ”ကို နှိပ်ပါ။
4 အသံအားလုံး ပိတ်ထားခြင်းအား ပိတ်ရန် ၎င်းဘေးရှိ အဖွင့်အပိတ်ခလုတ်ကို ရွှေ့ပါ။

သင်၏ ဖုန်းက ဖုန်းခေါ်ဆိုမှုများ အမြဲ ပြုတ်ကျတတ်ပါလား။ ဖုန်းခေါ်ပြီးလျှင် ဆင်းကတ်မရှိ ဆိုသည့် အသိပေးမှုများ တွေ့နေရပါသလား။ အချိန်တစ်မိနစ်လောက်ယူပြီး ဆင်းကတ်ကောင်းမကောင်း စစ်ဆေးပါ။  

အဆင့် ၁။ ဖုန်းကို ပါဝါပိတ်ပါ။ အဆင့် ၁။ ဖုန်းကို ပါဝါပိတ်ပါ။

အဆင့် ၁။ သင့် ကိရိယာကို ပါဝါပိတ်ပါ။

အဆင့် ၂။ ဖုန်းဆင်းကတ် ပျက်စီးခြင်းရှိမရှိ ကတ်ကို ကတ်ထည့်ပြားထဲမှာ ထုတ်ကြည့်ပါ။ အဆင့် ၂။ ဖုန်းဆင်းကတ် ပျက်စီးခြင်းရှိမရှိ ကတ်ကို ကတ်ထည့်ပြားထဲမှာ ထုတ်ကြည့်ပါ။

အဆင့် ၂ ပျက်စီး၊ ယိုယွင်းမှု ရှိမရှိ စစ်ဆေးရန် ဆင်းကတ်ကို ထုတ်ကြည့်ပါ။

အဆင့် ၃။ ဆင်းကတ်က ပျက်နေ   သို့မဟုတ် မကောင်းလျှင် ဖုန်းကတ်ဝန်ဆောင်မှု ကုမ္ပဏီထံမှ အသစ်လဲပါ။ အဆင့် ၃။ ဆင်းကတ်က ပျက်နေ   သို့မဟုတ် မကောင်းလျှင် ဖုန်းကတ်ဝန်ဆောင်မှု ကုမ္ပဏီထံမှ အသစ်လဲပါ။

အဆင့် ၃ ။ ဆင်းကတ်က ပျက်နေ သို့မဟုတ် မကောင်းလျှင် ဖုန်းကတ်ဝန်ဆောင်မှု ကုမ္ပဏီထံမှ အသစ်လဲလှယ်ပါ။

အဆင့် ၄။ ဆင်းကတ် ထည့်သည့် အပြား၏ ဖြတ်ရာနှင့် အညီ ဆင်းကတ်ကို ထည့်ထားပါ။ အဆင့် ၄။ ဆင်းကတ် ထည့်သည့် အပြား၏ ဖြတ်ရာနှင့် အညီ ဆင်းကတ်ကို ထည့်ထားပါ။

အဆင့် ၄။ ဆင်းကတ် ထည့်သည့် အပြာရှိ ဖြတ်ရာနှင့်အညီ ဆင်းကတ်ကို ထည့်ထားပါ။

အဆင့် ၅။ ဖုန်းကို ပါဝါပြန်ဖွင့်ပြီး စမ်းကြည့်ပါ။ အဆင့် ၅။ ဖုန်းကို ပါဝါပြန်ဖွင့်ပြီး စမ်းကြည့်ပါ။

အဆင့် ၅။ ဆင်းကတ်ကို ဂရုတစိုက် ထည့်ပြီးနောက် ဖုန်းကို ပါဝါပြန်ဖွင့်ပြီး စမ်းကြည့်ပါ။

အကယ်၍ အထက်ပါ နည်းလမ်းများက အလုပ်မဖြစ်လျှင်  ဖုန်းကို ပထမဆုံးအကြိမ် ပါဝါဖွင့်စဉ်ကအတိုင်း မူလအပြင်အဆင်များ အတိုင်း ပြန်ရောက်အောင် လုပ်ရန်လိုပေမည်။  မိုဘိုင်းကိရိယာတစ်ခုကို မူလအပြင်အဆင်အတိုင်း ပြန်လည်သတ်မှတ်ခြင်းသည် ပြန်လည်ပြင်ဆင်၍ မရနိုင်သည်ကို ကျေးဇူးပြု၍ သတိပြုပါ။ သင်၏ ဖုန်းကို ပြန်လည်သတ်မှတ်ခြင်း (reset) ချရန် မကြိုးစားမီ သတင်းအချက်အလက်များအားလုံးကို တစ်နေရာရာတွင် အရံ သိမ်းဆည်းထားပါ။ 

1 “အပြင်အဆင်များ”သို့သွားပါ။ ထို့နောက် “အထွေထွေ စီမံချက်”ကို နှိပ်ပါ။
2 “ပြန်လည်သတ်မှတ်ပါ” ကို နှိပ်ပါ။
3 “ဖုန်းအသစ်ကဲ့သို့ ပြန်လည်ပြုလုပ်ခြင်း”ကို နှိပ်ပါ။
4 အောက်ကို ပွတ်ဆွဲပြီး “ပြန်လည်သတ်မှတ်ပါ”ကို ရွေးချယ်ပါ။
5 “အားလုံးကို ဖျက်ပါ” ကို ရွေးချယ်ပါ။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ