သင့်ဖုန်း သို့မဟုတ် တက်ဘလက်တွင် Bluetooth ချိတ်ဆက်မှုပြဿနာကို ဘယ်လိုဖြေရှင်းမလဲ

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 13.01.2022

ခဏနှင့်ပြန်ချိတ်ဆက်မမိခြင်း နှင့်ဘာကြောင့်နှေးနေလဲဆိုတာအဖြေရှာဖို့ သင်သည် အောက်ပါပြဿနာအဖြေရှာမှုနည်းလမ်းများအတိုင်းလုပ်ဆောင်နိုင်ပါသည်။

မှတ်ချက်-

  • စခရင်ပုံနှင့် မီနူးပုံများသည် သင့်ဖုန်း၏မော်ဒယ်နှင့်ဆော့ဖ်ဝဲလ်ဗားရှင်းအလိုက် ကွဲပြားနိုင်ပါသည်။

သင့်ဖုန်း Bluetooth ဖွင့်ထားကြောင်းသေချာစွာလုပ်ဆောင်၍ သင်ချိတ်ဆက်လိုသည့်ဖုန်းကို ရှာဖွေ သို့မဟုတ် သွယ်တန်းနိုင်သလားကြည့်ပါ။ လုပ်ဆောင်ရမည့်နည်းလမ်းများမှာ -

Bluetooth ချိတ်ဆက်မှုအတွက် Quick Settings panel ကို ဖွင့်ပါ။

သင့်ဖုန်းမျက်နှာပြင်အပေါ်မှ အောက်သို့ဆွဲချပြီး Bluetooth ပုံလေးပွင့်နေခြင်း ရှိ၊မရှိ စစ်ဆေးပါ။

သင်သွယ်တန်းလိုသည့် ဖုန်းကိုရှာဖွေရွေးချယ်ပါ။

ချိတ်ဆက်မှုဆက်တင်များကိုရွေးပါ။ ချိတ်ဆက်မှုဆက်တင်များကိုရွေးပါ။

➊ "Settings" သို့သွား၍ "Connections" ကိုရွေးပါ။

Blutooth ဖွင့်ထားကြောင်းစစ်ဆေးခြင်း Blutooth ဖွင့်ထားကြောင်းစစ်ဆေးခြင်း

➋ Bluetooth ဖွင့်ထားကြောင်းစစ်ဆေး၍ Menu ကိုရွေးပါ။

သွယ်တန်းနိုင်သည့် ဖုန်းများထဲမှရွေးချယ်ပါ။ သွယ်တန်းနိုင်သည့် ဖုန်းများထဲမှရွေးချယ်ပါ။

➌ "Available devices" စာရင်းအောက်ရှိ သင်သွယ်တန်းလိုသည့်ဖုန်းကိုရွေးချယ်ပါ။

မှတ်ချက်-

  • သင့်ဖုန်းသို့မဟုတ် တက်ဘလက်သည်တခြား ကိရိယာတခုသို့ချိတ်ဆက်ထားပါက သင့် Bluetooth ကိရိယာသည် ချိတ်ဆက်လိမ့်မည်မဟုတ်ပါ။ သင့် Bluetooth ကိရိယာကို ချိတ်ဆက်မှုဧရိယာအတွင်းရှိ အခြားကိရိယာနှင့် ယခင်က ချိတ်ဆက်ထားပါက အသစ်နှင့်မချိတ်ဆက်မီ ၄င်းကိုချိတ်ဆက်မှုဖြျတ်ရန် ကြိုးစားကြည့်ပါ။

အကြံပြုချက်များ

Bluetooth ဖွင့်ထားသော်လည်း ချိတ်ဆက်လိုက် ပြန်ပြုတ်လိုက် ခဏခဏဖြစ်နေပါက အောက်ပါအတိုင်းကြိုးစားကြည့်ပါ။

Settings သို့သွားပြီး "General management" ကိုရွေးပါ "Reset" ကိုနှိပ်ပါ။ ထို့နောက် network settings ကို ပြန်လည်သတ်မှတ်ပြီး ပြန်ကြိုးစားကြည့်ပါ။

Reset Reset

သင့်ဖုန်း သို့မဟုတ် တက်ဘလက်နှင့် Bluetooth ကိရိယာကြား ချိတ်ဆက်မှုတည်ငြိမ်စေရန် အောက်ပါအဆင့်များအတိုင်း တချက်ဆီ လိုက်ဆွဲ သို့မဟုတ် နှိပ်ကြည့်ပါ။

မှတ်ချက်-

  • မှားယွင်းသောနေရာရွေ့ပြောင်းမှု သို့မဟုတ် ၃၃ ပေအကွာအဝေး(၁၀ မီတာ) အကွာအဝေးအကျော် သို့ရောက်ရှိသွားခြင်းမျိုးသည် Bluetooth ချိတ်ဆက်မှုကိုနှောင့်ယှက်နိုင်ပါသည်။
  • အင်တာနာ အနီးတွင် သတ္တုစတစ်ကာများကပ်ထားခြင်း သို့မဟုတ် သတ္တုမှန်ကာများတပ်ထားခြင်းသည် ချိတ်ဆက်မှုပြဿနာဖြစ်စေနိုင်ပါသည်။ လူများသည့်နေရာတွင်ရှိနေခြင်းကလည်း Wi-Fi ချိတ်ဆက်မှုနှင့် Bluetooth ကွန်ယက်(2.4GHz) ကိုနှောင့်ယှက်စေနိုင်သည့် အကြောင်းရင်းတခုဖြစ်သည်။
  • ဆက်သွယ်ခံကိရိယာအပေါ်မူတည်၍ Bluetooth ချိတ်ဆက်မှုကွဲပြားနိုင်ကြောင်း ဘယ်လိုအတည်ပြုမလဲ။ Pairing mode သို့သေချာလုပ်ဆောင်ရန် လက်စွဲကိုကြည့်ပါ။
    (E.g. နားကြပ် : သင့်နားကြပ်ကို နားကြပ်ဗူးတွင်းသို့ထည့်ပြီး အဖုံးပိတ်ခြင်း) ထို့နောက် ပြန်ဖွင့်ပါ။
    Headphones: Power သို့မဟုတ် Call ခလုတ်ကို ရ မှ ၈ စက္ကန့်ဖိထားပါ။ LED မီး မှိတ်တုတ်မှိတ်တုတ်ပြလာပြီး ချိတ်ဆက်မှုအောင်မြင်ကြောင်း အပြာရောင်မီးပြောင်းသွားပါလိမ့်မည်။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ