Bluetooth နားကြပ်အသံမငြိမ်ပါက ဘယ်လိုပြဿနာအဖြေရှာမလဲ

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 13.01.2022

သင့်ဖုန်းကို Bluetooth နားကြပ်ဖြင့်ချိတ်ဆက်ခြင်းဖြင့် သီချင်းနားထောင်ခြင်းသို့မဟုတ် ဖုန်းခေါ်ဆိုခြင်းများပြုလုပ်နိုင်သည်။ Bluetooth နားကြပ်သုံးနေစဉ်အသံမငြိမ်ပါက ၄င်းသည်သင့်ဖုန်းနှင့်နားကြပ်ချိတ်ဆက်မှု မှားယွင်းနေခြင်း ၊ ပတ်ဝန်းကျင်အခြေအနေနှင့် Bluetooth cache တို့ကြောင့်ဖြစ်နိုင်သည်။ သင့် Bluetooth နားကြပ်အသံပြဿနာကိုအဖြေရှာရန် အောက်ပါလမ်းညွှန်များအတိုင်းလိုက်ပါလုပ်ဆောင်ပါ။

အောက်ဖော်ပြပါ အကြံပြုချက်များအတိုင်း မလုပ်ဆောင်မီ သင့်ကိရိယာ၏ ဆော့ဖ်ဝဲလ်နှင့် သက်ဆိုင်ရာ အက်ပလီကေးရှင်းများအား နောက်ဆုံးဗားရှင်းသို့ အဆင့်မြှင့်ထားကြောင်း သေချာစွာလုပ်ဆောင်ပါ။ သင့်မိုဘိုင်းဖုန်းဆော့ဖ်ဝဲလ်အားအပ်ဒိတ်လုပ်ရန် အောက်ပါအချက်များအတိုင်းလုပ်ဆောင်ပါ။

အဆင့် ၁။ Settings > Software update သို့သွားပါ။

အဆင့်၂။ Download and install ကိုနှိပျပါ။

အဆင့် ၃။ ပေါ်လာသည့်လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်ပါ။

ပထမဦးစွာ သင့်ဖုန်းနှင့် Bluetooth နားကြပ် ၂ ခုလုံးကို reboot လုပ်ကြည့်ပါ။ ပြဿနာကြုံနေရသေးပါက သင့် Bluetooth နားကြပ်အသံပြဿနာကိုအဖြေရှာရန် အောက်ပါအတိုင်းအဆင့်ဆင့်လုပ်ဆောင်ပါ။

သင့် Bluetooth နားကြပ်ကို ဖုန်းနှင့်ပြန်လည်ချိတ်ဆက်ကြည့်ပါ။

သင့်ဖုန်းနှင့်နားကြပ်ကြား ချိတ်ဆက်မှုမတည်ငြိမ်ခြင်းကြောင့်လည်း အသံပြဿနာဖြစ်နိုင်ပါသည်။ သင့်နားကြပ်ကို ချိတ်ဆက်မှုဖြုတ်ပြီး ပြန်ချိတ်ရန် အောက်ပါလမ်းညွှန်အတိုင်းလုပ်ဆောင်ပါ။

ဖုန်း Bluetooth ကိုပြင်ဆင်ခြင်း အဆင့် ၁ ဖုန်း Bluetooth ကိုပြင်ဆင်ခြင်း အဆင့် ၁

အဆင့် ၁။ Settings ကိုဖွင့်၍ Connections ကိုနှိပ်ပါ။

ဖုန်း Bluetooth ကိုပြင်ဆင်ခြင်း အဆင့် ၂ ဖုန်း Bluetooth ကိုပြင်ဆင်ခြင်း အဆင့် ၂

အဆင့် ၂။ Bluetooth ကိုနှိပ်ပါ။

ဖုန်း Bluetooth ကိုပြင်ဆင်ခြင်း အဆင့် ၃ ဖုန်း Bluetooth ကိုပြင်ဆင်ခြင်း အဆင့် ၃

အဆင့် ၃။ Bluetooth ကိုဖွင့်၍ ချိတ်ဆက်ထားသည့် Bluetooth နားကြပ်ဘေးရှိ Settings ကိုနှိပ်ပါ။

ဖုန်း Bluetooth ကိုပြင်ဆင်ခြင်း အဆင့် ၄ ဖုန်း Bluetooth ကိုပြင်ဆင်ခြင်း အဆင့် ၄

အဆင့် ၄။ ချိတ်ဆက်မှုဖြုတ်မည် ကိုနှိပ်ပါ။

ဖုန်း Bluetooth ကိုပြင်ဆင်ခြင်း အဆင့် ၅ ဖုန်း Bluetooth ကိုပြင်ဆင်ခြင်း အဆင့် ၅

အဆင့် ၅။ နောက်သို့ ကိုနှိပ်ပါ

ဖုန်း Bluetooth ကိုပြင်ဆင်ခြင်း အဆင့် ၆ ဖုန်း Bluetooth ကိုပြင်ဆင်ခြင်း အဆင့် ၆

အဆင့် ၆ Bluetooth ကိုဖွင့်၍ နားကြပ်တွင် ချိတ်ဆက်မှုကိုဖွင့်ပါ။ ချိတ်ဆက်နိုင်သည့်ကိရိယာများ အောက်တွင် နားကြပ်ပေါ်လာသည့်အခါနှိပ်၍ နားကြပ်ကိုဖုန်းနှင့်ချိတ်ဆက်ပေးပါ။

ပတ်ဝန်းကျင်အနေအထားကြောင့်လည်း Bluetooth ချိတ်ဆက်မှုကိုသက်ရောက်နိုင်ပါသည်။ ပုံမှန်မဟုတ်သည့်လှုပ်ရှားမှု သို့မဟုတ် ကိရိယာနှစ်ခုကြားအကွာအဝေးသည်လည်း ချိတ်ဆက်မှုကို နှောင့်ယှက်နိုင်ပါသည်။ လူများသည့်နေရာတွင်ရှိနေခြင်း သို့မဟုတ် သင်သည်သတ္တုကပ်ခွာများသုံးထားခြင်း သို့မဟုတ် သင့်ဖုန်းအင်တာနာအနီးတွင် အကာအကွယ်တပ်ထားခြင်းတို့ကြောင့်လည်း ချိတ်ဆက်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပါသည်။

  • သင့် Galaxy ဖုန်းနှင့် Bluetooth နားကြပ်ကို သင့်အနားတွင်ထား၍ ၄င်းတို့ကြားတွင် ဘာမှရှိမနေကြောင်း သေချာပါစေ။
  • ဖုန်းသည် သင့်အိတ်ကပ် သို့မဟုတ်အိတ်ထဲရောက်နေပါက ချိတ်ဆက်မှုမတည်ငြိမ်မှုဖြစ်စေနိုင်သောကြောင့် ဖုန်းကိုနားကြပ်နှင့်နီးရာတွင်သာထားပါ။
  • လူများသောနေရာ သို့မဟုတ် Wi-Fi အသုံးပြုသူများသောနေရာမှ ရွှေ့ပြောင်းပါ။
  • ပေါက်ပြဲနေသည့်ဓာတ်ကြိုးများ ၊ မိုက်ခရိုဝေ့ဗ်မီးဖိုနှင့် ကြိုးမဲ့စပီကာကဲ့သို့ပစ္စည်းများအနားမှာမနေပါနှင့် သို့မဟုတ် ထိုအနားတွင်နေရမည်ဆိုပါက ၄င်းတို့ကိုပိတ်ထားပါ။
  • အွန်လိုင်းမှသီချင်းဖွင့်နေစဉ်တွင် ချိတ်ဆက်မှုအခြေအနေသည် အသံအရည်အသွေးအပေါ် သက်ရောက်နိုင်ပါသည်။ ထိုသို့ဆိုပါက ဖွင့်ရန်အတွက်သီချင်းကိုဒေါင်းလုဒ်လုပ်ကြည့်ပါ။

မှတ်ချက် -

  • Bluetooth နားကြပ်သည် ဆက်တိုက်ချိတ်ဆက်မှုပြုတ်နေပါက သေချာစွာစစ်ဆေးနိုင်ရန် နီးစပ်ရာဝန်ဆောင်မှုစင်တာသို့သွားရောက်ပါ။
  • ဖုန်း စခရင်ရှော့များနှင့် မီနူးများသည် ဖုန်းမော်ဒယ်နှင့်ဆော့ဖ်ဝဲလ်ဗားရှင်းပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။

Samsung Members အက်ပ်ကို ဘယ်လိုသုံးရမလဲ။

Samsung မိုဘိုင်းလ်ဖုန်းများ၊ တက်ဘလက်များနှင့် ဝတ်ဆင်နိုင်သော ပစ္စည်းများတွင် အခက်အခဲများကြုံရပါက Samsung Members အက်ပ်တွင် ကျွန်ုပ်တို့ထံ မေးမြန်းနိုင်ပါသည်။ Error များကိုတိုင်ကြားခြင်းနှင့်ပတ်သက်ပြီး ပိုမိုရှာဖွေလိုက်ပါ။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ