Galaxy S24 တွင် Interpreter app စတင်သတ်မှတ်ပြီး အသုံးပြုနည်း

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 10.02.2024

Galaxy S24 သည် Interpreter app အသုံးပြုသူများအား ဘာသာစကားအတားအဆီးများမရှိဘဲ စကားစမြည်ပြောဆိုရာတွင် ပါဝင်နိုင်စေပြီး မတူညီသောဘာသာစကားနောက်ခံမှ တစ်ဦးချင်းဆက်သွယ်မှုကို ပိုမိုရရှိနိုင်စေပါသည်။

Interpreter app ကို အသုံးပြုပြီး ဆက်သွယ်စကားပြောနေသူနှစ်ဦး

Interpreter app အသုံးပြုနည်း

Interpreter သည် လူကိုယ်တိုင် စကားပြောဆိုမှုများကို အချိန်နှင့်တပြေးညီ ဘာသာပြန်ပြီး လုပ်ငန်းသုံး နှင့် ကိုယ်ရေးကိုယ်တာနှစ်မျိုးလုံးအတွက် အခြေအနေအရပ်ရပ်တွင် အသုံးပြုနိုင်သည်။

မှတ်ချက်: မျက်နှာပြင်၏အောက်ခြေတစ်ဝက်သည် သင့်အတွက်သက်ဆိုင်မည်ဖြစ်ပြီး၊ မျက်နှာပြင်ထိပ်ပိုင်း၏ တစ်ဝက်သည် သင်စကားပြောနေသောသူနှင့်သက်ဆိုင်မည်ဖြစ်သည်။

ဘာသာပြန်စနစ်ထည့်သွင်းခြင်းနှင့် အသုံးပြုခြင်း

မှတ်ချက်များ:

  • ထုတ်ဝေသည့်အချိန်တွင် ဘာသာစကား ၁၃ မျိုး (ဒေသ 17 ခု) ကို ပံ့ပိုးထားပြီး နောင်လာမည့် ပြုပြင်မွမ်းမံမှုများတွင် ဘာသာစကားများ ထပ်ထည့်ပါမည်။
  • ပံ့ပိုးထားသော ဘာသာစကားများ(ဒေသများ)
    ရိုးရှင်းသောတရုတ်စာ၊ အင်္ဂလိပ် (အိန္ဒိယ၊ ဗြိတိန်၊ အမေရိကန်)၊ ပြင်သစ်၊ ဂျာမန်၊ ဟင်ဒီ၊ အီတလီ၊ ဂျပန်၊ ကိုးရီးယား၊ ပိုလန်၊ ပေါ်တူဂီ (ဘရာဇီး)၊ စပိန် (မက္ကဆီကို၊ စပိန်၊ အမေရိကန်)၊ ထိုင်း၊ ဗီယက်နမ်။
Quick settings panel Quick settings panel

အဆင့် ၁Quick settings panel ကိုဖွင့်ပါ။ > Interpreter ကို ရွေးပါ။

Interpreter app ပင်မစာမျက်နှာ Interpreter app ပင်မစာမျက်နှာ

အဆင့် ၂သင်အသုံးပြုမည့်ဘာသာစကားကိုရွေးချယ်ရန် အောက်ခြေမိုက်ခရိုဖုန်းအိုင်ကွန်မှ languageကို နှိပ်ပါ > အပေါ်ဖက်မိုက်ခရိုဖုန်းသင်္ကတေမှ languageကို နှိပ်ပြီး အခြားသူမှ အသုံးပြုမည့်ဘာသာစကားကို ရွေးချယ်ပါ။

* နောက်ထပ်ရွေးချယ်စရာများ လိုအပ်ပါက Add languages ကိုနှိပ်ပါ။

* အချက်ပေးစာသားပေါ်လာပါက မိုက်ခရိုဖုန်းကို အသုံးပြုခွင့်ပေးပါ။

တဖက်လူဘက်သို့မျက်နှာမူရန် မျက်နှာပြင်၏ ထိပ်ပိုင်းတစ်ဝက်ကို ပြောင်းပြန်လှန်ထားသည် တဖက်လူဘက်သို့မျက်နှာမူရန် မျက်နှာပြင်၏ ထိပ်ပိုင်းတစ်ဝက်ကို ပြောင်းပြန်လှန်ထားသည်

အဆင့် ၃မျက်နှာပြင်ထိပ်ပိုင်းကိုပြောင်းပြန်လှန်ပြီး တဖက်မှစကားပြောသူထံသို့လှည့်ရန် Change view mode အိုင်ကွန်ကိုနှိပ်ပါ။ > သင့်ဘက်လှည့်ထားသော Microphone အိုင်ကွန်ကိုနှိပ်ပြီး စကားပြောပါ။

* အပလီကေးရှင်းသည် သင်ပြောသမျှကို အသံဖြင့်ဘာသာပြန်ပေးမည်ဖြစ်ပြီး သင့်မူရင်းဘာသာစကားဖြင့် စာသားမှတ်တမ်းတစ်ခုနှင့် ဒုတိယလူ၏ဘာသာစကားကို စာသားဖြင့်ဘာသာပြန်ပြမည်ဖြစ်သည်။

မကြာသေးမီက ဘာသာပြန်မှတ်တမ်း

Interpreter app တွင် နောက်ထပ်ရွေးချယ်စရာများသင်္ကေတကို ရွေးထားခြင်း Interpreter app တွင် နောက်ထပ်ရွေးချယ်စရာများသင်္ကေတကို ရွေးထားခြင်း

အဆင့် ၁Interpreter app သို့ သွားပါ > More options ကိုနှိပ်ပါ။ သင်္ကေတ (ဒေါင်လိုက် အစက်သုံးစက်) > Recents ကို ရွေးပါ။

လတ်တလော ဘာသာပြန်များစာရင်း လတ်တလော ဘာသာပြန်များစာရင်း

အဆင့် ၂သင်အလိုရှိသော ဘာသာပြန်ဆိုချက်ကို ရှာရန် အပေါ်သို့ ပွတ်ဆွဲပါ > စာသားဖြင့်ဖော်ပြထားသောဘာသာပြန်ကို ကူးယူရန် Copy သင်္ကေတကို နှိပ်ပါ သို့မဟုတ် အသံကြားနိုင်သော ဘာသာပြန်ဆိုချက်များကို နားဆင်ရန် Play အိုင်ကွန်ကို နှိပ်ပါ။

* 24 နာရီအကြာတွင်ဘာသာပြန်များကိုဖျက်သိမ်းသည်။

အခြား settings

Interpreter ၏ လတ်တလောနှင့် Settings ရွေးချယ်စရာများ Interpreter ၏ လတ်တလောနှင့် Settings ရွေးချယ်စရာများ

အဆင့် ၁More options သင်္ကေတကို နှိပ်ပါ။ (ဒေါင်လိုက် အစက်သုံးစက်) > Settings ကို ရွေးပါ။

Interpreter setting မျက်နှာပြင် Interpreter setting မျက်နှာပြင်

အဆင့် ၂ Settings ကို စိတ်ကြိုက်ပြင်ဆင်ရန်၊ Language packs for translationVoice styles သို့မဟုတ် Tap to talk ကို နှိပ်ပါ။

မှတ်ချက်များ:

  • Tap to talk လုပ်ဆောင်ချက်ကို ဖွင့်ထားသောအခါ အသုံးပြုသူနှစ်ဦးစလုံးသည် စကားသည့်အခါပြောတိုင်း ၎င်းတို့၏ သက်ဆိုင်ရာ မိုက်ခရိုဖုန်း သင်္ကေတများကို ထိထားရပါမည်။
  • Tap to talk အင်္ဂါရပ်ကို ပိတ်ထားသောအခါ ကနဦးစကားပြောသူသည် မိုက်ခရိုဖုန်း သင်္ကေတကို နှိပ်၍စကားပြောပြီးသည်နှင့် အခြားသူတစ်ဦး၏ မိုက်ခရိုဖုန်းသည် အလိုအလျောက်ပွင့်သွားမည်ဖြစ်သည်။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ