Galaxy S24 တွင် Note assist လုပ်ဆောင်ချက်ကို အသုံးပြုနည်း

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 22.02.2024

Galaxy S24 ရှိ Note assist အင်္ဂါရပ်သည် မှတ်စုမှတ်ခြင်းနှင့် မှတ်စုများကို ရိုးရှင်းစွာ အစီအစဉ်တကျ သိမ်းဆည်းစေခြင်းဖြင့် သုံးစွဲသူ၏စွမ်းဆောင်ရည်ကို မြှင့်တင်ရန် ရည်ရွယ်ထုတ်လုပ်ထားပါသည်။ ၎င်းတွင် အလိုအလျောက် ပုံစံချခြင်း၊ အကျဉ်းချုပ်ခြင်း၊ ဘာသာပြန်ခြင်း အပြင် အခြားလုပ်ဆောင်ချက်များစွာ ပါဝင်ပါသည်။

Galaxy S24 ရှိ Note assist လုပ်ဆောင်ချက်ပါရှိသော S Pen

မှတ်ချက်: မှတ်စုမှတ်ရန် S Pen ကိုအသုံးပြုပါက Note assist မှ အကောင်းဆုံးရလဒ်များထွက်ရှိရန် သင့်အရေးအသားသည် ထင်ထင်ရှားရှားဖြစ်ရပါမည်။

Note assist အတွင်းရှိ လုပ်ဆောင်ချက်များကို အသုံးပြုရန် အင်္ဂါရပ်ကို ဦးစွာပထမသွားပါ။

မှတ်စု ပင်မစာမျက်နှာ မှတ်စု ပင်မစာမျက်နှာ

အဆင့် ၁။ Samsung Notes app ကိုဖွင့်ပါ။ > မှတ်စုဖန်တီးခြင်း သင်္ကေတကိုနှိပ်ပါ။

Samsung Notes app တွင် ရေးသားထားသောမှတ်စု Samsung Notes app တွင် ရေးသားထားသောမှတ်စု

အဆင့် ၂။ ကီးဘုတ် သို့မဟုတ် S Pen ဖြင့် မှတ်စုရေးပါ။> ကီးဘုတ်အပေါ်မှ Note assist သင်္ကေတ ကို နှိပ်ပါ။

Note assist လုပ်ဆောင်ချက်များစာရင်းပါရှိသော အသိပေးစာ Note assist လုပ်ဆောင်ချက်များစာရင်းပါရှိသော အသိပေးစာ

အဆင့် ၃။ အောက်ပါရွေးချယ်စရာများထဲမှ တစ်ခုကို ရွေးပါ: Auto formatSummariseCorrect spelling သို့မဟုတ် Translate

  • Auto format

Auto format လုပ်ဆောင်ချက်သည် ခေါင်းစီးများ၊ အချက်အလက်များနှင့် အခြားအရာများကို အသုံးပြုပြီး သင့်မှတ်စုများကို ပိုမိုကောင်းမွန်စွာ ဖတ်ရှုနိုင်စေရန် ပြန်လည်ဖွဲ့စည်းပေးပါသည်။

မှတ်ချက်: Auto format လုပ်ဆောင်ချက်ကို လုပ်ဆောင်ရန်အတွက် မှတ်စုတွင် အနည်းဆုံး စာလုံးရေ အလုံး ၂၀၀ ပါဝင်ရပါမည်။

Auto format ရွေးချယ်စရာများပါရှိသော ဒုတိယအသိပေးစာ Auto format ရွေးချယ်စရာများပါရှိသော ဒုတိယအသိပေးစာ

အဆင့် ၁။ သင့်မှတ်စုတွင် သုံးလိုသည့် ပုံစံချခြင်းအမျိုးအစားကို ရွေးပါ: Headers and bullets နှင့် Meeting notes

ခေါင်းစီးစာလုံးကြီးများဖြင့် အလိုအလျောက်ပုံစံချထားသော မှတ်စု ခေါင်းစီးစာလုံးကြီးများဖြင့် အလိုအလျောက်ပုံစံချထားသော မှတ်စု

အဆင့် ၂။ ပုံစံချခြင်းရွေးချယ်မှုများကို ကြည့်ရန် ဘယ် သို့မဟုတ် ညာဘက်သို့ ပွတ်ဆွဲပါ။ > သင်အလိုရှိသော ပုံစံကို မျက်နှာပြင်ပေါ်တွင်ထားပါ။

* ပြန်လည်ပြင်ဆင်ထားသော မှတ်စုကို လက်ရှိ သို့မဟုတ် မှတ်စုအသစ်သို့ ကူးယူ သို့မဟုတ် ပေါင်းထည့်နိုင်သည်။ ထို့အပြင်၊ မူရင်းမှတ်စုကို ပြန်လည်ပြင်ဆင်ထားသော စာသားဖြင့် အစားထိုးနိုင်ပါသည်။

  • Summarise

Summarise လုပ်ဆောင်ချက်သည် သင့်မှတ်စုများ၏ အကြောင်းအရာကို ပိုင်းခြားစိတ်ဖြာပြီး အဓိကအချက်အလက်များပါဝင်သော ကျစ်လစ်သည့်မှတ်စုကို ထုတ်ပေးပါသည်။

မှတ်ချက်: Summarise လုပ်ဆောင်ချက်ကို လုပ်ဆောင်ရန်အတွက် မှတ်စုတွင် အနည်းဆုံး စာလုံးရေ အလုံး ၂၀၀ ပါဝင်ရပါမည်။

မှတ်စု၏အကျဉ်းချုပ်ပါရှိသော အသိပေးစာ မှတ်စု၏အကျဉ်းချုပ်ပါရှိသော အသိပေးစာ

သင့်စက်သည် စာသားကို ပိုင်းခြားစိတ်ဖြာပြီး အကျဉ်းချုပ်ပေးပါသည်။

* အကျဉ်းချုပ်မှတ်စုကို လက်ရှိမှတ်စု သို့မဟုတ် အသစ်တစ်ခုသို့လည်း ကူးယူ သို့မဟုတ် ပေါင်းထည့်နိုင်သည်။ ထို့အပြင် မူရင်းမှတ်စုကို အကျဉ်းချုပ်စာသားဖြင့် အစားထိုးနိုင်သည်။

  • Correct spelling

Note assist ၏ Correct spelling လုပ်ဆောင်ချက်သည် သင့်မှတ်စု၏ စာလုံးပေါင်းသတ်ပုံများကို ခွဲခြမ်းစိတ်ဖြာပြီး ပြန်လည်ပြင်ဆင်ပေးပါသည်။ ပြုပြင်ထားသောစကားလုံးများကို အပြာရောင်ဖြင့် မျဉ်းသားထားပါမည်။

ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်ထားသည့်နေရာကို ပြသသည့် အသိပေးစာ ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်ထားသည့်နေရာကို ပြသသည့် အသိပေးစာ

သင့်စက်သည် စာသားများကို ခွဲခြမ်းစိတ်ဖြာ၍ ပြင်ဆင်ပြီးသောစာသားကို ပြသပါသည်။

* ပြင်ဆင်ထားသော မှတ်စုကို လက်ရှိ သို့မဟုတ် မှတ်စုအသစ်တွင် ကူးယူ သို့မဟုတ် ပေါင်းထည့်နိုင်သည်။ ထို့အပြင် မူရင်းမှတ်စုကို ပြန်လည်ပြင်ဆင်ထားသော စာသားဖြင့် အစားထိုးနိုင်ပါသည်။

  • Translate

Note assist ၏ Translate သည် သင်၏မှတ်စုများကို ဘာသာစကားတစ်ခုမှ အခြားဘာသာစကားတစ်ခုသို့ ပြောင်းပေးသည်။

မှတ်ချက်များ:

  • ထုတ်ဝေသည့်အချိန်တွင် ဘာသာစကား ၁၃ မျိုး (ဒေသ ၁၇ ခု) ကို ပံ့ပိုးထားပြီး၊ နောင်လာမည့် ပြုပြင်မွမ်းမံမှုများတွင် ဘာသာစကားများ ထပ်ထည့်ပါမည်။
  • ပံ့ပိုးထားသော ဘာသာစကားများ (ဒေသများ)
    ရိုးရှင်းတရုတ်၊ အင်္ဂလိပ် (အိန္ဒိယ၊ ဗြိတိန်၊ အမေရိကန်)၊ ပြင်သစ်၊ ဂျာမန်၊ ဟင်ဒီ၊ အီတလီ၊ ဂျပန်၊ ကိုးရီးယား၊ ပိုလန်၊ ပေါ်တူဂီ (ဘရာဇီး)၊ စပိန် (မက္ကဆီကို၊ စပိန်၊ အမေရိကန်)၊ ထိုင်း၊ ဗီယက်နမ်။
ဘာသာပြန်ထားသော မှတ်စုပါသည့် အသိပေးစာ ဘာသာပြန်ထားသော မှတ်စုပါသည့် အသိပေးစာ

အဆင့် ၁ AI သည် စာသားကို ခွဲခြမ်းစိတ်ဖြာပြီး ဘာသာပြန်ပေးပါသည်။

ဘာသာစကား ရွေးချယ်မှုများပါရှိသော အသိပေးစာ ဘာသာစကား ရွေးချယ်မှုများပါရှိသော အသိပေးစာ

အဆင့် ၂ ဘာသာပြန်ပြီးနောက် အခြားဘာသာစကားတစ်ခုကို ပြောင်းနိုင်ပြီး နောက်ထပ်ဘာသာစကားများကိုလည်း ထည့်သွင်းနိုင်သည်။ ဘာသာစကားများမထည့်ရသေးပါက ဒေါင်းလုပ်ရယူရန်လိုအပ်ပါမည်။

* ဘာသာပြန်ထားသော မှတ်စုကို လက်ရှိ သို့မဟုတ် မှတ်စုအသစ်တွင် ကူးယူ သို့မဟုတ် ပေါင်းထည့်နိုင်သည်။ ထို့အပြင် မူရင်းမှတ်စုကို ဘာသာပြန်ထားသော စာသားဖြင့် အစားထိုးနိုင်ပါသည်။

Generate cover လုပ်ဆောင်ချက်သည် သင့်မှတ်စုများအတွက် ထူးခြားသော သင်္ကေတမျက်နှာဖုံးများကို ဖန်တီးနိုင်သောကြောင့် အစုတစ်ခုနှင့်တစ်ခု ခွဲခြားနိုင်ပြီး သီးခြားမှတ်စုများကို ရှာဖွေရာတွင် ပိုမိုလွယ်ကူစေပါသည်။

Samsung Notes app ရှိ မှတ်စုကို ရွေးချယ်ခြင်း။ Samsung Notes app ရှိ မှတ်စုကို ရွေးချယ်ခြင်း။

အဆင့် ၁Samsung Notes app တွင် မှတ်စုတစ်ခုဖွင့်ပါ > မှတ်စုကိုထိပြီး ဖိထားပါ > More ကိုနှိပ်ပါ။

နောက်ထပ် ရွေးချယ်စရာများ နောက်ထပ် ရွေးချယ်စရာများ

အဆင့် ၂ Generate cover ကို ရွေးပါ။

အကြံပြုထားသောအဖုံးကို အသုံးပြုရန် တောင်းဆိုသော အသိပေးစာ အကြံပြုထားသောအဖုံးကို အသုံးပြုရန် တောင်းဆိုသော အသိပေးစာ

အဆင့် ၃ အကြံပြုထားသော အဖုံးကို အသုံးပြုရန် Done ကို နှိပ်ပါ။

* မှတ်စုတစ်ခုကိုဖွင့်ပြီး > နောက်ထပ်ရွေးချယ်စရာများ သင်္ကေတ (ဒေါင်လိုက်အစက်သုံးစက်) > အဖုံးကို ပြင်ဆင်ခြင်း ဖြင့် အဖုံးပုံစံ သို့မဟုတ် အရောင်ကိုစိတ်ကြိုက်ပြောင်းလဲနိုင်သည်။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ