Galaxy S24 တွင် Generative photo editing အသုံးပြုနည်း

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 27.01.2024

Galaxy S24 ရှိ Generative photo editing သည် ပုံတစ်ပုံကို ပိုင်းခြားစိတ်ဖြာပြီး ပုံရှိအရာဝတ္ထုများကို အရွယ်အစားပြောင်းလဲခြင်း၊ ဖယ်ရှားခြင်း သို့မဟုတ် ပြန်လည်နေရာချထားခြင်းတို့ကို သင်ပြုလုပ်ထားသကဲ့သို့ ပြန်လည်ထုတ်ပေးသည်။ အသုံးပြုသူများသည် AI က ပြီးပြည့်စုံသော နောက်ခံဖြည့်ထားပြီး ပြီးပြည့်စုံစွာ တည်းဖြတ်ထားသည့် အရာများ၏ ရုပ်ပုံကို ချဲ့၍ ကြည့်ရှုနိုင်ပါသည်။ ထိုအရာသည် ဓါတ်ပုံတည်းဖြတ်ခြင်းအတွက် စောဒကတက်ခြင်းကို ကင်းဝေးစေပါသည်။

Galaxy S24 တွင် ဓာတ်ပုံတစ်ပုံကို တည်းဖြတ်နေသူ

*ထွက်ရှိလာသည့် ပုံများကို Generative photo editing ဖြင့် တည်းဖြတ်ထားကြောင်းညွှန်ပြရန်အတွက် ရေစာဖြင့်ရေးထားမည်ဖြစ်သည်။

Generative photo editing ကို အသုံးပြုနည်း

သင်သည် ဓာတ်ပုံများရှိ အရာဝတ္ထုများကို အရွယ်အစားပြောင်းလဲခြင်း၊ ဖယ်ရှားခြင်းနှင့် ပြန်လည်နေရာချထားခြင်းတို့ ပြုလုပ်နိုင်ပြီး Generative photo editing သည် ပုံကို သဘာဝအရှိဆုံးနည်းလမ်းဖြင့် ပြန်လည်ဖန်တီးပေးမည်ဖြစ်သည်။

Gallery ပင်မနေရာ Gallery ပင်မနေရာ

အဆင့် ၁Gallery အက်ပ်ကိုဖွင့်ပါ > ဓာတ်ပုံ ကို ရွေးပါ။

ခွေးနှစ်ကောင်ပုံ ခွေးနှစ်ကောင်ပုံ

အဆင့် ၂။ တည်းဖြတ်မုဒ်သို့ဝင်ရောက်ရန် တည်းဖြတ်ခြင်း အိုင်ကွန်ကို နှိပ်ပါ။

တည်းဖြတ်ခြင်းအင်္ဂါရပ် ပင်မစာမျက်နှာ တည်းဖြတ်ခြင်းအင်္ဂါရပ် ပင်မစာမျက်နှာ

အဆင့် ၃Generative edit အိုင်ကွန်ကို နှိပ်ပါ။

Generative edit ကို ဖွင့်ပြီးပါပြီ Generative edit ကို ဖွင့်ပြီးပါပြီ

အဆင့် ၄။ အရာဝတ္တုကို ရွေးရန်အတွက် အရာဝတ္ထုကို နှိပ်ပါ သို့မဟုတ် ၎င်းပတ်ပတ်လည်တွင် မျဉ်းတစ်ကြောင်းဆွဲပါ။

တည်းဖြတ်ခြင်းအင်္ဂါရပ် ပင်မစာမျက်နှာ တည်းဖြတ်ခြင်းအင်္ဂါရပ် ပင်မစာမျက်နှာ

အဆင့် ၅။ သင်သည် အရာဝတ္တုများကို ကြာကြာ နှိပ်ခြင်း ဖြင့် ဖျက်ခြင်း၊ ရွှေ့ခြင်း သို့မဟုတ် အရွယ်အစားကို ပြောင်းလဲနိုင်သည်။

တည်းဖြတ်ခြင်း စခရင် တည်းဖြတ်ခြင်း စခရင်

အဆင့် ၆။ ပုံများ၏ ‌ဖြောင့်တန်းမှုကို ချိန်ညှိရန် မောင်းတံစောင်းခြင်း > Generate ကို နှိပ်ပါ။

ဖန်တီးထုတ်လုပ်ထားသော ဥပမာ ပုံ ဖန်တီးထုတ်လုပ်ထားသော ဥပမာ ပုံ

အဆင့် ၇Done ကိုနှိပ်ပြီး မိတ္တူအဖြစ် သိမ်းဆည်းပါ။

* အသုံးပြုသူများသည် ရုပ်ပုံနယ်နိမိတ်များကိုကျော်လွန်၍ ချဲ့နိုင်ပြီး Generative photo editing အင်္ဂါရပ်သည် ကွက်လပ်နေရာကို အလိုအလျောက်ဖြည့်ပေးမည်ဖြစ်သည်။

* ဖန်တီးထုတ်လုပ်ပြီးနောက် နောက်ထပ်ထွက်ရှိလာမည့် ပုံအတွက် ထပ်ဆောင်းအကြံပြုချက်များကို ပေးနိုင်ပါသည်။

မှတ်ချက်- Generative photo editing အင်္ဂါရပ်ကို အသုံးပြုသောအခါ မလိုအပ်သော အရာဝတ္ထုများ သို့မဟုတ် အရာများကို ထွက်ရှိလာမည့် သင့် ဓါတ်ပုံတွင် မရည်ရွယ်ဘဲ ထည့်သွင်းထားနိုင်ပါသည်။ အကြောင်းအရာက မသင့်လျော်ဟု ယူဆပါက ၎င်းကို ဖန်တီးထုတ်လုပ်ပေးမည်မဟုတ်ပါ။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ