Galaxy S24 တွင် ဖုန်းခေါ်ဆိုမှုအတွက် Live translate ကို အသုံးပြုနည်း

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 26.01.2024

S24 တွင် Live translate အပါအဝင် AI စွမ်းအားသုံး အင်္ဂါရပ်များစွာ ပါဝင်သည်။ ဤအင်္ဂါရပ်သည် သင့်စက်ပစ္စည်းဖြင့် ဖုန်းခေါ်ဆိုမှုများကို အချိန်နှင့်တစ်ပြေးညီ ဘာသာပြန်ပေးပါသည်။ ဘာသာစကားမျိုးစုံဖြင့်ပြောဆိုဆက်သွယ်မှုကို ပိုမိုလွယ်ကူစေမည့် သင်၏ကိုယ်ပိုင်ဘာသာပြန်ဆိုသူရရှိမည်ဖြစ်သည်။

ဖုန်းခေါ်ဆိုမှုတွင် Live translate ကို အသုံးပြုနေသူ။

မှတ်ချက်-

  • ထုတ်ဝေချိန်တွင်၊ ဘာသာစကား ၁၃ မျိုး (ဒေသ ၁၇ ခု) ကို ပံ့ပိုးပေးထားပြီး နောက်လာမည့် အပ်ဒိတ်များတွင် ဘာသာစကားများ ထပ်ထည့်သွားမည်ဖြစ်ပါသည်။

  • အောက်ဖော်ပြပါ ပံ့ပိုးပေးထားသော ဘာသာစကားအချို့သည် ဘာသာစကားအစုံကို ဒေါင်းလုဒ်လုပ်ခြင်းဖြင့်သာ ရရှိနိုင်ပါသည်။

  • ပံ့ပိုးထားသော ဘာသာစကားများ (ဒေသများ)
    ရိုးရှင်းသည့် တရုတ်ဘာသာစကား၊ အင်္ဂလိပ် (အိန္ဒိယ၊ ဗြိတိန်၊ အမေရိကန်)၊ ပြင်သစ်၊ ဂျာမန်၊ ဟိန္ဒီ၊ အီတလီ၊ ဂျပန်၊ ကိုးရီးယား၊ ပိုလန်၊ ပေါ်တူဂီ (ဘရာဇီး)၊ စပိန် (မက္ကဆီကို၊ စပိန်၊ အမေရိကန်)၊ ထိုင်း၊ ဗီယက်နမ်။

Live translateအသုံးမပြုမီ သင့်စက်ပစ္စည်း၏ ဆက်တင်များတွင် ထိုအင်္ဂါရပ်ကို ဦးစွာဖွင့်ပါ။ အောက်ပါလမ်းညွှန်ချက်များသည် သင့်အား လုပ်ငန်းစဉ်တစ်လျှောက်တွင် လမ်းညွှန်ကူညီပေးပါလိမ့်မည်။

မှတ်ချက်- ဆက်လက်မလုပ်ဆောင်မီ သင်သည် ကွန်ရက်တစ်ခုကို ချိတ်ဆက်ထားပြီး သင်၏ Samsung အကောင့်သို့ လက်မှတ်ထိုးဝင်ထားကြောင်း သေချာပါစေ။

ဆက်တင်များပင်မစခရင် ဆက်တင်များပင်မစခရင်

အဆင့် ၁Settings< ကိုဖွင့်ပြီး > Advanced features ကိုနှိပ်ပါ။

အဆင့်မြင့်အင်္ဂါရပ်များ ဆက်တင်မျက်နှာပြင် အဆင့်မြင့်အင်္ဂါရပ်များ ဆက်တင်မျက်နှာပြင်

အဆင့် ၂Advanced intelligence ကို နှိပ်ပါ။

အဆင့်မြင့် ဉာဏ်ရည် ဆက်တင် စခရင် အဆင့်မြင့် ဉာဏ်ရည် ဆက်တင် စခရင်

အဆင့် ၃Phone ကို နှိပ်ပါ။

Live translate ကို 'On' နှိပ်ထားသည့် စခရင် Live translate ကို 'On' နှိပ်ထားသည့် စခရင်

အဆင့် ၄။ ခလုတ်ကို Onသို့ ပြောင်းပါ။

*ခလုတ်ကိုနှိပ်သည့်အခါ ပေါ့ပ်အပ်ဝင်းဒိုးတစ်ခု ပေါ်လာပါက စခရင်ပေါ်ရှိ ညွှန်ကြားချက်များကို လိုက်နာပါ။

Live translate ဆက်တင်များ စခရင် Live translate ဆက်တင်များ စခရင်

အဆင့် ၅။ သင့်ဘာသာစကားတွင် Me ကဏ္ဍကို သတ်မှတ်ထားပြီး အခြားသူ၏ ဘာသာစကားတွင် Other person ကဏ္ဍကို သတ်မှတ်ထားပါ။

*ဘာသာစကားကို ဒေါင်းလုဒ်လုပ်ရန် လိုအပ်ပါက လိုအပ်သော ဘာသာစကားဘေးရှိ download အိုင်ကွန်ကို နှိပ်ပါ။ ဒေါင်းလုဒ်လုပ်ပြီးသည်နှင့် စာမျက်နှာ၏ အပေါ်ဘက်သို့ ရွှေ့ပြီး သင်လိုအပ်သော ဘာသာစကားကို နှိပ်ပါ။

Samsung ဖုန်းအက်ပ်ရှိ နောက်ထပ်ရွေးချယ်စရာများတက်ဘ်ရှိ ဆက်တင်များ Samsung ဖုန်းအက်ပ်ရှိ နောက်ထပ်ရွေးချယ်စရာများတက်ဘ်ရှိ ဆက်တင်များ

မှတ်ချက်- သင်သည် တိုက်ရိုက်ဘာသာပြန်ဆိုခြင်း ဆက်တင်များစခရင်ကို Samsung Phone အက်ပ် > နောက်ထပ် ရွေးချယ်စရာများ အိုင်ကွန် (ဒေါင်လိုက် အစက်သုံးစက်) > Settings > Live translate ဖြင့်လည်း ထည့်နိုင်ပါသည်။

သင့်စက်၏ဆက်တင်များတွင် Live translate ကို ထည့်သွင်းပြီးသည်နှင့် ဖုန်းခေါ်ဆိုမှုတွင် ဤအင်္ဂါရပ်အသစ်ကို စမ်းသုံးရန် အချိန်တန်ပါပြီ။

အခြားသူတစ်ဦးနှင့် ဖုန်းခေါ်နေစဉ် အခြားသူတစ်ဦးနှင့် ဖုန်းခေါ်နေစဉ်

အဆင့် ၁။ မူရင်းဖုန်းအက်ပ်ကို အသုံးပြု၍ ဖုန်းခေါ်ဆိုခြင်း သို့မဟုတ် လက်ခံခြင်းကို ပြုလုပ်ရန် > Call assist ကို နှိပ်ပါ။

အခြားသူတစ်ဦးနှင့် ဖုန်းခေါ်နေစဉ် အခြားသူတစ်ဦးနှင့် ဖုန်းခေါ်နေစဉ်

အဆင့် ၂Live translateကို နှိပ်ပါ။

ခေါ်ဆိုမှုတစ်ခုအတွင်း တိုက်ရိုက်ဘာသာပြန်ခြင်း ခေါ်ဆိုမှုတစ်ခုအတွင်း တိုက်ရိုက်ဘာသာပြန်ခြင်း

အဆင့် ၃။ စကားဝိုင်းကို စတင်ရန် Bixby အသံသည် သင့်စက်ပစ္စည်း၏ ဆက်တင်များတွင် ရွေးချယ်ထားသော ဘာသာစကား ဖွဲ့စည်းမှုပုံစံကို အလိုအလျောက် အသုံးပြုပါမည်။

မှတ်ချက်- ဘာသာပြန်ရလဒ်များနှင့် အရည်အသွေးများသည် အချိန်တိုင်း ကွဲပြားနိုင်ပါသည်။

မှတ်ချက်များ- အခြားအင်္ဂါရပ်များ ပါဝင်သည်-

  • အသံပိတ်ထားခြင်း- ခေါ်ဆိုမှုတွင် အခြားသူ၏ သို့မဟုတ် သင့်အသံကို ပိတ်ဆို့ထားနိုင်သောကြောင့် ဘာသာပြန်ဆိုချက်များကိုသာ ကြားနိုင်မည်ဖြစ်သည်။
  • လူတစ်ဦးစီအတွက် ဘာသာစကားနှင့် အသံကြိုတင်သတ်မှတ်မှုများ- သတ်မှတ်ထားသော ဖုန်းနံပါတ်များ သို့မဟုတ် အဆက်အသွယ်များဖြင့် ခေါ်ဆိုမှုအတွက် အသုံးပြုရန် ဘာသာစကားများနှင့် အသံများကို သတ်မှတ်ခွင့်ပြုသည်။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ