Galaxy S24 တွင် Transcribe Assist အသုံးပြုနည်း

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 22.03.2024

Galaxy S24 ပေါ်ရှိ Transcribe Assist အင်္ဂါရပ်သည် အသုံးပြုသူများက စကားသံကို မှတ်တမ်းတင်ရန်နှင့် ပြောခဲ့သည့်အရာများ၏ စာသားမှတ်တမ်းကို ဖန်တီးနိုင်ရန် လုပ်ဆောင်ပေးပါသည်။ လုပ်ငန်းမှတ်တမ်းများနှင့် အခြားစာရွက်စာတမ်းများအတွက် မှတ်တမ်းမှတ်ရာတွင် ပိုမိုအဆင်ပြေစေရန်အတွက် Transcribe Assist အသုံးပြုနည်းကို လေ့လာပါ။

လူများသည် Voice Recorder အက်ပ်ရှိ Transcribe အင်္ဂါရပ်ကို အသုံးပြုနေပါသည်။

မှတ်ချက်- ထုတ်ဝေချိန်တွင်၊ ဘာသာစကား ၁၃ မျိုး (ဒေသ ၁၇ ခု) ကို ပံ့ပိုးပေးထားပြီး နောက်လာမည့် အပ်ဒိတ်များတွင် ဘာသာစကားများ ထပ်ထည့်သွားမည်ဖြစ်ပါသည်။

ပံ့ပိုးထားသော ဘာသာစကားများ (ဒေသများ)

  • ရိုးရှင်းသည့် တရုတ်ဘာသာစကား၊ အင်္ဂလိပ် (အိန္ဒိယ၊ ဗြိတိန်၊ အမေရိကန်)၊ ပြင်သစ်၊ ဂျာမန်၊ ဟိန္ဒီ၊ အီတလီ၊ ဂျပန်၊ ကိုးရီးယား၊ ပိုလန်၊ ပေါ်တူဂီ (ဘရာဇီး)၊ စပိန် (မက္ကဆီကို၊ စပိန်၊ အမေရိကန်)၊ ထိုင်း၊ ဗီယက်နမ်။

Transcribe Assist အင်္ဂါရပ်ကို အသုံးပြုနည်း

Transcribe Assist အင်္ဂါရပ်ကို Voice Recorder အက်ပ်မှတစ်ဆင့် ရရှိနိုင်သည်။

အသံသွင်းချက်များကို စာသားမှတ်တမ်းအဖြစ် ပြောင်းလဲပါ

Voice Recorder အက်ပ်၏ ပင်မနေရာ။ Voice Recorder အက်ပ်၏ ပင်မနေရာ။

အဆင့် ၁။ လိုချင်သောအသံဖမ်းဖိုင်ကိုရွေးချယ်ပါ။

Voice Recorder transcribe ခလုတ်။ Voice Recorder transcribe ခလုတ်။

အဆင့် ၂Transcribe ကို နှိပ်ပါ။

Select language ဆက်တင်။ Select language ဆက်တင်။

အဆင့် ၃။ Select language > Transcribe ကို နှိပ်ပါ။

Voice Recorder transcriptionကို ပြသထားသည်။ Voice Recorder transcriptionကို ပြသထားသည်။

အဆင့် ၄။ စာသားမှတ်တမ်းကို ပြသပါမည်။

မှတ်ချက်။ တိကျသော စာသားမှတ်တမ်းအတွက် စကားပြောဆိုသူသည်သည် ရှင်းလင်းစွာပြောရမည်ဖြစ်ပြီး မိုက်ခရိုဖုန်းနှင့် နီးကပ်နေရပါမည်။

ကူးယူထားသောစာသားမှတ်တမ်းကို Translate လုပ်ခြင်း

Voice Recorder အက်ပ် ပင်မနေရာ။ Voice Recorder အက်ပ် ပင်မနေရာ။

အဆင့် ၁။ စာသားမှတ်တမ်းကူးယူထားသော အသံဖိုင်ကို ရွေးပါ။

အသံသွင်းချက်ကို စာသားမှတ်တမ်အဖြစ်ပြောင်းခြင်း။ အသံသွင်းချက်ကို စာသားမှတ်တမ်အဖြစ်ပြောင်းခြင်း။

အဆင့် ၂Translation အိုင်ကွန်ကို နှိပ်ပါ။

ဘာသာစကား ဆက်တင်ကို ရွေးပါ။ ဘာသာစကား ဆက်တင်ကို ရွေးပါ။

အဆင့် ၃။ ဘာသာစကားကို ရွေးပါ > Translate ကို နှိပ်ပါ။

ဘာသာပြန်ထားသော စာသားမှတ်တမ်းကို ပြသထားသည်။ ဘာသာပြန်ထားသော စာသားမှတ်တမ်းကို ပြသထားသည်။

အဆင့် ၄။ ဘာသာပြန်ထားသော စာသားကို မူရင်းစာသားအောက်တွင် ပြသပါမည်။

* သင်ဘာသာပြန်လိုသောဘာသာစကားကို ပြောင်းရန် ထိပ်ရှိ သတ်မှတ်ဘာသာစကားကို ရွေးချယ်ပါ။

မှတ်ချက်- Settings > Advanced features > Advanced intelligence > Voice Recorder မှလည်း ဘာသာစကားများကို ထည့်သွင်းနိုင်သည်။

စာသားမှတ်တမ်းကို အနှစ်ချုပ်ပါ

မှတ်ချက်-

  • Summary အင်္ဂါရပ်ကို အသုံးပြုရန် သင်သည် သင်၏ Samsung အကောင့်သို့ အကောင့်ဝင်ရပါမည်။
  • အသံသွင်းချက်က တိုနေပါက ၎င်းကို အနှစ်ချုပ်၍ မရပါ။
Voice Recorder အက်ပ် ပင်မနေရာ။ Voice Recorder အက်ပ် ပင်မနေရာ။

အဆင့် ၁။ စာသားမှတ်တမ်းကူးယူထားသော အသံဖိုင်ကို ရွေးပါ။

အသံသွင်းချက်ကို စာသားမှတ်တမ်အဖြစ်ပြောင်းခြင်း။ အသံသွင်းချက်ကို စာသားမှတ်တမ်အဖြစ်ပြောင်းခြင်း။

အဆင့် ၂ Summary ကို နှိပ်ပါ။

အသံဖမ်းချက်၏ အနှစ်ချုပ်။ အသံဖမ်းချက်၏ အနှစ်ချုပ်။

အဆင့် ၃။ အဓိကစာလုံးများ အပါအဝင် အနှစ်ချုပ်ကို ပြသပါမည်။

* Translate ကိုနှိပ်ခြင်းဖြင့် အနှစ်ချုပ်စာသားကိုလည်း ဘာသာပြန်ဆိုနိုင်ပါသည်။

မှတ်ချက် AI ၏ သဘောသဘာဝကြောင့် ရလဒ်များနှင့် အရည်အသွေးသည် အချိန်တိုင်း ကွဲပြားနိုင်သည်။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ