Samsung Research သည် မရပ်မနားသော ဆန်းသစ်တီထွင်မှုနှင့် ညာဉ်ရည်ညာဉ်သွေးဖြင့် တန်ဖိုးအသစ်များကို ဖန်တီးရင်း အနာဂတ် နည်းပညာများကို ဦးဆောင်ရန် Samsung Electronics ၏ အဆင့်မြင့် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုချက် ဖြစ်သည်
Samsung Research သည် Samsung ၏ နေ့စဉ်သုံး အီလက်ထရွန်နစ်များ (CE) ဌာနကြီးနှင့် အိုင်တီနှင့် မိုဘိုင်း ဆက်သွယ်ရေးများ (IM) ဌာနကြီးတို့၏ အဆင့်မြင့် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး (R&D) ဗဟိုချက် ဖြစ်သည်။ Samsung Research သည် နိုင်ငံခြားရှိ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး (R&D) စင်တာများတွင် လုပ်ကိုင်နေသည့် သုတေသီနှင့် ဖန်တီးရေးသားသူ 10,000 ကျော်ဖြင့် Samsung ၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအတွက် အနာဂတ် နည်းပညာများ ဖန်တီးမှုကို ဦးဆောင်ပါသည်။
ဆန်းသစ်တီထွင်မှုနှင့် ညာဉ်ရည်ညာဉ်သွေးဖြင့် အနာဂတ်ကို ပုံဖော်ပါ” ဆိုသည့် မျှော်မှန်းချက်ဖြင့် အနာဂတ်တိုးတက်မှု နယ်ပယ်များနှင့် တန်ဖိုးအသစ်ကို ဖန်တီးရန်နှင့် လူအများ၏ ဘဝများကို တိုးတက်ကောင်းမွန်စေရန် ၎င်း၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအတွက် လုံခြုံစိတ်ချရသော အဆင့်မြင့် နည်းပညာများကို ဖော်ထုတ်ရန် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး (R&D) ကို တက်ကြွစွာ လုပ်ဆောင်နေပါသည်။
Samsung Research ရှိ အဓိက သုတေသန ခေါင်းစဉ်များတွင် ဉာဏ်ရည်တု (AI)၊ ဒေတာ အသိဉာဏ်၊ မျိုးဆက်သစ် ဆက်သွယ်ပြောဆိုရေး၊ စက်ရုပ်၊ Tizen၊ ဘဝနေထိုင်မှုနှင့် အတွေ့အကြုံသစ်များ၊ မျိုးဆက်သစ် မီဒီယာနှင့် လုံခြုံရေးတို့ ပါဝင်သည်။ အထူးသဖြင့်၊ AI နည်းပညာများအပေါ် အခြေခံ၍ ဘဝနေထိုင်မှုပုံစံအသစ် တကယ်ဖြစ်ပေါ်လာစေရန် ၎င်းတို့၏ သုတေသန နယ်ပယ်ကို အလားလာကောင်းသော နယ်ပယ်အသစ်များသို့ တိုးချဲ့နေပါသည်။
ဗဟိုချက်သည် ဆန်းသစ်တီထွင်သော နည်းပညာများကို စိတ်ချရစေရန်နှင့် ၎င်း၏ ကမ္ဘာလုံးဆိုင်ရာ R&D အရွယ်အစားကို တိုးမြှင့်ရန် ကမ္ဘာအနှံ့ရှိ နိုင်ငံ 12 နိုင်ငံမှ နိုင်ငံခြား R&D စင်တာ 14 ခုအပြင် ကမ္ဘာလုံးဆိုင်ရာ AI စင်တာ 7 ခုနှင့် ပူးပေါင်း၍ လုပ်ကိုင်နေပါသည်။ ထင်ရှားကျော်ကြားသော တက္ကသိုလ်များ၊ သုတေသန အဖွဲ့အစည်းများနှင့် ကမ္ဘာ့အကောင်းဆုံး နည်းပညာများရှိသည့် ကမ္ဘာအနှံ့မှ မိတ်ဖက် ကုမ္ပဏီများနှင့်အတူ လက်ရှိတွင် လုပ်ဆောင်နေသော ဆန်းသစ်တီထွင်မှုဖြင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို တန်းတူညီစွာ အဆင့်မြှင့်နေပါသည်။
Samsung Research သည် မရပ်မနားသော ဆန်းသစ်တီထွင်မှုနှင့် ညာဉ်ရည်ညာဉ်သွေးဖြင့် အနာဂတ်အတွက် တန်ဖိုးအသစ်များ ဖန်တီးပေးသည့် ကမ္ဘာလုံးဆိုင်ရာ ထိပ်တန်း သုတေသန အသင်းအဖွဲ့ဖြစ်လာရေးအတွက် စဉ်ဆက်မပြတ် အထူးကြိုးပမ်းနေပါသည်။
Samsung Research