One UI

သင်၏ Galaxy။
သင်၏ နည်းလမ်း

One UI 9 အသစ်သည် ပိုမိုလွယ်ကူပြီး ချောမွေ့သော မိုဘိုင်းအသုံးပြုမှုအတွေ့အကြုံကို ပေးစွမ်းထားသောကြောင့် မည်သည့်ပုံစံရှိသည့် device ကိုမဆို သက်သောင့်သက်သာ အသုံးပြုနိုင်ပါသည်။ ထို့အပြင် ပိုမိုတိုးတက်ကောင်းမွန်ပြီး၊ ပိုမိုကိုယ်ပိုင်ဆန်ကာ အသုံးဝင်သော AI စနစ်နှင့်အတူ သင့် Galaxy device နှင့် အပြန်အလှန်အသုံးပြုရခြင်းသည် ယခင်ကထက် ပိုမိုလွယ်ကူချောမွေ့လာပါသည်။1

Now Nudge

Now Nudge. သင့်ကို ချက်ချင်းခေါ်ဆောင်သွားပေးပါလိမ့်မည်

Galaxy Z Fold8 ၏ main screen တွင် အနာဂတ်အစီအစဉ်များနှင့်ပတ်သက်သည့် message ဖြင့် စကားပြောဆိုမှုကို ပြသထားသည်။ Galaxy AI icon တစ်ခုသည် လုပ်ဆောင်နေသည်ကို ပြသနေမည်ဖြစ်ပြီး ပြီးဆုံးသွားသည့်အခါ Now Nudge အတွက် ပြက္ခဒိန်ကို ကြည့်ရန် ညွှန်ကြားချက် ပေါ်လာပါမည်။ ညွှန်ကြားချက်ဘေးရှိ split-screen ခလုတ်ကို နှိပ်ပါသည်။ ထို့နောက် မျက်နှာပြင်သည် မျက်နှာပြင်ခွဲဖြစ်လာပြီး message ဖြင့်စကားပြောဆိုမှုကို တစ်ဖက်တွင် ပြသကာ အခြားတစ်ဖက်တွင် ပြက္ခဒိန်ကို ဖွင့်ထားသည်။

သင့်အချိန်ဇယားမှာ အလွန်ကျပ်နေရင် နောက်တစ်ဆင့်အတွက် စဉ်းစားတွေးတောရန် စွမ်းအားမရှိတော့ပါ။ Now Nudge သည် သင့်အား နောက်လုပ်ဆောင်ချက်တစ်ခုသို့ ရောက်အောင် ကူညီပေးရန် အသင့်ရှိနေသော အထောက်အကူပြု အကြံပြုချက်များကို ပေးစွမ်းပြီး သင့်ကို အခိုက်အတန့်ထဲမှ မဆွဲထုတ်ဘဲ အရာအားလုံးကို ဆက်လက်ရွေ့လျားနေစေပါသည်။ ကိုယ်တိုင် app ပြောင်းစရာမလိုဘဲ သင့်ပြက္ခဒိန်ကို ကြည့်ရှုခြင်း သို့မဟုတ် အချိန်ဇယားများ ထည့်ခြင်းနှင့် မြေပုံများတွင် တည်နေရာများကို သိမ်းဆည်းခြင်းကဲ့သို့ သင်လုပ်ဆောင်နေသည့်အရာကို ခြေရာမပျောက်ဘဲ အလုပ်များအကြား ချောမွေ့စွာ ကူးပြောင်းနိုင်ပါသည်။2

ပုံသဏ္ဌာန်အသစ်

ချောမွေ့ညီညာသော မျက်နှာပြင်

သင်ကြည့်ရှုနေသည့်အရာနှင့် ကိုက်ညီအောင် ချောမွေ့စွာ ချိန်ညှိပေးသည်

Lavender အရောင်ရှိပြီး ဖြန့်ထားသော Galaxy Z Fold8 သည် ဒေါင်လိုက်မုဒ်တွင် ဆောင်းပါးတစ်ပုဒ်ကို ပြသထားသည်။ Galaxy Z Fold8 ကို အလျားလိုက်မုဒ်သို့ လှည့်လိုက်ပြီး မျက်နှာပြင်သည် မုန့်ပေါ် အလှဆင်နေသည့် ဗီဒီယိုကို ပြသရန် ပြောင်းလဲသွားသည်။

ကျွန်ုပ်တို့၏ new-foldable ဒီဇိုင်းအသစ်သည် သင်အကြောင်းအရာများကို ကြည့်ရှုခံစားသည့် ပုံစံအတိုင်း ချောမွေ့စွာ လိုက်လျောညီထွေဖြစ်စေပါသည်။ မျက်နှာပြင်နှစ်ခုစလုံးမှာ အကောင်းဆုံးဖြစ်အောင် ပြုလုပ်ထားသည့် ရှုထောင့်အချိုးများကြောင့် သင်သည် short-form content မှ long-form content သို့ အလွယ်တကူ ကူးပြောင်းနိုင်ပါသည်။ ဗီဒီယိုကြည့်သည်ဖြစ်စေ၊ ဆောင်းပါးဖတ်သည်ဖြစ်စေ သင်ကြည့်ရှုနေသည့်အရာနှင့် ကိုက်ညီစေရန် ကျယ်ဝန်းသော main screen ပေါ်တွင် ဒေါင်လိုက်မုဒ် သို့မဟုတ် အလျားလိုက်မုဒ်များအကြား လှည့်၍လည်း အသုံးပြုနိုင်ပါသည်။ Galaxy Z Fold8 ပေါ်တွင် လုပ်ဆောင်သည့်အခါ အရာအားလုံးက ပိုကောင်းသည်ဟု ခံစားရပါသည်။

FlexWindow

FlexWindow. ယခုအခါ ပိုပြီး ပြောင်းလွယ်ပြင်လွယ် ဖြစ်လာပြီ

One UI 9 က FlexWindow တွင်လည်း main screen ကဲ့သို့ အလုပ်များကို အလွယ်တကူ လုပ်ဆောင်နိုင်အောင် ခွင့်ပြုပေးပါသည်။ App tray ကို လွယ်ကူစွာ ဝင်ရောက်ရန် အောက်ခြေမှ အပေါ်သို့ ပွတ်ဆွဲပါ၊ သို့မဟုတ် သင့်အကြောင်းကြားချက်များ သို့မဟုတ် Quick Panel ကို ဝင်ရောက်ရန် အပေါ်မှ အောက်သို့ ပွတ်ဆွဲပါ။ ချက်ချင်း စိတ်ကြိုက်ပြင်ဆင်နိုင်ရန်အတွက် မျက်နှာဖုံးမျက်နှာပြင်ပေါ်တွင် ဝစ်ဂျက်အမျိုးမျိုးကို တိုက်ရိုက် ရွှေ့ခြင်း၊ ထည့်ခြင်း သို့မဟုတ် ဖျက်ခြင်းတို့ကိုလည်း ပြုလုပ်နိုင်ပါသည်။6

အာမခံနှင့် ဂရုစိုက်မှု

ဒီနေ့ စိတ်ငြိမ်းချမ်းမှု၊ မနက်ဖြန်တွင် တည်တံ့ခိုင်မြဲသည့် တန်ဖိုး

အာမခံနှင့် ဂရုစိုက်မှုသည် သင့် Galaxy စက်အတွက် အဖြေများနှင့် ပံ့ပိုးမှုရရှိရန် အမြန်ဆုံးနည်းလမ်းဖြစ်သည် — သင်လိုအပ်သမျှအရာအားလုံး ဤနေရာတွင် ရှိပါသည်။ အာမခံလွှမ်းခြုံမှုအခြေအနေကို စစ်ဆေးနိုင်သည်၊ Bixby မှ ချက်ချင်းအကူအညီ ရယူနိုင်သည်၊ ကြိုတင်ကုန်ကျစရိတ်ခန့်မှန်းချက်များဖြင့် ချိန်းဆိုမှုများကို စီစဉ်နိုင်သည်၊ သင့်စက်ပစ္စည်းကို အကောင်းဆုံးအခြေအနေတွင် ထားရှိရန် စနစ်စစ်ဆေးခြင်းများကို လုပ်ဆောင်နိုင်သည်။ Samsung Care+ တွင် စာရင်းသွင်းနိုင်သလို၊ ပြုပြင်မှုများ တောင်းဆိုနိုင်ပြီး သင့်စက်မှတစ်ဆင့် ကာကွယ်ရေးအစီအစဉ်ကို စီမံခန့်ခွဲနိုင်ပါသည်။7

ကိုယ်ရေးလုံခြုံမှုနှင့် လုံခြုံရေး

လုံခြုံရေး

မူရင်းပါရှိသော ကိုယ်ရေးလုံခြုံမှု။ Knox ဖြင့် ကာကွယ်ထားသည်

သင့်အချက်အလက်များကို ကာကွယ်ရန် ကျွန်ုပ်တို့ ကတိပြုပါသည်၊ ထို့အပြင် မည်သို့အသုံးပြုပြီး မျှဝေသည်နှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှုရှိစေရန် ကျွန်ုပ်တို့ ကတိပြုပါသည်။

စက်ပစ္စည်းတွင် ကာကွယ်ခြင်း

ကျွန်ုပ်တို့၏ Personal Data Engine သည် သင့်ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ဘေးကင်းစွာ စုဆောင်းပြီး စီမံဆောင်ရွက်ပါသည်။ ထို့နောက် ၎င်းသည် ထိုဒေတာကို ကုဒ်ဝှက်ပြီး KEEP နှင့် Knox Vault တို့ဖြင့် သင့်စက်ထဲသို့ သိမ်းဆည်းပေးသောကြောင့် အခြားသူများ ဝင်ရောက်ကြည့်ရှုရန် ပိုမိုခက်ခဲစေသည်။11,12

စိတ်ကြိုက် လုပ်ဆောင်ထားသည့် ထိန်းချုပ်မှုများ

သင့် Galaxy AI ကို ထိန်းချုပ်ထားလိုက်ပါ။ စက်ပစ္စည်းပေါ်တွင်ဖြစ်စေ သို့မဟုတ် ကလောက်ဒ်တွင်ဖြစ်စေ ၎င်းကို လုပ်ဆောင်မည့်နေရာကို သင် ဆုံးဖြတ်ရပါသည်။

ချိတ်ဆက်ထားသော လုံခြုံရေး

Knox Matrix Trust Chain နည်းပညာသည် Galaxy ချိတ်ဆက်ထားသော စက်ပစ္စည်းများတွင် လုံခြုံရေးကို ပေးစွမ်းသောကြောင့် သင်၏ Galaxy စမတ်ဖုန်းမှနေပြီး အခြားစက်ပစ္စည်းများ၏ လုံခြုံရေးကို စောင့်ကြည့်နိုင်ပါသည်။

မေးလေ့ရှိသော မေးခွန်းများ

  • One UI 9 တွင် အသစ်အဆန်းများက ဘာတွေလဲ။

    Samsung မှ One UI 9 သည် Galaxy device များသို့ feature အသစ်များနှင့် တိုးတက်မှုများစွာကို ယူဆောင်လာပေးပြီး ပိုမိုချောမွေ့ပြီး ထိုးထွင်းသိမြင်နိုင်သော အသုံးပြုသူအတွေ့အကြုံကို ပေးစွမ်းသည့်အပြင် အသုံးပြုသူများကို အမှန်တကယ်နားလည်ပြီး ကူညီပေးရန်အတွက် မြှင့်တင်ထားသော Galaxy AI လည်း ပါဝင်ပါသည်။ One UI 9 ကို Galaxy Z Fold8 Ultra၊ Galaxy Z Fold8 နှင့် Galaxy Z Flip8 တို့တွင် ဦးစွာမိတ်ဆက်ပြီးနောက် အခြား Galaxy device များသို့ တဖြည်းဖြည်း ဖြန့်ချိသွားမည်ဖြစ်သည်။

    • ပိုမိုကောင်းမွန်သော UX အတွေ့အကြုံ- One UI 9 မှာ ပိုမိုကောင်းမွန်အောင် ပြုလုပ်ထားသော အပြင်အဆင်များနှင့် မျက်နှာပြင်များ အပါအဝင် Galaxy အတွေ့အကြုံကို မြှင့်တင်ပေးမည့် UX နှင့် ဒီဇိုင်း တိုးတက်မှုအမျိုးမျိုးကို ယူဆောင်လာပါသည်။ Update များက သင့် Galaxy နှင့် ပိုမိုချောမွေ့လွယ်ကူစွာ အပြန်အလှန်လုပ်ဆောင်နိုင်စေပြီး အားနည်းသောကြိုးစားမှုဖြင့် ပိုမိုအလုပ်များကို လုပ်ဆောင်နိုင်စေပါသည်။



    • Galaxy AI feature များ- One UI 9 တွင် Now Nudge၊ My FanCam၊ Photo Assist နှင့် Now Brief ကဲ့သို့ နေ့စဉ်ဘဝ၏ ကဏ္ဍအမျိုးမျိုးတွင် အသုံးဝင်အောင် ဒီဇိုင်းထုတ်ထားသော Galaxy AI လုပ်ဆောင်ချက်အမျိုးမျိုးကို update လုပ်ထားပါသည်။ ဤ feature များသည် ပိုမိုကြွယ်ဝပြီး ပိုမိုစိတ်ကြိုက်ပြင်ဆင်နိုင်ကာ ပိုမိုချောမွေ့စွာ အလုပ်လုပ်ပါသည်။

  • One UI သည် သင့် Galaxy device များတွင် အလိုလိုသိနိုင်ပြီး ချိတ်ဆက်ထားသော အသုံးပြုသူအတွေ့အကြုံအတွက် ဒီဇိုင်းထုတ်ထားသည့် Samsung ၏ ဆန်းသစ်သောဆော့ဖ်ဝဲ ဖြစ်သည်။ အခြေခံအားဖြင့် ၎င်းသည် စမတ်ဖုန်းများ၊ စမတ်နာရီများ၊ တက်ဘလက်များနှင့် အခြားအရာများအတွက် Samsung UI ဖြစ်သည်။ နောက်ဆုံးထွက်ဗားရှင်းမှာ One UI 9 ဖြစ်ပြီး Galaxy foldable device များတွင် ပိုမိုချောမွေ့သော အတွေ့အကြုံကို ပေးစွမ်းနိုင်ရန် အထူးပြုလုပ်ထားပါသည်။

    • Galaxy Foldable device များအတွက် One UI 9 ကို အပ်ဒိတ်လုပ်ထားပြီး Galaxy Z Fold8 အသစ် အပါအဝင် ပုံစံတစ်ခုချင်းစီအတွက် အကောင်းဆုံးဖြစ်အောင် ပြုလုပ်ထားသော interface ကို သေချာစေသည်။ ထို့ကြောင့် မည့်သည့် Galaxy foldable ဖုန်းမျိုးမဆိုသည် ချောမွေ့သည့် အပြန်အလှန်ဆက်သွယ်မှုနှင့်အတူ အရည်အသွေးမြင့် အသုံးပြုသူအတွေ့အကြုံကို ယုံကြည်စိတ်ချစွာ ရရှိနိုင်ပါသည်။

    • အထူးသဖြင့် Galaxy Z Flip8 ၏ cover screen မှပင် အလုပ်များကို ပိုမိုလုပ်ဆောင်နိုင်ပါသည်။ One UI 9 သည် ပိုမိုတသမတ်တည်းရှိသော ဖွဲ့စည်းပုံဒီဇိုင်းဖြင့် သေးငယ်သော cover display များအတွက် စိတ်ကြိုက်ပြင်ဆင်ထားသော ပိုမိုကောင်းမွန်သည့် UX ကို ပေးစွမ်းမည့်အပြင် သင့်ဖုန်းကို မဖွင့်ဘဲ သင့် FlexWindow မှ တိုက်ရိုက်ဝင်ရောက်အသုံးပြုနိုင်သည့် အပိုဆောင်း feature များနှင့် core app လုပ်ဆောင်ချက်များကိုလည်း ပံ့ပိုးပေးပါသည်။

    • One UI 9 သည် တစ်ချက်နှိပ်ရုံဖြင့် Windows အကြား လွတ်လပ်စွာ ပြောင်းလဲနိုင်စေမည့် နှစ်ပိုင်းနှင့် သုံးပိုင်း ခွဲပြ မြင်ကွင်းများကိုလည်း ပံ့ပိုးပေးပါသည်။

    • One UI 9 ၏ နောက်ထပ်ပြောင်းလဲမှုတစ်ခုမှာ window snap လုပ်ဆောင်ချက်များအတွက် DeX Mode အတွေ့အကြုံကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ထားခြင်းဖြစ်ပါသည်။ ယခု သင်သည် Windows ကို ဘယ်ဘက်/ညာဘက်အပြင် အပေါ်/အောက်တွင်လည်း snap လုပ်ပြီး စီစဉ်နိုင်ပါပြီ။
  • One UI 9 ကို Samsung ၏ နောက်ဆုံးပေါ် Galaxy ခေါက်သိမ်းနိုင်သော စမတ်ဖုန်းများဖြစ်သည့် Galaxy Z Fold8 Ultra၊ Galaxy Z Fold8 နှင့် Galaxy Z Flip8 တို့နှင့်အတူ ပထမဆုံး မိတ်ဆက်သွားပါမည်။ One UI 9 အပ်ဒိတ်ကို ဆက်လက်ဖြန့်ချိသည်နှင့်အမျှ အခြား Galaxy device များအတွက်ပါ တိုးချဲ့သွားမည်။

    မှတ်ချက်- AI လုပ်ဆောင်ချက် ရရှိနိုင်မှုသည် device မော်ဒယ်လ်အလိုက် ကွဲပြားနိုင်ပါသည်။

    One UI 9 နှင့် မည်သည့် device များတွဲသုံးနိုင်သည်ကို စစ်ဆေးရန် Samsung Members အက်ပ်ကို ဒေါင်းလုဒ်လုပ်ပြီး စစ်ဆေးနိုင်ပါသည်။

  • One UI 9 ထွက်ရှိမည့်ရက်ကဲ့သို့ One UI အပ်ဒိတ်များ ထွက်ရှိမည့်ရက်ကို စစ်ဆေးရန် Samsung Members အက်ပ်ကို ဒေါင်းလုဒ်လုပ်နိုင်ပါသည်။

  • သင့် Galaxy device တွင် နောက်ဆုံး One UI အပ်ဒိတ်ကို ထည့်သွင်းရန်၊ Settings > Software update > Download and install သို့သွားပါ၊ ထို့နောက် ‘Check for updates’ ကို နှိပ်ပါ။

    အပ်ဒိတ်အသစ် ရရှိနိုင်ပါက သင့် Galaxy device တွင် One UI နောက်ဆုံးဗားရှင်းကို ဒေါင်းလုဒ်လုပ်ပြီး ထည့်သွင်းရန် အဆင့်ဆင့် လမ်းညွှန်ပေးပါမည်။ One UI ၏ နောက်ဆုံးဗားရှင်းကို ထည့်သွင်းပြီးသားဖြစ်ပါက သင့်ဆော့ဖ်ဝဲက နောက်ဆုံးပေါ်ဖြစ်နေကြောင်း message ကို တွေ့ရပါလိမ့်မည်။

    မှတ်ချက်- One UI ၏ နောက်ဆုံးထွက်ဗားရှင်းကို ထောက်ပံ့ပေးထားသော device များတွင်သာ အပ်ဒိတ်ကို ရရှိနိုင်ပါသည်။
  • One UI 9 က သင့် Galaxy Z Flip8 ဖုန်း၏ FlexWindow ကို ပိုမိုကောင်းမွန်သော တည်းဖြတ်မှု ရွေးချယ်မှုများဖြင့် စိတ်ကြိုက်ပြင်ဆင်ရန် ယခင်ကထက် ပိုမိုလွယ်ကူစေပါသည်။ သင်သည် Galaxy Z Flip8 အား စိတ်ကြိုက်ပြင်ဆင်ရသည်ကို နှစ်သက်သူတစ်ယောက်ဆိုပါက One UI စိတ်ကြိုက်ပြင်ဆင်မှု အပ်ဒိတ်အသစ်များကပေးသော အရာများကို သင်နှစ်သက်မှာပါ။

    • ပိုမိုစိတ်ကြိုက်ပြင်ဆင်နိုင်သော Quick Panel- Quick Panel တွင် အလင်းအမှောင်နှင့် အသံအတိုးအကျယ် slider များ၏ အရွယ်အစားကို ပြောင်းလဲခြင်း၊ မီဒီယာ ပလေယာကို ပြောင်းလဲခြင်း၊ အသံခလုတ်ကို အသံအတိုးအကျယ် slider မှ ခွဲထုတ်ခြင်းကဲ့သို့ ထိန်းချုပ်မှုများကိုပြန်စီပြီး စိတ်ကြိုက်ပြင်ဆင်နိုင်သည့် ရွေးချယ်မှုများသည် ပိုများလာပါသည်။ အိုင်ကွန်ကိုယ်တိုင်ကိုလည်း အသံအတိုးအကျယ်နှင့် အလင်းအမှောင် slider များမှ ခွဲထုတ်နိုင်ပါသည်။

    • အဆင့်မြင့် FlexWindow တည်းဖြတ်ခြင်း- ယခုအခါ ဖုန်းကို မဖြန့်ဘဲ FlexWindow ပေါ်တွင် အက်ပ်မျက်နှာပြင်၊ ဝစ်ဂျက်များနှင့် Quick Panel များကို တိုက်ရိုက်တည်းဖြတ်နိုင်ပါပြီ။ ဥပမာအားဖြင့်၊ ချက်ချင်းစိတ်ကြိုက်ပြင်ဆင်နိုင်ရန် မျက်နှာဖုံးမျက်နှာပြင်ပေါ်တွင် ဝစ်ဂျက်များကို တိုက်ရိုက်ရွှေ့ခြင်း၊ ထည့်ခြင်း သို့မဟုတ် ဖျက်ခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။

    • FlexWindow ကြိုတင်သတ်မှတ်ချက်များအတွက် အချက်အလက်ဝစ်ဂျက် အသစ်များ- Galaxy Z Flip8 အတွက် FlexWindow လော့ခ်စခရင် ကြိုတင်သတ်မှတ်မှုများတွင် ထည့်သွင်းနိုင်သော အချက်အလက်အမျိုးအစား ဝစ်ဂျက်အသစ် နှစ်ခုရှိသည် — Health နှင့် Reminder

    • အလျားလိုက် တိုးချဲ့နိုင်သော FlexWindow နောက်ခံပုံ- သင့် FlexWindow နောက်ခံပုံကို အလျားလိုက် ချဲ့ထွင်နိုင်ပြီး နာရီက အကောင်းဆုံး မျက်နှာပြင် အပြင်အဆင်ကို ထိန်းသိမ်းရန် အလိုအလျောက် နေရာပြောင်းပေးပါလိမ့်မည်။
  • One UI 9 သည် သင့်နေ့စဉ်ဘဝကို ပိုမိုချောမွေ့စေရန် ဒီဇိုင်းထုတ်ထားသော Galaxy AI လုပ်ဆောင်ချက်များစွာကို တိုးတက်ကောင်းမွန်အောင် ပြုလုပ်ထားပြီး သင့် Galaxy စက်ကို ပိုမိုကောင်းမွန်သော ကိုယ်ပိုင် AI လက်ထောက်တစ်ဦး ဖြစ်လာစေပါသည်။ အထူးသဖြင့် နောက်ဆုံးပေါ် One UI အပ်ဒိတ်များသည် Galaxy AI လုပ်ဆောင်ချက်များကို ပိုမိုကြွယ်ဝလာစေပြီး ပိုမိုအသုံးဝင်ကာ ပိုမိုကောင်းမွန်အောင် ချိန်ညှိပေးပါသည်။

    • Now Nudge- မျက်နှာပြင်ပေါ်ရှိ အချိန်နှင့်တပြေးညီ မှတ်မိသိရှိနိုင်စွမ်းနှင့် သင့်စိတ်ကြိုက်ဒေတာကို အသုံးပြု၍ အထောက်အကူဖြစ်စေသော အကြံပြုချက်များကို ပေးသည်။ One UI 9 နောက်ဆုံးထွက် အပ်ဒိတ်နှင့်အတူ Now Nudge က ကီးဘုတ်ပေါ်တွင်လည်းကောင်း၊ အက်ပ်အမျိုးမျိုးတွင်လည်းကောင်း ပိုမိုစမတ်ကျပြီး ကြွယ်ဝသည့် အကြံပြုချက်တွေကို ပေးစွမ်းပါသည်။

    • My FanCam- ဗီဒီယိုကို ရိုက်ကူးပြီးနောက် Gallery ၏ ဗီဒီယိုတည်းဖြတ်ခြင်း လုပ်ဆောင်ချက်ထဲတွင် သင့်ရိုက်ချက်များကို အလွယ်တကူ ဖရိမ်ပြန်ချိန်နိုင်ပါသည်။ ဤလုပ်ဆောင်ချက်က သတ်မှတ်ထားသော လူတစ်ယောက်ကို ဗီဒီယိုအလယ်ဗဟိုတွင် အလိုအလျောက်ထားပေးပြီး အဓိကအရာဝတ္ထုကို ဦးတည်ထားသော ဗီဒီယိုကလစ်တစ်ခုကို ဖန်တီးပေးပါသည်။ ထို့ကြောင့် ကိုယ်တိုင် ဖြတ်တောက်လုပ်စရာမလိုရုံသာမက၊ ဖရိမ်ကိုလည်း ချိန်ညှိစရာမလိုဘဲ မျှဝေရာတွင် ပိုလွယ်ကူစေပါသည်။

    • Photo Assist- ရေးသားထားသော ညွှန်ကြားချက်များနှင့်အတူ Photo Assist တွင် ဓာတ်ပုံတည်းဖြတ်ခြင်းကို မြန်ဆန်စွာ လုပ်ဆောင်နိုင်သည့် နည်းလမ်းရိုးရှင်းတစ်ခုလည်း ရှိပါသည်။ သင်ပြုလုပ်လိုသော တည်းဖြတ်မှုကို စကားပြောပြီး ရိုးရှင်းစွာ ဖော်ပြနိုင်ပြီး Photo Assist က သင့်အတွက် လုပ်ဆောင်ပေးပါလိမ့်မည်။

    • Now Brief- တစ်ချက်ကြည့်လိုက်ရုံဖြင့် သင့်တစ်နေ့တာကို အလွယ်တကူ သိရှိနိုင်စေမည့် တိုတောင်းပြီး အချက်အလက်ပြည့်စုံသော အကျဉ်းချုပ်များကို ပေးပို့ပါသည်။ One UI 9 နောက်ဆုံးထွက် အပ်ဒိတ်က Now Brief ကို ပိုမိုစိတ်ကြိုက်ပြင်ဆင်နိုင်မှုများဖြင့် ပိုမိုကြွယ်ဝလာသော အပြင်အဆင်များနှင့် ပိုမိုကောင်းမွန်အောင် ပြုလုပ်ပေးပါသည်။

    မှတ်ချက်- AI လုပ်ဆောင်ချက် ရရှိနိုင်မှုသည် ကိရိယာ မော်ဒယ်လ်၊ ဘာသာစကား သို့မဟုတ် ဒေသအလိုက် ကွဲပြားနိုင်ပါသည်။
    အထက်ဖော်ပြပါ စာရင်းရှိ လုပ်ဆောင်ချက်များသာမက One UI 9 တွင် နောက်ထပ် AI လုပ်ဆောင်ချက်များ ရရှိနိုင်ပါသည်။

  • Galaxy AI လုပ်ဆောင်ချက်များကို တစ်ချက်နှိပ်ရုံ သို့မဟုတ် ရိုးရှင်းသော အဆင့်များကို လုပ်ဆောင်ခြင်းဖြင့် အလွယ်တကူ ဝင်ရောက်အသုံးပြုနိုင်ပါသည်။ Galaxy AI လုပ်ဆောင်ချက်အချို့သည် နောက်ခံတွင် လည်ပတ်နေပြီး လိုအပ်သည့်အခါတွင်—ကိုယ်ပိုင် AI လက်ထောက်တစ်ယောက်လို—ကူညီပေးရန် အလိုအလျောက် ဝင်ရောက်လာပါသည်။ အခြား Galaxy AI လုပ်ဆောင်ချက်များကိုမူ အက်ပ်များနှင့် မျက်နှာပြင်များအချို့တွင် ပေါ်လာသည့် ကြယ်လေးပွင့်ပုံ အိုင်ကွန်ကို နှိပ်၍ အသက်သွင်းရန် လိုအပ်ပါသည်။

    • Now Nudge- Settings မီနူးထဲတွင် ဖွင့်ပြီးနောက် Now Nudge က သင်လိုအပ်နေသည်ကို သိရှိသည့်အချိန်ကတည်းက ကူညီပေးရန် အသင့်ဖြစ်နေပါလိမ့်မည်။ ဥပမာအားဖြင့် သက်ဆိုင်ရာ စကားပြောဆိုမှုတစ်ခုအတွင်း Messenger အက်ပ်တွင် ပေါ်လာနိုင်ပါသည်။

    • My FanCam- သင့်စက်ပေါ်ရှိ Gallery အက်ပ်ကိုဖွင့်ပြီး သင်တည်းဖြတ်လိုသော ဗီဒီယိုကို ရွေးချယ်ပါ။ Galaxy AI အိုင်ကွန်ကို နှိပ်ပါ။ ထို့နောက် ရွေးချယ်နိုင်သော လူများကို ပြသလာသည့်အခါ လိုချင်သော ပုဂ္ဂိုလ်ကို ရွေးချယ်ပါ။

    • Photo Assist- သင့်စက်ပေါ်ရှိ Gallery အက်ပ်ကိုဖွင့်ပြီး သင်တည်းဖြတ်လိုသော ပုံကို ရွေးချယ်ပါ။ ပြီးနောက် Galaxy AI အိုင်ကွန်ကို နှိပ်ပါ။

    မှတ်ချက်- AI လုပ်ဆောင်ချက် ရရှိနိုင်မှုသည် ကိရိယာ မော်ဒယ်လ်၊ ဘာသာစကား သို့မဟုတ် ဒေသအလိုက် ကွဲပြားနိုင်ပါသည်။
  • 2026 ခုနှစ် ဇူလိုင်လအထိ Galaxy AI ၏ Now Nudge က ဘာသာစကား 16 မျိုးကို ပံ့ပိုးပေးပြီး Photo Assist က ဘာသာစကား 41 မျိုးကို ပံ့ပိုးပေးပါသည်။ ဘာသာစကား စာရင်း အပြည့်အစုံကို အောက်တွင် ဖော်ပြထားပါသည်။

    • Now Nudge မှ ပံ့ပိုးပေးသော ဘာသာစကားများ- ကိုးရီးယား၊ အင်္ဂလိပ်၊ ပြင်သစ်၊ စပိန်၊ အီတလီ၊ ဂျာမန်၊ ပိုလန်၊ ပေါ်တူဂီ၊ ဂျပန်၊ တရုတ် (ရိုးရှင်း)၊ ထိုင်း၊ ဗီယက်နမ်၊ ဟိန္ဒီ၊ အာရဗီ၊ အင်ဒိုနီးရှားနှင့် ရုရှား။

    • Photo Assist မှ ပံ့ပိုးပေးသော ဘာသာစကားများ- ကိုရီးယား၊ အာရဗီ၊ ဘင်္ဂါလီ၊ ဘူလ်ဂေးရီးယား၊ ရိုးရှင်းတရုတ်၊ ရိုးရာတရုတ်၊ ခရိုအေးရှား၊ ချက်၊ ဒိန်းမတ်၊ ဒတ်ချ်၊ အင်္ဂလိပ်၊ အက်စ်တိုးနီးယား၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမန်၊ ဂရိ၊ ဟီးဘရူး၊ ဟိန္ဒီ၊ ဟန်ဂေရီ၊ အင်ဒိုနီးရှား၊ အီတလီ၊ ဂျပန်၊ လတ်ဗီးယား၊ လစ်သူယေးနီးယား၊ နော်ဝေ၊ ပိုလန်၊ ပေါ်တူဂီ၊ ရိုမေးနီးယား၊ ရုရှား၊ ဆားဘီးယား၊ ဆလိုဗက်၊ ဆလိုဗေးနီးယား၊ စပိန်၊ ဆွာဟီလီ၊ ဆွီဒင်၊ ထိုင်း၊ တူရကီ၊ ယူကရိန်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် ဂူဂျာရတ်။
  • PDE (Personal Data Engine) သည် Galaxy စက်ပစ္စည်းများပေါ်တွင် သင့်ကိုယ်ရေးကိုယ်တာဒေတာများကို—Galaxy AI လုပ်ဆောင်ချက်များက အသုံးပြုသော ကိုယ်ရေးကိုယ်တာဒေတာများအပါအဝင်—စက်ပစ္စည်းပေါ်တွင်ပင် လုံခြုံစွာ စီမံဆောင်ရွက်နိုင်ရန် အတွက် တည်ဆောက်ထားသော လုံခြုံရေးအင်ဂျင်တစ်ခု ဖြစ်ပါသည်။ AI ခေတ်အတွက် အပ်ဒိတ်လုပ်ထားသော Samsung ၏ အစွမ်းထက်သည့် လုံခြုံရေးနည်းပညာမှတစ်ဆင့် သင့်အချက်အလက်များကို လုံခြုံစွာ စီမံဆောင်ရွက်ထားကြောင်း သိရှိထားပြီး စိတ်အေးချမ်းသာစွာ အသုံးပြုနိုင်ပါသည်။

    PDE သည် အရေးကြီးဒေတာများကို လုံခြုံပြီး ကုဒ်ဝှက်ထားသော သိုလှောင်မှုနေရာတွင် သိမ်းဆည်းရန် KEEP (Knox Enhanced Encrypted Protection) ကို အသုံးပြုပြီး သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကို ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ကြည့်ရှုခြင်းမှ ကာကွယ်ပေးပါသည်။ PDE သည် အသုံးဝင်သော AI အတွေ့အကြုံများကို ပေးစွမ်းနေစဉ် ဒေတာမျှဝေခြင်းကို လျှော့ချခြင်းဖြင့် သင့်ဒေတာကိုလည်း လုံခြုံစေပါသည်။
  • Samsung သည် Galaxy device များတွင် သင့်ကိုယ်ရေးကိုယ်တာလုံခြုံမှုကို သေချာစေရန် hardware နှင့် software လုံခြုံရေးအလွှာများစွာကို ပေးဆောင်ထားပြီး၊ ဥပမာအားဖြင့် device အခြေပြု ဒေတာလုပ်ဆောင်ခြင်းအတွက် PDE နှင့် ဒေတာသိမ်းဆည်းမှုအတွက် KEEP တို့ပါဝင်သည်။ Knox Vault သည် PIN များ၊ စကားဝှက်များနှင့် ဘိုင်အိုမက်ထရစ် ဒေတာများ အပါအဝင် အရေးကြီးသော ဒေတာများကို သီးခြားလုံခြုံသော ပတ်ဝန်းကျင်တွင် ကာကွယ်ပေးခြင်းဖြင့် သင့်စက်ပစ္စည်းအား ဆော့ဖ်ဝဲနှင့် ဟာ့ဒ်ဝဲ တိုက်ခိုက်မှုများမှ ကာကွယ်ပေးသည့် ဟာ့ဒ်ဝဲအခြေပြု လုံခြုံရေး ဖြေရှင်းနည်းတစ်ခု ဖြစ်သည်။

    • Knox Vault မှ ကာကွယ်ထားသော ဆော့ဖ်ဝဲတိုက်ခိုက်မှုများ- ကိရိယာပေါ်ရှိ ဆော့ဖ်ဝဲအားနည်းချက်များအား အသုံးချခြင်းဖြင့် ဒေတာများကို ဝင်ရောက်ကြည့်ရှုခြင်းနှင့် ခိုးယူခြင်းတို့ကို ခွင့်ပြုချက်မရှိဘဲ ကြိုးပမ်းခြင်း။

    • Knox Vault မှ ကာကွယ်ထားသော ဟာ့ဒ်ဝဲတိုက်ခိုက်မှုများ- စက်ပစ္စည်းကို ဖြုတ်တပ်ခြင်း၊ အလွန်မြင့်မားသော သို့မဟုတ် အလွန်နိမ့်သော အပူချိန်တို့နှင့် ထိတွေ့စေခြင်း၊ ဗို့အား ချို့ယွင်းစေသော သို့မဟုတ် ဘေးဘက်မှ တိုက်ခိုက်မှုများကဲ့သို့ ရုပ်ပိုင်းဆိုင်ရာ ဝင်ရောက်ခွင့်မှတစ်ဆင့် ဒေတာရယူရန် ကြိုးပမ်းမှုများ။
  • သင့်ကိုယ်ရေးကိုယ်တာဒေတာကို ကာကွယ်ရန်အတွက် Galaxy မိုဘိုင်းစက်ပစ္စည်းများသည် လော့ခ်ဖွင့်ရန် ကြိုးပမ်းမှုအကြိမ်အရေအတွက်တစ်ခု သတ်မှတ်ထားပြီး အကြိမ်အရေအတွက်တစ်ခု ပြည့်သွားပြီးနောက် အချိန်အတိုင်းအတာတစ်ခုအထိ အသုံးပြုသူထည့်သွင်းမှုကို ကန့်သတ်ထားပါသည်။ ဖြစ်နိုင်ချေရှိသော တန်ဖိုးအားလုံးကို အစဉ်လိုက် ကြိုးစားခြင်းဖြင့် သင့်စကားဝှက်ကို ခန့်မှန်းရန် ကြိုးစားသည့် brute-force တိုက်ခိုက်မှုများကို ကာကွယ်ရန်ဖြစ်သည်။ ခွင့်ပြုထားသော ကြိုးပမ်းမှုအရေအတွက်ကို ကျော်လွန်သွားပါက သင့်စက်ကို အပြီးတိုင် လော့ခ်ချထားမည်ဖြစ်ပြီး စက်ရုံထုတ်အခြေအနေသို့ ပြန်လည်သတ်မှတ်ခြင်းဖြင့်သာ လွတ်မြောက်နိုင်ပါသည်။

    • မအောင်မြင်မှုအရေအတွက်အလိုက် ထည့်သွင်းမှုကန့်သတ်ချက်အချိန်မှာ အောက်ပါအတိုင်းဖြစ်သည်- 1 မိနစ်ကန့်သတ်ချက်အတွက် မအောင်မြင်သောကြိုးပမ်းမှု 5 ခု၊ 5 မိနစ်ကန့်သတ်ချက်အတွက် မအောင်မြင်သောကြိုးပမ်းမှု 6 ခု၊ 15 မိနစ်ကန့်သတ်ချက်အတွက် မအောင်မြင်သောကြိုးပမ်းမှု 7 ခု၊ 30 မိနစ်ကန့်သတ်ချက်အတွက် မအောင်မြင်သောကြိုးပမ်းမှု 8 ခု၊ 90 မိနစ်ကန့်သတ်ချက်အတွက် မအောင်မြင်သောကြိုးပမ်းမှု 9 ခု၊ 4 နာရီကန့်သတ်ချက်အတွက် မအောင်မြင်သောကြိုးပမ်းမှု 10 ခု၊ 12 နာရီကန့်သတ်ချက်အတွက် မအောင်မြင်သောကြိုးပမ်းမှု 11 ခု၊ 24 နာရီကန့်သတ်ချက်အတွက် မအောင်မြင်သောကြိုးပမ်းမှု 12 ခု။

    • 13 ကြိမ် မအောင်မြင်ပြီးနောက်၊ သင့် Galaxy မိုဘိုင်းစက်ပစ္စည်းသည် အပြီးအပိုင် လော့ခ်ချခံရမည်ဖြစ်ပြီး စက်ရုံထုတ်ပြန်လည်သတ်မှတ်ခြင်းဖြင့်သာ ဖယ်ရှားနိုင်သည်။
  • Galaxy Z Fold8 သည် အကြောင်းအရာကြည့်ရှုရန်အတွက် အကောင်းဆုံးဖြစ်အောင် ပြုလုပ်ထားသော ထူးခြားသည့် ခေါက်သိမ်းနိုင်သော ဒီဇိုင်းကို ပေးစွမ်းသောကြောင့် အကြောင်းအရာအမျိုးမျိုးမှ ပျော်ရွှင်မှုကို ရရှိလိုသော အသုံးပြုသူများအတွက် သင့်လျော်ပါသည်။

    • လုံးဝအသစ်စက်စက် ပုံသဏ္ဍာန်ဖြင့် ဒီဇိုင်းထုတ်ထားသောကြောင့် မျက်နှာဖုံးမျက်နှာပြင်သည် နေ့စဉ် လူမှုရေးအကြောင်းအရာများနှင့် လုံးဝကိုက်ညီပါသည်။

    • ဖြန့်လိုက်သောအခါ၊ ၎င်း၏ ကျယ်ပြန့်သော အလျားလိုက်ပုံသဏ္ဍာန်နှင့် အချိုးအစားသည် ပရီမီယံဗီဒီယိုများနှင့် အီလက်ထရွန်နစ်-စာအုပ်များတွင် နှစ်မြှုပ်ရန်အတွက် ပြီးပြည့်စုံပါသည်။

    • အလေးချိန် 201 ဂရမ်သာရှိသော Galaxy Z Fold8 သည် ကျွန်ုပ်တို့၏ အပေါ့ပါးဆုံး Fold ဖြစ်သည်။
  • Galaxy Z Fold8 Ultra သည် အက်ပ်များစွာကို ဘေးချင်းယှဉ်၍ လည်ပတ်နိုင်ပြီး၊ Windows အကြား တစ်ချက်နှိပ်ရုံဖြင့် လွတ်လပ်စွာ ပြောင်းရွှေ့နိုင်စေမည့် နှစ်ပိုင်းနှင့် သုံးပိုင်း split view များကို ပံ့ပိုးပေးခြင်းဖြင့် ထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ပေးသည့် ကျယ်ပြန့်သော ပင်မစခရင်ကို ထည့်သွင်းထားပါသည်။

    • တစ်ပြိုင်နက်တည်း အလုပ်များစွာကို လုပ်ဆောင်နိုင်ရန်အတွက် ကျယ်ပြန့်သော ပင်မမျက်နှာပြင်ပေါ်တွင် အက်ပ်များစွာကို ဘေးချင်းယှဉ်၍ ဖွင့်ထားနိုင်ပါသည်။

    • multi-window မြင်ကွင်းက စမတ်ဖုန်းမျက်နှာပြင်အပြည့်အစုံ နှစ်ခုကို တစ်ပြိုင်နက်တည်း ဘေးချင်းယှဉ် အသုံးပြုနိုင်စေပြီး အလုပ်များလုပ်ဆောင်ရန် နေရာပိုမိုရရှိစေပါသည်။

    • ဤ split view တွင် windows ကို ပြောင်းလဲရန် မလိုအပ်သဖြင့် အလုပ်များကို ချောမွေ့စွာ ပြီးမြောက်နိုင်ပြီး လိုအပ်သည့်အခါ အသေးစိတ်အချက်အလက်များကို ပိုမိုနက်ရှိုင်းစွာ လေ့လာနိုင်ပါသည်။

    • ဤအရာအားလုံးကြောင့် Galaxy Z Fold8 Ultra သည် အလုပ်ဝန်ကို အမြဲထိန်းချုပ်ထားရန် လိုအပ်သည့် အလုပ်များသော အချိန်ဇယားဖြင့် သုံးစွဲသူများအတွက် အသင့်လျော်ဆုံး ဖြစ်စေသည်။
  • ကိရိယာ မော်ဒယ်လ်၊ နိုင်ငံ/ဒေသနှင့် ဆက်သွယ်ရေးကုမ္ပဏီ အပေါ်မူတည်၍ ‌ရရှိနိုင်သော လုပ်ဆောင်ချက်များနှင့်/သို့မဟုတ် အကြောင်းအရာများ ပြောင်းလဲနိုင်ပါသည်။
  • သရုပ်ပြပုံအသုံးပြုရန်အတွက် ရုပ်ပုံများကို အသွင်တူအောင်ဖန်တီးထားပါသည်။ အစီအစဉ်များကို အတိုချုံ့ပြီး ပုံဖော်ထားသည်။ အမှန်တကယ် UI သည် ကွဲပြားနိုင်ပါသည်။
  • AI လုပ်ဆောင်ချက် အချို့ကို အသုံးပြုရန် Samsung Account ဝင်ရောက်ရန် လိုအပ်နိုင်ပါသည်။
  • Samsung သည် AI အင်္ဂါရပ်များမှ ပေးအပ်သော အထွက်၏ တိကျမှု၊ ပြီးပြည့်စုံမှု သို့မဟုတ် ယုံကြည်စိတ်ချရမှုနှင့် ပတ်သက်၍ ကတိများ၊ အာမခံချက်များ သို့မဟုတ် အာမခံချက်များ မပြုလုပ်ပါ။
  • Galaxy AI လုပ်ဆောင်ချက်များ အပါအဝင် ရရှိနိုင်သော လုပ်ဆောင်ချက်များနှင့် အကြောင်းအရာများသည် နိုင်ငံ/ ဒေသ၊ ကိရိယာ မော်ဒယ်၊ OS/One UI ဗားရှင်းနှင့် မိုဘိုင်းဝန်ဆောင်မှုပေးသူ အလိုက် ကွဲပြားနိုင်ပါသည်။
  • Samsung မှ ပံ့ပိုးပေးသော Galaxy AI အခြေခံအင်္ဂါရပ်များသည် အခမဲ့ဖြစ်သည်။ အနာဂတ်ထွက်ရှိမှုများတွင် အခကြေးငွေပေးဆောင်ရသည့်စနစ်ဖြင့် ပေးဆောင်သည့် မြှင့်တင်ထားသော အင်္ဂါရပ်များ သို့မဟုတ် ဝန်ဆောင်မှုအသစ်များ ပါဝင်နိုင်သည်။ ပြင်ပအဖွဲ့အစည်းများမှ ပံ့ပိုးပေးသော AI အင်္ဂါရပ်များအတွက် မတူညီသော စည်းကမ်းချက်များ သက်ရောက်နိုင်ပါသည်။ Galaxy AI အခြေခံအင်္ဂါရပ်များသည် လက်ရှိ Samsung ဝန်ဆောင်မှုစည်းကမ်းသတ်မှတ်ချက်များရှိ “အဆင့်မြင့် အသိဉာဏ်” အောက်တွင် ဖော်ပြထားသော ဝန်ဆောင်မှုများဖြစ်သည်။
  • Galaxy AI ဝန်ဆောင်မှုကို AI အသုံးပြုမှု နှင့်ပတ်သက်သည့် အသက်အရွယ်ကန့်သတ်ချက်များအရ ဒေသအချို့ရှိ အရွယ်မရောက်သေးသူများအတွက် ကန့်သတ်ထားနိုင်ပါသည်။
  • ထုတ်ကုန်များကို သီးခြားစီ ရောင်းချပါသည်။
  • အရောင်၊ အရွယ်အစား၊ မော်ဒယ်နှင့် နာရီလက်ပတ်များ ရရှိနိုင်မှုသည် နိုင်ငံ သို့မဟုတ် မိုဘိုင်းဝန်ဆောင်မှုပေးသူအလိုက် ကွဲပြားနိုင်ပါသည်။
  • လုပ်ဆောင်နိုင်သော ဝစ်ဂျက်အချို့သည် ကွန်ရက်ချိတ်ဆက်မှုနှင့်/ သို့မဟုတ် Samsung Account ဝင်ရောက်ရန် လိုအပ်နိုင်သည်။ အက်ပ်များအတွင်း ပံ့ပိုးပေးထားသော လုပ်ဆောင်ချက်များ ရရှိနိုင်မှုသည် နိုင်ငံအလိုက် ကွဲပြားနိုင်သည်။
  • အင်္ဂါရပ်များမှာ ပြောင်းလဲနိုင်သည်။
  • အချို့သောအင်္ဂါရပ်များကိုအသုံးပြုရန် ကွန်ရက်ချိတ်ဆက်မှု လိုအပ်နိုင်ပါသည်။
  • Galaxy AI ဝန်ဆောင်မှု ရရှိနိုင်မှုသည် ဘာသာစကားအလိုက် ကွဲပြားနိုင်ပါသည်။ ဘာသာစကားအချို့တွင် ဘာသာစကားပက်ကေ့ချ်ကို ဒေါင်းလုဒ်လုပ်ရန် လိုအပ်နိုင်ပါသည်။
  • အင်္ဂါရပ်အသစ်များ၏ ဖော်ပြချက်များသည် လက်ရှိဗားရှင်းနှင့် ယခင်ဗားရှင်းအထိ အဆင့်မြှင့်တင်မှုများ နှိုင်းယှဉ်ချက်အပေါ် အခြေခံထားပါသည်။ 
  1. တရားဝင် One UI 9 ကို Galaxy Z Fold8 Ultra၊ Galaxy Z Fold8 နှင့် Galaxy Z Flip8 တို့တွင် ဦးစွာ ဖြန့်ချိခဲ့သည်။ ဤအပ်ဒိတ်အား အခြား Galaxy ကိရိယာများတွင်လည်း တဖြည်းဖြည်း ဖြန့်ချိသွားမည်ဟု မျှော်လင့်ရပါသည်။
  2. Now Nudge အင်္ဂါရပ်အတွက် Samsung Account ဝင်ထားရန် လိုအပ်ပါသည်။ ရနိုင်သော လုပ်ဆောင်ချက်များနှင့် အင်္ဂါရပ်များသည် နိုင်ငံ၊ ဒေသနှင့် ဘာသာစကားအလိုက် ကွဲပြားနိုင်သည်။ Samsung Messages၊ Google Messages၊ Google Chat အပါအဝင် အခြားအဖွဲ့အစည်း message ပေးပို့ရေးအက်ပ်အချို့တွင် စာတို message အကြံပြုချက်များကို အသုံးပြုနိုင်ပါသည်။ Split view ကို ပံ့ပိုးပေးသော အက်ပ်များသည် ကွဲပြားနိုင်ပါသည်။ Now Nudge ရှိ ဓာတ်ပုံမျှဝေခြင်းသည် ရုပ်ပုံအတွင်းရှိ အကြောင်းအရာများကို ခွဲခြမ်းစိတ်ဖြာ၍ အလုပ်လုပ်ပါသည်။ ရလဒ်များ၏ တိကျမှန်ကန်မှုကို အာမမခံပါ။
  3. My FanCam အင်္ဂါရပ်အတွက် Samsung Account လော့အင် ဝင်ထားရန် လိုအပ်ပါသည်။ ရရှိနိုင်မှုမှာ ဗီဒီယိုအလိုက် ကွဲပြားနိုင်ပါသည်။ ခြေရာခံရန် အရာဝတ္ထုမရှိပါက မပံ့ပိုးပါ။ ရလဒ်များ၏ တိကျမှန်ကန်မှုကို အာမမခံပါ။
  4. Photo Assist သည် ကွန်ရက်ချိတ်ဆက်မှုနှင့် Samsung Account ဝင်ရောက်ထားခြင်း လိုအပ်နိုင်သည်။ ဝန်ဆောင်မှု အသုံးပြုနိုင်မှုသည် နိုင်ငံ၊ ဘာသာစကား သို့မဟုတ် စက်မော်ဒယ်အပေါ် မူတည်၍ ကွဲပြားနိုင်ပါသည်။ Photo Assist သည် ဓာတ်ပုံ အရွယ်အစားပြောင်းသွားခြင်းကို ဖြစ်စေနိုင်သည်။ ဤရုပ်ပုံအား AI ဖြင့် ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း ပြသသည့်အနေဖြင့် ရုပ်ပုံအား သိမ်းဆည်းသည့်အခါတွင် မြင်သာသော ရေစာကို ရုပ်ပုံပေါ်တွင် တွေ့ရှိရပါမည်။ ထုတ်လုပ်ထားသော အချက်အလက်၏ တိကျမှုနှင့် ယုံကြည်စိတ်ချရမှုကို အာမမခံပါ။
  5. Now Brief အင်္ဂါရပ်သည် Samsung Account ဝင်ရောက်ထားရန် လိုအပ်သည်။ ရနိုင်သော လုပ်ဆောင်ချက်များနှင့် အင်္ဂါရပ်များသည် နိုင်ငံ၊ ဒေသ၊ ဘာသာစကား၊ စက်ပစ္စည်းမော်ဒယ်နှင့် အက်ပ်များအလိုက် ကွဲပြားနိုင်သည်။ အချို့သော အင်္ဂါရပ်များသည် ကွန်ရက် ချိတ်ဆက်မှု လိုအပ်နိုင်ပါသည်။ ပေးအပ်ထားသော စိတ်ကြိုက် အကျဉ်းချုပ် အကြောင်းအရာသည် အသုံးပြုသူ သဘောတူထားသည့် ကိုယ်ရေးကိုယ်တာ အချက်အလက်များအပေါ်တွင်သာ အခြေခံပါသည်။ ထုတ်ပေးသော ရလဒ်များ၏ တိကျမှန်ကန်မှုကို အာမမခံပါ။
  6. ယခင်မော်ဒယ်များနှင့် နှိုင်းယှဉ်ပါ။
  7. သင့် Samsung Account နှင့် ချိတ်ဆက်ထားသော စက်ပစ္စည်းများအတွက် အာမခံအချက်အလက်ကို ရရှိနိုင်ပါသည်။ Ask Bixby ၏ လုပ်ဆောင်ချက်များနှင့် ပံ့ပိုးပေးထားသော အကြောင်းအရာများသည် နိုင်ငံ သို့မဟုတ် ဘာသာစကားအလိုက် ကွဲပြားနိုင်ပါသည်။ ခန့်မှန်းပြုပြင်စရိတ် ရရှိနိုင်မှုသည် စက်မော်ဒယ်/ဒေသအလိုက် ကွဲပြားနိုင်ပါသည်။ Samsung Care+ ၏ ရရှိနိုင်မှု၊ အကျုံးဝင်မှု၊ ဈေးနှုန်းနှင့် အရည်အချင်းပြည့်မီမှု လိုအပ်ချက်များသည် နိုင်ငံ/ဒေသအလိုက် ကွဲပြားနိုင်ပြီး ပေးဆောင်ရမည့်ငွေ (ဝန်ဆောင်ခ) ကျသင့်နိုင်ပါသည်။
  8. AI လက်ထောက်လုပ်ဆောင်ချက်သည် အရည်အချင်းပြည့်မီသော အကူအညီ လုပ်ဆောင်ချက်များကို မြင်သာစေသည်။ အေးဂျင့်များနှင့် လုပ်ဆောင်ချက်များ ရရှိနိုင်မှုသည် ဈေးကွက်၊ မော်ဒယ်နှင့် OS ဗားရှင်းအလိုက် ကွဲပြားနိုင်သည်။ 
  9. AI ကိုယ်ရေးကိုယ်တာ သတိပေးချက်များသည် သက်ဆိုင်ရာအချက်အလက်အားလုံးကို ထည့်သွင်းစဉ်းစားထားနိုင်မည် မဟုတ်ပါ။
  10. အန္တရာယ်ရှိသော web ရှာဖွေသိရှိခြင်းသည် အချိန်တိုင်း မှန်ကန်သော ရှာဖွေမှုကို အာမမခံနိုင်ပါ။
  11. Personal Data Intelligence မီနူးကို ဖွင့်ထားသည့် အခြေအနေတွင် Personal Data Engine အလုပ်လုပ်သည်။ Personal Data Intelligence မီနူးကို ပိတ်လိုက်သည်နှင့် ခွဲခြမ်းစိတ်ဖြာထားသော ဒေတာကို ဖျက်သွားမည်ဖြစ်သည်။ Personal Data Engine သည် အာရဗီ၊ (ရိုးရှင်းသော) တရုတ်၊ ဒတ်ချ်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန်၊ ဟိန္ဒီ၊ အင်ဒိုနီးရှား၊ အီတလီ၊ ဂျပန်၊ ကိုရီးယား၊ ပိုလန်၊ ပေါ်တူဂီ၊ ရိုမေးနီးယား၊ ရုရှား၊ စပိန်၊ ဆွီဒင်၊ ထိုင်း၊ တူရကီနှင့် ဗီယက်နမ်တို့အပါအဝင် ကန့်သတ်မထားဘဲ ရွေးထားသည့် ဘာသာစကားများနှင့် တိကျစွာ သတ်မှတ်ထားသည့် ဒေသိယသံ/ ဘာသာစကားသံကို အသိအမှတ်ပြုသည်။ Personal Data Engine သည် လက်ရှိတွင် Samsung ၏ မူရင်း အက်ပ်လီကေးရှင်းများနှင့် ပံ့ပိုးထားသော အက်ပ် အသိပေးချက်များအား စိစစ်ပေးသည်။
  12. KEEP ကို One UI 8 နှင့်အထက် ဗားရှင်းပါရှိသော Galaxy စမတ်ဖုန်းများနှင့် တက်ဘလက်များတွင် ရရှိနိုင်ပါသည်။