Samsung Galaxy နဲ့ ချိတ်ဆက်ထားတဲ့ စွမ်းအား

Galaxy နဲ့ ချိတ်ဆက်ထားတဲ့ စက်များသည် လုံးဝအတူလိုက်ဖက်ပြီး ချောမွေ့စွာ ဆက်သွယ်ရန်၊ အလုပ်လုပ်ရန်၊ ကစားရန်နှင့် ကျန်းမာစွာနေထိုင်ရန် နည်းလမ်းအသစ်များကို ဖွင့်လှစ်ပေးပါသည်။ 1

*ရုပ်ပုံသည် သရုပ်ပြမှု ရည်ရွယ်ချက်များအတွက်သာ ဖန်တီးထားခြင်း ဖြစ်သည်။ အမှန်တကယ် UI သည် ကွဲပြားနိုင်ပါသည်။

တွဲဖက်သုံးစွဲမှုဆိုင်ရာ အဆင်မပြေမှုတွေက ဆယ်စုနှစ်မှာ ကျန်ခဲ့ပါပြီ။ Galaxy စက်များကို အတူတကွ အသုံးပြုနိုင်ရန် ဒီဇိုင်းထုတ်ထားတဲ့အတွက် သင်အသုံးပြုသမျှ ချောမွေ့နေမှာပါ။ ကြီးမားတဲ့ စခရင်နဲ့ ဗီဒီယိုခေါ်ဆိုမှုများနှင့် ဖိုင်မျှဝေခြင်းမှ Health goals များကို Health wins အဖြစ် ပြောင်းလဲခြင်းအထိ၊ Galaxy နှင့်အတူ ပိုမိုလွယ်ကူလာပါပြီ။

နေရာတိုင်းမှ မျှဝေလိုက်ပါ

စက်အချင်းချင်းးများကြား အတားအဆီးများကို မေ့လိုက်ပါ။ Galaxy သည် သင့်အကြောင်းအရာကို သင်သွားလိုသည့်နေရာတွင် ယူဆောင်ပေးနိုင်စေပါသည်။

Quick Share

အလွန်မြန်နှုန်းမြင့် Quick Share

Quick Share မှတဆင့် ဓာတ်ပုံများ၊ ဗီဒီယိုများနှင့် စာရွက်စာတမ်းများကို မျှဝေရာတွင် အလွန်မြန်ဆန်လွယ်ကူ‌စေသလို ချက်ချင်းနီးပါး မျှဝေနိုင်ပါသည်။ တစ်ချက်နှိပ်ရုံဖြင့်၊ အနီးနားရှိ Galaxy စက်များနှင့် ဖိုင်များကို မျှဝေနိုင်ပြီး — အခြားအမျိုးအစား PC များနှင့်ပင် မျှဝေနိုင်ပါသည်။ဝေးကွာနေတဲ့ သို့မဟုတ် Galaxy စက်များကို အသုံးမပြုထားတဲ့ အဆက်အသွယ်များထံပင်လျှင် ဖိုင်များကို တစ်ပြိုင်နက်ပေးပို့ရန် Quick Share ကို အသုံးပြုနိုင်ပါသည်။ 2

*ရုပ်ပုံသည် သရုပ်ပြမှု ရည်ရွယ်ချက်များအတွက်သာ ဖန်တီးထားခြင်း ဖြစ်သည်။ အမှန်တကယ် UI သည် ကွဲပြားနိုင်ပါသည်။

Smart View

သင့်ဖုန်းထဲကအတိုင်း သင့် TV တွင်မျှဝေကြည့်ရင်း သင့်ရဲ့ ကိုယ်ရေးလုံခြုံမှုကို သိမ်းထားပါ

Smart View မှ App Cast နှင့်ဆိုလျှင် သင့်ဖုန်းမှ သင့် TV သို့ စခရင် မျှဝေသည့်အခါ စခရင်တွင် ပေါ်လာတဲ့ ကိုယ်ရေးကိုယ်တာမက်ဆေ့ဂျ်များကို သိမ်းဆည်းထားနိုင်သည့်အပြင် အခြားလုပ်ဆောင်စရာများအတွက် သင့်ဖုန်းကို ဆက်လက်အသုံးပြုနိုင်မည်ဖြစ်သည်။ 3

*ရုပ်ပုံသည် သရုပ်ပြမှု ရည်ရွယ်ချက်များအတွက်သာ ဖန်တီးထားခြင်း ဖြစ်သည်။ အမှန်တကယ် UI သည် ကွဲပြားနိုင်ပါသည်။

*ရုပ်ပုံသည် သရုပ်ပြမှု ရည်ရွယ်ချက်များအတွက်သာ ဖန်တီးထားခြင်း ဖြစ်သည်။ အမှန်တကယ် UI သည် ကွဲပြားနိုင်ပါသည်။

ယခင်ကထက်ပိုကောင်းတဲ့ အဆက်အသွယ် ထားရှိလိုက်ပါ

Galaxy ecosystem စနစ်တွင် ဆက်သွယ်ရေးသည် ပိုမိုပွင့်လင်းလွယ်ကူလာပါတယ်။

ဗီဒီယိုခေါ်ဆိုမှုလွှဲပြောင်းခြင်း

အတူတကွ စကားပြောပါ၊ ကြည့်ပါ၊ ရယ်မောပါ

ဆိုဖာပေါ်တွင် အနားယူကာ အိမ်ပြန်နေရင်း ဗီဒီယို call ခေါ်ဆိုနေပါသလား။ သင်ရဲ့ Google Meet ခေါ်ဆိုမှုကို သင့်ဖုန်းမှ တက်ဘလက်သို့ ချောမွေ့စွာ လွှဲပြောင်းခြင်းဖြင့် စကားဆက်ပြောပါ။ နံနက်ခင်းတိုင်းမှာ သင့်ဖုန်းဖြင့် တစ်နေ့တာ ပထမဆုံး ဗီဒီယိုခေါ်ဆိုမှုကို စတင်ပြီး တစ်ချက်မျှ မလွှတ်ဘဲ တက်ဘလက်ထံ လွှဲပြောင်းနိုင်ပါသည်။ 4

*ရုပ်ပုံသည် သရုပ်ပြမှု ရည်ရွယ်ချက်များအတွက်သာ ဖန်တီးထားခြင်း ဖြစ်ပါသည်။ အမှန်တကယ် UI (အသုံးပြုသူ ကြားခံသွင်ပြင်စနစ်) မှာ ကွဲပြားနိုင်ပါသည်။

အခြားကိရိယာများတွင် ဖုန်းခေါ်ဆိုခြင်းနှင့် စာတိုပေးပို့ခြင်း

ဘယ်တော့မှ လွတ်မသွားမယ့် ဖုန်းအဝင်နဲ့ စာတိုများ

သင်သည် Galaxy Tab နဲ့ အလုပ်လုပ်နေပါက၊ ချိတ်ဆက်ထားသော Galaxy ဖုန်းသည် မည်သို့သော ခေါ်ဆိုမှု သို့မဟုတ် မက်ဆေ့ချ်များ သို့မဟုတ် သင့်နည်းလမ်းကိုမဆို ပေးပို့ပါလိမ့်မည်။ ထိုကြောင့် သင်အမြဲတမ်း အချိတ်အဆက် မိနေမည်ဖြစ်ပါသည်။ 5

*ရုပ်ပုံကို သရုပ်ပြရန် ရည်ရွယ်ချက်အတွက်သာ ဖန်တီးထားသည်။

*ရုပ်ပုံကို သရုပ်ပြရန် ရည်ရွယ်ချက်အတွက်သာ ဖန်တီးထားသည်။

သင့်စိတ်ကူးတွေကို Samsung Galaxy နဲ့ မပြတ်ရှိနေစေလိုက်ပါ

Galaxy စက်ပစ္စည်းများကို syncing လုပ်ခြင်းက သင်မည်သည့်နေရာ ရောက်နေစေကာမူ ထိရောက်သော၊ လုပ်ဆောင်စရာများ ပြီးမြောက်စေသည့် အလုပ်ရုံတစ်ခုကို ဖန်တီးနိုင်စေပါသည်။

Windows နဲ့ ချိတ်ဆက်ပါ

Samsung Galaxy နဲ့ လုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်လိုက်ပါ

Link to Windows ဖြင့် သင်သည် သင့် PC ရှိ မိုဘိုင်းလ် သတိပေးချက်များနှင့် မက်ဆေ့ချ်များကို စစ်ဆေးပြီးနောက် ချက်ချင်း စာပြန်နိုင်ပါသည်။ ဖုန်း သို့မဟုတ် တက်ဘလက်ရှိ အက်ပ်များကြားတွင် ကူးပြောင်းနေမည့်အစား တစ်ချိန်တည်းတွင် သင့် PC စခရင်ပေါ်တွင် ၎င်းတို့ကို မြင်တွေ့နိုင်ပါသည်။ ထို့အပြင် မကြာသေးမီက အက်ပ်များ အထူးထုတ်ကုန်များသည် သင်အသုံးပြုခဲ့သည့် မိုဘိုင်းလ်အက်ပ်များကို သင့် PC ပေါ်တွင် မှန်ကန်စွာ ပြသပေးမည်ဖြစ်သောကြောင့် ကိရိယာများကြားတွင် အမြန်အသုံးပြုနိုင်မှုနှင့် ဆက်တိုက်အလုပ်လုပ်ဆောင်နိုင်မှုကို ရရှိမည်ဖြစ်ပါသည်။ မကြာသေးမီက ဝဘ်ဆိုက်များ လုပ်ဆောင်ချက်ကို အသုံးပြု၍ သင့်ဖုန်း၏ Samsung အင်တာနက်အက်ပ်မှ သင့် PC browser သို့လည်း ဆက်လက်ရှာဖွေနိုင်ပါသည်။ 6

*ရုပ်ပုံသည် သရုပ်ပြမှု ရည်ရွယ်ချက်များအတွက်သာ ဖန်တီးထားခြင်း ဖြစ်သည်။ အမှန်တကယ် UI သည် ကွဲပြားနိုင်ပါသည်။

ဒုတိယ စခရင်

ဒစ်ဂျစ်တယ် လုပ်ငန်းခွင်နေရာကို တိုးချဲ့ပါ

သင့် PC စခရင်သည် နေရာအနည်းငယ်ပြည့်နေသည့်ဟု ခံစားနေရပါသလား။ PC စခရင်ကို သင်၏ Galaxy တက်ဘ်တွင် တိုးချဲ့ ကြည့်လိုက်ပါ။အလုပ်နေရာပိုမိုရရှိရန် ရိုးရှင်းသောနည်းလမ်းဖြစ်သည့်အပြင်၊ မှတ်စုများဆွဲရန်နှင့် ရေးမှတ်ရန် S Pen ကို အသုံးပြုခြင်းဖြင့် သင်၏ဖန်တီးမှုအပိုင်းသို့ ဝင်ရောက်နိုင်ပါသည်။ ဒုတိယစခရင်ဖြင့် အကန့်အသတ်မရှိ အလုပ်လုပ်နိုင်ပြီး ဖွင့်နိုင်ပါသည်။ 7

*စခရင် ရုပ်ပုံကို သရုပ်ပြရန် ရည်ရွယ်ချက်အတွက်သာ ဖန်တီးထားသည်။

Samsung Notes

Samsung Notes နှင့် နေရာမရွေး ပူးပေါင်းလုပ်ဆောင်လိုက်ပါ

Samsung Notes နှင့်ဆိုလျှင် လွယ်ကူချောမွေ့သည့် မှတ်စု မှတ်သားနိုင်သော အတွေ့အကြုံအတွက် သင့်မှတ်စုများသည် Samsung Cloud ကို အသုံးပြု၍ သင်၏ Galaxy ကိရိယာများတွင် အလိုအလျောက် အပ်ဒိတ်လုပ်သွားပါသည်။ သင်သည် မှတ်စုတစ်ခုဖန်တီးလိုက်ပြီး အဖွဲ့လိုက် ကြည့်ရှုရန်နှင့် တည်းဖြတ်ရန် လူများကိုပင် ဖိတ်ခေါ်နိုင်ပါသည်။ ပူးပေါင်းဆောင်ရွက်ရသော ပရောဂျက်တွင် လုပ်ဖော်ကိုင်ဖက်များ ပါဝင်လာစေရန် လင့်ခ်တစ်ခုကို အသုံးပြုပါ။ 8

*စခရင်ရုပ်ပုံသည် သရုပ်ပြမှု ရည်ရွယ်ချက်များအတွက်သာ ဖန်တီးထားခြင်း ဖြစ်ပါသည်။ အမှန်တကယ် UI (အသုံးပြုသူ ကြားခံသွင်ပြင်စနစ်) မှာ ကွဲပြားနိုင်ပါသည်။

Samsung Galaxy ဝန်ဆောင်မှုများနဲ့ နေ့စဉ်ဘဝကို စမတ်ကျပြီး ပိုကျန်းမာအောင်လုပ်ပါ

Galaxy Watch နှင့် Galaxy ဖုန်းသည် အစွမ်းထက်သော ချိတ်ဆက်ကျန်းမာရေးလုပ်ဆောင်ချက်တစ်ခုအဖြစ် အတူတကွ လုပ်ဆောင်ပါသည်။

နေ့စဉ်လှုပ်ရှားမှုနှင့် ကြံ့ခိုင်မှု ခြေရာခံခြင်း

နေ့စဉ်ဘဝအတွက် ကျန်းမာပျော်ရွှင်မှုကို ရယူပါ

သင့်ရဲ့ Galaxy Watch သည် သင့်ကျန်းမာရေးကို အသေးစိတ်စစ်ဆေးပြီး သင့်နေ့စဉ်ကျန်းမာစေရန်အတွက် နည်းလမ်းအမျိုးမျိုးကို ပံ့ပိုးပေးပါသည်။ သင်၏အိပ်စက်မှုပုံစံများကို ပိုမိုကောင်းမွန်စွာနားလည်ပြီး သင့် Watch မှ တိုက်ရိုက်ကျန်းမာသော အိပ်စက်ခြင်းလမ်းညွှန်ချက်များကို ရယူပါ။ သင်၏ Watch သည် သင့်နှလုံးကျန်းမာရေးကို အဆက်မပြတ်စောင့်ကြည့်ပြီး ပုံမှန်မဟုတ်သော နှလုံးခုန်နှုန်းကို တွေ့ရှိပါက ပိုမိုသေချာစွာစစ်ဆေးရန်အတွက် ECG ရိုက်ရန် လှုံ့ဆော်ပေးလျက် သတိပေးချက် တစ်ခုပေးပို့ကာ သင့်တစ်နေ့တာကို စိတ်အေးချမ်းသာစွာဖြတ်သန်းစေမှာပါ။ 9

  • *ရုပ်ပုံသည် သရုပ်ပြမှု ရည်ရွယ်ချက်များအတွက်သာ ဖန်တီးထားခြင်း ဖြစ်သည်။ အမှန်တကယ် UI(အသုံးပြုသူ ကြားခံသွင်ပြင်စနစ်) မှာ ကွဲပြားနိုင်ပါသည်။
  • *ရုပ်ပုံကို သရုပ်ပြရန် ရည်ရွယ်ချက်အတွက်သာ ဖန်တီးထားသည်။
ခန္ဓာကိုယ် ဖွဲ့စည်းပုံ

ကိုယ်ခန္ဓာဖွဲ့စည်းပုံကို ဖတ်ရှုမှု တစ်ခုရယူလိုက်ပါ

သင့် Galaxy Watch ပေါ်တွင် လက်နှစ်ချောင်းကို ထားကာ မျက်နှာပြင်ပေါ်ရှိ ပေါ်လာသည့် အဆင့်များကို လိုက်နာ၍သင်၏ အရိုးကြွက်သားနှင့် ခန္ဓာကိုယ်အဆီများအတွက် တိုင်းတာမှု ရယူပါ။ သင်၏ ကြံ့ခိုင်မှုပန်းတိုင်အတွက် သင်လုပ်ဆောင်နေချိန်တွင် သင့်ဒေတာကို သင်၏ Watch ဖြင့် စောင့်ကြည့်ပြီး သင့်ခန္ဓာကိုယ်ဖွဲ့စည်းမှုဆိုင်ရာ အပြောင်းအလဲများကို ခြေရာခံပါ။ 10

*ရုပ်ပုံကို သရုပ်ပြရန် ရည်ရွယ်ချက်အတွက်သာ ဖန်တီးထားသည်။

*ရုပ်ပုံကို သရုပ်ပြရန် ရည်ရွယ်ချက်အတွက်သာ ဖန်တီးထားသည်။

Find My Phone

သင့်ဖုန်း မေ့ကျန်နေခဲ့မှာ စိတ်ပူစရာမလိုပါဘူး

သင့်ဖုန်းကို ရှာမတွေ့ဘူးလား။ သင့်ရဲ့ဖုန်းက အနီးအနားတွင် ရှိနေပါက၊ Find My Phone ဖြင့် တွဲဖက်ထားသော Watch မှတစ်ဆင့် ဖုန်းခေါ်ကြည့်နိုင်ပါသည်။ အဝေးတွင်ရှိပြီး Bluetooth မှ ချိတ်ဆက်မှုပြတ်တောက်ပါက၊ သင်သည် မြေပုံပေါ်တွင် သင့်ဖုန်း၏တည်နေရာကို ဝင်ရောက်ကြည့်ရှုရန် SmartThings Find (Find My Mobile) ကိုအသုံးပြုနိုင်ပြီး တွဲချိတ်ထားသည့် Watch တွင် အဝေးမှ ဖုန်းခေါ်နိုင်ပါသည်။ 11

*ရုပ်ပုံကို သရုပ်ပြရန် ရည်ရွယ်ချက်အတွက်သာ ဖန်တီးထားသည်။

*ရုပ်ပုံကို သရုပ်ပြရန် ရည်ရွယ်ချက်အတွက်သာ ဖန်တီးထားသည်။

အကန့်အသတ်မရှိ ဖျော်ဖြေမှုကို ခံစားလိုက်ပါ

သင့်အနှစ်သက်ဆုံးသော ဂီတနှင့် ရှိုးများတွင် မျှဝေရန်၊ ရှာဖွေရန်နှင့် နှစ်မြှုပ်ရန် Galaxy ကပိုမိုလွယ်ကူစေမှာပါ။

မီဒီယာထုတ်ပေးမှု

ပြောင်းလဲလုပ်ဆောင်မှုများအကြားတွင် သီချင်းဆက်ဖွင့်ထားလိုက်ပါ

ဘလူးတုသ်စပီကာများ၊ Buds သို့မဟုတ် Wi-Fi စပီကာများတွင် သီချင်းကို ဆက်လက်နားထောင်လိုပါက၊ ယခုအခါ အမြန်ပန်နယ်တွင် မီဒီယာထုတ်ပေးမှုကို ဖွင့်လိုက်ရုံပါပဲ။ အနည်းငယ်နှိပ်လိုက်ရုံဖြင့်၊ သင်သည် စခရင်တစ်ခုတည်းတွင် ကိရိယာများကို အဆင်ပြေစွာ ထိန်းချုပ်နိုင်ပါသည်။ သင့်အိမ်၏ မည်သည့်နေရာတွင်မဆို သင်အကြိုက်ဆုံးသီချင်းကို ခံစားနားဆင်လိုက်ပါ။ 12

*ရုပ်ပုံသည် သရုပ်ပြမှု ရည်ရွယ်ချက်များအတွက်သာ ဖန်တီးထားခြင်း ဖြစ်သည်။ အမှန်တကယ် UI သည် ကွဲပြားနိုင်ပါသည်။

Auto Switch

ရုပ်ရှင်များမှ ခေါ်ဆိုမှုများသို့ အလိုအလျောက် ပြောင်းပါ။

Galaxy Buds ဖြင့် TV တွင် သင်ရုပ်ရှင်ကြည့်နေသည်ဆိုပါစို့။ သင်သည် ဖုန်းတွင် ဖုန်းခေါ်ဆိုမှုတစ်ခုရရှိပါက၊ အလိုအလျောက်ပြောင်းလဲမှုသည် Galaxy Buds ကို ဖုန်းထံ ချက်ခြင်းချိတ်ပေးသောကြောင့် သင်ဖုန်း‌ကိုင်နိုင်ပြီး သင်ဖုန်းချလိုက်သည့်အခါ သင့်အား ရုပ်ရှင်နှင့် ပြန်ချိတ်ဆက်ပေးပါသည်။ 13

*ရုပ်ပုံသည် သရုပ်ပြမှု ရည်ရွယ်ချက်များအတွက်သာ ဖန်တီးထားခြင်း ဖြစ်သည်။ အမှန်တကယ် UI သည် ကွဲပြားနိုင်ပါသည်။

*ရုပ်ပုံသည် သရုပ်ပြမှု ရည်ရွယ်ချက်များအတွက်သာ ဖန်တီးထားခြင်း ဖြစ်သည်။ အမှန်တကယ် UI သည် ကွဲပြားနိုင်ပါသည်။

Auto Hotspot

သင်ဘယ်နေရာ ရောက်ရောက် အွန်လိုင်းမှာ အမြဲရှိနေလိုက်ပါ

Auto Hotspot ဖြင့်ဆိုလျှင် သင့် Galaxy Tab သည် သင့်ဖုန်း၏ဟော့စပေါ့နှင့် ချိတ်ဆက်နေမည်ဖြစ်ပြီး လိုအပ်သည့်အခါတွင် Wi-Fi ကို အလိုအလျောက်ဖွင့်ပေးပါသည်။ 14

*ရုပ်ပုံကို သရုပ်ပြရန် ရည်ရွယ်ချက်အတွက်သာ ဖန်တီးထားသည်။

*ရုပ်ပုံကို သရုပ်ပြရန် ရည်ရွယ်ချက်အတွက်သာ ဖန်တီးထားသည်။

Galaxy ထုတ်ကုန်များ

တစ်ခုတည်းနဲ့လည်း အမိုက်စား။ စုပေါင်းထားရင်တေ့ာ ပိုမိုက်ပြီပေ့ါ။

Galaxy Family စက်များအားလုံးကို သိအောင်လုပ်လိုက်ပါ။

စမတ်ဖုန်း

Galaxy S23 | S23+ | S23 Ultra

တက်ဘလက်

Galaxy Tab S9 | S9+ | S9 Ultra

နာရီများ

Galaxy Watch6 | Classic

အော်ဒီယို

Galaxy Buds2 Pro

  1. ရရှိနိုင်သော လုပ်ဆောင်ချက်များသည် စက်၊ နိုင်ငံ၊ ဒေသ၊ ဆက်သွယ်ရေးကုမ္ပဏီနှင့် One UI ၏ ဗားရှင်းအပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။
  2. Android Q OS ဗားရှင်း သို့မဟုတ် ထိုထက်မြင့်သောဗားရှင်း ထည့်သွင်းထားသည့် One UI 2.1 သို့မဟုတ် ၎င်းအထက်ရှိသော ကိရိယာများတွင် ရရှိနိုင်ပါသည်။ အမြန်မျှဝေမှုအတွက် Bluetooth စွမ်းအင်နိမ့်နှင့် Wi-Fi ချိတ်ဆက်မှု နှစ်ခုစလုံး လိုအပ်ပါသည်။ 2020 နှင့်နောက်ပိုင်းထွက်ရှိသော Qualcomm အခြေခံ PC များအပါအဝင် Galaxy Book နှင့် အခြားသော ထုတ်လုပ်သူများ၏ Intel Bluetooth/Wi-Fi ဖြင့် Windows PC (OS- Windows 10 2004 ဗားရှင်းနှင့်နောက်ပိုင်း၊ Bluetooth ဒရိုင်ဗာ Intel 22.50.02 နှင့်အထက်၊ Wi-Fi ဒရိုင်ဗာ- Intel 22.50.07 နှင့်အထက်) ကို ပံ့ပိုးသည်။တစ်ချိန်တည်းတွင် အမြန်မျှဝေမှု မျှဝေနိုင်သည့် ကိရိယာအရေအတွက်သည် မျှဝေနေသည့် ကိရိယာ၏ Wi-Fi ချစ်ပ် ဟာ့ဒ်ဝဲပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။ ကိရိယာ၊ ကွန်ရက်အခြေအနေနှင့် အသုံးပြုသူပတ်ဝန်းကျင်ပေါ်မူတည်၍ အမှန်တကယ်အမြန်နှုန်းသည် ကွဲပြားနိုင်ပါသည်။ မျှဝေထားသောလင့်ခ်ကို ပေးပို့ခြင်းဖြင့် အမြန်မျှဝေမှုကို iOS နှင့် Android ကိရိယာများတွင် ရရှိနိုင်ပါသည် - မျှဝေထားသောဖိုင်တစ်ခုချင်းစီသည် 3GB (တစ်နေ့လျှင် စုစုပေါင်း 5GB) ထက် မကျော်လွန်နိုင်သည့်အပြင် လင့်ခ်သည် နှစ်ရက်အကြာတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပါသည်၊ Samsung အကောင့်နှင့် အင်တာနက်ချိတ်ဆက်မှု လိုအပ်ပါသည်။
  3. Smart View ကို Miracast ပံ့ပိုးထားသည့် Smart TV များ၊ Galaxy စမတ်ဖုန်းများနှင့် တက်ဘလက်များတွင်သာ ရရှိနိုင်သည်။ App Cast ရရှိနိုင်မှုမှာ ကိရိယာ၊ အက်ပလီကေးရှင်းနှင့် နိုင်ငံ/ ဒေသအပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။ 
  4. Google Meet သည် Google LLC ၏ ကုန်အမှတ်တံဆိပ်တစ်ခု ဖြစ်ပါသည်။ စာရင်းသွင်းပြီးသား Google အကောင့်ကို အသုံးပြုပြီး Galaxy ကိရိယာများ (စမတ်ဖုန်းနှင့် တက်ဘလက်များ) တွင် ရရှိနိုင်ပါသည်။ ဤလုပ်ဆောင်ချက်ကို အဖွဲ့လိုက်ခေါ်ဆိုမှုများတွင်သာ အသုံးပြုနိုင်ပါသည်။ ပါဝင်သူအရေအတွက်နှင့် ကွန်ရက်အခြေအနေများပေါ်မူတည်၍ ဗီဒီယိုအရည်အသွေး ကွဲပြားနိုင်ပါသည်။ ဤလုပ်ဆောင်ချက်သည် သတိမထားမိဘဲ ပြောင်းလဲနိုင်ပါသည်။
  5. အခြားကိရိယာများတွင် ဖုန်းခေါ်ဆိုခြင်းနှင့် စာတိုပေးပို့ခြင်း လုပ်ဆောင်ချက်သည် ကိရိယာနှစ်ခုလုံးကို တူညီသော Samsung အကောင့်သို့ ချိတ်ဆက်ရန် လိုအပ်ပြီး အလိုအလျောက်ချိတ်ဆက်ရန်အတွက် ဆက်တင်တွင် ကိရိယာများကို ကနဦးတွဲချိတ်ထားရန် လိုအပ်ပါသည်။ Android P နှင့် 3GB RAM နှင့် အထက်ရှိသော Samsung ကိရိယာများတွင် ရရှိနိုင်ပါသည်။ ဝန်ဆောင်မှုလုပ်ငန်းစတင်သည့်ရက်စွဲသည် ဒေသ၊ ဝန်ဆောင်မှုပေးသူနှင့် ကိရိယာအလိုက် ကွဲပြားနိုင်ပါသည်။ အခြားကိရိယာများတွင် စာတို့ပေးပို့ခြင်းမှာ Samsung Messages တွင် ပုံသေ မက်ဆေ့ချ် အက်ပ်အဖြစ် သတ်မှတ်ထားမှသာ အလုပ်လုပ်နိုင်ပါသည်။
  6. အသုံးပြုသူများသည် တူညီသော Microsoft အကောင့်သို့ အကောင့်ဝင်ခြင်းအပါအဝင်၊ သတ်မှတ်လုပ်ဆောင်ချက်များကို လိုက်နာ၍ မိုဘိုင်းစက်များရှိ‘Link to Windows’ နှင့် PC ရှိ Microsoft ဖုန်းချိတ်ဆက်မှုအက်ပ်တို့မှတစ်ဆင့် ၎င်းတို့၏ Window PC တွင် ၎င်းတို့၏ Samsung Galaxy ကိရိယာများကို ချိတ်ဆက်ရပါမည်။ Link to Windows သည် ရွေးထားသော Samsung Galaxy ကိရိယာများတွင် ကြိုတင်ကာလုပ်ဆောင်ပါသည်။ တက်ဘလက်များသည် One UI 5.1.1 နှင့်အထက် လိုအပ်သည်။ PC (Microsoft ဖုန်းချိတ်ဆက်မှုအက်ပ်) သည် Windows 10 နှင့်အထက် ရှိရန်လိုအပ်ပါသည်။ Microsoft ဖုန်းချိတ်ဆက်မှုသည် Samsung Galaxy ကိရိယာအား PC အတိုင်း တူညီသော Wi-Fi ကွန်ရက်တွင်ရှိရန် အကြံပြုထားပါသည်။ အချို့သော မိုဘိုင်းအက်ပ်များသည် အကြောင်းအရာများကို အခြားစခရင်များတွင် မျှဝေရန် ကန့်သတ်ထားနိုင်ပါသည်။ အချို့သောဆက်စပ်လုပ်ဆောင်ချက်များသည် ကိရိယာအလိုက် ကွဲပြားနိုင်ပါသည်။ တက်ဘလက်များတွင် ဖုန်းခေါ်ဆိုမှု/မက်ဆေ့ချ် အထူးထုတ်ကုန်များ မပါဝင်ပါ။'လတ်တလော ဝဘ်ဆိုက်များ' သည် One UI 3.1.1 သို့မဟုတ် ၎င်းအထက်ရှိသော Samsung Galaxy စမတ်ဖုန်း (Samsung Galaxy S၊ Note၊ Z Fold၊ Z Flip), One UI 5.1.1 နှင့်အထက်ရှိသော တက်ဘလက်များ (Tab S မော်ဒယ်များတွင်သာ ရနိုင်သည်၊ Tab FE သို့မဟုတ် Tab Lite မော်ဒယ်များတွင်မရပါ) နှင့် Windows 10 20H1 သို့မဟုတ် ၎င်းအထက်ရှိသော Windows PC များတို့ကို အသုံးပြုသည့်အခါတွင်သာ ရရှိနိုင်ပါသည်။ Microsoft ဖုန်းလင့်ခ်/လင့်ခ်/Windows/Samsung အင်တာနက်တွင် နောက်ဆုံးထွက် အက်ပ်အပ်ဒိတ်များ လိုအပ်ပါသည်။
  7. ဒုတိယစခရင်ကို One UI 3.1 သို့မဟုတ် ၎င်းအထက်နှင့် S8၊ S8+၊S8 Ultra နှင့် Active4 Pro ရှိသော Galaxy တက်ဘ် S7၊ S7+ နှင့် S7 FE တို့တွင် အသုံးပြုနိုင်ပါသည်။ ကြိုမဲ့ပြသခြင်းနှင့် Windows 10 v.2004 သို့မဟုတ် ၎င်းအထက်ရှိသော PC များ လိုအပ်ပါသည်။
  8. Samsung Notes ကို ကိရိယာများကြားတွင် အထွေထွေအသုံးပြုရန်အတွက် ကွန်ရက် သို့မဟုတ် Wi-Fi တို့လိုအပ်ပါသည်။ ကိရိယာအားလုံးသည် တူညီသော Samsung အကောင့်သို့ အကောင့်ဝင်ထားရပါမည်။ ဝတ်ဆင်နိုင်သော ကိရိယာများတွင် မရရှိနိုင်ပါ။ အဖွဲ့တစ်ခုအနေဖြင့် မျှဝေထားသောမှတ်စုများတွင် အလုပ်လုပ်ခြင်းကို Android O OS နှင့်အထက်မြင့်သော Galaxy ဖုန်းနှင့် တက်ဘ်တွင်သာ ရရှိနိုင်ပါသည်။ Samsung Notes အက်ပ်အတွက် နောက်ဆုံးအက်ပ်အပ်ဒိတ် လိုအပ်ပါသည်။
  9. အထွေထွေကျန်းမာရေးအတွက် ရည်ရွယ်သည်။ တစ်ကိုယ်ရေသုံး ကိုးကားမှုအတွက် အိပ်စက်ရန်လမ်းညွှန်ကို ပံ့ပိုးပေးသည်။ ရောဂါရှာခြင်း၊ ရောဂါလက္ခဏာခွဲခြင်း၊ ဆေးကုသမှုဆိုင်ရာတွင် သို့မဟုတ် အိပ်မရသည့်ရောဂါ ကုသခြင်းတွင်သုံးရန် မရည်ရွယ်ပါ။ အကြံဉာဏ်ယူရန် ဆေးပညာရှင်နှင့်တိုင်ပင်ပါ။ UX/UI သည် ဆော့ဖ်ဝဲဗားရှင်း၊ မော်ဒယ်၊ ဒေသ၊ အခြားအချက်များပေါ်မူတည်၍ ကွဲလွဲနိုင်သည်။ Galaxy Watch4 စီးရီးနှင့်နောက်ပိုင်းတွင် ရနိုင်သည်။.
    • နှလုံးခုန်နှုန်း စည်းချက်မမှန်ခြင်း သတိပေးချက် (IHRN) အထူးထုတ်ကုန်များသည် နိုင်ငံ သို့မဟုတ် ဒေသအလိုက် ကွဲပြားနိုင်ပါသည်။ ဆေးဘက်ဆိုင်ရာကိရိယာ (SaMD) အနေဖြင့် ဆော့ဖ်ဝဲအဖြစ် ခွင့်ပြုချက်/မှတ်ပုံတင်ခြင်းအတွက် နိုင်ငံကန့်သတ်ချက်များကြောင့် ၎င်းသည် ဝန်ဆောင်မှုရရှိနိုင်သည့် နိုင်ငံများတွင် လက်ရှိဝယ်ယူထားသော နာရီများနှင့် စမတ်ဖုန်းများတွင်သာ အလုပ်လုပ်သည် (သို့သော် သုံးစွဲသူများသည် ဝန်ဆောင်မှု မပံ့ပိုးထားသောနိုင်ငံသို့ ခရီးသွားသည့်အခါ ဝန်ဆောင်မှုကို ကန့်သတ်ထားနိုင်သည်)။ AFib အကြံပြုထားသည့် ပုံမှန်မဟုတ်သော နှလုံးခုန်နှုန်းတိုင်းအကြောင်း သတိပေးချက်ပေးရန် မကြံရွယ်ထားသလို သတိပေးချက် မပေးတိုင်းလည်း ရောဂါဖြစ်စဉ်မရှိဟု မဆိုလိုပေ။ နှလုံးခုန်နှုန်း ပုံမှန်မဟုတ်ကြောင်း သိထားသည့် အသုံးပြုသူများ သို့မဟုတ် အသက် 22 နှစ်အောက် အသုံးပြုသူများအတွက် ရည်ရွယ်၍ ထုတ်လုပ်ထားခြင်းမဟုတ်ပါ။ အသုံးပြုသူများသည် အရည်အချင်းပြည့်မီသော ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ပရော်ဖက်ရှင်နယ်တစ်ဦးနှင့် မတိုင်ပင်ဘဲ ပြုလုပ်ထားသော ခန့်မှန်းချက်များအပေါ် အခြေခံ၍ မိမိဘာသာ အဓိပ္ပာယ်ပြန်ဆိုခြင်း သို့မဟုတ် လက်တွေ့ အရေးတယူ လုပ်ဆောင်ခြင်းမျိုး မပြုသင့်ပါ။
    • ECG အက်ပ်၏ရရှိနိုင်မှုသည် နိုင်ငံ သို့မဟုတ် ဒေသအလိုက် ကွဲပြားနိုင်သည်။ ဆေးဘက်ဆိုင်ရာကိရိယာ (SaMD) အနေဖြင့် ဆော့ဖ်ဝဲအဖြစ် ခွင့်ပြုချက်/မှတ်ပုံတင်ခြင်းအတွက် နိုင်ငံ၏ ကန့်သတ်ချက်များကြောင့် ECG အက်ပ် သည် ဝန်ဆောင်မှုလက်ရှိရရှိနိုင်သည့် နိုင်ငံများတွင် ဝယ်ယူထားသော နာရီများနှင့် စမတ်ဖုန်းများတွင်သာ အလုပ်လုပ်သည် (သို့သော် သုံးစွဲသူများသည် ဝန်ဆောင်မှု မပံ့ပိုးထားသောနိုင်ငံသို့ ခရီးသွားသည့်အခါ ဝန်ဆောင်မှုကို ကန့်သတ်ထားနိုင်သည်)။ နောက်ထပ်အချက်အလက်များနှင့် ဝန်ဆောင်မှုနိုင်ငံများအတွက် နောက်ဆုံးရအပ်ဒိတ်များအတွက် https://www.samsung.com/apps/samsung-health-monitor ကို ဝင်ရောက်ကြည့်ရှုပါ။ ၎င်း အသက် 22 နှစ်အောက်ရှိ အသုံးပြုသူများအတွက် ရည်ရွယ်၍ ထုတ်လုပ်ထားခြင်းမဟုတ်ပါ။ အသုံးပြုသူများသည် အရည်အချင်းပြည့်မီသော ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ပရော်ဖက်ရှင်နယ်တစ်ဦးနှင့် မတိုင်ပင်ဘဲ စက်ပစ္စည်း၏ တွက်ချက်ပြသမှုကို အခြေခံ၍ အနက်ပြန်ဆိုခြင်း သို့မဟုတ် ဆေးကုသမှုခံယူခြင်းမျိုး မပြုသင့်ပါ။
  10. ကိုယ်ထည်ဖွဲ့စည်းမှုကို Samsung Galaxy Watch4 စီးရီးများနှင့် နောက်ပိုင်းထွက်ရှိထားသော Samsung Galaxy Watch မော်ဒယ်များတွင်သာ ပံ့ပိုးထားသည်။ သင့်တွင် နှလုံးခုန်နှုန်းထိန်းစက်ထည့်ထားလျှင် သို့မဟုတ် အခြား ဆေးဘက်ဆိုင်ရာ ကိရိယာများ ထည့်သွင်းထားလျှင် သို့မဟုတ် ကိုယ်ဝန်ရှိနေလျှင် ၎င်းကို အသုံးမပြုသင့်ပါ။ သင်သည် အသက် 20 နှစ်အောက်ဖြစ်ပါက တိုင်းတာမှုရလဒ်များသည် တိကျမည်မဟုတ်ပါ။ ယေဘုယျ ကျန်းမာရေးနှင့် ကြံ့ခိုင်ရေး ရည်ရွယ်ချက်များအတွက်သာ ရည်ရွယ်၍ ထုတ်လုပ်ထားပါသည်။ မည်သည့်ဆေးဘက်ဆိုင်ရာ အခြေအနေ သို့မဟုတ် ရောဂါတစ်ခုခုအား ရှာသိခြင်း၊ ရောဂါလက္ခဏာခွဲခြင်း၊ ကုသခြင်း၊ စောင့်ကြည့်ခြင်း သို့မဟုတ် စီမံခန့်ခွဲခြင်းတွင် အသုံးပြုရန် မရည်ရွယ်ထားပါ။ စက်ပစ္စည်းနှင့်/သို့မဟုတ် အပလီကေးရှင်းမှတစ်ဆင့် ဝင်ရောက်ကြည့်ရှုသည့် ကျန်းမာရေးဆိုင်ရာ အချက်အလက်တစ်ခုခုကို ဆေးဘက်ဆိုင်ရာ အကြံဉာဏ်အဖြစ် မခံယူသင့်ပါ။ အသုံးပြုသူများသည် ဆရာဝန်ထံမှ မည်သို့သော ဆေးဘက်ဆိုင်ရာအကြံဉာဏ်မဆိုကို ရယူသင့်ပါသည်။ BIA ရရှိနိုင်မှုသည် နိုင်ငံ သို့မဟုတ် ဒေသအလိုက် ကွဲပြားနိုင်သည်။
  11. SmartThings Find (Find My Mobile) ကို Android 10 နှင့် အထက်ရှိသော Galaxy စမတ်ဖုန်းများနှင့် တွဲဖက်ထားသော Wear OS ပါသည့် Galaxy Watch အတွက် ထည့်သွင်း ပံ့ပိုးပေးထားပါသည်။ တွဲချိတ်ထားသည့် စမတ်ဖုန်းသည် Samsung အကောင့်တွင် အကောင့်ဝင်ရပါမည်။.
    • Bluetooth ချိတ်ဆက်ထားပြီး သတ်မှတ်ထားသော အကွာအဝေးအတွင်း၌ရှိမှသာ Find My Phone သည် အသံမြည်ပါမည်။ SmartThings Find (Find My Mobile) အသံမြည်ခြင်းကို အဝေးမှနေ၍ အဖွင့်အပိတ်လုပ်နိုင်ပါသည်။
    • သင်၏ Watch တွင် 'Ring on Map view' လုပ်ဆောင်ချက်ကို အသုံးပြုရန်၊ ၎င်းသည် ပြင်ပ Wi-Fi ကွန်ရက်နှင့် ချိတ်ဆက်ရပါမည်။ သင့်စမတ်ဖုန်းပေါ်တွင် ‘SmartThings Find (Find My Mobile)’ ကို ဖွင့်ထားရမည်ဖြစ်ပြီး သင်သည် တည်နေရာခြေရာခံခြင်းကို သဘောတူကာ Samsung အကောင့် ကိုယ်ရေးလုံခြုံမှု သတိပေးချက်များအား လက်ခံရရှိရန် သဘောတူရပါမည်။
  12. မီဒီယာထုတ်ပေးမှုတွင် Wi-Fi စပီကာများကို ချိတ်ဆက်ရန်၊ စပီကာများသည် ခရုန်းကာစ်တ်ကို ပံ့ပိုးပေးသင့်ပြီး One UI 5.1 သို့မဟုတ် ၎င်းအထက်ရှိသော Galaxy ကိရိယာများတွင် ရရှိသင့်ပါသည်။ ထို့အပြင်၊ Wi-Fi စပီကာနှင့် Galaxy ကိရိယာနှစ်ခုလုံးကို တူညီသော ကြိုးမဲ့ဝင်ရောက်မှုနေရာသို့ ချိတ်ဆက်ရပါမည်။ မီဒီယာထုတ်ပေးမှုကို အသုံးပြုရန် ဘလူးတုသ်စပီကာများနှင့် Buds များသည် တွဲချိတ်မှု မုဒ်တွင်ရှိနေရန် လိုအပ်ပါသည်။
  13. Auto Switch အင်္ဂါရပ်ကို One UI 3.1 နှင့်နောက်ပိုင်း Galaxy စမတ်ဖုန်း၊ တက်ဘလက်၊ Galaxy Watch4 စီးရီးနှင့် နောက်ပိုင်းမော်ဒယ်များ၊ 2022 နောက်ပိုင်း Samsung TV မော်ဒယ်များတွင်သာ ရနိုင်သည်။ ၎င်းနှင့်တွဲ၍ Auto Switch အင်္ဂါရပ်ကိုသုံးရန် Galaxy Buds ကို Galaxy စမတ်ဖုန်း၊ တက်ဘလက်၊ နာရီ (သို့) TV နှင့် အနည်းဆုံးတစ်ကြိမ် တွဲထားရမည်။ Auto Switch အတွက် သုံးနိုင်သော မော်ဒယ်များမှာ Buds+၊ Buds Pro၊ Buds2၊ Buds2 Pro နှင့် Buds Live တို့ဖြစ်သည်။ သတ်မှတ်ချက်မီသောထုတ်ကုန်များကို Samsung အကောင့်တစ်ခုတည်းတွင်သာ ဝင်ရမည်ဖြစ်ပြီး ဘလူးတု(သ်) နှင့် Wi-Fi ဖွင့်ထားရမည်။
  14. ဖုန်းရှိ မိုဘိုင်း ဟော့စပေါ့ ရရှိနိုင်မှုသည် ဖုန်းလိုင်း ဝန်ဆောင်မှုပေးသူ၏ မူဝါဒအပေါ် မူတည်၍ ကွဲပြားနိုင်ပါသည်။ ကိရိယာအားလုံးကို တူညီသော Samsung အကောင့်တစ်ခုအောက်တွင် မှတ်ပုံတင်ထားသင့်ပါသည်။ ဖုန်းကို မိုဘိုင်းကွန်ရက်သို့ ချိတ်ဆက်ထားရပါမည်။