PRIVACY

SAMSUNG PRIVACY POLICY HIGHLIGHTS

ကိုယ်ရေးလုံခြုံမှုသည် ကျွန်ုပ်တို့၏ ဈေးဝယ်သူများအတွက် ဘယ်လောက်အရေးကြီးကြောင်း Samsung Electronics အနေဖြင့် သိရှိပါသည်။ မိုဘိုင်းဖုန်းများနှင့် တက်ဘလက်များမှသည် တီဗွီများ၊ အိမ်အသုံးအဆောင်များ၊ အွန်လိုင်း ဝန်ဆောင်မှုများ၊ ဝက်ဘ်ဆိုက်များ၊ အက်ပလီကေးရှင်းများ၊ ဝန်ဆောင်မှုများ၊ ပြိုင်ပွဲများ၊ စစ်တမ်း ကောက်ယူမှုများ၊ ပြန်လည်ဝယ်ယူခြင်း၊ စျေးကွက်တင်ရောင်းချခြင်း၊ အရောင်းမြှင့်တင်ခြင်း၊ ပစ္စည်းအာမခံမှတ်ပုံတင်ခြင်း၊ ရောင်း ချပြီးနောက်ထောက်ပံ့ဝန်ဆောင်မှုများ၊ ပြုပြင်ပေးမှုများ နှင့် ကိုယ်ရေးလုံခြုံမှုဝန်ဆောင်မှုအား ရည်ညွန်းသည့် သို့မဟုတ် ချိတ်ဆက်သည့် အခြားသော ဝန်ဆောင်မှုများစသည်တို့အထိ ကျွန်ုပ်တို့၏ ဆမ်ဆောင်းကိရိယာများနှင့် ဝန် ဆောင်မှုများအားလုံးတွင် သင့် ကိုယ်ရေးအချက်အလက်ကို ကျွန်ုပ်တို့ ဘယ်လိုစုစည်းပြီး အသုံးပြုကြောင်း သင်နား လည်သဘောပေါက်အောင် ကျွန်ုပ်တို့ သေချာ ဆောင်ရွက်ပေးလိုပါသည်။ (စုပေါင်း၍ “ဝန်ဆောင်မှုများ”)ကိုယ်ရေးလုံခြုံမှု မူဝါဒသည် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများအပေါ်တွင် သက်ရောက်မှုရှိနေစဉ် လိုအပ်ပါက သီးခြား ဝန်ဆောင်မှုများနှင့် သက်ဆိုင်သည့် ကိုယ်ရေးလုံခြုံမှုနှင့်ပတ်သက်ပြီး ထပ်ဆောင်းအချက်အလက်များကိုလည်း ကျွန်ုပ်တို့ဘက်မှ ပံ့ပိုးပေးပါမည်။

ကိုယ်ရေး အချက်အလက် အကျဉ်းချုပ်

သင် တိုက်ရိုက်ပေးအပ်ထားသော ကိုယ်ရေး အချက်အလက်၊ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို သင် ဘယ်လို အသုံးပြုကြောင်း အချက်အလက်နှင့် ပြင်ပအဖွဲ့အစည်းအရင်းမြစ်များမှ ရရှိသော အချက်အလက်ကို ကျွန်ုပ်တို့ စု စည်းထားပါသည်။ သင့်ကို ဝန်ဆောင်မှုများ ပေးနိုင်ရန်၊ သင်၏ ဝန်ဆောင်မှုအသုံးပြုသည့် အတွေ့အကြုံကို ပိုကောင်းအောင် ဆောင်ရွက်ပေးနိုင်ရန်နှင့် တကိုယ်ရေသုံး ဖန်တီးပေးနိုင်ရန်အလို့ငှာ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများ အပေါ် သင်၏ အသုံးပြုပုံကို နားလည်သဘောပေါက်ရန်အပြင် ကျွန်ုပ်တို့၏ ဈေးဝယ်ယူသူများအတွက် အသင့်တော်ဆုံး အက်ပ်များ၊ နည်းပညာများနှင့် အကြောင်းအရာများကို ဖန်တီးရန် ဤအချက်အလက်ကို ကျွန်ုပ်တို့ အသုံးပြုသည်။ သင်စိတ်ဝင်စားသည့် အရာများနှင့် အံဝင်ခွင်ကျဖြစ်မည့် သင့်အတွက် အထူးကြော်ငြာများပေး ရန်အ တွက်လည်း ကိုယ်ရေး အချက်အလက်ကို ကျွန်ုပ်တို့ အသုံးပြုပါသည်။

သင်၏ ကိုယ်ရေး အချက်အလက်ကို ဝေမျှခြင်း

ကျွန်ုပ်တို့သည် သင်၏ ကိုယ်ရေး အချက်အလက်များကို Samsung Electronics ၏ ဖက်စပ်ကုမ္ပဏီများအပြင် Samsung Electronics ကိုယ်စား ဝန်ဆောင်မှုများ ပေးနေသည့် ကုမ္ပဏီများနှင့် မျှဝေကောင်း မျှဝေပါမည်။ ကျွန်ုပ်တို့ သည် သင်၏ ကိုယ်ရေး အချက်အလက်များကို မိုဘိုင်းဝန်ဆောင်ပေးသူများ သို့မဟုတ် အာမခံ ကုမ္ပဏီများ ကဲ့သို့ ယုံကြည်စိတ်ချရသော မိတ်ဖက်ကုမ္ပဏီများ၊ သင် တောင်းဆိုသော ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအပြင် သင် စိတ်ဝင်စားကောင်း စိတ်ဝင်စားနိုင်သည့် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအကြောင်း အချက်အလက် ပေးသည့် မိတ်ဖက်ကုမ္ပဏီများနှင့်လည်း မျှဝေကောင်း မျှဝေပါမည်။ ကျွန်ုပ်တို့သည် ကိုယ်ရေး အချက်အလက်များကို ဥပဒေအရ သို့မဟုတ် Samsung Electronics နှင့် ၎င်း၏ သုံးစွဲသူများကို ကာကွယ်ပေးရန် လိုအပ်သောအခါ ဥပဒေရေးရာ အေဂျင်စီများနှင့် မျှဝေပါသည်။

ဆမ်ဆောင်း ကိုယ်ရေးလုံခြုံမှု မူဝါဒ

  • အတိုင်းအတာ

    သက်ရောက်သည့် ရက်စွဲ - ၃၀ရက် ဧပြီလ ၂၀၂၀

    ဤကိုယ်ရေးလုံခြုံမှု မူဝါဒသည် ဆမ်ဆောင်းကိရိယာများနှင့် မိုဘိုင်းဖုန်းများနှင့် တက်ဘလက်များမှသည် တီဗွီများ၊ အိမ်အသုံးအဆောင်များ၊ အွန်လိုင်း ဝန်ဆောင်မှုများ၊ ဝက်ဘ်ဆိုက်များ၊ အက်ပလီကေးရှင်းများ၊ ဝန်ဆောင်မှုများ၊ ပြိုင်ပွဲများ၊ စစ်တမ်း ကောက်ယူမှုများ၊ ပြန်လည်ဝယ်ယူခြင်း၊ စျေးကွက်တင်ရောင်းချခြင်း၊ အရောင်းမြှင့်တင်ခြင်း၊ ပစ္စည်းအာမခံမှတ်ပုံတင်ခြင်း၊ ရောင်းချပြီးနောက်ထောက်ပံ့ဝန်ဆောင်မှုများ၊ ပြုပြင်ပေးမှုများ နှင့် ကိုယ်ရေးလုံခြုံမှုဝန် ဆောင်မှုအား ရည်ညွန်းသည့် သို ့မဟုတ် ချိတ်ဆက်သည့် အခြားသော ဝန်ဆောင်မှုများစသည်တို့အထိ ကျွနု်ပ်တို့၏ ဝန်ဆောင်မှုများအားလုံးအတွက် အကျုံးဝင်ပါသည်။(စုပေါင်း၍ “ဝန်ဆောင်မှုများ”) ကိုယ်ရေးလုံခြုံမှု မူဝါဒ အသစ်ပြင်ဆင်ပြောင်းလဲမှုများ ကို သင့်ဘက်မှ မကြာခဏ ပြန်ကြည့်ရှုရန် အရေးကြီးပါသည်။ ဝန်ဆောင်မှုများ သို့မဟုတ် သက်ဆိုင်ရာ ဥပဒေအတွင်း ပြောင်းလဲမှုများနှင့် ဆက်စပ်ပြီး ကျွန်ုပ်တို့၏ ကိုယ်ရေး အချက်အလက် အလေ့အကျင့်များအတွင်း ပြောင်းလဲမှုများနှင့် ကိုက်ညီစေရန် ကျွနု်ပ်တို့အနေဖြင့် ဤကိုယ်ရေးလုံခြုံမှု မူဝါဒကို အခါအားလျော်စွာ အသစ်ပြင်ဆင်ပြောင်းလဲမှုလုပ်သွားနိုင်ပါသည်။ ကိုယ်ရေးလုံခြုံမှု မူဝါဒရှိ ပြောင်း လဲမှုများနှင့်ပတ်သက်ပြီး သင့်ကို ကြိုတင် အကြောင်းကြားရန် အသိပေးချက်အား ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်တွင် သို့မဟုတ် သင်၏ ကိရိယာတွင် တင်ပေးသွားမည် ဖြစ်ပြီး ၎င်းကို နောက်ဆုံး အသစ်ပြင်ဆင်ပြောင်းလဲမှုလုပ်သည့် အချိန်ကို ကိုယ်ရေး လုံခြုံမှု မူဝါဒထိပ်တွင် ညွှန်ပြပေးသွားမည်ဖြစ်သည်။ ကိုယ်ရေးလုံခြုံမှုမူဝါဒ၏လက်ရှိနောက်ဆုံး ပြဌာန်းချက်ကို ဤနေရာ https://account.samsung.com/membership/pp တွင် အမြဲရရှိနိုင်ပါသည်။

  • Samsung Electronics သည် နည်းလမ်းမျိုးစုံဖြင့် သင်၏ ကိုယ်ရေး အချက်အလက်ကို စုစည်းထားရှိပါသည်။

    သင် တိုက်ရိုက်ပေးသော သတင်းအချက်အလက်

    အချို့ဝန်ဆောင်မှုများသည် ကျွန်ုပ်တို့အား တိုက်ရိုက် အချက်အလက်ပေးရန် လုပ်ဆောင်နိုင်ပါသည်။ ဥပမာ -

    • ကျွန်ုပ်ထံတွင် အကောင့်တစ်ခု သို့မဟုတ် ပရိုဖိုင်တစ်ခု သင် ဖန်တီးသောအခါ သင့်အမည်၊ မွေးသက္ကရာဇ် သို့မဟုတ် အီးမေးလ်လိပ်စာကဲ့သို့ အချက်အလက်များကို ကျွနု်ပ်တို့ မေးကောင်း မေးနိုင်ပါသည်။
    • သင်သည် ကျွနု်ပ်တို့ထံမှ ထုတ်ကုန် တစ်ခု သို့မဟုတ် အခပေး ဝန်ဆောင်မှု မှာယူပါက သင့်မှာယူမှုကို စီစဉ်ဆောင်ရွက်နိုင်ရန် ကျွနု်ပ်တို့သည် သင့် အမည်၊ လိပ်စာ၊ ဆက်သွယ်ရန် အချက်အလက်နှင့် သင်္ဘောတင်ပို့ရန်နှင့် ကျသင့်ငွေတောင်းခံရန် အချက်အလက်များကို တောင်းခံမည်။
    • ဖောက်သည်ဝန်ဆောင်မှုဌာနကို သင် ဆက်သွယ်သောအခါ တုံ့ပြန်ဖြေကြားရန် သင့်ကိုယ်ပိုင်အမှတ်အသားနှင့် သင် မေးမြန်းစုံစမ်းသော ထုတ်ကုန်အကြောင်း အတည်ပြုစစ်ဆေးရန် ကျွနု်ပ်တို့အနေဖြင့် အချက်အလက်များ လိုအပ်နိုင်ပါသည်။
    • ကျွန်ုပ်ပ်တို့၏ ဖောက်သယ်ဝန်ဆောင်မှုဌာန ဝန်ထမ်း သို့မဟုတ် အခြားသူများနှင့် သင် ဆက်သွယ်ပြောဆိုသောအခါ သင်တို့၏ ဆက်သွယ်ပြောဆိုချက်များကို ကျွနု်ပ်တို့၏ စနစ်များမှတဆင့် ပေးပို့ပါလိမ့်မည်။
    • သင်၏ အဆက်အသွယ်များကို ဝေမျှပါက ဖိုင်ဝေမျှမှုနှင့် မက်ဆေ့ချ်ကို အထောက်အကူပြုရန်အတွက် ကျွနု်ပ်တို့အနေဖြင့် သူတို့၏ ဖုန်းနံပါတ်များနှင့် အခြားဆက်သွယ်ရေး အချက်အလက်များကို ကောက်ခံပါမည်။ သင်၏ ကိရိယာရှိ သတ်မှတ်ချက်များတွင် ဤအင်္ဂါရပ်များကို ပိတ်နိုင်ပါသည် သို့မဟုတ် ကန့်သတ်ပိတ်ပင်နိုင်ပါသည်။

    သင် အသုံးပြုသော ဝန်ဆောင်မှုများအကြောင်း အချက်အလက်

    သင်ပေးအပ်ထားသော အချက်အလက်များအပြင်၊ သင့်ကိရိယာများပေါ်ရှိ ဆော့ဖ်ဝဲလ်မှတဆင့်နှင့် အခြားနည်း လမ်းအားဖြင့် သင်အသုံးပြုသောကျွန်ုပ်တို့၏ ဝန်ဆောင်မှုများအကြောင်း အချက်အလက်ကို ကျွန်ုပ်တို့စုစည်း နိုင်ပါသည်။ ကျွနု်ပ်တို့အနေဖြင့် အောက်ပါတို့ကို ကောက်ခံပါမည်-

    • ကိရိယာအချက်အလက် - သင့်ဟာ့ဝဲလ်မော်ဒယ်၊ ကိရိယာဟာ့ဝဲလ်အချက်အလက်၊ IMEI နံပါတ်နှင့် အခြားသော တမူထူးသည့် ကိရိယာသက်သေခံ နံပါတ်များ၊ ဖုန်းနံပါတ်၊ နံပါတ်စဉ်၊ အရောင်း ကုဒ်၊ ရရှိမှု မှတ်တမ်း၊ လက်ရှိ ဆော့ဖ်ဝဲလ် ဗားရှင်း၊ MCC (မိုဘိုင်းလ် နိုင်ငံကုဒ်)၊ MNC (မိုဘိုင်းလ် ကွန်ရက်ကုဒ်)၊ MAC လိပ်စာ၊ IP လိပ်စာ၊ Android Advertising ID ၊ ကွတ်ကီးများ၊ ပစ်ဆဲလ်များ၊ ပုံမှန်မှာယူမှုဆိုင်ရာ အချက်အလက်၊ ဖုန်းစက်လည်ပတ်မှု စနစ် ဗားရှင်းများနှင့် ဝန်ဆောင်မှုများ ရယူသုံးစွဲရန် သင် အသုံးပြုသော ကိရိယာများ၏ သတ်မှတ်ချက်များ။
    • စက်မှတ်တမ်း အချက်အလက် - ချွတ်ယွင်းချက် အဖြေရှာခြင်း၊ နည်းပညာ၊ ချွတ်ယွင်းချက်နှင့် ဝန်ဆောင်မှုများ သင် အသုံးပြုသည့် အချိန်နှင့် ကြာချိန်ကဲ့သို့သော အသုံးပြုမှု အချက်အလက်၊ ဆမ်ဆောင်းဝန်ဆောင်မှုတစ်ခုခုနှင့် ပတ်သက်ပြီး သင့်ကိရိယာအတွင်း ရှာဖွေရန် စကားလုံးများ သင် ရိုက်ထည့်လိုက်သောအခါ ရှာဖွေမေးမြန်းထားသည့် စကားလုံးများနှင့် သင့်ကိရိယာများတွင် ကျွနု်ပ်တို့ ရွေးမှတ်ထားသည့် ကွတ်ကီးများတွင် သိမ်းထားသော အချက်အ လက်တစ်ခုခု။
    • တည်နေရာအချက်အလက် - သင့်အနေဖြင့် ဝန်ဆောင်မှုတစ်ခုခုကို အသုံးပြုပြီး တည်နေရာဆိုင်ရာ လုပ် ဆောင်ချက်ကို ဖွင့်ထားသောအခါ ကျွနု်ပ်တို့ထံ ထုတ်လွှင့်ပေးပို့နိုင်သည့် အနီးအနားရှိ Wi-Fi ဆက်သွယ်ရေး အမှတ်များနှင့် အခြေပြုဌာနများနှင့်ပတ်သက်ပြီး သင့်ကိရိယာ၏ GPS အချက်ပေးချက် သို့မဟုတ် အချက်အလက်။
    • အသံ အချက်အလက် - ဝန်ဆောင်မှုတစ်ခုအား ထိန်းချုပ်ရန် သင့်အနေဖြင့် ဤလုပ်ဆောင်ချက်ကို ဖွင့်ထားပြီး အမိန့်ပေးသံများ အသုံးပြုသောအခါ သို့မဟုတ် ကျွနု်ပ်တို့၏ ဖောက်သည်ဝန်ဆောင်မှုအဖွဲ့ကို သင် ဆက်သွယ်သောအခါ ကျွနု်ပ်တို့၏ ဆာဗာများတွင် အသံဖမ်းပြီး သိမ်းထားသည့် သင့်အသံဖိုင်များ။ ကျွနု်ပ်တို့ကိုယ်စား စကားမှ စာသားသို့့ ပြောင်းလဲခြင်း ဝန်ဆောင်မှုများ ပေးသည့် အခြား ပြင်ပအဖွဲ့အစည်း ဝန်ဆောင်မှု ပံ့ပိုးသူနှင့် ကျွနု်ပ်တို့ အလုပ်လုပ်ကိုင်လျှင် ကျွနု်ပ်တို့နှင့် ကျွနု်ပ်တို့၏ ယုံကြည်စိတ်ချရသော ပြင်ပဝန်ဆောင်မှုပေးသူအကြား နောက်ဆုံးချမှတ်ထားသည့် စာချုပ်နှင့်အညီ ထိုဝန်ဆောင်မှု ပေးသူသည် အသံဖြင့် အမိန့်ပေးချက်များကို ရရှိပြီး သိုမှီးထားနိုင်ကြောင်း မှတ်သားထားစေလိုပါသည်။
    • ဆမ်ဆောင်း ကီးဘုတ် အချက်အလက် - ကြိုတင်ခန့်မှန်း ပြသစာသားကို သင် ဖွင့်ထားသောအခါ သင် ရိုက်ထည့်လိုက်သည့် စကားလုံးများ။ သင်၏ အခြား ဆမ်ဆောင်း မိုဘိုင်းကိရိယာများပေါ်တွင် အသုံးပြုနိုင်ရန်အတွက် အချက်အလက်ကို ချိတ်ဆက်လွှဲပြောင်းရန် ဤအင်္ဂါရပ်အား သင့် Samsung account နှင့်ချိတ်ဆက်၍ ပေးအပ်နိုင်ပါသည်။ ကြိုတင်ခန့်မှန်း ပြသစာသား သတ်မှတ်ချက်များသို့ သွားခြင်းဖြင့် အချက်အလက်ကို သင် ပယ်ဖျက်နိုင်သည်။
    • ကြည့်ရှုမှု အချက်အလက် - ရုပ်သံဌာနများ၊ ချန်နယ်များ၊ ဝင်ကြည့်ခဲ့သော ဝက်ဘ်ဆိုဒ်များ၊ သင့်ကိရိယာများတွင် ကြည့်ရှုထားသော ပရိုဂရမ်များနှင့် ၎င်းတို့ကို ကြည့်ရှုရန် ကုန်ဆုံးခဲ့သော အချိန်ပမာဏ။
    • သင် အသုံးပြုသော အက်ပ်များ၊ သင် ဝင်ကြည့်သော ဝက်ဘ်ဆိုဒ်များနှင့် ဝန်ဆောင်မှုမှတဆင့် ပေးသည့် အကြောင်းအရာအပေါ် သင် အပြန်အလှန်အသုံးပြုပုံကဲ့သို့သော သင်၏ ဝန်ဆောင်မှုအသုံးပြုမှုနှင့်ပတ်သက်ပြီး အခြားအချက်အလက်။

    လူသိရှင်ကြားပြထားသည့် သို့မဟုတ် စီးပွားဖြစ်ရရှိနိုင်သည့် သို့မဟုတ် ဝေမျှထားသည့် အချက်အလက်

    သင် အသုံးပြုသော လူမှုရေးကွန်ရက်များမှ အချက်အလက်များ အပါအဝင် လူသိရှင်ကြားပြထားသည့် သို့မဟုတ် စီးပွားဖြစ်ရရှိနိုင်သည့် အချက်အလက်များကို တခါတရံ ကျွန်ုပ်တို့ စုစည်းပြီး သင်၏ လိုအပ်ချက်များ၊ စိတ်ဝင်စားသည့် အကြောင်းအရာများနှင့် နှစ်သက်သည့် အရာများကို ကျွန်ုပ်တို့ ပိုကောင်းမွန်စွာ နားလည်သဘောပေါက်စေရန်အလို့ငှာ သင့်အကြောင်း အခြားအချက်အလက်များနှင့် ဤအချက်ကို ပေါင်းစည်းပါသည်။ အခြားသူများသည် သင့်ထံ မက်ဆေ့ချ်တစ်စောင် ပေးပို့သောအခါ သို့မဟုတ် သင့်ကို ဖိုင်များ ဝေမျှသောအခါ သင့်အမည်နှင့် ဆက်သွယ်ရန် အချက်အလက်များကဲ့သို့သော သင့်အကြောင်း အချက်အလက်များအား ကျွနု်ပ်တို့၏ ဝန်ဆောင်မှုများကို အသုံးပြုရင်း အခြားသူများက ပေးသောအခါလည်း ကျွနု်ပ်တို့အနေဖြင့် တခါတရံ ထိုအချက်အလက်ကို စုစည်းပါသည်။

    ကျွန်ုပ်တို့ စုဆောင်းထားသော အခြား အချက်အလက်

    သင့်အကြောင်း ၊ သင့်ကိရိယာများအကြောင်း သို့မဟုတ် ကျွနု်ပ်တို့ထံ ပေးပို့ရန် သင် သဘောတူခွင့်ပြုထားသည့် သင့်၏ ဝန်ဆောင်မှုများ အသုံးပြုပုံ အကြောင်း အခြားအချက်အလက်များကိုလည်း ကျွန်ုပ်တို့ စုဆောင်း ထားနိုင်ပါသည်။

    အခြားပြင်ပအဖွဲ့အစည်း၏ ဒေတာစိစစ်လေ့လာချက်များ

    အချို့ဝန်ဆောင်မှုများမှတဆင့် ဝက်ဘ်ဆိုဒ်များနှင့် ချိတ်ဆက်ထားသော ကိရိယာများနှင့် အခြား ပြင်ပအဖွဲ့ အစည်းများ၏ ဝက်ဘ်ဆိုဒ်များ၊ ကိရိယာများ၊ အက်ပ်များနှင့် အခြား အွန်လိုင်း ဝန်ဆောင်မှုများနှင့် ဝန်ဆောင်မှုများ တစ်ခုလုံးတွင် သင်၏ အွန်လိုင်း လုပ်ဆောင်ချက်များအကြောင်း ကိုယ်ရေး အချက်အလက်များကို အချိန်နှင့်အညီ ကျွန်ုပ်တို့ စုစည်းပါမည်။ Google ဒေတာစိစစ်လေ့လာချက် ဝန်ဆောင်မှုများကဲ့သို့သော ဝန်ဆောင်မှုများတွင် အခြား ပြင်ပအဖွဲ့အစည်းများ၏ ဒေတာစိစစ်ရေး ဝန်ဆောင်မှုများကို ကျွနု်ပ်တို့ အသုံးပြုကောင်း အသုံးပြုနိုင်ပါသည်။ ယင်းစီစစ်မှုဝန်ဆောင်မှုများကို အုပ်ချုပ်ထားသော ဝန်ဆောင်မှုပံ့ပိုးသူများသည် ဝန်ဆောင်မှုနှင့် ပတ်သက်၍ သင်၏ အသုံးပြုမှုကို ခွဲခြမ်းလေ့လာရန် ကူညီနိုင်ပြီး ဝန်ဆောင်မှုများကို တိုးတက်စေပါသည်။ ယင်းပံ့ပိုးသူများနှင့် အခြား ဝန်ဆောင်မှုများ အသုံးပြုရန် အကဲဖြတ်နေသည့်၊ ဝန်ဆောင်မှုများအတွက် ကူညီသည့်၊ နည်းပညာရပ်ဆိုင်ရာ ပြဿနာများကို ရှာဖွေစစ်ဆေးပေးသည့် သင့်တော်သည့် အခြား ပြင်ပအဖွဲ့အစည်းများမှတစ်ဆင့် တိုက်ရိုက်စုဆောင်းထားသော သို့မဟုတ် ကျွန်ုပ်တို့ ရရှိထားသော အချက်အလက်များကို ထုတ်ဖော်ပြောကြားကောင်း ပြောကြားနိုင်ပါသည်။ Google ဒေတာစိစစ်လေ့လာချက်များအကြောင်း ပိုမိုလေ့လာရန် ကျေးဇူးပြုပြီး http://www.google.com/analytics/learn/privacy.html နှင့် https://www.google.com/policies/privacy/partners သို့ ဝင်ကြည့်ပါ။

    သင့်အတွက် ရွေးချယ်စရာများ

    Samsung account မှတ်ပုံတင်စာရင်းသွင်းရာတွင် ပါဝင်သည့် တောင်းဆိုထားသော အချက်အလက်များကဲ့သို့ အချို့သော အချက်အလက်အမျိုးအစားများကို ကျွန်ုပ်တို့အား ပေးအပ်ခြင်းမပြုရန် သင်ရွေးချယ်နိုင်သည်။ အချို့ အခြေအနေများတွင် ၎င်းက အချို့သော ဝန်ဆောင်မှုများအပေါ် သင်၏ အသုံးပြုနိုင်စွမ်းကို ကန့် သတ်ထားနိုင်ပါသည်။ သင့်အနေဖြင့် သိရှိနားလည်ပြီးမှ ဆုံးဖြတ်ချက်ချမှတ်နိုင်စေရန်အလို့ငှာ ကျွနု်ပ်တို့အနေဖြင့် သင့်အချက်အလက်ကို တောင်းခံသောအခါ ဤကန့်သတ်ချက်များကို ရှင်းပြရန် အကောင်းဆုံးကြိုးစားသွားပါမည်။ ဥပမာအနေဖြင့် Samsung Cloud သည် သင့်အချက်အလက်များကို အရန်သိမ်းထားခွင့်နှင့် နဂိုအတိုင်း ပြန်ထားနိုင်သည့်နေရာ ဖန်တီးခွင့် သင့်အား ပေးပါသည်၊ သို့သော် သတိထားဆင်ခြင်ရမည့် အချက်အလက်များကို သိမ်းဆည်းရန် သို့မဟုတ် စီစဉ်ဆောင်ရွက်ရန် Samsung Cloud ကို ပုံစံထုတ်ထားသည် မဟုတ်သလို ထိုသို့အသုံးပြုရန် ရည်ရွယ်ထားသည် မဟုတ်ပါ။

  • အောက္ပါ အျခားအရာမ်ားအကြား ကျနြ်ုပ္တို့ စုဆောင်းထားသော သတင်းအခ်က်အလက္မ်ားအား အသုံျးပုပါသည်-


    • သင် တောင်းဆိုသော ဝန်ဆောင္မှုမ်ားကိုပေးရန်၊
    • သင်၏ အေတြ့အကြုံအား တိုးတက်ကောင်းမြန်အောင်ျပုလုပ်ပေးနိုင်ရန်သင် အသုံျးပုသည့် ဝန်ဆောင္မှုမ်ာ၏ ပုံစံကို နားလည်ေသဘာပေါက်စေရန်၊
    • စိတ်ကြိုက်ျပုလုပ္ထားသော အေကြာင်းအရာနွင့် ကြော်ျငာကို ပေးအပ်ရန်၊ နွင့်

    သို့မဟုတ္လ်ွင် သင်၏ သေဘာတူညီခ်က်နွင့်အတူ။


    သင်၏ သတင်းအခ်က်အလက်အား ကျနြ္ပု္တို့သည် အောက္ပါတို့နွင့် ဝေမ်ွမည် -


    • ပေါင်းစည်းအသင်းအဖြဲ့မ်ား - ဆမ်ဆောင်း ကုမ္ပဏီအစု။
    • စီးပြားမိတ္ဖက္မ်ား - သင် နွစ်သက်နိုင်သည့် ထုတ္ကုန္မ်ားနွင့် ဝန်ဆောင္မှုမ်ားနွင့်ပတ်သက်၍ သတင်းအခ်က်အလက် ပေးနိုင်သည့် ယုံကြည်ေရသာ ကုမ္ပဏီမ်ား။
    • ဝန်ဆောင္မှုပေးသူမ်ား - ဆမ်ဆောင်း အတြက် သို့မဟုတ် ကိုယ္စား ဝန်ဆောင္မှုမ်ား ပေးသည့် ကုမ္ပဏီမ်ား။
    • ဥပေဒျပဋ္ဌာန်းခ်က် - ကျနြ္ပု္တို့ ထိုသို့ ဆောင်ြရက္ဖို့လိုအပ်သည့်အခါ သို့မဟုတ် ဆမ်ဆောင်း နွင့် ၎င်း၏ အသုံျးပုသူမ်ားအား ကာကြယ္ဖို့ လိုအပ်သောအခါ။
    • When appropriate, we may also provide just-in-time notices prior to collection of certain data.
  • ကျွန်ုပ်တို့သည် ဒေတာကာကွယ်ထိန်းသိမ်းရေးကို အလေးအနက်ထားပါသည်။ ကျွနု်ပ်တို့ စုစည်းထားသော အချက်အလက်များ လုံခြုံမှုရှိစေရန် ရုပ်ပိုင်းဆိုင်ရာနှင့် နည်းပညာဆိုင်ရာ အကာအကွယ်များ နေရာတကျ ထားရှိထားပါသည်။ သို့သော် သင့်အချက်အလက်များအား ကာကွယ်ရန် သင့်တော်သည့် အဆင့်များဖြင့် လုပ်ဆောင်ထားသော်လည်း၊ မည်သည့် ဝက်ဘ်ဆိုဒ်၊ အင်တာနက် လွှဲပြောင်းမှု၊ ကွန်ပျူတာစနစ် သို့မဟုတ် ကြိုးမဲ့ ချိတ်ဆက်မှုများ မှ အပြည့်အဝ လုံခြုံစိတ်ချမှုမရှိကြောင်းကို မှတ်သားထားစေလိုပါသည်။
  • ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို သင် အသုံးပြုရာတွင် သင်၏ ကိုယ်ရေး အချက်အလက်များအား ဤမူဝါဒနှင့်အညီ သင့်နိုင်ငံအတွင်းနှင့် ပြည်ပ၊ ဥရောပ စီးပွားရေး ဧရိယာ (EEA) အတွင်းရှိ နိုင်ငံများ၊ ကိုရီးယားသမ္မတနိုင်ငံ၊ အမေရိကန် ပြည်ထောင်စု၊ တရုတ်နိုင်ငံ၊ စင်္ကာပူနိုင်ငံ၊ ဗီယက်နမ်၊ အိန္ဒိယနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ကနေဒါနိုင်ငံ၊ ဖိလစ်ပိုင် နိုင်ငံ နှင့် ဂျပန်နိုင်ငံ များထံသို့လွှဲပြောင်းခြင်း၊ သိမ်းဆည်းခြင်းနှင့် စိစစ်ဆောင်ရွက်ခြင်းတို့ ပါဝင်ပါမည်။ သင့်အချက်အလက် လွှဲပြောင်းနိုင်သည့် နိုင်ငံများ၏ ဒေတာကာကွယ်ခြင်းနှင့် အခြား ဥပဒေများသည် သင့်နိုင်ငံ၏ ဥပဒေများကဲ့သို့ ပြည့်စုံကျယ်ပြန့်မှု မရှိတာမျိုး ဖြစ်နေနိုင်ကြောင်း မှတ်သားထားစေလိုပါသည်။
    [ဥရောပ စီးပွားရေး ဧရိယာ (EEA) တွင် နေထိုင်သူများအတွက်သာ]
    ကျွန်ုပ်တို့သည် သက်ဆိုင်ရာ ဥပဒေအရ ကိုယ်ရေး အချက်အလက်များကို ကာကွယ်ထားကြောငး် သေချာစေရန် သင့်တော်ရာ ဆောင်ရွက်မှုများ လုပ်ဆောင်မည်ဖြစ်ပါသည်။ ယင်းတိုင်းတာမှုများတွင် EEA ပြင်ပသို့ အချက်အလက်များ ဘေးကင်းစွာ လွှဲပြောင်းရေး အခြေခံမူထုံးများကို အသုံးပြုသွားပါသည်။ နောက်ထပ် အချက်အလက်များ တောင်းဆိုရန် သို့မဟုတ် နေရာတကျရှိထားပြီးသော သဘောတူစာချုပ်များ မူပွားတစ်စောင် ရယူရန် ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ။ ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ အခန်းကို ကြည့်ပါ။
  • သင့်ကိုယ်ရေး အချက်အလက်များကို သင် ပိုင်ပါသည်။ ကျွနု်ပ်တို့ စုစည်းရရှိထားသော အရာများနှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များကို ကျွနု်ပ်တို့ထံ သင် တောင်းဆိုနိုင်ပြီး ၎င်းကို ဖျက်ပစ်ရန် သို့မဟုတ် တိကျမှန်ကန်မှု မရှိသော အချက်တိုင်းကို ပြင်ဆင်ရန် ကျွနု်ပ်တို့ထံ သင် တောင်းဆိုနိုင်ပါသည်။ ဥပဒေအရ ခွင့်ပြုထားပါက ထိုသို ့ ဆောင်ရွက်ပေးနိုင်ရန် အတွက် အခကြေးငွေ အနည်းငယ်ကောက်ခံမည်ဖြစ်သည်။ ပြည်တွင်း ဥပဒေအရ တား မြစ်ထားသော သို ့မဟုတ် အခြားနည်းဖြင့်ဝင်ရောက်ရန် မလိုအပ်သော သို ့မဟုတ် ကြီးမားစွာ ထိခိုက်နစ်နာစေသော အခြားသောသူများ၏ ကိုယ်ရေး လုံခြုံမှုအား ထိပါးနှောက်ယှက်မှု၊ နည်းပညာဆိုင်ရာ ဆောင်ရွက်ပေးရန် မ သင့်တော်သော တောင်းဆိုမှု သို ့မဟုတ် ကျိုးကြောင်းဆီလျော်မှုမရှိသည့် ထပ်တလဲလဲ တောင်းဆိုမှုများကို လိုက် လျောဆောင်ရွက်ပေးရန် ကျွနု်ပ်တို ့အနေဖြင့် ငြင်းဆိုနိုင်သည်။ သင့်အခွင့်အရေးများနှင့် စပ်လျဉ်းပြီး တောင်းဆိုချက် တင်ပြရန် သို့မဟုတ် စုံစမ်းမေးမြန်းရန် ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ။ ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ အခန်းကို ကြည့်ပါ။
  • သင့်ကိုယ်ရေး အချက်အလက်များကို စုစည်းထားရသည့် ရည်ရွယ်ချက်အတွက် လိုအပ်သည်ထက်ပိုပြီး အချိန်ကြာကြာ သိမ်းထားမည် မဟုတ်ပါ။ အဆိုပါအချက်အလက်များကို မလိုအပ်တော့သည့်အခါ ကျွနု်ပ်တို့၏ စနစ်များထဲမှ ဖျောက်ပေးမည်၊ ဖျက်ဆီးပေးမည် သို့မဟုတ် ဖျောက်ဖျက်ပေးမည်ဟု ဆိုလိုပါသည်။
    အောက်ပါဆင်ခြင်တွက်ချက်မှုအပေါ် အခြေခံပြီး သင့်အကြောင်း အချက်အလက်များကို ကျွန်ုပ်တို့ စိစစ်ဆောင်ရွက်ပြီး ထိန်းသိမ်းထားကြောင်း သေချာစေရန် သင့်တော်သော အဆင့်များဖြင့် လုပ်ဆောင်ပါသည် -
    ၁။ သင့်ကို ဝန်ဆောင်မှုပေးရန် အသုံးပြုသည့် အချက်အလက်များအတွက် အနည်းဆုံး ကာလ
    ၂။ တရားဥပဒေအရ၊ စာချုပ်အရ လိုအပ်သည့်အတိုင်း သို့မဟုတ် ပြဋ္ဌာန်းဥပဒေအရ ကျွနု်ပ်တို့၏ တာဝန်များနှင့် သက်ဆိုင်သည့်အတိုင်း
    ၃။ စုဆောင်းထားရှိရန်၊ ဆက်လက်လုပ်ဆောင်ရန် လိုအပ်မည့်အချိန်ကာအပိုင်းအခြားအထိသာ၊ သို့မဟုတ် စာချုပ်၊ သက်ဆိုင်ရာ ဥပဒေ၊ သို့မဟုတ် ကိန်းဂဏန်းဆိုင်ရာ ရည်ရွယ်ချက်များ၊ သင့်တော်ရာ လုံခြုံမှုများ တစ်ခုခုအရ လိုအပ်ပါက ပိုမိုကြာမြင့်နိုင်သည်။

  • ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများအတွင်း အကြောင်းအရာ၊ ကြော်ငြာနှင့် လုပ်ဆောင်ချက် အချို့ကို အခြား ပြင်ပအဖွဲ့အစည်းများမှ ပေးပါသည်။ အဆိုပါအခြား ပြင်ပအဖွဲ့အစည်းများသည် သင်၏ ဤဝန်ဆောင်မှုများ အသုံးပြုမှုနှင့်ပတ်သက်ပြီး အချက်အလက် စုစည်းရန် ကွတ်ကီးများ၊ အသုံးပြုမှုစောင့်ကြည့်ချက်များ၊ ဝက်ဘ်စာမျက်နှာ ကြည့်ရှုမှု ခြေရာခံသည့်ကုဒ်များနှင့် အခြားတူးလ်များကို အသုံးပြုကောင်း အသုံးပြုနိုင်ပါသည်။ အဆိုပါအခြား ပြင်ပအဖွဲ့အစည်းများကို ဆမ်ဆောင်းမှ တိုက်ရိုက် မထိန်းချုပ်ပါ၊ ထို့ကြောင့် ၎င်းတို့သည် သင့်ဒေတာကို ဘယ်လိုအသုံးပြုကြောင်း သဘောပေါက်နားလည်ရန် ၎င်းတို့၏ ကိုယ်ရေးလုံခြုံမှု မူဝါဒများကို သင် ကြည့်ရှုရန် ကျွန်ုပ်တို့ အကြံပြုလိုက်ရပါသည်။
    လူမှုရေး ကွန်ရက်များအပါအဝင် အက်ပ်များနှင့် ဝန်ဆောင်မှုအချို့အတွက် ထိုအက်ပ်များနှင့် ဝန်ဆောင်မှုများနှင့် သင် ချိတ်ဆက်သောအခါ ကျွနု်ပ်တို့ ရရှိရန် သင် အခွင့်ပေးထားသည့် ဆိုင်းအင်ဝင်ရောက်မှု အချက်အလက်များအပြင် အခြားအချက်အလက်များကိုလည်း ကျွန်ုပ်တို့ ရယူကာ သိမ်းဆည်းထားပါမည်။

  • အကြောင်းအရာ၊ ကြော်ငြာ၊ သို့မဟုတ် ကျွန်ုပ်တို့ ဝန်ဆောင်မှုများ အလုပ်လုပ်ဆောင်သည့် အခြားအရာများ ပံ့ပိုးထားသော အခြား ပြင်ပအဖွဲ့အစည်းများကဲသို့၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများ၏ တိကျသည့် နေရာတွင်ရှိသော ကွတ်ကီးများ၊ ဝက်ဘ်စာမျက်နှာ ကြည့်ရှုမှု ခြေရာခံသည့်ကုဒ်များ၊ အသုံးပြုမှုစောင့်ကြည့်ချက်များနှင့်အခြား နည်းပညာများကို အသုံးပြုပါမည်။
    ကွတ်ကီးများ
    ကွတ်ကီးသည် သင့်ကွန်ပျူတာ၊ TV ၊ မိုဘိုင်းလ်ဖုန်း သို့မဟုတ် အခြား ကိရိယာတွင် အချက်အလက် သိမ်းဆည်းသော သေးငယ်သည့် ဖိုင်များ ဖြစ်ပါသည်။ ၎င်းတို့သည် မတူညီသည့် ဝက်ဘ်ဆိုဒ်များ၊ ဝန်ဆောင်မှုများ၊ ကိရိယာများ နှင့် ရှာဖွေမှု အခန်းများအား မှတ်မိစေရန် သင့်ကိရိယာတွင်းသို့ ကွတ်ကီးများ ထည့်သွင်းနိုင်ကြသည်။ ကွတ်ကီးများသည် ရည်ရွယ်ချက်များစွာဖြင့် အသုံးဝင်လှပါသည်။ ဥပမာ -
    • သင်သည် ဝန်ဆောင်မှုတစ်ခုအတွင်း ဆိုင်းအင်ဝင်ရောက်သည့်အခါတိုင်း ကိုယ်ပိုင်အထောက်အထားများကို ရိုက်ထည့်စရာ မလိုအပ်စေရန်အတွက် ကွတ်ကီးများသည် သင်၏ ဝင်ရောက်မှု ကိုယ်ပိုင်အထောက်အထားများကို မှတ်သားထားနိုင်သည်။
    • ကွတ်ကီးများမှ ကျွန်ုပ်တို့နှင့် အခြား ပြင်ပအဖွဲ့အစည်းများအား မည်သည့် စာမျက်နှာများနှင့် အင်္ဂါရပ်များကို လာရောက်ကြည့်ရှုသူများမှ ရယူပြီး ယင်းစာမျက်နှာများတွင် အချိန်မည်မျှ ကုန်ဆုံးခဲ့သည်ကို သိမြင်အောင် အထောက်အကူပြုသောကြောင့် ကျွန်ုပ်တို့ ဝန်ဆောင်မှုများ၏ မည်သည့်အပိုင်းများမှာ အကျော်ကြားဆုံးဖြစ်ကြောင်း နားလည်သဘောပေါက်အောင် အထောက်အကူပြုပါသည်။ ယင်းအချက်အလက်များအား လေ့လာခြင်းက ဝန်ဆောင်မှုများကို အလိုက်သင့်ပြောင်းလဲရန်နှင့် သင့်အား ပိုမိုကောင်းမွန်သည့် အတွေ့အကြုံကို ပေးစွမ်းနိုင်ရန် ကျွနု်ပ်တို့ကို အထောက်အကူပြုပါသည်။
    • သင်သည် ဝန်ဆောင်မှုတစ်ခုအား အသုံးပြုသည့်အခါတိုင်း တူညီသည့် ကြော်ငြာအား မရရှိစေရန်အတွက် ကွတ်ကီးများမှ ကျွန်ုပ်တို့နှင့် အခြား ပြင်ပအဖွဲ့အစည်းများအား သင်မည်သည့် ကြော်ငြာများအား ကြည့်ရှုခဲ့ပြီးကြောင်းကို နားလည်သဘောပေါက်စေရန် အထောက်အကူပေးသည်။
    • သင်အသုံးပြုသော ကျွနု်ပ်တို့၏ ဝန်ဆောင်မှုများနှင့် အခြားသော ဝက်ဘ်ဆိုဒ်များနှင့် အက်ပ်များနှင့်ပတ်သက်ပြီး သတင်းအချက်အလက်စုစည်းခြင်းဖြင့် ကွတ်ကီးများသည် ကျွနု်ပ်တို့နှင့် အခြား ပြင်ပအဖွဲ့အစည်းများအား သင့်ထံ သက်ဆိုင်ရာ ပါဝင်အကြောင်းအရာနှင့် ကြော်ငြာအား ပေးရန် အထောက်အကူပြုသည်။
    ဝန်ဆောင်မှုများအား အသုံးပြုရန် ဝက်ဘ်ဘရောက်ဇာအား သင် အသုံးပြုစဉ် သင့်ဝက်ဘ်ဘရောက်ဇာအား ကွတ်ကီးများအားလုံးအား လက်ခံမည်၊ ကွတ်ကီးများအားလုံးအား ငြင်းပယ်မည်၊ သို့မဟုတ် ကွတ်ကီးတစ်ခု ပို့လိုက်တိုင်း အသိပေးရမည်ဟူ၍ သတ်မှတ်နိုင်ပါသည်။ ဘရောက်ဇာတစ်ခုစီသည် ကွဲပြားခြားနားသောကြောင့်၊ သင့်ကွတ်ကီးနှင့်ပတ်သတ်သည့် ပြင်ဆင်စရာများအား မည်သို့ပြောင်းလဲရမည်ကို သင့် ဘရောက်ဇာရှိ အကူအညီ မီနူးတွင် စစ်ဆေးပါ။ သင့်ကိရိယာ၏ လုပ်ဆောင်သည့်စနစ်သည် ထပ်ဆောင်း ကွတ်ကီးထိန်းချုပ်မှုများ ပါနိုင်ပါသည်။ အချို့ဝန်ဆောင်မှုများသည် ကွတ်ကီးများအား အသုံးပြုပြီး အလုပ်လုပ်ဆောင်ရန် ပုံစံထားရှိပါသည်၊ သို့ပါ၍ ကွတ်ကီးများကို ပိတ်လိုက်ခြင်းက ယင်းဝန်ဆောင်မှုများ သို့မဟုတ် ၎င်းတို့၏ တိကျသည့် အစိတ်အပိုင်းများကို အသုံးပြုရာတွင် သင့်လုပ်ဆောင်နိုင်စွမ်းအား အကျိုးသက်ရောက်စေနိုင်ကြောင်း မှတ်သားထားစေလိုပါသည်။
    အခြား ကိုယ်ပိုင် သိုလှောင်မှု
    အခြား ပြင်ပအဖွဲ့အစည်းအချို့နှင့်အတူ ကျွနု်ပ်တို့သည် ကျွနု်ပ်တို့၏ ဝန်ဆောင်မှုများနှင့်ဆက်စပ်ပြီး စက်အတွင်း ဝေမျှသော အရာဝတ္ထုများ (Flash ကွတ်ကီးဟုလည်း ရည်ညွှန်းသည်) နှင့် HTML5 စက်အတွင်း သိုမှီးမှုကဲ့သို့သော စက်အတွင်း သိုမှီး နည်းပညာများဆိုင်ရာ အခြား အမျိုးအစားများကို အသုံးပြုရနိုင်သည်။ ဤနည်းပညာများသည် အထက်တွင် ဆွေးနွေးတင်ပြထားသည့် ကွတ်ကီးများနှင့် ဆင်တူပါသည်။ သင့်ကိရိယာများအတွင်း ၎င်းတို့အား သိမ်းဆည်းကာ သင့်လုပ်ဆောင်မှုနှင့် စိတ်ပါဝင်စားမှုများအကြောင်း တိကျသည့် အချက်အလက်များအား သိမ်းဆည်းကာ အသုံးပြုနိုင်ပါသည်။ သို့သော်၊ ယင်းနည်းပညာများသည် စံ ကွတ်ကီးများမှ သင့်ကိရိယာများ၏ မတူညီသည့် အစိတ်အပိုင်းများအား အသုံးပြုနိုင်ပါသည်၊ ထို့ကြောင့် ၎င်းတို့အား စံ ဘရောက်ဇာ တူးလ်များနှင့် သတ်မှတ်ချက်များကိုအသုံးပြုပြီး မထိန်းချုပ်နိုင်ပါ။ စက်အတွင်း ဝေမျှထားသော အရာဝတ္ထုများတွင် ထည့်သိမ်းထားသော သတင်းအချက်အလက်အား ပိတ်ပင်ခြင်း သို့မဟုတ် ဖျက်ပစ်ခြင်းနှင့်ပတ်သက်ပြီး သတင်းအချက်အလက်အတွက် http://helpx.adobe.com/flash-player/kb/disable-local-shared-objects-flash.html ကို ဝင်ကြည့်ပါ။
    ဘေကွန်များ
    ကျွန်ုပ်တို့သည် တိကျသည့် အခြား ပြင်ပအဖွဲ့အစည်းများနှင့်တွဲဖက်ကာ၊ သင့်ကိရိယာမှ ဆာဗာတစ်ခုသို့ ဆက်သွယ်ထားသည့် ဘေကွန်များ သို့မဟုတ် ပစ်ဇယ်လ်များဟုခေါ်သည့် နည်းပညာများကို အသုံးပြုနိုင်ပါသည်။ ဘေကွန်များသည် အွန်လိုင်းအကြောင်းအရာများ၊ ဗီဒီယိုများ၊ နှင့် အီးမေးလ်များတွင် ကိန်းအောင်းနေနိုင်ပြီး၊ သင့်ကိရိယာမှ တိကျသည့် အချက်အလက်အမျိုးအစားများအား ဖတ်ရှုရန် ဆာဗာတစ်ခုအား ခွင့်ပြုနိုင်ပြီး ၎င်းတို့သည် သီးသန့် အကြောင်းအရာတစ်ခု သို့မဟုတ် သီးသန့် အီးမေးလ်မက်ဆေ့ချ်တစ်ခုအား သင်ကြည့်ရှုသည့်အခါတွင်၊ သင်ကြည့်ရှုခဲ့သော ဘေကွန်နှင့် သင့်ကိရိယာရှိ IP လိပ်စာ တို့အား ဘေကွန်မှ ဆုံးဖြတ်နိုင်ပါသည်။ ကျွန်ုပ်တို့နှင့် တိကျသည့် အခြား ပြင်ပအဖွဲ့အစည်းများသည် ကျွနု်ပ်တို့၏ ဝန်ဆောင်မှုများအပေါ် သင်၏ အသုံးပြုမှုကို စိစစ်အကဲဖြတ်ရန်အပြင် ကွတ်ကီးများနှင့်အတူ သင့်အတွက် ပိုမိုကိုက်ညီသည့် အကြောင်းအရာများနှင့် ကြော်ငြာများ ပေးအပ်နိုင်ရန်တို့အပါအဝင် ရည်ရွယ်ချက်များစွာအတွက် ဘေကွန်ကို အသုံးပြုကြပါသည်။

  • သင့် အကြိုက်ဆုံးအရာများကို အပ်ဒိတ်လုပ်ရန်၊ သင့် အချက်အလက်များကို ပြင်ဆင်ရန်၊ တောင်းဆိုချက် တင်ပြရန် သို့မဟုတ် ကျွနု်ပ်တို့ကို မေးခွန်းများ မေးရန် သင့်အနေဖြင့် ကျွန်ုပ်တို့ထံ ဆက်သွယ်နိုင်ပါသည်။ အလွယ်ကူဆုံးနည်းလမ်းမှာ https://www.samsung.com ၏ Contact Us ဆက်သွယ်ပါ အပိုင်းမှတဆင့် ဆက်သွယ်ရန် ဖြစ်ပါသည်။ အောက်ပါဆက်သွယ်ရန် အချက်အလက်များဖြင့်လည်း ကျွနု်ပ်တို့ထံ သင် ဆက်သွယ်နိုင်ပါသည် -

    The Data Protection Officer
    Samsung Electronics Co.c/o Regional HQ
    30 Pasir Panjang Road, # 17-31/32 Mapletree Business City
    Singapore 117440

    [ဥရောပ စီးပွားရေး ဧရိယာ (EEA) တွင် နေထိုင်သူများအတွက်သာ] Samsung Electronics အနေဖြင့် ဥရောပတစ်ခွင်တွင် ရုံးများ ထားရှိပါသည်၊ ထို့ကြောင့် သင်၏ တောင်းဆိုချက် သို့မဟုတ် မေးခွန်းများကို သင့်ဒေသတွင် ရုံးထိုင်သည့် ဒေတာကာကွယ်ထိန်းသိမ်းရေးအဖွဲ့မှ ကိုင်တွယ်ဖြေရှင်းပေးရန် ကျွနု်ပ်တို့ဘက်မှ အသေအချာ ဆောင်ရွက်နိုင်ပါသည်။ အလွယ်ကူဆုံးနည်းလမ်းမှာ https://www.samsung.com/request-desk တွင်ရှိသည့် ကျွနု်ပ်တို့၏ ကိုယ်ရေးလုံခြုံမှု ပံ့ပိုးရေး စာမျက်နှာမှတဆင့် ကျွနု်ပ်တို့ကို ဆက်သွယ်ရန် ဖြစ်ပါသည်။ အောက်ပါဆက်သွယ်ရန် အချက်အလက်များဖြင့်လည်း ကျွန်ုပ်တို့ထံ သင် ဆက်သွယ်နိုင်ပါသည် -

    European Data Protection Officer
    Samsung Electronics (UK) Limited
    Samsung House, 1000 Hillswood Drive, Chertsey, Surrey KT16 0PS

    သင့်ကိုယ်ရေး အချက်အလက်များကို ကျွန်ုပ်တို့၏ စိစစ်ဆောင်ရွက်ချက်က သက်ဆိုင်ရာ ဥပဒေကို ချိုးဖောက်ရာကျသည်ဟု သင် ယူဆပါက သင့်အနေဖြင့် သက်ဆိုင်ရာ ကြီးကြပ်သူ အာဏာပိုင်ထံ တိုင်ကြား လွှာတင်နိုင်သည်။ EU ကြီးကြပ်သူ အာဏာပိုင်အားလုံးအတွက် ဆက်သွယ်ရန် အသေးစိတ်အချက်အ လက်များကို https://ec.europa.eu/newsroom/article29/item-detail.cfm?item_id=612080 တွင် တွေ့နိုင်ပါသည်။

ဆမ်ဆောင်း ကိုယ်ရေးလုံခြုံမှု မူဝါဒ – SMART TV အပိုဖြည့်စွက်ချက်

ဆမ်ဆောင်း၏ Smart TV ဝန်ဆောင်မှုသည် ပိုကောင်းသော ဗီဒီယိုအကြောင်းအရာ၊ စိတ်ကြိုက်ဖန်တီးထားသော TV ကြည့်ရှုမှုအတွေ့အကြုံ၊ ရုပ်ရှင်များ၊ လူမှုရေးကွန်ရက်ဝန်ဆောင်မှုများနှင့် ချိတ်ဆက်မှုများနှင့် သင့် Smart TV ကို အသံဖြင့် အမိန့်ပေးကာ ထိန်းချုပ်ဆက်သွယ်နိုင်စွမ်းကို ပေးသည့် အင်္ဂါရပ်အစဉ်လိုက်ကို ပေးစွမ်းသည်။ ဆမ်ဆောင်း၏ ကိုယ်ရေးလုံခြုံမှု မူဝါဒတွင် ဖေါ်ပြထားသည့် နည်းလမ်းများအတိုင်း သင့် Smart TV နှင့် သင့် Smart TV ဖြင့် ချိတ်ဆက်ထားသော ကိရိယာများမှတစ်ဆင့် အချက်အလက်များကို ကျွန်ုပ်တို့ စုစည်း၊ အသုံးပြု၊ မျှဝေ၍ သိမ်းဆည်းပါသည်။ ဤဖြည့်စွက်ချက်များမှ Smart TV အင်္ဂါရပ်အချို့၏ ကိုယ်ရေးလုံခြုံမှု လက်တွေ့လုပ်ဆောင်ချက်များနှင့်ပတ်သက်ပြီး အသေးစိတ် ဖြည့်စွက် ဖော်ပြပေးထားပါသည်။

သင့်အနေဖြင့် ဗီဒီယို ပရိုဂရမ်နှင့် အခြားအကြောင်းအရာကို အလွယ်တကူ ရှာဖွေရယူနိုင်စေရန် Smart TV ကို ပုံစံထုတ်ထားသည်။ ဥပမာအနေဖြင့် သင့်ကေဘယ် သို့မဟုတ် ဂြိုဟ်တုစလောင်း အော်ပရေတာမှ သင့်ထံ ဖြန့်ဖြူးထုတ်လွှင့်ပေးသော တိုက်ရိုက်တီဗွီပရိုဂရမ်များနှင့် သင့်Smart TV တွင် ပြသထားသော ရှာဖွေလို့ရနိုင်သည့် လမ်းညွှန်များမှတဆင့် အခြား ပြင်ပအဖွဲ့အစည်း အကြောင်းအရာပေးသူများမှ ဖြန့်ဖြူးပေးသော တောင်းဆိုချက်အလိုက် ဗီဒီယိုအကြောင်းအရာ ပေးစွမ်းမှုများနှင့်ပတ်သက်ပြီး အချက်အလက်ကို သင်ရယူနိုင်ပါသည်။

တိုက်ရိုက်တီဗွီပရိုဂရမ်များအနေဖြင့် သင်၏ စာပို့အမှတ်သင်္ကေတအပေါ် တစ်စိတ်တစ်ဒေသ မူတည်ပြီး သင့်အတွက် ရရှိနိုင်မည့် အကြောင်းအရာကို ကျွနု်ပ်တို့ ဆုံးဖြတ်ပေးပါသည်။ ထို့အပြင် သင့်အတွက် စိတ်ဝင်စားစရာကောင်းနိုင်ခြေရှိသည့် ပရိုဂရမ်နှင့် အကြောင်းအရာကို အသားပေးခြင်းဖြင့် သို့မဟုတ် သင်၏ ကြည့်ရှုမှုအတွေ့အကြုံကို ပိုကောင်းစေမည့် နောက်ထပ်ဝန်ဆောင်မှုများကို ပေးခြင်းဖြင့် သင့်အတွက် ပိုမိုဆီလျော်သော အခြား Smart TV အကြောင်းအရာကို သင်ရှာဖွေခံစားနိုင်အောင် Smart TV က ကူညီပေးသည်။ ကျွန်ုပ်တို့သည် အဆိုပါအကြံပြုချက်များနှင့် နောက်ထပ်ဝန်ဆောင်မှုများကို အောက်ပါတို့အပေါ် အခြေပြုထားပါသည် -

• သင်၏ Smart TV သို့မဟုတ် အခြားကိရိယာများဖြင့် ဆမ်ဆောင်း အက်ပလီကေးရှင်းများမှတစ်ဆင့် သင်ကြည့်ရှု၊ ဝယ်ယူ၊ ဒေါင်းလုတ်ဆွဲ သို့မဟုတ် တိုက်ရိုက်ကြည့်ရှုထားပြီးသော အကြောင်းအရာနှင့်ပတ်သက်ပြီး အချက်အလက် (TV ကြည့်ရှုခြင်း အချက်အလက်နှင့်ပတ်သက်ပြီး အောက်ဘက်ရှိ “ကြည့်ရှုရေး သတင်းအချက်အလက် ဝန်ဆောင်မှုများ” အပိုင်းကို ကျေးဇူးပြုပြီး ကြည့်ပါ)၊

• Smart TV မှတဆင့် သင် ရရှိခဲ့သော အက်ပလီကေးရှင်းအကြောင်း သတင်းအချက်အလက်များ၊

• သင့် Smart TV ရှိ “ကြိုက်သည်”၊ “မကြိုက်ပါ”၊ “ယခုကြည့်မည်” နှင့် အခြားခလုတ်များ သင်နှိပ်ခဲ့သည်နှင့်ပတ်သက်ပြီး အချက်အလက်၊

• ဗီဒီယိုအကြောင်းတစ်စုံတစ်ရာအတွက် သင်ရှာဖွေနေစဉ်အပါအဝင် Smart TV ၏ ရှာဖွေမှုအင်္ဂါရပ်များအတွင်း သင်ရိုက်ထည့်သော မေးခွန်းစကားလုံးများ၊

• အခြား Smart TV အသုံးပြုမှုနှင့် သင့် ဟက်ဝဲ သို့မဟုတ် ဆော့ဝဲတွဲဖက် စီစဉ်ထားမှုကို ခွဲထုတ်သည့် သတင်းအချက်အလက်၊ ဘရောက်ဇာ သတင်းအချက်အလက်အပါအဝင် IP လိပ်စာ၊ မှတ်တမ်းဒေတာ၊ ကိရိယာ သတင်းအချက်အလက်၊ ပြီးနောက် သင် တောင်းဆိုသော စာမျက်နှာ (များ) ဟူ၍ ကန့်သတ်မထားသော်လည်း၊ ယင်းတို့အပါအဝင်။

ကြည့်ရှုရေး သတင်းအချက်အလက် ဝန်ဆောင်မှုများ

ဤသီးသန့်ဖြစ်မှု ကြေညာချက်ကို ဆမ်ဆောင်း ကိုယ်ရေးလုံခြုံမှု မူဝါဒနှင့် တွဲဖက်၍ ဖတ်ရှုသင့်သည်၊ အဆိုပါမူဝါဒသည် စိတ်ကြိ်ုက်ဖန်တီးထားသော Smart TV ကြည့်ရှုမှုအတွေ့အကြုံများကို သင် လက်ခံရရှိရန်အတွက်လည်း အကျုံးဝင်ပြီး https://account.samsung.com/membership/pp တွင် တွေ့နိုင်ပါသည်။

စိတ်ကြိုက်ဖန်တီးထားသော Smart TV ကြည့်ရှုမှုအတွေ့အကြုံများကို သင့်အား ပေးရန်အတွက် ကျွနု်ပ်တို့၏ အင်္ဂါရပ်များနှင့် ဝန်ဆောင်မှုအချို့သည် သင်၏ TV ကြည့်ရှုမှုမှတ်တမ်းနှင့် Smart TV အသုံးပြုမှု အချက်အလက်အပေါ် မူတည်ပါလိမ့်မည်။

သင်၏ TV ကြည့်ရှုမှုမှတ်တမ်းတွင် ရုပ်သံဌာနများ၊ ချန်နယ်များ၊ ဝင်ကြည့်ခဲ့သော ဝက်ဘ်ဆိုဒ်များ၊ သင့် Smart TV တွင် ကြည့်ရှုထားသော ပရိုဂရမ်များနှင့် ၎င်းတို့ကို ကြည့်ရှုရန် ကုန်ဆုံးခဲ့သော အချိန်ပမာဏနှင့်ပတ်သက်သည့် အချက်အလက်များ ပါဝင်သည်။

ဤအချက်အလက်ကို ရရှိရန် အကြောင်းအရာ အလိုအလျောက် မှတ်မိခြင်း (ACR) နှင့် အခြားနည်းပညာများကို ကျွနု်ပ်တို့ အသုံးပြုနိုင်ပါသည်။ ကြည့်ရှုပြီးသော ပရိုဂရမ်များကို စိစစ်နိုင်စေရန်အတွက် သင့် Smart TV က ဗီဒီယိုအတိုအထွာများ သို့မဟုတ် TV ရုပ်သံလှိုင်းနှုန်းဖမ်းယူခြင်း အချက်အလက်ကို လွှဲပြောင်းပေးသည်။

သင့်ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့်သာ အင်္ဂါရပ် သို့မဟုတ် ဝန်ဆောင်မှု တစ်စုံတစ်ရာကို ပိတ်ရန် သတ်မှတ်ချက်များမီနူးသို့ သွားခြင်းဖြင့် အချိန်မရွေး သင့်ကိုယ်ရေးလုံခြုံမှု ရွေးချယ်စရာကို ပြောင်းလဲနိုင်ပါသည်၊ ထိုအခြေအနေတွင် အဆိုပါအင်္ဂါရပ် သို့မဟုတ် ဝန်ဆောင်မှုတစ်စုံတစ်ရာအတွက် သင်၏ TV ကြည့်ရှုမှုမှတ်တမ်း စုစည်းခြင်း ရပ်တန့်သွားပါလိမ့်မည်။

ကျွနု်ပ်တို့၏ ဝန်ဆောင်မှုများကို သင် အသုံးပြုရာတွင် ဤမူဝါဒနှင့်အညီ သင်နေထိုင်ရာနိုင်ငံပြင်ပဖြစ်သည့် ကိုရီးယားနိုင်ငံသို့ သင်၏ ကိုယ်ရေး အချက်အလက်များအား လွှဲပြောင်းခြင်း၊ သိမ်းဆည်းခြင်းနှင့် စိစစ်ဆောင်ရွက်ခြင်းတို့ ပါဝင်ပါမည်။ ထို့အပြင် ကျွနု်ပ်တို့၏ ဝန်ဆောင်မှုများကို သင် အသုံးပြုရာတွင်လည်း အခြားနိုင်ငံများထံ သင်၏ ကိုယ်ရေး အချက်အလက်များအား လွှဲပြောင်းခြင်း၊ သိမ်းဆည်းခြင်းနှင့် စိစစ်ဆောင်ရွက်ခြင်းတို့ ပါဝင်နိုင်ပါသည်၊ အကန့်အသတ်မရှိဘဲ ထိုနိုင်ငံများတွင် ဥရောပ စီးပွားရေး ဧရိယာ အတွင်း ရှိနိုင်ငံများ၊ အမေရိကန်ပြည်ထောင်စုနိုင်ငံနှင့် ကနေဒါနိုင်ငံတို့ ပါဝင်ပါသည်။ သင့်အချက်အလက်များကို လွှဲပြောင်း ပေးအပ်ကောင်း ပေးအပ်နိုင်သည့် ဥရောပ စီးပွားရေး ဧရိယာ ပြင်ပရှိ နိုင်ငံများ၏ ဒေတာ ကာကွယ်ခြင်းနှင့် အခြား ဥပဒေများသည် သင့်နိုင်ငံ ဥပဒေများကဲ့သို့ ပြည့်စုံကျယ်ပြန့်မှု မရှိတာမျိုး ဖြစ်နေနိုင်ကြောင်း ကျေးဇူးပြုပြီး မှတ်သား ထားစေလိုပါသည်။ ကျွန်ုပ်တို့သည် သက်ဆိုင်ရာ ဥပဒေအရ ကိုယ်ရေး အချက်အလက်များကို ကာကွယ်ထားကြောငး် သေချာစေရန် သင့်တော်ရာ ဆောင်ရွက်မှုများ လုပ်ဆောင်မည်ဖြစ်ပါသည်။

[ဥရောပ စီးပွားရေး ဧရိယာ (EEA) တွင် နေထိုင်သူများအတွက်သာ]

ယင်းတိုင်းတာမှုများတွင် EEA ပြင်ပသို့ အချက်အလက်များ ဘေးကင်းစွာ လွှဲပြောင်းရေး အခြေခံမူထုံးများကို အသုံးပြုသွားပါသည်။ နောက်ထပ် အချက်အလက်များ ရရှိရန်အတွက် သို့မဟုတ် နေရာတကျရှိထားပြီးသော သဘောတူစာချုပ်များ၏ မူပွားတစ်စောင် ရယူရန် ကျွနု်ပ်တို့၏ ကိုယ်ရေးလုံခြုံမှု ပံ့ပိုးရေး စာမျက်နှာ (https://www.samsung.com/request-desk) တွင် ကျေးဇူးပြုပြီး ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ။

သင်၏ ကိုယ်ရေးလုံခြုံမှုဆိုင်ရာ ရွေးချယ်မှုသည် တိကျသော ကြည့်ရှုမှု အချက်အလက်အခြေပြု ဝန်ဆောင်မှု၏ ရရှိနိုင်မှု သို့မဟုတ် အရည်အသွေးကို ထိခိုက်စေနိုင်ပါကြောင်း မှတ်သားထားပေးပါ။

စိတ်ဝင်စားမှုအခြေပြု ကြော်ငြာဝန်ဆောင်မှုများ

သင့် Samsung Smart TV သို့မဟုတ် အစဉ်အလိုက် ကြော်ငြာများ၊ ဝက်ဘ်၊ မိုဘိုင်းကိရိယာများနှင့် တက်ဘလက်များ အပါအဝင် အမျိုးမျိုးသော ဆမ်ဆောင်းနှင့် ပြင်ပအဖွဲ့အစည်းပလက်ဖောင်းများ သို့မဟုတ် ကိရိယာများဖြင့် ဆမ်ဆောင်းနှင့် အခြား ပြင်ပအဖွဲ့အစည်းများမှ ပေးစွမ်းသည့် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများနှင့်ပတ်သက်ပြီး အသုံးဝင်သော၊ အပြန်အလှန်ဆက်သွယ်နိုင်သော၊ စိတ်ဝင်စားမှုအခြေပြု ကြော်ငြာများကို ရယူနိုင်စွမ်းနှင့် ကြည့်ရှုနိုင်စွမ်းကို ပေးရန် စိတ်ဝင်စားမှုအခြေပြု ကြော်ငြာဝန်ဆောင်မှုများ (“IBA ဝန်ဆောင်မှုများ”) ကို ပုံစံထုတ်ထားသည်။

သင့်ကိရိယာများတွင် သင်အတွက် ပိုမိုအပ်စပ်သည့် ကြော်ငြာကို ပေးရန်အတွက် IBA ဝန်ဆောင်မှုများသည် (ရုပ်သံဌာနများ၊ ချန်နယ်များ၊ ဝင်ကြည့်ခဲ့သော ဝက်ဘ်ဆိုဒ်များ၊ သင့် Smart TV တွင် ကြည့်ရှုထားသော ပရိုဂရမ်များနှင့် ၎င်းတို့ကို ကြည့်ရှုရန် ကုန်ဆုံးခဲ့သော အချိန်ပမာဏနှင့်ပတ်သက်သည့် အချက်အလက်များအပါအဝင်) သင်၏ TV ကြည့်ရှုမှုမှတ်တမ်း၊ Samsung Smart TV အသုံးပြုမှုအချက်အလက်၊ ယုံကြည်စိတ်ချရသော အခြား ပြင်ပအဖွဲ့အစည်းဒေတာရင်းမြစ်များမှ ရရှိထားသည့် အခြားကိန်းဂဏန်းစာရင်းဒေတာကို အားထားရလိမ့်မည်။ သင်၏ TV ကြည့်ရှုမှုမှတ်တမ်းကို ရရှိရန် အကြောင်းအရာ အလိုအလျောက် မှတ်မိခြင်း (ACR) နှင့် အခြားနည်းပညာများကို ကျွနု်ပ်တို့ အသုံးပြုနိုင်ပါသည်။

အထက်ပါ အချက်အလက်အပေါ်မူတည်ပြီး စိတ်ဝင်စားသည့်အကြောင်းအရာများ တူညီသော Samsung Smart TV ပိုင်ရှင်အုပ်စုများကို ကျွနု်ပ်တို့ ဖန်တီးပြီး IBA ဝန်ဆောင်မှုများအတွက် အဆိုပါအုပ်စုများကို အသုံးပြုပါသည်။ သင့် Samsung Smart TV ကို နေရာချမည့် အုပ်စုများကို ဆုံးဖြတ်ရန်၊ ထို့နောက် သင့်ကိရိယာများမှ ရရှိသော ကြော်ငြာများကို ဆုံးဖြတ်ရန် အထက်ပါအချက်အလက်ကို အသုံးပြုပါသည်။

သင့် Samsung Smart TV ရှိ သတ်မှတ်ချက်များ မီနူးကို ဝင်ကြည့်ခြင်းဖြင့် IBA ဝန်ဆောင်မှုများကို ဘယ်အချိန်မဆို သင်ပိတ်နိုင်ပါသည်။

TV ကြည့်ရှုမှုမှတ်တမ်း သို့မဟုတ် Samsung Smart TV အသုံးပြုမှုအချက်အလက်ကို သတ်သတ်မှတ်မှတ် အခြေပြုထားခြင်း မဟုတ်သော အခြား ads များနှင့် ဈေးကွက်ရှာဖွေခြင်းအမျိုးအစားများကို သင်ရရှိသည် ဖြစ်စေ မရရှိသည်ဖြစ်စေ၊ ပေးထားသည် ဖြစ်စေ မပေးထားသည် ဖြစ်စေ IBA ဝန်ဆောင်မှုများနှင့်စပ်လျဉ်းပြီး သင်၏ ကိုယ်ရေးလုံခြုံမှု ရွေးချယ်စရာက သက်ရောက်မှု ရှိမည်မဟုတ်ကြောင်း ကျေးဇူးပြုပြီး မှတ်သားထားပါ။ အဆိုပါ အခြားသော ads များနှင့် ဈေးကွက်အမျိုးအစားများကို ယေဘုယျ တည်နေရာနှင့် အခြား ခန့်မှန်းခြေအချက်အလက် သို့မဟုတ် သွယ်ဝိုက်အချက်အလက်ကဲ့သို့သော အခြားအချက်အလက်အပေါ် အခြေပြုလိမ့်မည်။ ၎င်းတို့မှာ ဆီလျော်မှု နည်းနိုင်ပါသည်၊ အဘယ်ကြောင့်ဆိုသော် သင်၏ စိတ်ဝင်စားသောအရာများအပေါ် အခြေပြုထားသည် မဟုတ်သောကြောင့် ဖြစ်သည်။

IBA ဝန်ဆောင်မှုများနှင့်ပတ်သက်ပြီး နောက်ထပ် အသေးစိတ်အချက်အလက်အတွက် ဤနောက်ဆက်တွဲ၏ အောက်ခြေရှိ IBA ဝန်ဆောင်မှု သီးသန့်ဖြစ်မှု ကြေညာချက်ကို ကျေးဇူးပြုပြီး ကြည့်ပါ။

PSID

စိတ်ဝင်စားမှု အခြေပြု ကြော်ငြာများ ပေးရန် ရည်ရွယ်၍ စုစည်းထားသော သင်၏ Smart TV ကြည့်ရှုမှုမှတ်တမ်း၊ အသုံးပြုမှုအချက်အလက်ကို တကိုယ်ရေအတွက် ဖန်တီးထားသော ဝန်ဆောင်မှု ID သို့မဟုတ် “PSID” ဟုခေါ်သည့် ကျပန်း၊ အမြဲတမ်းမဟုတ်ဘဲနှင့် ပြန်လည်သတ်မှတ်နိုင်သည့် ကိရိယာနှင့် ချိတ်ဆက်သွားပါမည်။

သင့် Smart TV ရှိ သတ်မှတ်ချက်များ မီနူးသို့ သွားရောက်ခြင်းအားဖြင့် မည်သည့်အချိန်တွင်မဆို သင့် PSID ကို ပြန်လည်သတ်မှတ်နိုင်ကာ ပြန်လည်သတ်မှတ်ပြီးသည်နှင့် စိတ်ဝင်စားမှုအခြေပြု ကြော်ငြာများနှင့်စပ်လျဉ်းပြီး သင်၏ Smart TV ကြည့်ရှုမှုမှတ်တမ်းနှင့် Smart TV အသုံးပြုမှု အချက်အလက်ကို ၎င်း၏ ယခင် PSID နှင့် ချိတ်ဆက်မှုကို ဖြတ်ပစ်လိမ့်မည်။ သင့် PSID အား ပြန်လည်သတ်မှတ်လျှင် စိတ်ကြိုက်ဖန်တီးထားသော စိတ်ဝင်စားမှုအခြေပြု ကြော်ငြာများ၏ အရည်အသွေးသည် အံဝင်ခွင်ကျမဖြစ်ဘဲ ဖြစ်နိုင်သည်။

အသံ မှတ်မိခြင်း

သင့် Smart TV အား ထိန်းချုပ်ပြီး၊ ၎င်း၏ အင်္ဂါရပ်များစွာကို၊ အသံ အမိန့်ပေးများဖြင့် အသုံးပြုနိုင်ပါသည်။

အသံ မှတ်မိခြင်းကို သင်ဖွင့်ထားပါက သင့်အသံ အသုံးပြုပြီး Smart TV ဖြင့် အပြန်အလှန်ဆက်သွယ်နိုင်ပါသည်။ အသံ မှတ်မိခြင်း အင်္ဂါရပ်အား ပံ့ပိုးပေးနိုင်ရန် (ကိရိယာ ရွေးထုတ်သတ်မှတ်စက်များအပါအဝင် သင့်ကိရိယာနှင့်ပတ်သက်သော အချက်အလက်နှင့်အတူ) သင်၏ အသံအမိန့်ပေးချက်များကို ကျွနု်ပ်တို့ထံ ထုတ်လွှင့်ပြီး အသံ မှတ်မိခြင်းအင်္ဂါရပ်များကို ပေးရန် ကျွနု်ပ်တို့က သင့်အမိန့်ပေးသံများကို စာသားအဖြစ် ပြောင်းလဲပေးမည်။ ထို့အပြင် ဆမ်ဆောင်းက အင်္ဂါရပ်များ အကဲဖြတ်ရန်နှင့် တိုးတက်စေရန်အတွက် အသံအမိန့်ပေးများနှင့် သက်ဆိုင်ရာ စာသားများကို စုစည်းနိုင်ပါသည်။ အဝေးထိန်းခလုတ်ကိရိယာတွင် ဖြစ်စေ၊ သင့်စခရင်တွင်ဖြစ်စေ စက်နိုးစေမည့် စကားလုံး (ဥပမာ “ဟိုင်း Bixby”) ပြောဆိုခြင်းဖြင့်ဖြစ်စေ အဖွင့်ခလုတ် နှိပ်ခြင်းဖြင့်၊ အဝေးထိန််းခလုတ်ကိရိယာ သို့မဟုတ် Smart TV ရှိ မိုက်ခရိုဖုန်းအတွင်း စကားပြောခြင်းဖြင့် Smart TV ထံ တိကျသော တောင်းဆိုချက်တစ်ခု တောင်းခံသောအခါမှ သင့်အသံအမိန့်ပေးချက်များကို ဆမ်ဆောင်းမှ စုစည်းလိမ့်မည်။

အသံ မှတ်မိခြင်းကို သင်မဖွင့်ပါက သင်သည် အသံ မှတ်မိခြင်းအင်္ဂါရပ်များကို အသုံးပြုနိုင်စွမ်း ရှိမည် မဟုတ်ပါ။

သတ်မှတ်ချက်များမီနူးသို့ ဝင်ကြည့်ခြင်းဖြင့် အသံ မှတ်မိခြင်းဆိုင်ရာ ဒေတာစုစည်းမှုကို မည်သည့်အချိန်တွင်မဆို သင်ပိတ်နိုင်ပါသည်။ သို့သော် အသံ မှတ်မိခြင်း အင်္ဂါရပ်များ အသုံးမပြုနိုင်အောင် ၎င်းက သင့်ကို ပိတ်ပင်လိမ့်မည်။

အသံ မှတ်မိခြင်းနှင့်ပတ်သက်ပြီး နောက်ထပ် အသေးစိတ်အချက်အလက်အတွက် ဤနောက်ဆက်တွဲ၏ အောက်ခြေရှိ အသံ မှတ်မိခြင်း သီးသန့်ဖြစ်မှု ကြေညာချက်ကို ကျေးဇူးပြုပြီး ကြည့်ပါ။

အခြား ပြင်ပအဖွဲ့အစည်းများ

အခြား ပြင်ပအဖွဲ့အစည်းများမှ ပေးအပ်ထားသော ဗီဒီယိုကို သင်ကြည့်ရှုသောအခါ သို့မဟုတ် အက်ပလီကေးရှင်းများ သို့မဟုတ် အကြောင်းအရာကို သင်ရယူအသုံးပြုသောအခါ ၎င်းတို့မှ သင့် Smart TV အကြောင်း (ဥပမာ - IP လိပ်စာနှင့် ကိရိယာ သတ်မှတ်မှုများ) ၊ တောင်းခံထားသော လွှဲပြောင်းမှုများ (ဥပမာ - ဗီဒီယိုအား သင်ဝယ်ယူရန် သို့မဟုတ် ငှားရမ်းရန် တောင်းခံခြင်း) ၊ နှင့် အက်ပလီကေးရှင်း သို့မဟုတ် ဝန်ဆောင်မှု အသုံးပြုခြင်းနှင့်ပတ်သတ်သည့် အချက်အလက်အား စုဆောင်းခြင်း သို့မဟုတ် ရယူခြင်း လုပ်ဆောင်နိုင်ပါသည်။ ဆမ်ဆောင်း သည် ယင်း ပံ့ပိုးသူများ၏ ကိုယ်ရေးလုံခြုံမှု သို့မဟုတ် လုံခြုံရေး အမူအကျင့်များအပေါ်တွင် တာဝန်မရှိပါ။ သင်သည် သင်အသုံးပြုသော အခြား ပူးပေါင်းဆောင်ရွက်သူများ၏ ဝက်ဘ်ဆိုဒ်များ နှင့် ဝန်ဆောင်မှုများနှင့် သက်ဆိုင်သော သတိပေးချက်၊ နှင့် ကိုယ်ရေးကိုယ်တာ ဖေါ်ပြချက်များ သုံးသပ်ချက်တို့အား လေ့ကျင့်လုပ်ဆောင်သင့်သည်။

နိုင်ငံအလိုက် တိကျသော အင်္ဂါရပ်များ

ဤ Smart TV တွင် ဖေါ်ပြထားသည့် အင်္ဂါရပ်တစ်ခု သို့မဟုတ် တစ်ခုထက်ပိုမိုသည့် အချက်သည် သင်နေထိုင်သည့် နေရာပေါ်တွင်မူတည်၍ ရရှိလိမ့်မည်မဟုတ်ကြောင်း ကျေးဇူးပြု၍ မှတ်သားထားပါ။

အသံမှတ်မိခြင်း ဝန်ဆောင်မှုအတွက် သီးသန့်ဖြစ်မှု ကြေညာချက်

သက်ရောက်သည့် ရက်စွဲ -၃၀ရက် ဧပြီလ ၂၀၁၉

Samsung Electronics နှင့် ၎င်း၏ အပေါင်းအပါ ကုမ္ပဏီများသည် ကိုယ်ရေးလုံခြုံမှုနှင့် ပတ်သက်၍ သင်၏ ပူပန်မှုကို နားလည်သဘောပေါက်ပါသည်။ သီးသန့်ဖြစ်မှု ကြေညာချက်သည် အသံ မှတ်မိခြင်း ဝန်ဆောင်မှု (“အသံဝန်ဆောင်မှု”) မှတဆင့် ကျွနု်ပ်တို့ စုစည်းရရှိသည့် ကိုယ်ရေး အချက်အလက်များနှင့် သက်ဆိုင်ပါသည်။

အသံဝန်ဆောင်မှုသည် သုံးစွဲသူများအတွက် အကြောင်းအရာကို ရှာဖွေပြီး ကြည့်ရှုနိုင်စွမ်းကို ပေးသည့်၊ ဆမ်ဆောင်းထုတ်ကုန်များတွင် သူတို့၏ အသံကိုသာ အသုံးပြုရင်း သူတို့၏ ဘဝကို စီမံခန့်ခွဲနိုင်စေသည့် ဝန်ဆောင်မှုတစ်ခု ဖြစ်သည်။ ၎င်း၏ အင်္ဂါရပ်များတွင် အကြောင်းအရာ ရှာဖွေခြင်းနှင့် Samsung Smart TV ထိန်းချုပ်ရာတွင် သဘာဝအတိုင်း ဘာသာစကား စိစစ်ဆောင်ရွက်ခြင်း၊ အင်တာနက်၊ ရာသီဥတု၊ Samsung Smart TV များမှ သုံးစွဲသူများအနေဖြင့် မျှော်မှန်းထားသော အခြားဝန်ဆောင်မှုများ စသည်တို့ ပါဝင်သည်။

သင်ရွေးချယ်လိုက်သော ဘာသာစကားအပေါ်မူတည်ပြီး ပိုကောင်းသော အသံ မှတ်မိခြင်း အင်္ဂါရပ် Bixby ကို သင် အသုံးပြုနိုင်ပြီး ရယူခံစားနိုင်ပါသည်။ Bixby ကို ဖွင့်ထားသောအခါ သင့် Samsung Smart TV စခရင်တွင် အိုင်ကွန်များ၊ စာတန်းများနှင့် အခြားအမှတ်အသားများဖြင့် ၎င်းကို သင် သိမြင်နိုင်ပါသည်။

ဤသီးသန့်ဖြစ်မှု ကြေညာချက်သည် အသံဝန်ဆောင်မှုနှင့်စပ်လျဉ်းပြီး သင့်ကိုယ်ရေး အချက်အလက်ကို မည်သို့အသုံးပြုကြောင်း နောက်ထပ် တိကျသော အချက်အလက်ကို ပေးပြီး ဆမ်ဆောင်း ကိုယ်ရေးလုံခြုံမှု မူဝါဒနှင့်အတူပေါင်းစည်းပြီး ဖတ်ရှုသင့်သည်၊ ၎င်းက အသံဝန်ဆောင်မှု သင်လက်ခံရရှိချက်နှင့်လည်း သက်ဆိုင်ပြီး https://account.samsung.com/membership/pp တွင် တွေ့ရှိနိုင်သည်။

ဤသီးသန့်ဖြစ်မှု ကြေညာချက်တွင် အသံဝန်ဆောင်မှုမှတဆင့် စုဆောင်းမည့် အချက်အလက် အမျိုးအစားများ၊ အချက်အလက်များကို မည်ကဲ့သို့ အသုံးပြုမည်နှင့် အချက်အလက်များနှင့် ပတ်သက်၍ သင်ရွေးချယ်နိုင်သည့် အရာများကို ဖော်ပြထားပါသည်။ ဆမ်ဆောင်းသည် ကိုယ်ရေး အချက်အလက် စိစစ်ဆောင်ရွက်ရေးအတွက် data controller ဖြစ်ပါသည်။

ဘယ်သတင်းအချက်အလက်များကို ကျွန်ုပ်တို့ စုစည်းပါသလဲ။

အသံဝန်ဆောင်မှုမှတဆင့် နည်းလမ်းမျိုးစုံဖြင့် သင့်အကြောင်း အချက်အလက်များ ရရှိနိုင်ပါသည်။ ကျွန်ုပ်တို့ ရရှိသော ကိုယ်ရေး အချက်အလက် အမျိုးအစားများတွင် အောက်ပါတို့ ပါဝင်ပါသည် -

• Samsung account အချက်အလက် (ရွေးနိုင်ပါသည်)။ သင့် Smart TV ရှိ Samsung account အတွင်း သင်ဝင်ရောက်သောအခါ အမည်၊ အီးမေးလ် လိပ်စာနှင့် Samsung account ID တို့ကဲ့သို့ အသံဝန်ဆောင်မှုကို ရယူရန် အသုံးပြုထားသော သင့် Samsung account နှင့် သက်ဆိုင်သည့် အချက်အလက်များကို ကျွနု်ပ်တို့ စုစည်းနိုင်ပါသည်။

• အသံဝန်ဆောင်မှု အပြန်အလှန်ဆက်သွယ်ချက်များ။ မှတ်တမ်းတင်ထားသော သင်၏ အသံအမိန့်များ (မေးခွန်းများ၊ တောင်းဆိုမှုများနှင့် ညွှန်ကြားချက်များ)၊ သင့်ရုပ်ပုံများနှင့် အခြား ထည့်သွင်းချက်များ၊ ထို့နောက် ဝန်ဆောင်မှုမှ သင်ရရှိသော အချက်အလက် (တုံ့ပြန်မှုများ၊ အဖြေများနှင့် အကြောင်းအရာ) အပါအဝင် ဝန်ဆောင်မှုအပေါ် သင်နှင့် အသံဝန်ဆောင်မှုအကြား အပြန်အလှန် ဖလှယ်သည့် အချက်အလက်များကို စုဆောင်းနိုင်ပါသည်။ ဆမ်ဆောင်း၊ အခြားပြင်ပအဖွဲ့အစည်း အက်ပ်များနှင့် သင့်အား (သီချင်းတိုက်ရိုက်နားဆင်ခြင်းနှင့် ရာသီဥတုကဲ့သို့သော) ဝန်ဆောင်မှုများ ပေးနိုင်ရန် အသံဝန်ဆောင်မှုမှ အသုံးပြုသည့် သို့မဟုတ် သုံးစွဲထားသော ဝန်ဆောင်မှုများမှ (သင်အသုံးပြုသော အက်ပ်များနှင့် ပတ်သက်သည့် အချက်အလက်များ၊ သင်ဝင်ကြည့်ခဲ့သော ဝက်ဘ်ဆိုက်များနှင့် ရုပ်ပုံများ၊ သီချင်းများ၊ ပြက္ခဒိန်ရှိ ပါဝင်မှုများ၊ စာညှပ်များ၊ အကြောင်းအရာနှင့် အခြား ဆမ်ဆောင်းနှင့် အခြား ပြင်ပအဖွဲ့အစည်း အက်ပ်များမှ ပေးအပ်ထားသော ဒေတာများ၊ ဝက်ဘ်ဆိုက်များနှင့် ဝန်ဆောင်မှုများနှင့်သက်ဆိုင်သည့် အချက်အလက်ကဲ့သို့သော) ကျွနု်ပ်တို့ ရရှိထားသည့် အချက်အလက်များအပါအဝင် အသံဝန်ဆောင်မှု အသုံးပြုခြင်းနှင့် ပတ်သက်သည့် အခြားအချက်အလက်များကိုလည်း ကျွနု်ပ်တို့ ရရှိနိုင်ပါသည်။

• ဘူမိတည်နေရာဆိုင်ရာ ဒေတာ။ သင့် IP လိပ်စာမှတဆင့် သို့မဟုတ် ဝန်ဆောင်မှုများကို သင့်အား ပေးအပ်နိုင်ရန်ကဲ့သို့သော အခြား တိကျစွာ ရည်ရွယ်ချက်အတွက် သင်၏ ဒေတာရိုက်ထည့်ချက်မှတစ်ဆင့် ရရှိနိုင်သော TV အတွင်း သိမ်းထားသည့် စာပို့သင်္ကေတအချက်အလက်မှတဆင့် သင်၏ တည်နေရာနှင့် ပတ်သက်သည့် အခြားအချက်အလက်များနှင့် သင်၏ ကိရိယာ၏ ဘူမိဗေဒတည်နေရာကို ကျွနု်ပ်တို့ ရရှိနိုင်ပါသည်။

• ကိရိယာနှင့် အက်ပ် အချက်အလက်။ ကိရိယာမော်ဒယ်လ်များ၊ OS ဗားရှင်းများ၊ ကိရိယာ သီးသန့်စီစဉ်ချက်များနှင့် သတ်မှတ်ချက်များ၊ IP လိပ်စာများ၊ ပြီးနောက် ကိရိယာ ခွဲခြားသည့်စက်များနှင့် အခြား သီးခြား ခွဲခြားသူများကဲ့သို့ အသံဝန်ဆောင်မှု အသုံးပြု ကိရိယာများနှင့်ပတ်သက်၍ အချက်အလက်ကို အလိုအလျောက် နည်းစနစ်မှတစ်ဆင့် ကျွနု်ပ်တို့ စုစည်းသည်။ ထို့အပြင် (သင်၏ ကိရိယာများရှိ အက်ပ်များစာရင်း၊ သင်၏ ကိရိယာများရှိ ဖွင့်ထားသည့် သီချင်းများ၊ သင်ဝင်ရောက်ကြည့်ရှုထားသော ဝက်ဘ်ဆိုက်များနှင့် သင်ပြုလုပ်ထားသော ရှာဖွေမှုများကဲ့သို့) ကိရိယာရှိ အသံဝန်ဆောင်မှု၊ ဆမ်ဆောင်းနှင့် အခြား ပြင်ပအဖွဲ့အစည်းများ၏ အက်ပ်များနှင့် ဝန်ဆောင်မှုများ၏ အသုံးပြုမှု အပါအဝင် အသံဝန်ဆောင်မှု အသုံးပြုထားသော ကိရိယာများဖြင့် မည်ကဲ့သို့၊ မည်သည်အချိန်နှင့် မည်မျှကြာကြာ သင်အသုံးပြုသည်ဆိုသည့် အချက်အလက်များကိုလည်း ရရှိနိုင်ပါသည်။

သင်၏ သတင်းအချက်အလက်များကို ကျွန်ုပ်တို့ မည်ကဲ့သို့ အသုံးပြုမည်နည်း။

အောက်ပါ ရည်ရွယ်ချက်များအတွက် အသံဝန်ဆောင်မှုများမှတစ်ဆင့် ကျွန်ုပ်တို့ ရရှိထားသော အချက်အလက်များကို အသုံးပြုနိုင်ပါသည် -

• အသံဝန်ဆောင်မှုမှတဆင့် တောင်းဆိုချက်များ၊ မေးခွန်းများနှင့် ညွှန်ကြားချက်များ တုံ့ပြန်ရန်ကဲ့သို့သော ဝန်ဆောင်မှုများ သင့်ကို ပေးရန်၊

• သင့်အား ခွဲခြားအတည်ပြုပြီး အသံဝန်ဆောင်မှုကို အသုံးပြုနိုင်ခြင်း၊

• အကြောင်းအရာများ ပံ့ပိုးပေးခြင်း၊ သင်၏ သုံးစွဲသူများသို့ စိတ်ကြိုက် တုံ့ပြန်မှုပေးခြင်းနှင့် အသံဝန်ဆောင်မှု နှင့် အပြန်အလှန် အသုံးပြုနေသော အမူအကျင့်များပေးအပ်ခြင်း စသည့် အသံဝန်ဆောင်မှုနှင့် ပတ်သက်၍ သင်၏ အတွေ့အကြုံကို စိတ်ကြိုက် လုပ်ဆောင်ရန်နှင့် တိုးတက်စေရန်၊

• သင့်ထံမှ သီးခြားခွင့်ပြုချက်ဖြင့် ကျွနု်ပ်တို့၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအကြောင်း သင့်ကို ဆက်သွယ်ပြောဆိုရန်နှင့် အကြောင်းကြားချက်များ၊ အကြောင်းအရာများ၊ သတိပေးချက်များ၊ ပေးအပ်မှုများ၊ ပရိုမိုးရှင်းများ၊ အရောင်းမြှင့်တင်ရေး အချက်အလက်များ၊ ဆက်သွယ်ရေးနှင့် ကြော်ငြာများ ပေးအပ်ရန်၊

• သင်၏ တောင်းဆိုချက်များနှင့် စုံစမ်းမေးမြန်းမှုများကို တုံ့ပြန်ဖြေကြားရန်၊

• ကျွန်ုပ်တို့ စီးပွားရေးလုပ်ငန်းကို လုပ်ဆောင်ရန်၊ အကဲဖြတ်ရန်နှင့် တိုးတက်စေရန် (ထုတ်ကုန်အသစ်များ ထုတ်လုပ်ခြင်း၊ ကျွန်ုပ်တို့၏ ထုတ်ကုန်များကို တိုးတက်တိုးမြှင့်စေခြင်း၊ ဆက်သွယ်ရေး စီမံခြင်း၊ ထုတ်ကုန်များ စိစစ်ခြင်း၊ သုံးစွဲသူအခြေပြုနှင့် ဝန်ဆောင်မှုများ၊ ဈေးကွက်သုတေသန လုပ်ဆောင်ခြင်း၊ ဒေတာစိစစ်မှု လုပ်ဆောင်ခြင်းနှင့် စာရင်းဇယား၊ စာရင်းစစ်နှင့် အခြား အတွင်းလုပ်ဆောင်ချက်များ လုပ်ဆောင်ခြင်းအပါအဝင်)၊

• သင့်အား အခြားပြင်ပ အဖွဲ့အစည်းများ၏ အက်ပ်များနှင့် ဝန်ဆောင်မှုများ အသုံးပြုရန်နှင့် အပြန်အလှန် လုပ်ဆောင်နိုင်ခွင့် ပေးခြင်း၊

• လိမ်လည်မှုများနှင့် အခြားဥပဒေချိုးဖောက်မှုများ၊ နစ်နာချက်များနှင့် အခြားပေးဆပ်ရန်တာဝန်များကို ကာကွယ်ရန်၊ ဖော်ထုတ်ရန်နှင့် ကာကွယ်တားဆီးရန်၊ ထို့အပြင်

• ဤသီးသန့်ဖြစ်မှု ကြေညာချက်၊ Samsung account ကိုယ်ရေးလုံခြုံမှု မူဝါဒ အပါအဝင် သက်ဆိုင်ရာ ဥပဒေအရ လိုအပ်ချက်များ၊ သက်ဆိုင်ရာ စက်မှုစံချိန်စံနှုန်းများနှင့် ကျွနု်ပ်တို့၏ မူဝါဒများကို လိုက်နာပြီး ပြဋ္ဌာန်းရန်။

အသံဝန်ဆောင်မှုမှတဆင့် အသံဝန်ဆောင်မှု အသုံးပြုထားသော ကိရိယာများ၊ အခြား ပြင်ပအဖွဲ့အစည်းများမှ အက်ပ်များ၊ ဝက်ဘ်ဆိုက်များနှင့် အခြား အွန်လိုင်းဝန်ဆောင်မှုများမှတစ်ဆင့် သင်၏အွန်လိုင်း လုပ်ဆောင်ချက်များအကြောင်း ကိုယ်ရေး အချက်အလက်များကို အချိန်နှင့်အညီ စုဆောင်းပါမည်။ ကျွန်ုပ်တို့ ဝန်ဆောင်မှုများတွင် အခြား ပူးပေါင်းဆောင်ရွက်သူများ၏ စီစစ်မှု ဝန်ဆောင်မှုများကိုလည်း အသုံးပြုကောင်း အသုံးပြုပါမည်။ ဤစိစစ်ရေး ဝန်ဆောင်မှုများကို အုပ်ချုပ်ထားသော ပံ့ပိုးသူများသည် ဝန်ဆောင်မှုနှင့် ပတ်သက်၍ သင်၏ အသုံးပြုမှုကို ခွဲခြမ်းလေ့လာရန် ကူညီနိုင်ပြီး ထိုဝန်ဆောင်မှုများကို တိုးတက်စေပါသည်။ ယင်းပံ့ပိုးသူများနှင့် အခြား ဝန်ဆောင်မှုများ အသုံးပြုရန် အကဲဖြတ်နေသည့်၊ ဝန်ဆောင်မှုအတွက် ကူညီသည့်၊ နည်းပညာရပ်ဆိုင်ရာ ပြဿနာများကို ရှာဖွေစစ်ဆေးပေးသည့် သင့်တော်သည့် အခြား ပြင်ပအဖွဲ့အစည်းများမှတစ်ဆင့် တိုက်ရိုက်စုဆောင်းထားသော သို့မဟုတ် ကျွန်ုပ်တို့ ရရှိထားသော အချက်အလက်များကို ထုတ်ဖော်ပြောကြားကောင်း ပြောကြားနိုင်ပါသည်။

အထက်တွင် ဖော်ပြထားသည့် ရည်ရွယ်ချက်များကြောင့် ကိုယ်ရေး အချက်အလက်ကို ဆမ်ဆောင်းက စိစစ်ဆောင်ရွက်ပါသည်။ ကိုယ်ရေး အချက်အလက်ကို စိစစ်ဆောင်ရွက်ရန် ဆမ်ဆောင်း၏ ဥပဒေကြောင်းအရ အခြေခံတွင် သင်နှင့် ဆမ်ဆောင်းအကြား စာချုပ်အရ လုပ်ဆောင်ချက် (ဥပမာ - ဝန်ဆောင်မှုများကို သင့်အား ပေးရန်နှင့် သင့်အနေဖြင့် ဝန်ဆောင်မှုအချို့ကို အသုံးပြုနိုင်ရန်အတွက် သင့်ကို ရွေးထုတ်ပြီး စစ်မှန်ကြောင်းအတည်ပြုရန်) အတွက် လိုအပ်နိုင်သည့်၊ ဥပဒေအရ လိုအပ်ချက်များ (ဥပမာ - သက်ဆိုင်ရာ ငွေစာရင်းစစ်စည်းမျဉ်းများကို လိုက်နာရန်နှင့် ဥပဒေရေးရာဌာနထံ မဖြစ်မနေထုတ်ဖော်ပြောဆိုရန်) ကို လိုက်နာရန်အတွက် လိုအပ်နိုင်သည့်၊ ဆမ်ဆောင်း၏ တရားဝင်အကျိုးအမြတ်များ (ဥပမာ - သင်နှင့် ကျွနု်ပ်တို့၏ ဆက်ဆံရေးကို စီမံခန့်ခွဲရန်၊ ဝန်ဆောင်မှုများကို ပိုကောင်းစေရန်) အတွက် လိုအပ်နိုင်သည့် စိစစ်ဆောင်ရွက်ချက် ပါဝင်သည်၊ ထို့အပြင် (ဥပမာ - ကျွနု်ပ်တို့၏ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများအကြောင်း သင့်ကို ပြောဆိုဆက်သွယ်ရန်နှင့် ဈေးကွက်အချက်အလက်ကို သင့်အား ပေးရန်) ကျွနု်ပ်တို့၏ ဝယ်ယူသုံးစွဲသူများ၏ ခွင့်ပြုချက်အပေါ်မူတည်ပြီး ခွင့်ပြုချက်ကို မရုတ်သိမ်းမီ ထိုခွင့်ပြုချက်အပေါ် မူတည်ပြီး စိစစ်ဆောင်ရွက်ချက်၏ တရားဝင်မှုကို ထိခိုက်မှု မရှိဘဲ ဆမ်ဆောင်း၏ ကိုယ်ရေးလုံခြုံမှု မူဝါဒ၏ ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ အပိုင်းတွင် တိတိကျကျ ဖော်ပြထားသည့်အတိုင်း ကျွနု်ပ်တို့ကို ဆက်သွယ်ခြင်းဖြင့် အဆိုပါခွင့်ပြုချက်ကို ဘယ်အချိန်မဆို နောက်ပိုင်းတွင် ရုတ်သိမ်းနိုင်ပါသည်။

စာချုပ်ဖြစ်မြောက်စေရန်အတွက် လိုအပ်ချက်တစ်ခုအဖြစ် သင့်အနေဖြင့် အထက်တွင် ဖော်ပြထားသည့်အတိုင်း စိစစ်ဆောင်ရွက်ရေးအတွက် ကိုယ်ရေး အချက်အလက်ကို ကျွနု်ပ်တို့အား ပေးရန် လိုအပ်ပါသည်။ ကျွနု်ပ်တို့အား သင်၏ ကိုယ်ရေး အချက်အလက် မပေးပါက အသံဝန်ဆောင်မှုမှတဆင့် ရရှိနိုင်သော အင်္ဂါရပ်များအားလုံးကို သင့်အား ကျွန်ုပ်တို့ ပေးနိုင်မည် မဟုတ်ပါ။။