STAR အထာကျဖို့အတူကစို့ TikTok Challenge စည်းမျဉ်းစည်းကမ်း

(၁) ပါဝင်နိုင်မည့် စည်းမျဉ်းစည်းကမ်း

• Samsung Myanmar ၏ Facebook Page ကို Like and Follow လုပ်ထားရမည်။

• TikTok Video ရိုက်ရာတွင် တစ်ယောက်တည်း (သို့မဟုတ်) အဖွဲ့လိုက် မိမိစိတ်ကြိုက်ဖန်တီးနိုင်သည်။

• Samsung Myanmar မှ သတ်မှတ်ထားသော သီချင်းဖြင့် စတားအထာကျကျကပြီး မိမိ၏ Facebook နှင့် TikTok တွင် Hashtag #DanceLikeAStar #GalaxyA #SamsungMyanmar ဖြင့် Public တင်ရမည်။
• ယခုပို့စ်တင်ထားသော Samsung Myanmar Tik Tok Campaign Announcement Post ၏ Comment မှာ Screenshot ပြန်တင်ပေးရပါမည်။

(၂) ပါဝင်ခွင့်ရှိသူများ

• ယခု TikTok Challenge သည် မြန်မာနိုင်ငံသား အသက် ၁၈ နှစ်နှင့်အထက် (တစ်ဦးချင်းဖြစ်စေ သို့မဟုတ် ပါဝင်သူအားလုံးဖြစ်စေ) မြန်မာနိုင်ငံအတွင်း TikTok နှင့် Facebook အသုံးပြုသူများ အားလုံးအတွက် အကျုံးဝင်ပါသည်။

(၃) အစီအစဉ်နှင့် ပြိုင်ပွဲကျင်းပသော အချိန်ကာလ

• သတ်မှတ်ထားသော ဇန်နဝါရီလ (၂၀) ရက်နေ့မှ ဖေဖော်ဝါရီလ (၂၀) ရက်နေ့အတွင်းသာ ပါဝင်ယှဉ်ပြိုင်ရမည်။

• ဆုရရှိသူ (၃) ဦးကို ဖေဖော်ဝါရီလ (၂၇) ရက်နေ့တွင် Samsung Myanmar Facebook Page မှာ ကြေညာသွားပါမည်။

(၄) ဆုရသူများကို ထုတ်ပြန်ကြေညာခြင်းနှင့် ဆုပိုင်ဆိုင်ခြင်း

• STAR အထာကျဖို့ အတူကစို့ TikTok Challenge ခေါင်းစဉ်အောက်မှာ ပါဝင်ယှဉ်ပြိုင်ရာတွင် ဆုရရှိသူ (၃) ဦးကို ရွေးချယ်သွားမည်ဖြစ်ပါသည်။ ဆုရရှိသူ (၃) ဦးကို Samsung Myanmar မှ ဆက်သွယ်ပြီး ဆုပေးအပ်သွားမည် ဖြစ်ပါသည်။

• ဆုကို သတ်မှတ်ထားသည့်အတိုင်း တိုက်ရိုက်ချီးမြှင့်ပေးသွားမည်ဖြစ်ရာ တစ်ဆင့်ခံပေးပို့ခြင်း၊ ညှိနှိုင်းခြင်း၊ ငွေကြေးနှင့် ဖလှယ်ခြင်းများကို လက်ခံမည်မဟုတ်ပါ။ ငွေကြေးမဟုတ်သည့်ဆုများအား ငွေကြေးဖြင့် ပေးချေခြင်းမပြုပါ။

• ပြိုင်ပွဲအချိန်ကာလအတွင်း တရားမဝင်ယှဉ်ပြိုင်မှုများအား စုံစမ်းတွေ့ရှိလျှင် ဆုများပေးရန် တာဝန်မရှိပါ။ ဆုများကိုလည်း ပြန်လည်ရုပ်သိမ်းခွင့်ရှိသည်။

• အထက်ဖော်ပြပါအချက်များနှင့် ပြည့်စုံမှသာ Samsung Myanmar မှ ဆုလက်ဆောင်များ ပေးသွားမည်ဖြစ်ပြီး ပြဿနာတစ်စုံတစ်ရာပေါ်ပေါက်ခဲ့ပါက Samsung Myanmar ၏ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်ပါသည်။

• ဆု၏အာမခံများ၊ ထိန်းသိမ်းမှုများနှင့် အခြားစရိတ်စကများအတွက် Samsung Myanmar နှင့် စီးပွားဖက်များ၊ ဆက်စပ်ကုမ္ပဏီများတွင် တစ်စုံတစ်ရာ တာဝန်ရှိမည် မဟုတ်ပါ။


(၅) ဆုကြေး

• အထက်ပါ စည်းကမ်းချက်များနှင့် ကိုက်ညီသူများထဲမှ ဆုရရှိသူ (၃) ဦးကို ရွေးချယ်ပြီး ပထမဆုနှင့် ဒုတိယဆုများကို Samsung Galaxy A12 (၁) လုံးစီ နှင့် တတိယဆုရရှိသူကို Samsung Galaxy A02s (၁) လုံး ပေးအပ်သွားမည်။
• လာရောက်ထုတ်ယူရမည့် လုပ်ငန်းစဉ်များအတွက် Samsung Myanmar မှ ဆုရသူများကို ကြေညာပြီးသည့်နေ့မှ (၅) ရက်အတွင်း အကြောင်းကြားသွားသွားပါမည်။ ဆုရကြောင်း ကြေညာသည့်ရက်မှ (၂) လအတွင်း ဆုရရှိသူအား Samsung Myanmar မှ ဆက်သွယ်၍မရခြင်း၊ ဆုရရှိသူဘက်မှ ဆုလက်ဆောင်လာရောက်ထုတ်ယူခြင်း မရှိပါက ဆုလက်ဆောင်အား အလိုအလျောက်ပယ်ဖျက်သွားမည်ဖြစ်သည်။


(၆) အသုံးပြုရန် အခွင့်အရေးများ


• STAR အထာကျဖို့ အတူကစို့ TikTok Challenge ၏ မူပိုင်ခွင့်များတွင် ပြိုင်ပွဲဝင်များ၏ ဗီဒီယိုနှင့် အကြောင်းအရာများအား သင့်တော်သလို ပြန်လည်တည်းဖြတ်ခြင်း၊ အပြောင်းအလဲများပြုလုပ်ခြင်း၊ စီးပွားရေး ကြော်ငြာများ ၊ အရောင်းမြှင့်တင်ရေးလုပ်ငန်းများတွင် အသုံးပြုခြင်း၊ တိုက်ရိုက် အရောင်းမြှင့်တင်ခြင်း၊ အီလက်ထရောနစ်မီဒီယာများမှ တစ်ဆင့်အရောင်းမြှင့်တင်ခြင်း လုပ်ငန်းများတွင် အသုံးပြုခြင်းများအတွက်ပါ အခွင့်အရေးပေးထားပြီး ဖြစ်ပါသည်။

• ပါဝင်ယှဉ်ပြိုင်သူများသည် Samsung Myanmar အား ပေးထားသော အခွင့်အရေးများရှိသည့် အားလျော်စွာ ထိုအခွင့်အရေးများကို အသုံးပြုခြင်းအတွက် Samsung Myanmar အား လွတ်လပ်စွာ အသုံးပြုခွင့် ပေးနိုင်ရမည်။


(၇) အခြားအခြေအနေများ

• ယခုပွဲအစီအစဉ်များနှင့် ပတ်သက်၍ ပြုလုပ်သော ကြော်ငြာကဏ္ဍ၊ အရောင်းမြှင့်တင်ရေးနှင့် ပြည်သူလူထုထံ သတင်းအချက်အလက်များ ဖြန့်ဖြူးရေးလုပ်ငန်းများနှင့် ပွဲအစီအစဉ်ဆိုင်ရာ စာရွက်စာတမ်းများတွင် ကွဲလွဲမှုများရှိပါက ယခုစည်းမျဉ်းကန့်သတ်ချက်များပေါ်တွင် အခြေခံ၍ ဆုံးဖြတ်သွားမည်။

• အထက်ဖော်ပြပါ အချက်များအပြင် Samsung Myanmar သည် စည်းမျဉ်းကန့်သတ်ချက်များအား ကြိုတင်အကြောင်းကြားခြင်းမပြုဘဲ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ အစားထိုးခြင်းများ ပြုလုပ်နိုင်ခွင့် ရှိပါသည်။ ပြိုင်ပွဲအစီအစဉ်တွှင် ဝင်ရောက်ခြင်းဖြင့် အဆိုပါပြင်ဆင်မှုများ၊ ဖြည့်စွက်မှု၊အစားထိုးမှုများနှင့်အတူ စည်းမျဉ်းကန့်သတ်ချက်များနှင့်သာ အားလုံးကို နောက်ဆုံးဆုံးဖြတ်မည်ကို သိရှိလက်ခံထားပြီးဖြစ်ပါသည်။

• အသေးစိတ်သိရှိလိုပါက Samsung Myanmar Page ၏ Chat Box တွင် ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။