ရှေ့လှည့်အဝတ်လျှော်စက်၏ လျှော်ဖွပ်ခြင်းလုပ်ဆောင်ချက်များနှင့် အပိုင်းများကိုကြည့်ပါ။
ပုံမှန်ထိန်းသိမ်းခြင်းဖြင့် ပြစ်ချက်ကင်းသည့် လုပ်ဆောင်မှုကို ရရှိစေမှာ သေချာပါသည်။ နောက်ထပ်လည်း သင့်လျှော်ဖွပ်စရာများကို ဘက်တီးရီးယားနှင့် အနံ့ဆိုးများ ကင်းဝေးစေပါသည်။ အဝတ်လျှော်စက်ကို ပိုပြီး သန့်ရှင်းကျန်းမာနေစေရန် အောက်ဖော်ပြပါလမ်းညွှန်ချက်များကို ဖတ်ရှုပါ။
သင့်အဝတ်လျှော်စက်ရှိ Drum clean လုပ်ဆောင်ချက်။
Samsung ရှေ့လှည့်အဝတ်လျှော်စက်များတွင် အဝတ်လျှော်ပုံးအတွင်းရှိ ဖုန်နှင့်ဘက်တီးရီးယားများကို သန့်ရှင်းပေးသည့် Eco Drum Clean နှင့် Eco Drum Clean+ ဟူသည့် ထိရောက်သည့် အဝတ်လျှော်ပုံးသန့်ရှင်းရေးလုပ်ဆောင်ချက်များပါဝင်သည်။ အဝတ်တစ်ခါလျှော်ပြီးတိုင်း သင့်အဝတ်လျှော်စက်ရှိ ထိန်းချုပ်နေရာတွင် မီးမှိတ်တုတ်မှိတ်တုတ်လင်းလာပြီး အဝတ်လျှော်ပုံးကို သန့်ရှင်းရန်အသိပေးပါလိမ့်မည်။
မှတ်ချက်။
- သင့်တွင်ရှိသည့်မော်ဒယ်အလိုက် ထိန်းချုပ်နေရာပုံစံများ ကွဲလွဲနိုင်ပါသည်။
- ယခုပုံအား နမူနာအဖြစ် အင်္ဂလိပ်ဘာသာဖြင့်ပြသထားသော်လည်း သင်နေထိုင်ရာနိုင်ငံ၏ ဘာသာစကားဖြင့်လည်း ရရှိနိုင်ပါသည်။
ECO DRUM CLEAN လုပ်ဆောင်ချက်သည် သင့်အဝတ်လျှော်စက်အား အလိုအလျှောက်သန့်ရှင်းပေးပြီး အဝတ်လျှော်ပုံးတွင် ကျန်နေနိုင်သည့် ဆပ်ပြာချွဲများကို ရှင်းထုတ်ပေးရန် ကူညီပေးပါလိမ့်မည်။ အတွင်းရှိဘက်တီးရီးယားများကိုဖယ်ရှားခြင်းဖြင့် သင့်အဝတ်လျှော်ပုံးကိုသန့်ရှင်းပေးရန်အတွက် ယခုလုပ်ဆောင်ချက်ကို မကြာခဏလုပ်ဆောင်ပေးရန် အကြံပြုထားပါသည်။ ယခုလုပ်ဆောင်ချက်တွင် ရေကို ၆၀ နှင့် ၇၀ ဒီဂရီ စင်တီဂရိတ်ကြားသို့ နွေးစေပြီး ရာဘာတံခါးပိတ်တွင်ရှိနေသည့် အညစ်အကြေးများကိုပါ ဖယ်ရှားပေးပါသည်။
အခြေခံအားဖြင့် Eco Drum Clean စနစ်ကိုအသုံးပြုပါက ဆပ်ပြာမပါဘဲ သင့်အဝတ်လျှော်ပုံးကို သန့်ရှင်းနိုင်ပါသည်။
Eco Drum Clean လုပ်ဆောင်ချက်ကို ဘယ်လိုသုံးမလဲ။
အဆင့် ၁။ ပါဝါခလုတ်ကိုနှိပ်ပါ။
အဆင့် ၂။ အချက်ပြနေရာပေါ်ရှိ ECO DRUM CLEAN ကိုရွေးချယ်ပေးပါ။
အဆင့် ၃။ အဖုံးကိုပိတ်၍ Start/Pause ခလုတ်ကိုနှိပ်ပါ။
မှတ်ချက်။ ECO DRUM CLEAN နှင့် ECO DRUM CLEAN+ ကိုသုံးသည့်အချိန်တွင် သာမန်အဝတ်လျှော်ဆပ်ပြာကို အသုံးမပြုပါနှင့်။
ECO DRUM CLEAN+ လုပ်ဆောင်ချက်သည်လည်း သင့်အဝတ်လျှော်စက်၏စွမ်းဆောင်ရည်ကိုတိုးတက်စေပြီး မလိုအပ်သည့်ပြင်ဆင်ရမှုများကို လျှော့ချပေးသည့်အပြင် ECO DRUM CLEAN ကဲ့သို့ ကုန်ပစ္စည်း၏ သက်တမ်းကိုကြာရှည်စေပါသည်။ အဝတ်လျှော်ပုံးကိုလည်း ဆပ်ပြာမပါဘဲ သန့်ရှင်းပေးနိုင်ပါသည်။
ECO DRUM CLEAN+ သည် အကြိမ်ရေ ၄၀ လျှော်ဖွပ်ပြီးတိုင်း ထိန်းချုပ်နေရာတွင် မီးမှိတ်တုတ်မှိတ်တုတ်ဖြင့် အသိပေးပါလိမ့်မည်။ ( ECO DRUM CLEAN+ ကို ပုံမှန်ဆောင်ရွက်ပေးရန်လည်း အကြံပြုနိုင်ပါသည်။ အချက်ပေးသံမြည်လာပါက အကျိုးအပဲ့ဇကာကိုလည်း သန့်ရှင်းပေးပါ။)
ECO DRUM CLEAN+ ကို အသုံးပြုနည်း။
အဆင့် ၁။ အဝတ်လျှော်စက်ကိုဖွင့်ရန် ပါဝါခလုတ်ကိုနှိပ်ပါ။
အဆင့် ၂။ ရွေးချယ်သည့်ပစ္စည်းကိုလှည့်ပြီး ECO DRUM CLEAN+ ကိုရွေးချယ်ပေးပါ။
အဆင့် ၃။ Start/Pause ခလုတ်ကိုနှိပ်၍ဖိထားပါ။ (စတင်ရန် ဖိနှိပ်ထားပါ)
မှတ်ချက်။
- ထိန်းချုပ်နေရာ၏ ပြင်ပပုံစံမှာ သင့်မော်ဒယ်အလိုက် ကွဲပြားနိုင်ပါသည်။
- ယခုပုံအား နမူနာအဖြစ် အင်္ဂလိပ်ဘာသာဖြင့်ဖော်ပြထားသော်လည်း သင်နေထိုင်ရာနိုင်ငံ၏ ဘာသာစကားဖြင့်လည်း ရရှိနိုင်ပါသည်။
အသိပေးချက်များ
- အဝတ်လျှော်ပုံးအား ECO DRUM CLEAN လုပ်ဆောင်သည့်အခါ ဆပ်ပြာမပါဝင်ဘဲ သန့်ရှင်းနိုင်ပါသည်။ (ECO DRUM CLEAN နှင့် ECO DRUM CLEAN+ လုပ်ဆောင်ချက်အတွက် သာမန်ဆပ်ပြာကို အသုံးမပြုပါနှင့်)
- အဝတ်လျှော်ပုံးအတွင်းကျန်ခဲ့သည့် ဓာတုဓာတ်ကြွင်းများသည် အဝတ်လျှော်မှု သို့မဟုတ် အဝတ်လျှော်စက်၏ အဝတ်လျှော်ပုံးအား ထိခိုက်စေနိုင်ပါသည်။
- လျှော်စရာအဝတ်များ အဝတ်လျှော်စက်ထဲတွင်ရှိနေစဉ် ECO DRUM CLEAN+ ကို ဘယ်တော့မှအသုံးမပြုပါနှင့်။ အဝတ်များကို ပျက်စီးစေနိုင်ခြင်း သို့မဟုတ် အဝတ်လျှော်စက်တွင် ပြဿနာဖြစ်ခြင်းတို့ ဖြစ်စေနိုင်ပါသည်။
ECO DRUM CLEAN+ အချက်ပြစနစ်အကြောင်း။
- မော်ဒယ်အလိုက် ECO DRUM CLEAN+ အချက်ပြစနစ်သည် အမှတ်အသား သို့မဟုတ် LED မီးဖြစ်နိုင်ပါသည်။
- အမှတ်အသားများအတွက် မီးရောင်သည် ထိန်းချုပ်နေရာတွင် လင်းလာပါမည်။
- LED မီးများတွင် ECO DRUM CLEAN+ သို့မဟုတ် ထိန်းချုပ်နေရာ၏ ရွေးစရာနေရာဘေးတွင် မီးလင်းလာမည်ဖြစ်ပါသည်။
- ECO DRUM CLEAN+ အချက်ပြမီးသည် အကြိမ် ၄၀ လျှော်ဖွပ်ပြီးတိုင်း ထိန်းချုပ်နေရာပေါ်တွင် မီးလင်းလာမည်ဖြစ်သည်။ ECO DRUM CLEAN+ ကို ပုံမှန်ဆောင်ရွက်ပေးရန်လည်း အကြံပြုနိုင်ပါသည်။
- ပထမဆုံး အချက်ပြမီးလင်းလာသည်ကိုမြင်သည့်အခါတွင် အချက်ပြမီးအား ၆ကြိမ်ဆက်တိုက် လျှော်ဖွပ်ပြီးသည်အထိ လျစ်လျူရှုထားနိုင်ပါသည်။ ၇ ကြိမ်မြောက်လျှော်ဖွပ်ရာမှစ၍ အချက်ပြမီးလင်းတော့မည်မဟုတ်ဘဲ အကြိမ်ရေ ၄၀ လျှော်ဖွပ်ပြီးမှ ပြန်လင်းလာမည်ဖြစ်သည်။
- နောက်ဆုံးလုပ်ဆောင်ချက်ပြီးဆုံးသည့်တိုင်အောင် အချက်ပြမှု ကျန်ခဲ့မည်မဟုတ်ပါ။
- ပါဝါခလုတ်ကိုနှိပ်ခြင်းဖြင့် ECO DRUM CLEAN+ လုပ်ဆောင်ထားသည့် အရေအတွက်ကို မှတ်ထားနိုင်ပါသည်။ အဝတ်လျှော်စက် ရပ်ခြင်း ပိတ်သွားခြင်းတို့ဖြစ်မည်မဟုတ်ဘဲ လုပ်ဆောင်ထားသည့်အကြိမ်ရေကို မှတ်ထားပေးမည်ဖြစ်ပါသည်။
- သုညဆိုလျှင်တောင် ပျောက်သွားမည်မဟုတ်ဘဲ စက်သည်ပုံမှန်လည်ပတ်မည်ဖြစ်ပါသည်။
- သန့်ရှင်းမှုရှိစေရန်အတွက် လုပ်ဆောင်ချက်ကို ပုံမှန်လုပ်ဆောင်ပေးရန် အကြံပြုပါသည်။
သင့်အဝတ်လျှော်စက်အတွင်းရှိ သန့်စင်ပေးရမည့်အစိတ်အပိုင်းများကို ကြည့်ပါ။
မှတ်ချက်။ မော်ဒယ်အလိုက် အဝတ်လျှော်စက်၏ပြင်ပဒီဇိုင်းများ ကွဲပြားနိုင်ပါသည်။
အဝတ်လျှော်စက်အ၀ရှိ ရာဘာကွပ်ထားသည့် တံခါးပိတ်ကိုလည်း စစ်ဆေးသင့်ပါသည်။ ရာဘာပိတ်တွင် ရေကျန်ခဲ့ခြင်းကြောင့် အချွဲများဖြစ်လာမှု အများအပြားရှိနေခြင်းကြောင့်ဖြစ်ပါသည်။ ရာဘာပိတ်ကို ဘရက်ရှိနုနု နှင့် မီးဖိုချောင်အဝတ်စဖြင့် သန့်ရှင်းပြီးသည့်အခါ ရေခြောက်သည်အထိ အတွင်းတံခါးကိုဖွင့်ထားပေးသင့်ပါသည်။
- အဝတ်လျှော်စက်တံခါးကိုဖွင့်ပြီး အဝတ်လျှော်စက်အတွင်းရှိ ပစ္စည်းနှင့်အဝတ်များကိုဖယ်ထုတ်ပါ။
- ပေနေနိုင်သည့်နေရာများအတွက် တံခါးနှင့် အဝတ်လျှော်ပုံးကြားရှိ မီးခိုးရောင်တံခါးပိတ်ကိုစစ်ဆေးပါ။
- တံခါးပိတ်အောက်ရှိ နေရာအားလုံးနှင့် ပြင်ပပစ္စည်းများရှိမရှိစစ်ဆေးရန် တံခါးပိတ်ကို နောက်သို့ဆွဲကြည့်ပါ။
- တံခါးပိတ်နေရာကို ဘရက်ရှ်နုနု ၊ မီးဖိုချောင်သုံးအဝတ် သို့မဟုတ် အဝတ်စုတ်ဖြင့် သုတ်ပစ်ပါ။
- ဆပ်ပြာဖြင့်ဆေးရန်လိုအပ်ပါက ကလိုရင်းအရည်နှင့် ရေနွေးနွေးကိုရောပါ။
- ရောထားသည့်အရည်ကို အဝတ်စုတ်ဖြင့်နှစ်၍ တံခါးပိတ်နေရာကို ဆေးကြောပါ။
- တံခါးပိတ်နေရာကိုဆေးကြောပြီးပါက အဝတ်ခြောက်ဖြင့် သေချာစွာခြောက်အောင်သုတ်၍ အခြောက်ခံထားပါ။
မှတ်ချက်။
- ကြာရည်စွာဆေးကြောသည့်အခါ ရာဘာလက်အိတ်ကိုဝတ်၍ သေချာစွာအသုံးပြုရန်အတွက် အဝတ်လျှော်ဆပ်ပြာထုတ်သူမှ ညွှန်ကြားထားသည့်အတိုင်းလုပ်ဆောင်ပါ။
- ကလိုရင်းဆပ်ပြာ သို့မဟုတ် အခြားဆပ်ပြာများဖြင့် တံခါးကိုဆေးကြောပါက တံခါးပိတ်ပုံစံ ပျက်ယွင်းနိုင်ပါသည်။
အဆင့် ၁။ အံခွက်အတွင်းရှိ ထုတ်မည့်ခလုတ်ကိုနှိမ့်၍ အံခွက်ကိုဘေးသို့ဆွဲထုတ်ပါ။
အဆင့် ၂။ အံခွက်အတွင်းရှိပစ္စည်းများကို ရေလောင်းချ၍ ဘရက်ရှ်နုနုဖြင့် ဆေးကြောပါ။
အဆင့် ၃။ အံခွက်အတွင်းပိုင်းအား ဘရက်ရှ်နုနုဖြင့် ဆေးကြောပါ။
အဆင့် ၄။ ဆပ်ပြာရည်ခွက်ကို ပြန်လည်တပ်ဆင်ပါ။ ပိတ်ရန်အတွက် အံခွက်ကို အထဲသို့တွန်းထည့်ပါ။
မှတ်ချက်။
- ဆပ်ပြာခွက်၏ ပြင်ပပုံစံမှာ မော်ဒယ်အလိုက် ကွဲပြားနိုင်ပါသည်။
- ကျန်နေသည့် ဆပ်ပြာကိုဖယ်ထုတ်ရန် အဝတ်လျှော်ပုံးအလွတ်တွင် Rinse+Spin ကိုလုပ်ဆောင်ပါ။
ရေထည့်သည့်အခါ သို့မဟုတ် ရေသွင်းသည့်ပြဿနာမျိုးမဖြစ်ရန် ရေပိုက်ရှိ အမှိုက်ဇကာကို တစ်နှစ်လျှင် နှစ်ကြိမ်သန့်ရှင်းပေးရန် အကြံပြုပါသည်။ အဝတ်လျှော်စက်တွင် ဇကာနှစ်မျိုးပါရှိပါသည်။ တစ်ခုမှာ ရေပိုက်အတွင်းတွင်ရှိပြီး နောက်တစ်ခုမှာ အဝတ်လျှော်စက်၏ အောက်ခြေတွင်ရှိပါသည်။
အဆင့် ၁။ ရေပိုက်ကိုဖြုတ်၍ အမှိုက်ဇကာကိုဆွဲထုတ်ပါ။
အဆင့် ၂။ တစ်ဖက်တစ်ချက်ဆီကို ရေပိုက်အဆုံးမှ ညင်သာစွာဆွဲထုတ်ပါ။
အဆင့် ၃။ ရေတွင်နှစ်၍ ဆေးကြောပါ။ အမှိုက်ဇကာဘေးရှိ ချိတ်ဆက်ပေးသည့်ပစ္စည်း၏ အတွင်းနှင့်အပြင်ကိုပါ သန့်စင်ပေးပါ။
အဆင့် ၄။ ဇကာကို နေရာတကျပြန်တွန်းထည့်ပေးပါ။
အဆင့် ၅။ ပိုက်ကို အဝတ်လျှော်စက်အတွင်းသို့ ပြန်လှည့်ထည့်ပေးပါ။
ပိတ်ဆို့ခြင်းမှကာကွယ်ရန် အကျိုးအပဲ့ဇကာကို တစ်နှစ်လျှင် ၅ ကြိမ် သို့မဟုတ် ၆ ကြိမ်ခန့်ဆေးကြောပေးရန် အကြံပြုပါသည်။
အဆင့် ၁။ အကျိုးအပဲ့ဇကာအဖုံးအား ဖွင့်ပါ။
အဆင့် ၂။ အရေးပေါ်ရေထုတ်ပိုက်ရှိ ရေထုတ်ပလပ်ကိုဖြုတ်၍ ရေကို သင့်လျှော်သည့်နေရာသို့ ထုတ်ပစ်ပါ။
အဆင့် ၃။ အရံရေထုတ်ပိုက်မှ ရေမဆင်းတော့ပါက အကျိုးအပဲ့ဇကာကို နာရီလက်တံပြောင်းပြန်လှည့်၍ ဆွဲထုတ်ပါ။
အဆင့် ၄။ ဇကာကို ဘရက်ရှ်နုနုဖြင့် သန့်ရှင်းပါ။
အဆင့် ၅။ ဇကာကို စစ်ဆေးသန့်ရှင်းပြီး အထဲသို့တွန်း၍ နာရီလက်တံအတိုင်း လုံတဲ့အထိထှည့်ပြီး ပြန်လည်တပ်ဆင်ပါ။ အရေးပေါ်ရေထုတ်ပိုက်ကိုပါ ပြန်လည်တပ်ဆင်၍ လုံအောင်ပိတ်ပါ။
အဆင့် ၆။ အောက်ခြေရှိ ထည့်ရမည့် ပွင့်နေသည့်နေရာတွင် အဖုံးကိုပြန်ထည့်ပြီး တွန်းပါ သို့မဟုတ် အပေါ်ရောက်အောင်ခေါက်တင်ပါ။
မှတ်ချက်။
- အကျိုးအပဲ့ဇကာအဖုံးအား ကိုင်ရမည့်နေရာတွင် အကြွေစေ့ သို့မဟုတ် သော့ဖြင့်ထည့်၍ ညင်သာစွာဖွင့်နိုင်ပါသည်။
- အဖုံးမဖွင့်မီ ကြမ်းပြင်မထိခိုက်မိစေရန် အောက်တွင် မျက်နှာသုတ်ပုဝါ သို့မဟုတ် ခြင်းတစ်ခုခံထားပါ။
သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ
ကျေးဇူးပြု၍ မေးခွန်းအားလုံးဖြေဆိုပါ။
RC01_Static Content : This text is only displayed on the editor page