Samsung စမတ်နာရီတွင် GPS ကောင်းစွာအလုပ်မလုပ်ခြင်း

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 11.01.2023

သင့် Samsung စမတ်နာရီတွင် ဖုန်းနှင့်ချိတ်ဆက်စရာမလိုဘဲ သင့်လက်ရှိတည်နေရာကို စောင့်ကြည့်ပေးနိုင်သည့် အာရုံခံစနစ် ပါဝင်ပါသည်။ နာရီကို ဖုန်းနှင့်ချိတ်ဆက်ထားသည့်အချိန်တွင် တည်နေရာမှန်ကန်မှုကို ပိုမိုတိုးတက်စေရန်အတွက် ဖုန်းမှ GPS တည်နေရာကို ရယူပါလိမ့်မည်။

စမတ်နာရီ
1 သင့်နာရီလက်ပတ်ကို စစ်ဆေးပါ။

သင်သည် Galaxy Watch ကို သတ္တုနာရီလက်ပတ်ဖြင့် အသုံးပြုနေပါက အင်တာနာတွင် အနှောင့်အယှက်ဖြစ်စေနိုင်ပြီး GPS တိကျမှုကို သက်ရောက်စေနိုင်ပါသည်။

2 ဆော့ဝဲလ်အပ်ဒိတ်များအား စစ်ဆေးခြင်း

ဆော့ဖ်ဝဲအပ်ဒိတ်များသည် သင့်နာရီ၏ စွမ်းဆောင်ရည်ကို တိုးတက်စေပြီး ချို့ယွင်းချက်များကို ပြင်ပေးပါသည်။ သင့်နာရီမှ သတ်မှတ်ချက်များ သို့မဟုတ် သင့်ဖုန်းပေါ်ရှိ Galaxy Wearable အက်ပ်ကိုသုံး၍ ဆော့ဖ်ဝဲအပ်ဒိတ် ကိုနှိပ်ခြင်းဖြင့် ဆော့ဖ်ဝဲအပ်ဒိတ်များကို ပုံမှန်စစ်ဆေးကြောင်း သေချာပါစေ။

3 အပြင်သို့ယူသွားပြီး နာရီကို ပြန်စပါ။

သင်သည် အတွင်းခန်းအတွင်းရှိနေပါက နာရီပြန်စရန် အပြင်သို့သွားပါ။ အဆောက်အဦးများကြားရပ်နေခြင်း သို့မဟုတ် မုန်တိုင်းကဲ့သို့ ရာသီဥတုအခြေအနေ မကောင်းချိန်များတွင် ရပ်နေခြင်းမျိုးမလုပ်ရန် သေချာပါစေ။

၁. သင့်နာရီကိုပြန်စရန် ပင်မ ခလုတ်(ပါဝါ ခလုတ်) နှင့် နောက် ခလုတ် ကို တပြိုင်တည်းဖိနှိပ်ထားပေးပါ။

၂. ထို့နောက် ပါဝါပိတ်မည် ကိုနှိပ်ပါ။ နာရီလုံး၀ပိတ်သွားပါက ပြန်စရန်အတွက် ပင်မ ခလုတ်(ပါဝါ ခလုတ်) ကိုဖိနှိပ်ထားပါ။

4 သင့်ဖုန်းသည် မိုဘိုင်းကွန်ယင်တခုခုသို့ ချိတ်ဆက်ထားကြောင်း အတည်ပြုပါ။

သင့်ဖုန်းမှနေ၍ သတ်မှတ်ချက်များ သို့သွားပြီး ဖုန်းအကြောင်း ကိုနှိပ်ပါ။ အခြေအနေအချက်အလက် ကိုနှိပ်ပြီး SIM ကဒ်အခြေအနေကို နှိပ်ပါ။ သင့် မိုဘိုင်းကွန်ယက်အခြေအနေတွင် "ချိတ်ဆက်ပြီးပါပြီ" ဟုပြနေကြောင်း သေချာပါစေ။

သင့်ဖုန်းတွင် မိုဘိုင်းဒေတာ မပေါ်ခြင်း သို့မဟုတ် ထုတ်လွှင့်ချက် နည်းနေခြင်းတို့ကြုံတွေ့ရပါက ကွန်ရက်အထောက်အပံ့ရရှိရန် သင့်ဝန်ဆောင်မှုပေးသူထံ ဆက်သွယ်ပါ။

မိုဘိုင်း ကွန်ယက် အခြေအနေအောက်တွင် မရနိုင်ပါ ဟုပြထားခြင်
5 သင့်ဖုန်းနှင့် နာရီကို Bluetooth ဖြင့်ချိတ်ဆက်ထားကြောင်း သေချာပါစေ။

သင့်ဖုန်းမှ Galaxy Wearable အက်ပ်ကိုဖွင့်ပါ။ ပင်မ ခလုတ်ကို နှိပ်ရန် လိုအပ်နိုင်ပါသည်။ ကိရိယာများကို Bluetooth ဖြင့်ချိတ်ဆက်ထားပါက ချိတ်ဆက်ထားပါသည် ဟု ပေါ်နေပါလိမ့်မည်။

  • ကိရိယာများချိတ်ဆက်မထားပါက ၎င်းတို့၏နာမည်များ မှိန်နေပါလိမ့်မည်။ ကိရိယာများ ပြန်လည်ချိတ်ဆက်ရန် ကိရိယာနာမည်ကို နှိပ်နိုင်ပါသည်။
  • Wi-Fi ဖြင့်ချိတ်ဆက်ထားပါက "အဝေးမှချိတ်ဆက်ထားပါသည်"ဟု အက်ပ်တွင် ပြနေပါလိမ့်မည်။ ယခုကဲ့သို့ဖြစ်ပါက သင်သည် သတ်မှတ်ချက်များ သို့သွား၍ ချိတ်ဆက်မှုများ ကိုဝင်ပြီး ကိရိယာနှစ်ခုလုံးတွင် Bluetooth ကို နှိပ်ပေးရမည်ဖြစ်သည်။ ထို့နောက် Bluetooth အတွက် ခလုတ်ကို ဖွင့်ပါ။
6 GPS အက်ပ်ကိုဖွင့်၍ သင့်တည်နေရာကို စစ်ဆေးပါ။

အပြင်ရောက်နေချိန်တွင် GPS အသုံးပြုပြီး သင့်နာရီ နှင့် ဖုန်း နှစ်ခုလုံးတွင် သင့်တည်နေရာအားဖော်ပြပေးနိုင်သည့် အက်ပ်ကိုဖွင့်ပါ။ ဥပမာအားဖြင့် သင်သည် Under Armourမှထုတ်သည့် MapMyRun အက်ပ်ကိုသုံး၍ သင့်တည်နေရာကိုစစ်ဆေးနိုင်ပါသည်။ အက်ပ်အတွင်းတွင် လေ့ကျင့်ခန်းတခုလုပ်ပေးရန် လိုအပ်နိုင်ပြီး မြေပုံစခရင်ဆီသို့သွား၍ သင့်တည်နေရာကိုကြည့်နိုင်ပါသည်။

GPS သည် အအောက်အဦး သို့မဟုတ် အိမ်အတွင်းတွင် အလုပ်လုပ်မည်ဆိုသော်လည်း ထုတ်လွှင့်ချက်များရနိုင်ပြီး ဂြိုလ်တုများနှင့် ဆက်သွယ်နိုင်သည့် ကောင်းကင်ရှင်းလင်းနေသည့်နေရာတွင် အကောင်းဆုံးအလုပ်လုပ်ပါသည်။ အောက်ဖော်ပြပါများသည် GPS ထုတ်လွှင့်ချက်ကို နှောင့်ယှက်နိုင်ပါသည်:

  • သင့်နာရီနှင့်ဖုန်း ချိတ်ဆက်မှုပြုတ်သွားသည်မှာ တရက်ကျော်ကြာသွားခြင်း။
  • သင့်ဖုန်း သို့မဟုတ် နာရီ သို့မဟုတ် နှစ်ခုစလုံးတွင် တည်နေရာဝန်ဆောင်မှု ပိတ်ထားခြင်း။
  • ကောင်းကင်တိုက်ရိုက်မြင်ကွင်းကို ပိတ်နေသည့် အအောက်အဦးများကြောင့်လည်း တည်နေရာထုတ်လွှင့်ချက် ပိတ်ဆို့ပြီး GPS ထုတ်လွှင့်ချက်အား လျော့သွားနိုင်ပါသည်။ မကောင်းသည့် သို့မဟုတ် တိမ်ထူသည့် ရာသီဥတုအခြေအနေများတွင်လည်း လျော့နည်းနိုင်ပါသည်။
7 နာရီပြန်လည်သတ်မှတ်ခြင်း

ပြဿနာဆက်ရှိနေသေးပါက Galaxy Wearable အက်ပ်ကိုသုံး၍ နာရီပြန်လည်သတ်မှတ်ပါ။ ပြန်လည်သတ်မှတ်ခြင်း ပြီးဆုံးပါက နာရီကိုဖုန်းဖြင့်ပြန်လည်ချိတ်ဆက်ပြီးနောက် ဆော့ဖ်ဝဲအပ်ဒိတ်များကို ဆက်လက်စစ်ဆေးပါ။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ