Samsung Galaxy Watch မှ ပင်မခလုတ်သတ်မှတ်ချက်များကို ဘယ်လိုစိတ်ကြိုက်စီမံရမလဲ
Samsung Galaxy Watch သည် သင့်အား များပြားလှသည့်လုပ်ဆောင်ချက်များကို သင့်ဘာသာ သတ်မှတ်ပေးနိုင်စေပါသည်။ ပင်မခလုတ်အတွက် နှစ်ချက်နှိပ်ခလုတ်လုပ်ဆောင်ချက်ကို သတ်မှတ်ပြီး အက်ပ်တခုခုကို အမြန်ဖွင့်နိုင်ပါသည်။
အောက်တွင် သင့်နာရီမှခလုတ်သတ်မှတ်ချက်များကို ဘယ်လိုပြောင်းလဲမလဲဆိုတာ လေ့လာလိုက်ပါ။ သင့်နာရီအတွက် သင်စိတ်ကြိုက်လုပ်ဆောင်ချက်ကို သတ်မှတ်ပေးနိုင်ပါသည်။
နာရီ ညာဘက်အပေါ်ထောင့်ရှိ ခလုတ်သည် ပင်မခလုတ် (ပါဝါခလုတ်) ဖြစ်သည်။ ခလုတ်လုပ်ဆောင်ချက်သတ်မှတ်ခြင်းနှင့်အတူ သင့်အကြိုက်ဆုံးအက်ပ်အား ပင်မခလုတ်ကို နှစ်ချက်နှိပ်ခြင်းဖြင့် ချက်ခြင်းဖွင့်နိုင်ပါပြီ။
အဆင့် ၁။ သတ်မှတ်ချက်များ ကိုသွား၍ အဆင့်မြင့်လုပ်ဆောင်ချက်များ ကိုနှိပ်ပါ။
အဆင့် ၂။ စိတ်ကြိုက်ပြုလုပ်ထားသော ကီးများ ကိုနှိပ်ပါ။
အဆင့် ၃။ နှစ်ကြိမ် နှိပ်ပါ ကိုရွေးပါ။ သင့်စိတ်ကြိုက်အက်ပ်ကိုဖွင့်ရန် ကီးသတ်မှတ်နိုင်ပါပြီ
အဆင့် ၄။ သတ်မှတ်ပြီးပါက ပင်မခလုတ်ကို သင်နှစ်ကြိမ်နှိပ်လိုက်သည့်အခါ သင်ရွေးချယ်ထားသည့်အက်ပ် ပွင့်လာမည်ဖြစ်သည်။
မှတ်ချက် -
- ရရှိနိုင်သည့် စခရင် နှင့် သတ်မှတ်ချက်များသည် သင့်ကြိုးမဲ့ကွန်ရက်ဝန်ဆောင်မှုပေးသူ ၊ ဆော့ဖ်ဝဲဗားရှင်း နှင့် ဖုန်းမော်ဒယ်၊ နာရီအလိုက် ကွဲပြားနိုင်ပါသည်။
သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ
ကျေးဇူးပြု၍ မေးခွန်းအားလုံးဖြေဆိုပါ။
RC01_Static Content : This text is only displayed on the editor page