သင့် Galaxy ကိရိယာများအား ကြိုးမဲ့အားသွင်းခြင်း

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 11.01.2023

ကြိုးများမရှိသည့် ကမ္ဘာကြီးကိုစိတ်ကူးယဉ်ကြည့်ပါ - ၎င်းစိတ်ကူးသည် Samsung ကြိုးမဲ့အားသွင်းတုံးများဖြင့် လက်တွေ့ကမ္ဘာတွင် အစစ်အမှန်ဖြစ်တည်လာပြီဖြစ်သည်။ အဆိုပါ အားသွင်းတုံးများဖြင့် သင့်ဖုန်းကို အားသွင်းတုံးပေါ်တွင် ရိုးရှင်းစွာတင်လိုက်ရုံဖြင့် အားသွင်းနိုင်ပြီဖြစ်သည်။ ( သီးသန့်ခွဲ၍ ရောင်းချပါသည်။) Samsung သင် သင့်လိုအပ်ချက်အလိုက် ကြိုးမဲ့အားသွင်းတုံးအမျိုးအစား များစွာထုတ်ပေးထားပါသည်။ ဥပမာအားဖြင့် Wireless Charger Trio သည် စမတ်နာရီ သို့မဟုတ် နားကြပ်များကဲ့သို့ Galaxy ကိရိယာများကို ၃ ခုအထိ တပြိုင်နက်အားသွင်းနိုင်စေပါသည်။ အများစုအနေဖြင့် သင်သည် ဖုန်းကာဗာ သို့မဟုတ် အခွံကို ချွတ်ရန်လိုမည်မဟုတ်ဘဲ အားသွင်းနေစဉ်အတွင်းလည်း ဖုန်းသုံးနိုင်မည်ဖြစ်သည်။

Samsung သုံးမျိုးအားသွင်းတုံး တွင် အားသွင်းထားသည့် Samsung Galaxy S21 Ultra နှင့်အတူ Buds2 နှင့် Galaxy Watch4

မှတ်ချက် - ရရှိနိုင်သည့် စခရင် နှင့် သတ်မှတ်ချက်များသည် သင့်ကြိုးမဲ့ကွန်ရက်ဝန်ဆောင်မှုပေးသူ ၊ ဆော့ဖ်ဝဲဗားရှင်း နှင့် ဖုန်းမော်ဒယ်အလိုက် ကွဲပြားနိုင်ပါသည်။

မှတ်ချက် - သင်သည် အမြန်ကြိုးမဲ့အားသွင်းတုံးကိုအသုံးပြုနေစဉ် အမြန်ကြိုးမဲ့အားသွင်းခြင်းသည် အလိုအလျောက်အသက်ဝင်ပြီးဖြစ်သည်။ အားသွင်းတုံး ၊ တိုင် သို့မဟုတ် အားသွင်းပြားအရှေ့ရှိ အချက်ပြမီးသည် ကိရိယာ သို့မဟုတ် အသုံးပြုနေသည့် ကြိုးမဲ့အားသွင်းကာဗာအပေါ်မူတည်၍ ကွဲပြားစွာအလုပ်လုပ်နိုင်ပါသည်။

သင့်ကိုနှောင့်ယှက်ရန် ကြိုးမရှိသည့်အတွက် ကြိုးမဲ့အားသွင်းတုံးနှင့်ဆိုလျှင် အားသွင်းရတာ လွယ်သွားပါပြီ။

Samsung ကြိုးမဲ့ trio charger နှင့် အားသွင်းတုံ

၁ ။ ပထမဦးစွာ ကြိုးမဲ့အားသွင်းတုံး၏ ပါဝါအားသွင်းတုံးကို ပလပ်ပေါက်တွင် ထိုး၍ USB ကြိုးကို ကြိုမဲ့အားသွင်းတုံးတွင် ထိုးပါ။ ပထမဆုံး ကြိုးချိတ်ဆက်ချိန်တွင် အောက်ခြေရှိ အချက်ပြမီး လင်းလာပါလိမ့်မည်။

၂။ သင်အဆင်သင့်ဖြစ်ပါက သင့်ဖုန်း သို့မဟုတ် တွဲဖက်အသုံးပြုနိုင်သည့်ကိရိယာ(စမတ်နာရီ သို့မဟုတ် နားကြပ်) ကဲ့သို့ ကိရိယာကို ကြိုးမဲ့အားသွင်းတုံးပေါ်တွင် တင်ပါ။

၃။ ၎င်းကို သေချာစွာအားသွင်းရန် ကိရိယာ၏ကျောပြင်သည် ကြိုးမဲ့အားသွင်းတုံးနှင့် ထိစပ်နေရမည်ဖြစ်ပြီး အလယ်တွင်ထားရှိရမည်ဖြစ်သည်။ ခေါက်ဖုန်းများသည်လည်း ခေါက်ပိတ်ထားသင့်ပြီး ကျောပြင်နှင့် အားသွင်းပြားတို့ မျက်နှာချင်းဆိုင် ထိစပ်နေရပါမည်။

၄။ လိုအပ်ပါက သင့်ဖုန်းအခွံကိုချွတ်ပါ။ အထူးသဖြင့် သင့်ဖုန်းအဖုံးထူနေပါက။

တွဲဖက်အသုံးပြုနိုင်သည့် Galaxy ကိရိယာများ

  • Galaxy Note ဖုန်းများ - Galaxy Note20 5G ၊ Note20 Ultra 5G ၊ Note10+ ၊ Note9 Note8 နှင့် Note5.
  • Galaxy S ဖုန်းများ - S22 စီးရီးများ၊ S21 စီးရီးများ၊ S20 စီးရီးများ၊ S10 စီးရီးများ၊ S9စီးရီးများ၊ S8စီးရီးများ၊ S7 စီးရီးများ၊ နှင့် S6 စီးရီးများ။
  • ခေါက်ဖုန်းများ - Galaxy Z Fold, Z Fold2, Z Fold3, Z Fold4, Z Flip, Z Flip 5G, Z Flip3, နှင့် Z Flip4
  • Samsung နားကြပ်များ - Galaxy Buds Pro, Galaxy Buds Live, Galaxy Buds+, Galaxy Buds2, နှင့် Galaxy Buds
  • Samsung စမတ်နာရီများ - Galaxy Watch5 Pro, Galaxy Watch5, Galaxy Watch4, Galaxy Watch4 Classic, Galaxy Watch, Galaxy Watch3, Galaxy Watch Active, နှင့် Galaxy Watch Active2

မှတ်ချက် - Galaxy A စီးရီးများနှင့် XCover စီးရီးကိရိယာများသည် ကြိုးမဲ့အားသွင်းခြင်းဖြင့် တွဲဖက်အသုံးမပြုနိုင်ပါ။

ကြိုးမဲ့အားသွင်းတုံးတွင် မီးနီပေါ်နေသည်ကိုတွေ့ရပေမယ့် ဘာကိုဆိုလိုတာလဲ။ ကျွန်ုပ်တို့မှ အချက်ပြမီးအရောင်များကို ခွဲခြားပြီး ၎င်းတို့ဆိုလိုသည်မှာ -

  • အနီ - အားသွင်းနေသည်။
  • အစိမ်း - အားအပြည့်သွင်းပြီး။
  • မီးနီ မှိန်လင်းခြင်း - အားသွင်းတုံးပေါ်ရှိ ဖုန်း၏ နေရာအနေအထားကြောင့် သေချာစွာအားမသွင်းနေခြင်း။
  • မီးပိတ်နေခြင်း - ဖုန်းကို အားသွင်းတုံးပေါ်မှ ဖယ်သည့်အချိန် သို့မဟုတ် အားသွင်းတုံးသည် ပါဝါတုံးနှင့်ချိတ်ဆက်မထားသည့်အခါတွင်။

အရေးကြီးအချက် - အချက်ပြမီးသည် အထက်ပါအတိုင်း အလုပ်မလုပ်ပါက ကြိုးမဲ့အားသွင်းတုံးမှ ကြိုးကိုဖြုတ်၍ ပြန်တပ်ပါ။ ဖုန်း သို့မဟုတ် ကြိုးမဲ့အားသွင်းတုံးကာဗာ ပေါ်မူတည်၍ အချက်ပြမီး အလုပ်လုပ်ပုံမတူညီနိုင်ပါ။ ဥပမာအားဖြင့် အချို့ကြိုးမဲ့အားသွင်းတုံးများသည် မတူသည့်အချက်ပြမီးအရောင်များ သုံးနိုင်ပါသည်။

သင့် ကြိုးမဲ့အားသွင်းတုံးအလုပ်လုပ်ပုံမပေါ်ပါက ထူနေသည့်ဖုန်းကာဗာကို ဖြုတ်ခြင်းကဲ့သို့ အမြန်ဖြေရှင်းနည်းများ ရှိပါသည်။ သင့်အားသွင်းတုံး မှန်ကန်စွာအလုပ်လုပ်နိုင်ရန် အကူအညီဖြစ်စေမည့် အောက်ပါဖြေရှင်းနည်းများကို လေ့လာကြည့်ပါ။

  • ကိရိယာကို အားသွင်းမျက်နှာပြင်ပေါ်တွင်သေချာစွာ တင်မထားပါက သေချာစွာအားသွင်းလိမ့်မည်မဟုတ်ပေ။ သင့်ကိရိယာနှင့် အားသွင်းမျက်နှာပြင်အလယ်တွင် ဘာအတားအဆီးမှ ခံမနေဘဲ အလယ်တွင် သေချာစွာထားရှိပါ။ ကိရိယာ၏ကျောပြင်သည် အားသွင်းတုံးနှင့် ထိနေရပါမည်။

  • သင့်ဖုန်းတွင် ကာဗာထူနေပါက ကြိုးမဲ့အားသွင်းတုံး ကောင်းစွာအလုပ်မလုပ်ခြင်းဖြစ်နိုင်ပါသည်။ လိုအပ်ပါက သင့်ဖုန်းကိုကြိုးမဲ့အားသွင်းတုံးပေါ်မတင်မီ ချွတ်ထားလိုက်ပါ။

  • သင့်ဖုန်းတွင် နားကြပ်တပ်ထားပါက ဖုန်းကို အားသွင်းတုံးပေါ်တွင် အလျားလိုက်တင်ပါ။ သင်သည် ဖုန်းကိုဒေါင်လိုက်အနေအထား ထားပါက အားသွင်းလိမ့်မည်မဟုတ်ပါ။

  • ကွန်ယက်ထုတ်လွှင့်မှု အားနည်းနေသည့်ဧရိယာများတွင် ကြိုးမဲ့အားသွင်းတုံးသုံးပါက ကွန်ရက်လက်ခံရယူမှု ဆုံးရှုံးနိုင်ပါသည်။

  • အကယ်၍ အခြားအားသွင်းတုံး သို့မဟုတ် USB ကြိုးတပ်ထားပါက ကြိုးမဲ့အားသွင်းခြင်းလုပ်ဆောင်ချက် မရရှိခြင်းမျိုးဖြစ်နိုင်ပါသည်။

  • ကြိုးမဲ့အားသွင်းတုံးကို ကောင်းစွာအလုပ်လုပ်သည့်ပါဝါပလပ် သို့မဟုတ် ပါဝါရင်းမြစ်တွင်သာ ထိုးပါ။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ

RC01_Static Content : This text is only displayed on the editor page