Support Alert

လုံခြုံစိတ်ချရသော ဘက်ထရီအသုံးပြုနည်း

ဖုန္း
Aug 23, 2017
အကယ်၍ ဖုန်းဘက်ထရီသည် ပျက်စီးနေပါက (ဥပမာ - ချိုင့်ဝင်နေခြင်း၊ဖောင်းထွက်နေခြင်းများဖြစ်နေပါက) ၄င်းဘက်ထရီအသုံးပြုနေခြင်းကို ချက်ချင်းရပ်ပစ်လိုက်ပြီး Samsung ဘက်ထရီအစစ်အမှန်ဖြင့် အမြန်ဆုံးလဲလှယ်အသုံးပြုပါရန် အထူးအကြံပြုလိုပါသည်။ အကယ်၍ ပျက်စီးနေသော ဘက်ထရီကို ဆက်လက်အသုံးပြုပါက ဘက်ထရီစွမ်းဆောင်ရည်မကောင်းမွန်ခြင်းနှင့် အချို့ကိစ္စရပ်များတွင် အပူလွန်ခြင်းကြောင့် ပျက်စီးထိခိုက်မှုများဖြစ်ပေါ်ခြင်း၊ မီးလောင်/ပေါက်ကွဲခြင်းများအထိဖြစ်ပေါ်စေနိုင်ပါသည်။ ဘက်ထရီပျက်စီးမှုဖြစ်ပေါ်စေနိုင်သော သာဓကအခြေအနေအချို့မှာ အလွန်အကျွံပူပြင်းသောပတ်ဝန်းကျင်တွင် အသုံးပြုခြင်း၊ ဘက်ထရီ အောက်သို့ပြုတ်ကျခြင်း၊ ဘက်ထရီပေါ်သို့ ပြင်ပဖိအားတစ်စုံတစ်ရာသက်ရောက်ခြင်း၊ အိမ်မွေးတိရစ္ဆာန်များမှကိုက်ဆော့ခြင်း စသည်တို့ဖြစ်ပါသည်။ ဘက်ထရီအပိုများကို အသုံးမပြုသေးပါက ဘူးအမာထဲတွင် ထည့်သွင်းသိမ်းဆည်းပါရန် အကြံပြုလိုပါသည်။
Samsung မှထုတ်လုပ်သော ဘက်ထရီအစစ်အမှန် (သို့) Samsung ထုတ်ကုန်များတွင် အသုံးပြုရန်အတွက် သီးသန့်ထုတ်လုပ်ထားပြီး အရည်အသွေးအာမခံချက်ရရှိထားသော ဘက်ထရီအမျိုးအစားများကိုသာ အသုံးပြုသင့်ပါသည်။ ကိုက်ညီမှုမရှိသော ဘက်ထရီများ၊ ကြိုးများနှင့် အားသွင်းကိရိယာများကို အသုံးပြုပါက လုံခြုံစိတ်ချရမှုမရှိသည့်အပြင် ဖုန်းအား အတွင်းအပြင်ထိခိုက်ပျက်စီးခြင်းများ ဖြစ်ပေါ်စေနိုင်ပါသည်။ ဘက်ထရီပစ္စည်းအတုအပများကို ရှောင်ရှားနိုင်ရန်အတွက် ယုံကြည်စိတ်ချရသော Samsung အသိအမှတ်ပြု အရောင်းဆိုင်များမှသာ ဝယ်ယူကြပါရန် အကြံပြုလိုပါသည်။

RC01_Static Content : This text is only displayed on the editor page