Samsung Cloud
သင့်ဒေတာအတွက် လုံခြုံသောနေရာတစ်ခု
သင့် device များတွင် သင်မဆုံးရှုံးလိုသော အမှတ်တရများနှင့် ပြည့်နှက်နေပါသည်။ သင့်အားလပ်ရက်ဓာတ်ပုံများ၊ ဖျော်ဖြေပွဲမှတ်တမ်းများ၊ အရေးကြီးသော အလုပ်ဖိုင်များနှင့် အခြားအရာများကို လုံခြုံသောနေရာတွင် သိမ်းဆည်းပါ။ Samsung Cloud သည် သင့်ဒေတာကို လုံခြုံစွာသိမ်းဆည်းထားပြီး သင်လိုအပ်သည့်အချိန်တိုင်းနှင့် နေရာတိုင်းတွင် ဝင်ရောက်ကြည့်ရှုနိုင်စေပါသည်။
သင့်အချက်အလက်များကို
အလွယ်တကူ ပြန်လည်ရယူပါ
သင်နှစ်သက်သလို အရာအားလုံးကို အမြဲတမ်း ထိန်းသိမ်းထားနိုင်ပါသည်။ ဖုန်းအသစ်သို့ ပြောင်းလဲအသုံးပြုခြင်း သို့မဟုတ် ဖုန်းကို Reset ပြုလုပ်ခြင်းများ ပြုလုပ်ခဲ့သော်လည်း အိမ်ကဲ့သို့ ရင်းနှီးနေသော သင့်ဖုန်းအပြင်အဆင်ကို ချက်ချင်း ပြန်လည်ရရှိနိုင်ပါသည်။ Samsung Cloud သည် သင်မှတ်မိထားသည့်အတိုင်း Settings များ၊ Layout များနှင့် App များကို သိမ်းဆည်းထားပြီး Samsung device များအကြား ဒေတာများကို ချောမွေ့စွာ ပြန်လည်ရယူပေးပါသည်။1
အချက်အလက်ကို လွယ်ကူစွာ အသုံးပြု၍
ချောမွေ့စွာ လုပ်ဆောင်ပါ
သင်လုပ်ဆောင်နေခဲ့သည့် Samsung Notes များ သို့မဟုတ် ဖွင့်ထားခဲ့သည့် Browser Tabs များကို မည်သည့် device တွင်မဆို ကြည့်ရှုနိုင်ပါသည်။ Samsung Cloud ၏ Sync ပြုလုပ်ပေးမှုကြောင့် သင့်ဖိုင်များကို မည်သည့် device မှမဆို ဝင်ရောက်အသုံးပြုနိုင်ပြီး အလုပ်များကို အနှောင့်အယှက်မရှိ ဆက်လက်လုပ်ဆောင်နိုင်ပါသည်။ လိုအပ်သည့်အချိန်တိုင်း သင့်ဒေတာများကို ချက်ချင်းရယူအသုံးပြုနိုင်ပါသည်။1
ဒေတာအားလုံးကို အလွယ်တကူ လွှဲပြောင်းပါ
Smartphone အသစ်ဝယ်ယူခြင်း၊ Reset ပြုလုပ်ခြင်း သို့မဟုတ် ပြုပြင်ခြင်းများ ပြုလုပ်သည့်အခါ သင့်ဒေတာများကို Storage ကန့်သတ်ချက်မရှိဘဲ ရက် ၃၀ အထိ လုံခြုံစွာ သိမ်းဆည်းထားနိုင်ပါသည်။ Device နှစ်လုံးလုံးကို တစ်ချိန်တည်းတွင် မရှိထားသော်လည်း ဖုန်းအသစ်သို့ ပြောင်းလဲအသုံးပြုသည့်အခါ သင့်ဒေတာများကို အလွယ်တကူ လွှဲပြောင်းနိုင်ပါသည်။ ဓာတ်ပုံများ၊ ဗီဒီယိုများနှင့် Notes များမှ စတင်၍ Contacts၊ Calendar Events နှင့် Device Settings များအထိ၊ Secure Folder အတွင်းရှိ ကိုယ်ရေးကိုယ်တာဖိုင်များပါဝင်သည့် ဒေတာအားလုံးကို Temporary Cloud Backup ဖြင့် ရွှေ့ပြောင်းနိုင်ပါသည်။1
ခိုင်မာသော ဒေတာလုံခြုံရေးဖြင့်
စိတ်အေးချမ်းစွာ အသုံးပြုလိုက်ပါ
End-to-end encryption နည်းပညာဖြင့် သင့်ဒေတာများကို Encryption ပြုလုပ်ကာ Samsung Cloud တွင် လုံခြုံစွာ သိမ်းဆည်းထားပြီး သင်မှလွဲ၍ အခြားမည်သူမျှ ဝင်ရောက်ကြည့်ရှုနိုင်မည်မဟုတ်ပါ။ Samsung Cloud သည် သင့်အရေးကြီးသော ဒေတာအားလုံးကို အဆင့်မြင့် လုံခြုံရေးစနစ်ဖြင့် ကာကွယ်ပေးပါသည်။
မေးလေ့ရှိသော မေးခွန်းများ
-
Samsung Cloud ဆိုတာ ဘာလဲ?Samsung Cloud သည် သင့် Samsung Galaxy ဒေတာများကို Cloud ပေါ်တွင် လုံခြုံစွာ သိမ်းဆည်းပေးသည့် ဝန်ဆောင်မှုတစ်ခုဖြစ်ပြီး၊ Support ပြုလုပ်ထားသော Galaxy device များအားလုံးတွင် တူညီသော အချက်အလက်များကို ရယူအသုံးပြုခြင်းနှင့် Sync ပြုလုပ်ခြင်းများကို ခွင့်ပြုပေးပါသည်။ ဖုန်းပျောက်ဆုံးခြင်း သို့မဟုတ် Device ကို Reset ပြုလုပ်ခြင်းများ ဖြစ်ပေါ်ခဲ့သော်လည်း Cloud တွင် မှန်ကန်စွာ သိမ်းဆည်းထားသော ဒေတာများကို လုံခြုံစွာ ထိန်းသိမ်းထားနိုင်ပြီး စက်အသစ်သို့လည်း အလွယ်တကူ ပြန်လည်ရယူနိုင်ပါသည်။
-
Samsung Cloud ကို ဘယ်လိုအသုံးပြုနိုင်မလဲ?သင့် Samsung Galaxy စက်ပစ္စည်းတွင် Samsung Cloud ကို အောက်ပါအတိုင်း ဝင်ရောက်အသုံးပြုနိုင်ပါသည်။
- • Settings > Samsung account > Samsung Cloud သို့ သွားပါ။
- • Samsung Cloud app တွင် လိုအပ်သလို Sync သို့မဟုတ် Backup ကို ဖွင့်ပါ။
* Device သို့မဟုတ် App Version အလိုက် ဝင်ရောက်ရမည့် လမ်းကြောင်း (Path) သည် ကွာခြားနိုင်ပါသည်။ -
Samsung Cloud Backup နှင့် Restore တွင် မည်သည့်အရာများကို Support ပြုလုပ်ထားပါသလဲ?အောက်ပါအရာများကို ယေဘုယျအားဖြင့် Samsung Cloud တွင် Backup ပြုလုပ်ခြင်းနှင့် Restore ပြန်လည်ရယူခြင်းများ ပြုလုပ်နိုင်ပါသည်။
(သင့် device ရှိ Backup/Restore Menu တွင်လည်း Support ပြုလုပ်ထားသည့် အရာများကို စစ်ဆေးနိုင်ပါသည်။)
- • Phone: ဖုန်းခေါ်ဆိုမှုနှင့် Message မှတ်တမ်းများ
- • Messages: Enhanced Messages၊ Multimedia Messages နှင့် Text Messages များ (Message အရွယ်အစားကြီးများကို Backup ပြုလုပ်နိုင်မည်မဟုတ်ပါ။)
- • Contacts (ဖုန်းတွင် သိမ်းဆည်းထားသော): Contact List၊ Email Address နှင့် Business Card ကဲ့သို့သော Contact အချက်အလက်များ
- • Calendar (ဖုန်းတွင် သိမ်းဆည်းထားသော): Event များနှင့် Task များ
- • Clock: Alarm များ၊ World Clock များနှင့် Timer များ
- • Settings: Accessibility Settings၊ Ringtone များ (Default Ringtone များမပါဝင်ပါ)၊ Samsung Keyboard Options၊ Wi-Fi Settings၊ မှတ်ပုံတင်ထားသော Bluetooth Devices များ၊ Face Recognition Settings၊ Fingerprint Settings နှင့် Always On Display Settings
- • Home Screen: App နှင့် Widget Layout များ၊ Wallpaper များနှင့် Samsung DeX Settings များ (Default Wallpaper များမပါဝင်ပါ)
- • Apps: App Installation Files နှင့် App Settings များ
- • Voice Recorder: Voice Recordings များ
* Samsung Cloud ရရှိနိုင်မှုသည် နိုင်ငံနှင့် Network Provider အလိုက် ကွာခြားနိုင်ပါသည်။ Backup နှင့် Restore လုပ်ဆောင်ချက်များသည် နိုင်ငံနှင့် Device Model အလိုက် ကွာခြားနိုင်ပါသည်။ သင့်စက်ပစ္စည်းတွင် Support ပြုလုပ်ထားသည့် အရာများကို အတိအကျသိရှိရန် Samsung Cloud App ကို စစ်ဆေးပါ။ -
Samsung Cloud ဖြင့် မည်သည့်အရာများကို Sync ပြုလုပ်နိုင်ပါသလဲ?အောက်ပါဒေတာများကို ဖော်ပြပါ App များအတွက် ယေဘုယျအားဖြင့် Sync ပြုလုပ်နိုင်ပါသည်။
- • Calendar (Samsung account တွင် သိမ်းဆည်းထားသော): Event များနှင့် Task များ
- • Contacts (Samsung account တွင် သိမ်းဆည်းထားသော): Contact List၊ Email Address၊ Postal Address နှင့် Business Card များ
- • Bluetooth: Galaxy Home Speaker နှင့် Galaxy Buds
- • Reminder: Reminder များ
- • Samsung Browser: History၊ Bookmark များ၊ Saved Pages များ၊ Open Tabs များနှင့် Quick Launch Shortcut များ
- • Samsung Notes: Notes နှင့် အခြားဒေတာများ
- • Samsung Health: Workout Record များ၊ Sleep Data များနှင့် Body Composition Record များကဲ့သို့သော Health Data များ
- • Samsung Pass: Sign-in Information များ
- • Wi-Fi: သိမ်းဆည်းထားသော Wi-Fi Profiles များ
- • Galaxy Avatar: Avatar များနှင့် စိတ်ကြိုက်ဖန်တီးထားသော Items များ
* Samsung Cloud Sync Function များ ရရှိနိုင်မှုသည် နိုင်ငံ၊ Network Provider နှင့် Device Model အလိုက် ကွာခြားနိုင်ပါသည်။ သင့်စက်ပစ္စည်းတွင် Support ပြုလုပ်ထားသည့် အရာများကို အတိအကျသိရှိရန် Samsung Cloud Settings ကို စစ်ဆေးပါ။ -
Temporary Cloud Backup ဆိုတာ ဘာလဲ? Samsung Cloud ရဲ့ ပုံမှန် Backup နှင့် ဘာကွာခြားပါသလဲ?Temporary Cloud Backup သည် ဓာတ်ပုံများ၊ ဗီဒီယိုများနှင့် ဖိုင်များကဲ့သို့သော သင့်ဒေတာများကို Storage ကန့်သတ်ချက်မရှိဘဲ ရက် ၃၀ အထိ လုံခြုံစွာ သိမ်းဆည်းထားနိုင်စေသည့် ဝန်ဆောင်မှုတစ်ခုဖြစ်ပါသည်။ Temporary Cloud Backup နှင့် ပုံမှန် Samsung Cloud Backup တို့သည် Backup ပြုလုပ်နိုင်သည့် အရာများ မတူညီကြပြီး တစ်ခုနှင့်တစ်ခုအပေါ် သက်ရောက်မှုမရှိပါ။
Temporary Cloud Backup သည် Samsung Cloud မှ ရှိပြီးသား Backup ပြုလုပ်နိုင်သော အရာများအပြင် အောက်ပါအရာများကိုပါ Support ပြုလုပ်ပေးပါသည်။
- • Applications: Samsung App များနှင့် Third-party App များ
- • Photos: ဓာတ်ပုံများ
- • Videos: ဗီဒီယိုများ
- • Audio: အသံဖိုင်များ
- • Documents and files: စာရွက်စာတမ်းများနှင့် ဖိုင်များ
- * Temporary Backup သည် Device အတွင်း သိမ်းဆည်းထားသော ဒေတာများအတွက်သာ အသုံးပြုနိုင်ပါသည်။ SD Card၊ USB စသည့် External Storage များတွင် သိမ်းဆည်းထားသော ဒေတာများကို Backup ပြုလုပ်နိုင်မည်မဟုတ်ပါ။
- * Samsung Cloud နှင့် Support ပြုလုပ်ထားသည့် အရာများ ရရှိနိုင်မှုသည် နိုင်ငံ၊ Network Provider နှင့် Device Model အလိုက် ကွာခြားနိုင်ပါသည်။
- * Temporary Cloud Backup Feature ကို T OS သို့မဟုတ် အထက် Version အသုံးပြုထားသော Device များတွင်သာ အသုံးပြုနိုင်ပါသည်။
-
Enhanced Data Protection ဆိုတာ ဘာလဲ? ဘယ်လိုအသုံးပြုနိုင်ပါသလဲ?Enhanced Data Protection သည် Samsung Cloud ပေါ်ရှိ သင့်ဒေတာများကို ပိုမိုခိုင်မာပြီး လုံခြုံစိတ်ချရသော ကာကွယ်မှုဖြင့် ထိန်းသိမ်းပေးရန် ရည်ရွယ်ထားသည့် Feature တစ်ခုဖြစ်ပါသည်။ ဤ Feature သည် End-to-end Encryption ကို အသုံးပြု၍ သင့်ဒေတာများကို ကာကွယ်ကာ Samsung Cloud တွင် လုံခြုံစွာ သိမ်းဆည်းပေးပါသည်။ ထို့ကြောင့် Encryption ပြုလုပ်ထားသော ဒေတာများကို Enhanced Data Protection ကို Support ပြုလုပ်ထားသည့် Device များတွင်သာ အသုံးပြုနိုင်ရန် ဒီဇိုင်းပြုလုပ်ထားပါသည်။
Enhanced Data Protection ကို ဖွင့်ရန် သင့် Device တွင် အောက်ပါအဆင့်များအတိုင်း လုပ်ဆောင်ပါ။
- • Settings > Samsung account > Samsung Cloud > More > Settings > Enhanced data protection သို့ သွားပါ။ သို့မဟုတ်
- • Settings > Security and privacy > More security settings > Enhanced data protection သို့ သွားပါ။
- * Enhanced Data Protection ကို Samsung Cloud Backup နှင့် Sync ကို Support ပြုလုပ်သော One UI 5.1.1 သို့မဟုတ် အထက်၊ Q OS သို့မဟုတ် အထက် Version အသုံးပြုထားသည့် Device များတွင်သာ အသုံးပြုနိုင်ပါသည်။ Encrypt backup data သို့မဟုတ် Encrypt synced data ၏ အသေးစိတ် Settings တွင် ယုံကြည်စိတ်ချရသော Device စာရင်းကို စစ်ဆေးနိုင်ပါသည်။ အချိန်နှင့်အမျှ Device နှင့် Feature များကို ပိုမိုတိုးချဲ့ Support ပြုလုပ်သွားမည်ဖြစ်ပါသည်။
- * ဝင်ရောက်ရမည့် Path နှင့် ရရှိနိုင်မှုသည် Device Model၊ OS Version သို့မဟုတ် နိုင်ငံအလိုက် ကွာခြားနိုင်ပါသည်။
Samsung Cloud အကြောင်း နောက်ထပ်မေးခွန်းတွေ ရှိပါသလား။
- သရုပ်ဖော်ရန်အတွက်သာ deviceနှင့် screen ပုံများကို ပုံစံတူပြုလုပ်ထားသည်။
- ၁။ ဤ feature ရရှိနိုင်မှုသည် နိုင်ငံ/ဒေသ၊ network ပံ့ပိုးပေးသူ၊ OS ဗားရှင်းနှင့် device မော်ဒယ်ပေါ် မူတည်၍ ကွဲပြားနိုင်သည်။