Samsung dex
သင်ရဲ့ Galaxy ကို Samsung DeX နှင့် ချိတ်ဆက်ကာ
ချဲ့ထွင်ကြည့်ရှုလိုက်ပါ
သင့်စက်ပစ္စည်းသည် သင်ထင်ထားတာထက်ကို ပိုစွမ်းဆောင်နိုင်ပါတယ်။ သင့်သူငယ်ချင်းများကို စာတိုပို့ပါ၊ စခရင်ကြီးတွင် ရုပ်ရှင်ကြည့်လိုက်ပါ၊
သင်၏တင်ဆက်မှုတွေအတွက် အဆင်သင့်ပြင်ပါ- - DeX က ကူညီပံ့ပိုးထားတဲ့ Galaxy စက်ကိရိယာဖြင့် အားလုံးကို လုပ်ဆောင်လိုက်ပါ။
တစ်ချိန်တည်း အလုပ်မျိုးစုံလုပ်ခြင်းအတွက် ပြီးပြည့်စုံသော တူးလ်ကို ကြိုးမဲ့ချိတ်ဆက်မှုဖြင့် ယခုရရှိနိုင်ပါပြီ။
DeX ကို ကြိုးမဲ့သုံးနိုင်ပါတယ်
စွယ်စုံသုံးနိုင်ပြီးအလုပ်မရှုပ်တာသေချာပါတယ်။ ချိတ်ဆက်မှုအတွက် ဝါယာကြိုးများမပါဘဲ DeX ၏လုပ်ဆောင််ချက်များကို ယခု သုံးနိုင်ပါပြီ။ သင့်အလုပ် ပတ်ဝန်းကျင်ကိုရှုပ်ပွစေခြင်း မဖြစ်ဘဲ Wi-Fi မှတဆင့် စမတ် TV ကိုလွယ်လွယ်ကူကူချိတ်ဆက်နိုင်ပြီး စခရင်ပေါ်တွင် ပိုမိုရှင်းလင်းမြင်သာစွာကြည့်ရှုလုပ်ဆောင်လိုက်ပါ။
- * Samsung DeX ကြိုးမဲ့ ချိတ်ဆက်မှုကို Android စမတ်ဖုန်း ခစရင် ပြန်ပြသခြင်း (Miracast) ကိုသာ ပံ့ပိုးသည့် TV များနှင့် ထောက်ပံ့ထားသည်။
- *TV ၏ အသေးစိတ်အချက်များနှင့် WiFi ပတ်ဝန်းကျင်အပေါ် မူတည်၍ စွမ်းဆောင်ရည်တွင် ကွဲပြားမှု ရှိနိုင်ပါသည်။ '19 နောက်ပိုင်းထုတ် Samsung Smart TV များကို အသုံးပြုရန် အကြံပြုထားသည်။
- *မည်သည့် Galaxy စက် မော်ဒယ်လ်များက DeX နှင့်အတူ ကြိုးမဲ့ချိတ်ဆက်မှုကို ပေးအပ်ကြောင်း စစ်ဆေးရန် မေးလေ့ရှိသည့်မေးခွန်း စာမျက်နှာကို ဝင်ကြည့်ပါ။
ရှင်းလင်းတင်ပြချက်များကို အဆင်ပြေချော့မွေ့စွာ လုပ်ဆောင်ပါ
ပရောဂျက်ကြီးကို တာဝန်ယူနေရလား။ DeX သည် သင့်အား အပြတ်အတောက်မဲ့ ရှင်းလင်းပြသမှုကို ပေးစွမ်းနိုင်ပါသည်။ သင့် Galaxy ပေါ်ရှိ ‘DeX’ ခလုတ်လေးကို နှိပ်ရုံလေးနှိပ်ပါ၊ အစည်းအဝေးခန်းရှိ Smart TV နှင့် ချိတ်ဆက်ပြီး ခြွင်းချက်မရှိ တင်ဆက်လိုက်ပါ။
အိမ်မှာနေရင်း တာဝန်နှစ်ဆလုပ်လိုက်ပါ
သင့်ဖုန်းတွင် DeX ကို စဖွင့်ပြီး စခရင်ကြီးတွင် ရုပ်ရှင်ကြည့်ရန် အနီးနားရှိ TV ကို ချိတ်ဆက်ပါ သို့မဟုတ် ကလေးများအတွက် ပကတိအသွင် စာသင်ခန်းတစ်ခု ဖန်တီးပါ။ ထိုအချိန်တွင်ပင် အီးမေးလ်များ စစ်ဆေးခြင်း သို့မဟုတ် S pen ဖြင့် မှတ်စုမှတ်သားခြင်း အပါအဝင် ဖုန်းပေါ်တွင် အလုပ်များ ပြီးအောင်လုပ်နိုင်ပါသေးသည်။
လွယ်ကူလျင်မြန်စွာ လုပ်ဆောင်ချက်တွေက တန်ဖိုးဖြတ်လို့မရနိုင်တဲ့အရာတွေပါ
သင်၏ Galaxy ကို multi finger gestures နှင့် စိတ်ကြိုက်လုပ်နိုင်သော လုပ်ဆောင်ချက်များဖြင့် မျက်နှာပြင်ပေါ်ထိနှိပ်ကာ သို့မဟုတ် ပိုမိုကြီးမားသော မြင်ကွင်းကျယ်နှင့် on-screen ကီးဘုတ်ကိုတွဲကာ အသုံး ပြုပါ။
Tablet ကဲ့သို့ ကြည့်ရှုပြီး PC ကဲ့သို့ လုပ်ဆောင်လိုက်ပါ
သွားရင်းလာရင်းနဲ့ အလုပ်လုပ်နိုင်မှုက အရင်ကထက် ပိုကောင်းမွန်လာပါသည်
သင့်ရဲ့ tablet မှာ Samsung DeX နှင့်အတူ နှစ်သက်သလို အလွယ်တကူ လုပ်ကိုင်ပါ။ PC တစ်လုံးကဲ့သို့ သင့်tablet ကို အသုံးပြုစေနိုင်ဖို့ DeX မုဒ်သို့ ပြောင်းပြီး Quick panel တွင် နှိပ်ရုံဖြင့် စတင်လိုက်ပါ။ Window များစွာကို တစ်ကြိမ်ထဲမှာဖွင့်နိုင်ပြီး ဓာတ်ပုံတစ်ပုံကို အီးမေးလ်သို့ drag and drop ဆွဲထည့်ကာ၊ နောက်ထပ် လုပ်ဆောင်ချက်များအတွက် right ကလစ်နှိပ်ပါ။
* Galaxy Tab S4၊ S5e၊ S6၊ S7၊ အစရှိသည်တို့ကဲ့သို့ Galaxy Tab မော်ဒယ်အချို့တွင်သာ ပံ့ပိုးပါသည်။
တစ်ချက်နှိပ်ရုံဖြင့် PC ကဲ့သို့ အတွေ့အကြုံ
Book Cover ကီးဘုတ်ဖြင့် အလုပ်ပြီးမြောက်မှုမှာ ပိုမိုလွယ်ကူလာပါတယ်။ DeX နှင့်တွဲသုံးချိန်တွင် ပိုကြီးမားသော ပွတ်ဆွဲဘားနှင့် အဆင်ပြေတဲ့ လုပ်ဆောင်ချက်များ ပါလာတဲ့အတွက် ကီးဘုတ်မှာ အမှားအယွင်းမရှိစေဘဲ PC ကဲ့သို့ အသုံးပြုနိုင်တဲ့ အတွေ့အကြုံကို တစ်ချက်နှိပ်ယုံနဲ့ ရရှိနိုင်ပါတယ်။
- *Book Cover Keyboard ကို သီးခြား ရောင်းချထားပါသည်။
- *လုပ်ဆောင်ချက်ကို MODELS အချို့အတွက်သာ အသုံးပြုထားသည်။
သင့် PC တွင် အသုံးပြုရန်အတွက် Samsung DeX အက်ပ်ကို ဒေါင်းလုဒ်လုပ်ရန် နှိပ်ပါ။
- ※ Mac/Windows 7 စီမံလည်ပတ်မှု စနစ်အတွက် PC ဝန်ဆောင်မှုအတွက် DeX ကို ဖျက်သိမ်းထားသည်။
နောက်ထပ် မေးမြန်းလိုသည်များ သို့မဟုတ် အကူအညီများအတွက် Samsung အဖွဲ့ဝင်များမှတစ်ဆင့် ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ။
* USB-C မှ HDMI ကြိုးနှင့် ဆက်စပ်ပစ္စည်းများကို သီးခြားရောင်းချပါသည်။- *PC အတွက် DeX ကို ရွေးချယ်ထားသော စက်များနှင့် Windows 10 နှင့်အထက်တွင် အသုံးပြုနိုင်သည်-
စက်စာရင်း အပြည့်အစုံနှင့် ဆော့ဖ်ဝဲ တွဲသုံးနိုင်မှုအတွက် မေးလေ့ရှိသည့်မေးခွန်း စာမျက်နှာကို ဝင်ကြည့်ပါ။
Samsung ဖန်တီးရေးသားသူ
ပြင်ပ-အဖွဲ့အစည်း အက်ပ် ဖန်တီးရေးသားမှုဆိုင်ရာ အချက်အလက်များ ပိုမိုရယူပါ။
- ရွေးချယ်ထားသော Galaxy၊ Note နှင့် Tab စက်များတွင် Samsung DeX ကို ထောက်ပံ့ထည့်သွင်းထားသည်။ (အသေးစိတ်အချက်အလက်များကို FAQ စာမျက်နှာတွင် ကြည့်ရှုနိုင်ပါသည်။)
- Android Pie OS သုံးထားသော မော်ဒယ်ဟောင်းများတွင် အက်ပ်များစွာ သို့မဟုတ် PERFORMANCE မြင့်ဂိမ်းများကို ဖွင့်သုံးခြင်းသည် စက်ပစ္စည်းကို နှေးကွေးသွားစေနိုင်သည်။
- Samsung DeX တွင် အက်ပ်အချို့ မလုပ်ဆောင်နိုင်ပါ သို့မဟုတ် သီးခြား လိုင်စင်လိုနိုင်သည် (ဝယ်ယူရန်အတွက်)။
- HDMI အဒက်တာ သို့မဟုတ် ကေဘယ်လ်ကြိုးပါရှိသော Samsung DeX ၏ အချို့သော လုပ်ဆောင်ချက်များသည် DeX Station နှင့် DeX Pad ရှိ သည့်လုပ်ဆောင်ချက်များနှင့် ကွဲပြားနိုင်သည်။
- ACCESSORIES များကို သီးခြားရောင်းချပါသည်။
- ကိရိယာနှင့် စခရင် ရုပ်ပုံများမှာ သရုပ်ဖော်ပြသရန် ရည်ရွယ်ချက်များအတွက်သာ ဖြစ်သည်။