Samsung Notes

အောင်မြင်မှုအသစ်ဆီရောက်ရှိဖို့ Samsung Notes နှင့်
အတူတကွ ရေးမှတ်လိုက်ပါ


Samsung Notes ဖြင့် အရာအားလုံးကို ရေးမှတ်ပါ။ S Pen ဖြင့် စတိုင်လ်နှင့် အရောင်မျိုးစုံသုံးပြီး ရေးမှတ်ခြင်း၊ ပုံဆွဲကာ အရောင်ခြယ်ခြင်းလုပ်ဆောင်ပါ။ ဓာတ်ပုံများနှင့်
အသံမှတ်စုများ ပေါင်းထည့်ပြီး သင့်မှတ်စုများကို ရှာဖွေနိုင်သော tagများနှင့်အတူ သိမ်းဆည်းပါ။ lock စခရင်ပေါ်တွင် မှတ်စုများ အမြန်ချရေးရန် S Pen ကို အသာ
ဆွဲထုတ်လိုက်ပါ။

* ဝန်ဆောင်မှု အသုံးပြုနိုင်မှုမှာ နိုင်ငံ သို့မဟုတ် ဒေသ၊ ဝန်ဆောင်မှုပေးသူ၊ စက်မော်ဒယ်နှင့် OS ဗားရှင်းအပေါ် မူတည်၍ ကွဲပြားနိုင်ပါသည်။

စိတ်ကူးရလိုက်တဲ့အချိန်တိုင်းအတွက် အသင့်ရှိနေလိုက်ပါ။

အချိန်မရွေး နေရာမရွေး မှတ်စု အမြန် ချရေးလိုက်ပါ။ စခရင်ကို ဖွင့်ဖို့ သို့မဟုတ် ဗီဒီယို ကြည့်ရှုမှုကို ပိတ်ဖို့ မလိုပါဘူး၊ S Pen လေးကို ဆွဲထုတ်လိုက်ရုံပါပဲ။ အဲဒီလောက်
လွယ်တာပါ။

ယခုဘဲ စရေးလိုက်ပါ


သင်အသင့်ဖြစ်ချိန်တွင် စခရင် off မှတ်စုလည်း အသင့်ဖြစ်နေမှာပါ။
S Pen ကို ဆွဲယူလိုက်ပြီး သင့်စခရင်ပိတ်နေချိန်တွင် စာစရေး
လိုက်ပါ။ ကုန်စုံဆိုင်တွင် ဈေးဝယ်စာရင်းကို သို့မဟုတ် သင်ရဲ့
နောက်ထပ် ဝတ္ထုရှည်အတွက် စိတ်ကူးကို အမြန်ရေးမှတ်လိုက်ပါ။
ရေးမှတ်ပြီးချိန်တွင် Samsung Notes မှာပင် ပြန်လည်သိမ်းဆည်
းနိုင်ခြင်း သို့မဟုတ် Always On မျက်နှာပြင်တွင် pinထိုးထားနိုင်ပါ
တယ်။

ကြည့်ရှု၊ ရေးမှတ်ပြီး လေ့လာပါ


ဗွီဒီယို သို့မဟုတ် အွန်လိုင်း စာသင်ကြားခြင်းကို ကြည့်ပြီး တစ်ချိန်
တည်းမှာပင် မှတ်စုရေးပါ၊ အကုန်လုံးကို လွယ်ကူအဆင်ပြေတဲ့ စခ
ရင်တွင် လုပ်နိုင်ပါတယ်။ S Pen ခလုတ်ကို နှိပ်လိုက်ပြီး pop-up
မှတ်စုဝင်းဒိုးကို ဝင်သုံးရန် စခရင်ကို နှစ်ချက်တို့ထိပါ။ အရွယ်အစား
နှင့် မြင်ရခြင်းကို လိုသလို ချိန်ညှိပြီး အွန်လိုင်းကနေစာသင်ကြားနေ
မှုကို သင့်အိမ်မှာပင် စာသင်ကြားသကဲ့သို့သင်ယူပါ။

PDF များကို အလွယ်လေး မှတ်သားပါ

အလုပ် သို့မဟုတ် သင်တန်းအတွက် စာရွက်စာတမ်းများကို သွားရင်းလာရင်း မှတ်ချက်ပြုလိုက်ပါ။ PDF စာရွက်စာတမ်း အကြီး ဖြစ်
စေ သို့မဟုတ် အသေးဖြစ်စေကို ထည့်သွင်းပြီး S Pen ဖြင့် ၎င်းတို့ပေါ်တွင် တိုက်ရိုက် ရေးခြစ်ပါ။ သင့်ကိုယ်ပိုင် မှတ်စုများနှင့် ပုံကြမ်
းများ ထည့်ကြည့်ပါ၊ အရောင်ခြယ်ပါ၊ အလယ်မျဉ်းတားပါ သို့မဟုတ် အောက်မျဉ်းတားပါ၊ သင်ကြိုက်သလို လုပ်ကြည့်နိုင်ပါတယ်။ ပြီး
သွားလျှင်တော့ သိမ်းဆည်းပြီး မျှဝေလိုက်ပါ။

သင့်မှတ်စုများနှင့် အသံသွင်း
ခြင်းများကို ချိန်ကိုက်ပါ


တစ်စုံတစ်ခုကို ပြန်လည်ရှာဖွေရန်အတွက် အသံသွင်းကာ ပြန်လည်
နားထောင်ရင်း ရှာဖွေဖို့မလိုတော့ပါ။ အသံသွင်းနေစဉ် မှတ်စုများ ရေးမှတ်နိုင်
ပါတယ်။ အသံသွင်းထားခြင်းနှင့် ကိုက်ညီရန် သင့်မှတ်စုများကို အချိန်မှတ်
ပေးပြီး ဖိုင်တစ်ခုတည်းအဖြစ် သိမ်းဆည်းပါ။ အသံဖြင့် အမှတ်အသားပြုလုပ် သိမ်းဆည်းထားခြင်းက အရေးကြီး အစည်းအဝေးများ၊ အင်တာဗျူးများ
သို့မဟုတ် သင်ကြားပို့ချမှုများအတွက် ပြီးပြည့်စုံတဲ့ အရာတစ်ခု ဖြစ်ပါတယ်။

လက်ဖြင့်စာရေးခြင်းမှသည် ကျော်လွန်၍

S Pen ဖြင့် အရင်ဆုံး ချရေးပြီးနောက်ပိုင်း ပြန်လည်ပြုပြင်ပါ။ သွားလာလှုပ်ရှားနေရင်း အကြမ်း ရေးမှတ်ပြီးနောက် တစ်ချက်နှိပ်ရုံ
လေးဖြင့် အရာအားလုံးကို ရှင်းထုတ်ပါ။ သို့မဟုတ် S Pen ဖန်တီးမှုများကို ဖတ်၍ရနိုင်တဲ့ ဒစ်ဂျစ်တယ်စာသားသို့ စက္ကန့်ပိုင်းအတွင်း
တဖန်အသွင်ပြောင်းလိုက်ပါ။

သင့်မှတ်စုများကို သင့် device အားလုံးတွင် ချိန်
ကိုက်ပါ

Samsung Cloud မှတဆင့် သင့်မှတ်စုများကို အထစ်အငေါ့မရှိ ချိန်ကိုက်နိုင်သောကြောင့် သင့်ဖုန်း၊ တက်ဘလက် သို့မဟုတ် PC တွင်
ထွက်သွားသည့်နေရာကနေ ပြန်ဝင်နိုင်ပါသည်။ သင့်မှတ်စုအားလုံးကို အချိန်မရွေး နေရာမရွေး အလွယ်တကူ ဝင်သုံးလိုက်ပါ။

* Device တစ်ခုစီအား Samsung အကောင့် တစ်ခုတည်းဖြင့် စာရင်းသွင်းထားသင့်ပါသည်။

S Pen ဖြင့် ဖန်တီးနိုင်စွမ်း
ကို ထုတ်ဖော်ပြသလိုက်ပါ

မှတ်စုရေးဖို့ဖြစ်ဖြစ် အနုပညာလက်ရာတစ်ခု ဖန်တီးဖို့ဖြစ်ဖြစ် S Pen က
ဘက်စုံသုံးနိုင်မည့် အထူးအသုံးဝင် ကိရိယာတစ်ခု ဖြစ်ပါတယ်။သဘာဝကျ
တဲ့ ဆုပ်ကိုင်နိုင်မှုနှင့် မြင့်မားတဲ့ ဖိအား အာရုံခံနိုင်စွမ်းတို့ကြောင့် ပိုမိုချောမွေ့
ပြီး တုံ့ပြန်လုပ်ဆောင်တဲ့ စာရေးသားမှု အတွေ့အကြုံကို ခံစားရရှိစေမှာပါ။
မှတ်စုချရေးခြင်းက အလိုက်သင့်ဖြစ်လာကာ ရေးရင်းနဲ့ ပိုမိုပျော်စရာ ကောင်
းတဲ့အတွေ့အကြုံဖြစ်လာစေမှာပါ။

စခရင်ပေါ်တွင် ဝန်ဆောင်မှုတစ်ခုစီ ဖွင့်ထားသော ပုံငါးပုံ။ စခရင်ပေါ်တွင် ဝန်ဆောင်မှုတစ်ခုစီ ဖွင့်ထားသော ပုံငါးပုံ။

အက်ပ်များ နှင့် ဝန်ဆောင်မှုမျာ

* ကိရိယာနှင့် စခရင် ရုပ်ပုံများမှာ သရုပ်ဖော်ပြသရန် ရည်ရွယ်ချက်များအတွက်သာ ဖြစ်သည်။