ရာနှုန်းပြည့်ချိတ်ဆက်ထား
တဲ့အတွက် ဘက်ပေါင်းစုံ
တစ်သားတည်းဖြစ်စေမှာပါ

"Internet of Things ဟာကျွန်ုပ်တို့လူ့အဖွဲ့အစည်း၊ စီးပွားရေးနှင့် လူနေမှုပုံစံကို အလုံးစုံပြောင်းလဲပစ်နိုင်တဲ့ အလားအလာရှိပါတယ်။ မတူညီတဲ့ကဏ္ဍတွေကို ကိစ္စရပ်တစ်ခုအဖြစ်စုစည်းရန်ဟူသော Internet of Things ရဲ့ ကတိကဝတ်ကို ကျေပွန်အောင်ဆောင်ရွက်ရန်မှာ ကျွန်ုပ်တို့ရဲ့တာဝန်ဖြစ်ပါတယ်။" -Samsung Electronics ၏ ဒုတိယဥက္ကဌဖြစ်သူ BK Yoon ၏ 2015 ခုနှစ်မှ 2020 ခုနှစ်မှာ ကျွန်ုပ်တို့ရဲ့စက်ပစ္စည်းအားလုံးနဲ့ IoT အသုံးပြုနိုင်ရမယ်ဆိုတဲ့ရည်မှန်းချက်ဟာ အတော်အတန်ခရီးရောက်နေပါပြီဟူသော ပြောကြားချက်။ 2018 ခုနှစ်အကုန်မှာ Samsung စက်ပစ္စည်းပေါင်း သန်း200 ခန့်ကို အပြန်အလှန်ချိတ်ဆက်နိုင်ဖို့ ရည်မှန်းထားပါတယ်။ အဲ့ဒီစက်ပစ္စည်းတွေ အဆင်ပြေချောမွေ့စွာ အပြန်အလှန်ချိတ်ဆက်နိုင်တဲ့ ဂေဟစနစ်တစ်ခုဖန်တီးဖို့ အပြင်းအထန်အားထုတ်နေကြပါတယ်။

Cloud တစ်ခုနဲ့ အဆုံးမဲ့စွမ်းဆောင်ရည်။

အပြန်အလှန်ချိတ်ဆက်ထားတဲ့ ဒီဂေဟစနစ်၏အခြေခံအုတ်မြစ်ဟာ SmartThingsအက်ပ် သုံးရုံနဲ့ အသုံးပြုခွင့်ရရှိမယ့် အစွမ်းထက် cloud ဖြစ်ပါတယ်။ SmartThingsဟာ သင့်ရဲ့မိုဘိုင်းစက်ပစ္စည်းများ၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများ၊ တီဗွီများနဲ့ အာရုံခံပစ္စည်းများအားလုံးကို တစ်သားတည်းချိတ်ဆက်အသုံးပြုနိုင်စေတဲ့ အများသုံးပလက်ဖောင်းဖြစ်ပါတယ်။

အချိန်တိုင်း၊ နေရာတိုင်းတွင် အလိုအလျောက် ပံ့ပိုးကူညီမှု။

Bixby2.0 ရဲ့ အထူးခြားဆုံးအချက်ဟာ အိမ်အတွင်းအပြင်က သင့်ရဲ့ Samsung စက်ပစ္စည်းတွေနဲ့ အလိုလိုချိတ်ဆက်ပေးတဲ့ အလိုအလျောက်ပံ့ပိုးမှုစနစ်ပဲဖြစ်ပါတယ်။ Bixby 2.0 ဟာ IoT ဂေဟစနစ်ရဲ့ဗဟိုချက်ဖြစ်ကာ သင့်စိတ်ခံစားချက်တွေကိုနားလည်ပြီး သင့်လိုအပ်ချက်တွေကို ကြိုတင်ခန့်မှန်းဖြည့်ဆည်းပေးဖို့ ပေါ်ထွက်လာတဲ့စနစ်ဖြစ်ပါတယ်။

ပိုမိုရိုးရှင်းလွယ်ကူလာမဲ့ နေ့စဉ်ဘဝ

နောက်ခံမှအလိုအလျောက်ပံ့ပိုးပေးတဲ့ Bixbyကြောင့် သင့်သူငယ်ချင်းများထံ နောက်ဆုံးအပ်ဒိတ်များအား ပေးပို့ရန်မလိုတော့ခြင်း၊ နားထောင်လိုသည့်သီချင်းသို့ ကူးပြောင်းရန်မလိုတော့ခြင်း၊ လုပ်ငန်းဆောင်တာများလျှင်မြန်စွာပြီးမြောက်စေခြင်းတို့၏ လွတ်လပ်မှုအရသာကိုခံစားလိုက်ပါ။ Samsung ရဲ့ဂေဟစနစ်နဲ့အတူ အဆင်ပြေချောမွေ့မှုကို သင့်ရဲ့နေ့စဉ်ဘဝထံ ဆောင်ကျဉ်းလိုက်ပါ။

  • * အောက်ပါအခြေအနေများတွင်ဖော်ပြထားသော အင်္ဂါရပ်များအားရယူအသုံးပြုနိုင်မှုသည် ကုန်ပစ္စည်းပွဲထုတ်ပြသမှုနှင့် နိုင်ငံအလိုက်ဖွင့်ပွဲအစီအစဉ်ပေါ်မူတည်ပြီး ကွဲပြားနိုင်ပါသည်။
  • အချို့သောအင်္ဂါရပ်များအသုံးပြုနိုင်ရန်အတွက် Bluetooth၊ Wi-fi နှင့် တယ်လီဖုန်းကွန်ရက်မှတစ်ဆင့် Cloud သို့မဟုတ် အခြားစက်ပစ္စည်းများနှင့် ချိတ်ဆက်ရန်လိုပါသည်။ မိုဘိုင်းဒေတာအသုံးပြုမှုပေါ်မူတည်ပြီး ကုန်ကျစရိတ်များရှိနိုင်ပါသည်
  • ဝန်ဆောင်မှုအားအသုံးပြုနိုင်မှုသည် အသုံးပြုသူ၏ပတ်ဝန်းကျင်ပေါ်မူတည်ပြီး ကွဲပြားနိုင်ပါသည်။
  • * စက်ပစ္စည်း၏ တုံ့ပြန်ပုံအစီအစဉ်အသေးစိတ်အား ဗီဒီယိုတွင်အတိုချုံ့ထားပါသည်။ မျက်နှာပြင်ပေါ်မှဓာတ်ပုံများမှာ အသွင်ဆောင်ဖန်တီးထားခြင်းသာဖြစ်သည်
  • အဆိုပါအင်္ဂါရပ်များအား 2018 ခုနှစ်အတွက် ပွဲထုတ်ပြသသည့် အထင်ကရစက်ပစ္စည်းအသစ်များတွင် စတင်အသုံးပြုနိုင်မည်ဖြစ်ပါသည်။ အသုံးပြုနိုင်သော စက်ပစ္စည်းများနှင့်နိုင်ငံများ၏စာရင်းအား ခွဲခြားကြေညာပေးပါမည်။
  • တီဗွီသည် ရွေးချယ်ထားပြီးမုဒ်တွင်ရှိနေပါက အဆိုပါတီဗွီ၏ သီချင်းဆက်တိုက်ဖွင့်ခြင်းလုပ်ဆောင်ချက်အား အသုံးပြုနိုင်ပါသည်။